အဖေ့ပုံပြင်ထဲက ကျွန်တော်


ကျွန်တော်တို့ ငယ်ငယ်ကတည်းက အဖေက ညအိပ်ယာဝင်တိုင်း ပုံတိုပတ်စ တွေ၊ သမိုင်းကြောင်းတွေ၊ ရှေးရှေးက ပုံပြင်တွေ ကို ပြောလေ့ရှိတယ်။ ကျွန်တော်တို့ မောင်နှမတွေက ဖေဖေ ဘာပြောပြာ သူပြောတဲ့ ပုံပြင်တွေကို စိတ်ဝင်တစားနားထောင်လေ့ရှိတယ်။ ဖေဖေ ပုံပြောပြရင် အရမ်းသဘောကြတယ်။

ဖေဖေက သူဆုံးမချင်တာပဲ ဖြစ်ဖြစ်... တစ်ခုခုကို သိစေချင်တာပဲ ဖြစ်ဖြစ် ... သူပြောချင်လို့ ပြောတာပဲ ဖြစ်ဖြစ် အကျိုးအကြောင်းလျှော်ညီစွာ ပုံပြင်အနေနဲ့ ပြောတတ်ပြန်တယ်။

အိမ်မှာဆို ကျွန်တော်က ပြန်ပြောနားမထောင်၊ ညီလုပ်သူက ပြန်မပြောနားမထောင် ဆိုတော့..

တနေ့ အဖေက သားတို့ ကိုအဖေပုံပြင်တစ်ပုံပြောပြမယ် အဖေပုံပြောပြီရင် သားတို့က ပုံပြင်ထဲက တစ်ယောက်ယောက်ကိုရွေး အဖေရွေးစေချင်တာနဲ့ သား တို့ ရွေးတာတူလား ဆိုတာအဖေကြည့်မယ်ပေါ့...။ အဲဒီကနေ သားတို့ရဲ့ စိတ်ထားကို ဖေဖေ အဆုံးအဖြတ်ပေးမယ် ဆိုပြီး ပုံပြောပြတယ်။..

ပုံပြင်က….(အတိုချုံးပဲ ပြောပြမယ်နော်).

ရွာတရွာမှာ အလုပ်မရှိတဲ့ လုလင် တစ်ယောက်က မိန်းမယူတော့ မိန်းမက တစ်ခုခုကို လုပ်ကိုင်စားသောက်ဖို့ပြောတယ်။ မယ်မယ်ရရ အလုပ်အကိုင်မရှိတဲ့ လုလင်က မိန်းမတို့ အတွက် ယောကျားဝတ်တရား ကျေပွန်ချင်တော့ တောထဲသွားပြီး မျောက်နှစ်ကောင်ကိုဖမ်းလာတယ်။ တစ်ကောင်ကမျောက်လွှဲကျော်... နောက်တစ်ကောင်ကမျောက်ဖင်နီဖြစ်နေတယ်။ လုလင်က ဒီမျောက်နှစ်ကောင်ကို ပြစားဖို့ အတွက် အိမ်မှာနေပြိး စနစ်တကျနဲ့ စကားနားထောင်တတ်အောင် ကတတ်အောင်သင်ပေးတယ်။


ဒီလိုနဲ့ သင်ပေးနေတာ လချီသွားတယ်။ မျောက်ဖင်နီက လွယ်လွယ်နဲ့ တတ်ပေမယ့် မျောက်လွှဲကျော်ကို သင်ရတာ ကြာနေတယ်။ ထုံထုံထိုင်းထိုင်း ပေမယ့် လုလင်ကို ကြောက်တဲ့အတွက် မျောက်လွှဲကျော်က ကြိုးစားသင်နေတဲ့ အချိန်မှာ မျောက်ဖင်နီက ငုတ်တုတ်ထိုင် ကြည့်နေတယ်ပေါ့။

မျောက်ဆရာဖြစ်လာသူက မျောက်ပွဲစဖို့ အဆင်သင့်ဖြစ်ပေမယ့် ထုံထုံအအနဲ့ အရိပ်အကဲနားမလည်တဲ့ မျောက်လွှဲကျော်ကြောင့် ပွဲပျက်မှာကိုစိုးရိမ်နေပြီး မျောက်ဖင်နီကို အားကိုးထားရတယ်။ မျောက်က နှစ်ကောင်ရှိတာဆိုတော့ မျောက်လွှဲကျော်မပါလို့လဲ ပွဲမစည်နိုင်ဘူး။နောက်ဆုံးတော့ သင်ထားပေးတဲ့ မျောက်နှစ်ကောင်လုံးကို သုံးရတာပေါ့။

ပွဲစဉ်တစ်ခုလုံး မျောက်နှစ်ကောင်လုံးက သူတို့ဆရာခိုင်းတာလုပ်တယ်။ ပွဲက အရမ်းစည်တယ်။ မျောက်ဆရာက ဝမ်းသာအားရစွာနဲ့ ဂုဏ်ယူနေတယ်။

ပွဲလဲပြီးချိန် ပိုက်ဆံတောင်းချိန်လဲ ရောက်ရော...

မျောက်ဖင်နီက ပွဲကြည့်ပရိတ်သတ်ကို ဖင်ထောင် ပြ ဖင်လှန်ပြ ပါလေရောတဲ့…. ကဲ…..

အဖေက ကျွန်တော် နဲ့  ညီလေး ကို ဘယ်မျောက်ကို လိုချင်လဲလို့ မေးတော့..ကျွန်တော်က……

ဘယ်မျောက်ကိုရွေးခဲ့လဲ…လို့ သိကြလားဗျာ….. :D


ဖေဖေ့ကို သတိရလို့ အခုချိန်မှာ တစုံတခုနဲ့ တိုက်ဆိုင်နေလို့.... ခုချိန်ထိ ကျွန်တော်ရွေးခဲ့တဲ့ မျောက် အကြောင်းကို ဖေဖေက ပြောနေတုန်း။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Comments

kaungkinpyar said…
မျောက် ဖင်နီ ပဲ နေမှာပေါ့အေ...
မျောက်ဖင်နီပဲဖြစ်ရမယ်. :)
မမပြာပြောသလိုပဲ ပြောမယ် :P
ပူးတေလဲ မျောက်ဖင်နီလို့ပဲ ထင်တယ်။ :D
အမလည်း မျောက်ဖင်နီကိုပဲရွေးမယ်လို့ထင်တယ်။း)
မင်္ဂလာပါ...

ကိုဖိုးစိန် ဘယ်မျောက်ကိုမှ မရွေးခဲ့လောက်ဘူး။ ရွေးမယ်ဆိုရင်တောင် ဖင်နီနေတဲ့မျောက်တော့ မရွေးလောက်ဘူး... :P :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး
noblemoe said…
အင်း ကိုဖိုစိန်ရွေးမဲ့ မျောက်က ဟိုအမြင်ကတ်စရာမျောက်ပဲ
ဖြစ်မှာပေါ့ 
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
မိုး
မေးခွန်းထဲ မပါတဲ့
မျောက်ထိုင်ငို ပဲ ရွေးခဲ့တာရော
မဖြစ်နိုင်ဘူးလားးး ...???
Ree Noe Mann said…
ဒါပဲ နေမှာပါ
အဲဒီ့မျောက်က...ဖိုးစိန်ရွေးတဲ့မျောက်ပေါ့။ ;)
အဖြေကြားပီးက ပြန်လည်ကော်မန့် လာပေးမည် အဟီးး

ခင်မင်လျက်
ကဲကဲ အားလုံးက မျောက်ဖင်နီတဲ့လေ
မဲတွေ များနေပြီ နောက်ဆုံး မျောက်ဖင်နီ မဲအသာနဲ့ 
အနိုင်ပေးလိုက်မယ် ရွေးကောက်ပွဲနီးလာပြီဆိုတော့
ဒီမှာလည်းေ၇ွးကောက်၇တော့မယ် ဟဟ
ဒါနဲ့ ချစ်ယောက်ဖကြီး ရ လုလင် ဆိုတာက ဘယ်သူ့ တုန်းဗျ အဟတ် နာမည်ဆင်နေလို့ မေးတာ ချိတ်ဆိုးရဘူး
Mogok Thar said…
မျောက်ဖိုးစိန်က..
.
မျောက်ဖင်နီ ရွေးမယ် လို့ပဲ (အနီးကပ်ဆုံး လူတွေကတောင်) ခန့်မှန်းနေကြတော့....

အင်း... မှန်နေပြီ ထင်တာပဲ...

ညီ.. ဘာရွေးလဲတော့ ကိုကို မသိ...

ကိုကိုကတော့... မျောက်လွှဲကျော်... ကိုပဲ ရွေးမှာ...



ကိုမောင်ဟန်
Angel Shaper said…
ဘယ်မျောက်ဖြစ်ရမှာလဲ........
ကိုဖိုးစိန်ရွေးတဲ့မျောက်ပေါ့...အဟိ
သုဒြေ္န said…
ညီဘယ်မျောက်ရွေးတယ်ဆိုတာ ဖြေပေးလိုက်ဦးလေ ညီ့ ဖေဖေထင်ထားတာနဲ့  တထပ်တည်းကျနေလားပါ တခါထည်းဖြေသွားပေး

Popular Posts