နှစ်သစ်အလှူ




နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့ ကျနော်တို့ မောင်နှမတွေ အလှူတစ်ခု လုပ်ဖြစ်တယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ သွေးသွားလှူကြတယ်။ သွေးသွားလှူဖို့ အဖော်လိုက်ပေးတဲ့ မောင်နှမတွေ ရှိတယ်။ အိမ်မှာ သွေးလှူပြီး ပြန်လာရင် အဆင်သင့် အားဖြည့် စားသောက်ဖို့ မမောနိုင် မပန်းနိုင် ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီး နွားနို့ ခွက်တွေနဲ့ စောင့်နေတာက ဝေးဝေးကနေ ချစ်တော့မယ် ဆိုတဲ့ ချစ်ညီမ ပါ။ နှစ်သစ်အကြိုညမှာ မုန့်ဟင်းခါး ချက်ကျွေးပြီး နှစ်သစ်မှာ အိမ်ချက် ထမင်းဟင်း အပြင် ကိုယ်တိုင်လုပ်တဲ့ ဖာလူဒါကို အားရပါးရ စားသောက်ခဲ့ရပါတယ်။ ဟင်းချက်ကောင်းတဲ့ ပဲခူးသူ မို့ စားပြီး သောက်ပြီး မထနိုင်တဲ့ထိပါပဲ။ ချစ်အမကြီးကတော့ ကွမ်းတမြုံမြုံ နဲ့ ချစ်ညီမ ဘေးနား ဟင်းမြည်းကျန်နေခဲ့သေးတယ်။ ပြောတော့ ကူမယ်ပေါ့။ စားကူတယ်၊ မြည်း ကူတယ်လို့ ပြောပါတယ်။

ထမင်းစားပြီး အော်ကြ၊ ဟစ်ကြနဲ့ စကားသံတွေက နှစ်သစ်ကို အားရပါးရ ကြိုဆိုခဲ့ကြတယ်။ သွေးလှူတဲ့ ကျနော်တို့ လေးယောက်ကို ဆေးရုံက ပြောလိုက်ပါတယ်။ သိပ်မလှူပ်ရှားနဲ့တဲ့လေ။ ခုပဲကြည့်၊ သွေးလှူခဲ့တာကို ပြချင်လို့ အပေါ်ထောင် ၊ အောက်ချနဲ့ ဓာတ်ပုံတွေ ရိုက်တာ တညနေကို ကုန်လို့။း) ပြန်လာတော့လဲ ဂိမ်းကို ညလုံးပေါက်က နှိပ်သေးတယ်။

တနင်္ဂနွေကြတော့ မှော်ဘီသူ လေး မြရဲ့ ရခိုင်မုန့်တီ ကိုအားရပါးရ ပူလန်ထွက်နေအောင် စားရပါတယ်။ အိမ်မှာ စည်ကားပါတယ်။ အထူးသဖြင့် အိမ်သာ အဝင်အထွက်ပါ။ သုံးရက်ဆက်တိုက် အရည်နဲ့ မလွတ်တာတွေကို စားပြီး အိမ်သာတက်ရပုံများကို ညနေထမင်းဝိုင်းမှာ ပြောကြ၊ ဆိုကြတာ သူထက်ငါပါပဲ။ ဒီအကြောင်းကို ပြောရင်း ဆိုရင်း ထမင်းစားကြတော့ ညနေထမင်းပိုစားကောင်းကြပါတယ်။း)

ဘာဖြစ်ဖြစ် နှစ်သစ်မှာ ချစ်သူခင်သူတွေနဲ့ တူတူ ထမင်းလက်ဆုံစားပြီး အော်ဟစ် ပျော်ရွင်ခဲ့တာ၊ ညီအကို မောင်နှမတွေ အမှတ်တရ သွေးလှူ ဖြစ်ခဲ့တာကိုတော့ ကျေနပ် ပီတိ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့အတွက် မမောနိုင်၊ မပန်းနိုင် စေတနာအပြည့်နဲ့ ထမင်း၊ ဟင်း လာချက်ကြွေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်။ (ပလီတယ်ပဲ ပြောပြောပေါ့လေ)း)။ ရခိုင်မုန့်တီနဲ့ အိမ်သာစည်စေတဲ့ ညီမလေးကိုပါပေါ့။

စကားမစပ် အပေါ်ပုံက ကျနော်တို့ သွေးလှူခဲ့တဲ့ မောင်နှမလေးယောက်ရဲ့ပုံပါ။ ဘယ်လက်ပတ်အရောင်နဲ့က ဘယ်သူ့လက်ကလေးလဲ ဆိုတာ စာဖတ်သူတို့ ခန့်မှန်းနိုင်ပါ့မလား။ မှန်ရင် အိမ်မှာ ထမင်းအလကား ခေါ်ကျွေးမယ်။ စည်းကမ်းတော့လိုက်နာရမယ်ပေါ့။း)


နှစ်သစ်မှာလိုအပ်တာတွေ ပြည့်ဝ ကြပါစေခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


Comments

kaungkinpyar said…
သွေးလှူ ခဲ့သူတွေ အတွက် သာဓု ၃ ကြိမ် ခေါ်ပါတယ်....
Angel Shaper said…
ပျော်စရာကြီးနော် စားကြ၊ ပျော်ကြ
ပြေးကြ (အိမ်သာကိုဆိုလိုပါသည်) အဟိ
သွေးလှူရှင်များကိုလည်း ဆက်လက်လှူဒါန်းနိုင်ကြပါစေ
ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သြော်
အဲဂလောက်တောင် မေးခွန်းတွေ အောက်နေမှတော့ မမှန်နေနိုင်ပါဦးမလား :P

ပြောရဦးမယ်
အလုပ်က လီလီဆိုတဲ့ တယောက်က အဖေ့ဘွတ်က ပုံကို မြင်သွားပြီး နင့်ဘေးနားကတယောက်က ဟမ်းဆန်းတယ် ဆိုဘဲ ..

ဆောင့်မိမယ်နော် ခေါင်မိုးနဲ့ .. :P
သြော်
ပြောဖို့ မေ့ခဲ့လို့

အဲ့တယောက်က မျက်လုံးတော့ နဲနဲမှုန်နေတယ် .. :P
noblemoe said…
သာဓု သာဓု သာဓု ပါရှင်းးးးးးးးး
ယခုလိုပဲ လှူနိုင်တဲ့ပြင့် အမြဲတမ်းလည်းပျော်နိုင်ပါစေရန်တောင်းဆုပြုပါတယ်နော်
မိုး
မွန်မြတ်တဲ့အလှူပါပဲရှင်။ သာဓု သာဓု သာဓု
သာဓုပါလို့ လှိုက်လှိုက်လှဲလှဲ သုံးကြိမ်းခေါ်သွားပါတယ်။

အပေါ်ဆုံးက ဖြူဖြူသွယ်သွယ်လေးက မိန်းကလေးလက်ပဲ။း)
မင်္ဂလာပါ...

သာဓု..သာဓု..သာဓု..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
Ree Noe Mann said…
ပျောစရာကြီးပါဗျာ။ စားလို့ကလဲ ကောင်း မြည်းလို့ကလည်း ကောင်း။
မဂ်လာနှစ်သစ်ပါဦးစိန်
Anonymous said…
သွေးလှူရှင်တွေကို သာဓုခေါ်ပါတယ်ဗျာ..ဘယ်သူ့ လက်တွေလည်း မသိ !!!!

ခင်မင်လျက်
တလနွန်
mae said…
သွေးအလှူရှင်တွေကို သာဓု သာဓု သာဓု ခေါ်ပါတယ်
ဓါတ်ပုံရိုက်တာတောင် မသိလိုက်
ပျော်နေကြပုံ
မေသူ said…
ဟယ်..

မသိလိုက်ပါလားး..
ဘယ်တုန်းက သွားလှူကြတာလဲ...

ကြည့်စမ်းပါ...
နဲနဲတောင် လက်မတို့ ကြဘူး...

ဟွန်း စိတ်ဆိုးတယ်ကွာ

Popular Posts