တရေးနိုး

ငယ်ငယ်က ကျနော် ညည တရေးနိုးတော့ အိမ်ရှေ့မှာ မျက်မှန်တစ်လက်နဲ့ စက်တလုံးကို တကုတ်ကုတ် ပြင်နေတဲ့ ဖေဖေ့ကိုတွေ့တယ်။ အဲလိုတွေ့ရင် ကျနော် ဖေဖေ အိပ်ချိန်မှာ မအိပ်တဲ့အတွက် ပွစိပွစိ လုပ်တယ်။ အဖေက “ ပြီးတော့မှာပါ သားစိန်ရယ် “လို့ ပြောပြီး မိုးလင်းသွားတဲ့ နေ့တွေရှိတယ်။အဲလိုနေ့တွေ မှာ အဖေ့ အတွက်စိတ်မကောင်းဖြစ်ရတယ်။ အဖေ့ကို အိပ်ရေးဝဝ အိပ်စေချင်တယ်။ နားစေချင်တယ်။ အဲလိုပြောရင် ဖေဖေက ပြုံးပြီး သားမှာ ကိုယ်ပိုင် မိသားစု ရှိတယ်လို့ ကိုယ်တိုင်မှတ်ယူလာတဲ့ တနေ့ သားဖေဖေ့ကို နားလည်လာမှာပါတဲ့။

ဖေဖေက ပြောပါတယ်။ ညည အိပ်ဖို့ ကြိုးစားပေမယ့် စိတ်က အလုပ်ကို စွဲပြီး အိပ်မက်ထဲမှာတောင် အလုပ်တွေ လုပ်နေရတော့ မိုးလင်းသွားရင် ပိုပင်ပန်းတယ်တဲ့။ ဒါကြောင့် တရေးနိုးရင် အလုပ်ကို ထလုပ်မိတာပဲ လို့ ပြောတယ်။ ငယ်ငယ်တုန်းကတော့ အဖေပြောတာတွေကို လက်မခံချင်ဘူး။ အဖေ့ကိုလောဘင်္ကြီးတဲ့သူလို့ ထင်ခဲ့တယ်။ ကိုယ်ကြီးလာရင်တော့ အဖေ့လို မဖြစ်ဘူးလို့ တွက်ခဲ့တယ်။ အဖေ့ကိုလဲ ပြောခဲ့တယ်။

ဆိုက်ပရပ်စ် ရောက်တော့ အဖေ့ပြောခဲ့တဲ့စကားတွေ နားလည်ဖို့ အစပျိုးလာသလိုပါပဲ။ အလုပ်တွေနဲ့ ငွေ ဆိုတာနဲ့ လည်ပတ်ခဲ့ရတယ်။ညတိုင်းလိုလို အိပ်မက်မက်တယ်။ အိပ်မက်မက်တိုင်းမှာ အလုပ်မပြီးတာတွေ၊ အလုပ်လုပ်နေရတာတွေနဲ့ အိပ်မက်က နိုးလာရင်မောလို့။ တရေးနိုးပြီးဆိုတော့ ဇောချွေတွေ ပြန်ပြီး ဆက်အိပ်မရတော့။ အိပ်မရတော့ ဟိုတွေး၊ဒီတွေး ဒီလိုနဲ့ အတွေးပေါင်းစုံကြားမှာ မိုးလင်းသွားပြန်တယ်။ ကောင်းကောင်း အိပ်ရတယ် ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ညတွေမှာ ကျနော်ဟာ နေ့လို နေသားကျနေခဲ့တယ်။

အခုတော့ ကျနော်တရေးနိုးရင် စိတ်ချမ်းသာတယ်။ အနားမှာ ဖေးမမယ့်သူတွေ ရှိတယ်လို့ ခံစားရတယ်။ ဒါပေမယ့် နိုးပြီးဆက်တွေးနေမိတာက ကိုယ်ပိုင် မိသားစု ရှိလာတဲ့ တနေ့ ဆိုတဲ့ ဖေ့ဖေ့စကားရဲ့ကောက်ကြောင်းကိုပါ။ ခု အနားက ညီအကို မောင်နှမတွေနဲ့ နေရတာ ကိုယ်ပိုင်မိသားစုလို့ ခံစားနေရတဲ့အတွက် သူတို့ အတွက် ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ စဉ်းစားရင်း၊ အားမလို အားမရ ဖြစ်ရင်း… တရေးနိုးပြီး မိုးလင်းခဲ့ရတဲ့ ရက်တွေ များနေပြန်ပေါ့…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Comments

ထိပ်ဆုံးက ဓါတ်ပုံလေးက မိုက်လှချည်လား..... ပျော်ရွှင်သောဘ၀ကို ဆက်လက်ပြီး ပိုင်ဆိုင်နိုင်ပါစေဗျာ.........


ခင်မင်တဲ့
ဂျပန်ကောင်လေး
Mogok Thar said…
တရေး နိုး လာပြီလားးး

နောက်ဆို.. ညတွေကျ စောစောအိပ်အောင်.. တရေးမနိုးပဲ.. စိတ်အေးလက်အေး အိပ်နိုင်အောင်

ကော်ဖီခွက်ထဲ အိပ်ဆေးထည့်တိုက်ဖို့ ကြံစည်ထားတဲ့သူတွေ ရှိတယ်တဲ့....

:-P

ချစ်ညီ

မျောက်ငို..

အဆင်ပြေပျော်ရွှင်ပါစေ..

ကိုမောင်ဟန်
အိပ်ပျော်အောင် အိပ်
တရေးနိုးလည်း တရားမှတ်ပြီး ပြန်အိပ်
ဒါပဲ

မဟုတ်လို့ကတော့ ကိုဘို သတင်းပေးထားတဲ့အတိုင်းပဲ
အဟဲ
ကော်ဖီ ဖျော်တိုက်နေကျဆိုတော့ .. :P
noblemoe said…
ကော်ဖီတွေဒီလောက်သောက်နေမှတော့ဘယ်လိုအိပ်နိုင် ပါတော့မလဲလေ။ လျှော့မသောက်နိုင်ရင်တိုးသာသောက်လိုက် တရေးမဟုတ်ဖူး အမြဲနိုးနိုးကြားကြားဖြစ်သွားလိမ့်မယ်းp
ဒါကြောင့်ခေါင်းကိုက်မပျောက်တာထင်တယ်။
အိပ်ပျော်လို့ သာယာချမ်းမြေ့ပါစနော်
မိုး
ရေတမာ said…
သီချင်းလေး သတိရမိတယ် ~~ဖြစ်သင့်တာကို ရင်မှာပိုက်~~ပြီးခဲ့ရင် ဒီအခန်းထဲ ပျော်အောင် အိပ်လိုက်ပါ~~~~~~~~~~~~~~~~
kaungkinpyar said…
စောစော အိပ်လို့ စောစော ထလို့..စောစော....း)

တရေးမနိုးပဲ အိပ်ရအောင်...

နောင်ရက်တွေ ကိုယ် ဘာသာ ပဲ ကော်ဖီ ဖျော်သောက်မှ ထင်တယ်..
mae said…
အိပ်မပျော်ရင် မောင်နှမတွေကို ဖက်အိပ်လေ
း)
အိပ်ခါနီး ကော်ဖီမသောက်နဲ့လေကွယ်။ အတွေးတွေလည်း သိပ်မများနဲ့။ အိပ်မပျော်ရခြင်း အကြောင်းရင်းတစ်ခုက အတွေးတွေသိပ်များနေလို့။ သူများကိုသာပြောနေတာ မဇွန်လည်း ဒီတိုင်းပဲ။ ခုတလောတော့ အရင်ထက်ပိုအိပ်ပျော်လွယ်နေတယ်။
ငါအိပ်တော့မယ်ဆိုပြီး စိတ်တွေ၊ အတွေးတွေလျှော့ချ၊ လူတစ်ကိုယ်လုံးက အကြောအခြင်တွေပါ လျှော့ချလိုက်။ မြန်မြန်အိပ်ပျော်သွားလိမ့်မယ်။း)
မင်္ဂလာပါ..

ကိုဖိုးစိန် တို့များ.. ကိုမျိုး နဲ့ ကွာပ။

ကိုမျိုးဖြင့် ကျောနဲ့ အိပ်ယာ ထိလိုက်တာနဲ့ ခေါ ကနဲ့ ဘဲ။

မိခင်ဖခင်တို့အား အစဉ်သတိရပြီး ကျေးဇူးသိမြင်တတ်တဲ့ သားရတနာမို့ အရာအားလုံး စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာအားလုံး ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း လောင်းလိုက်ပါတယ်.....

ခင်မင်စွာဖြင့်
ကိုမျိုး
မေသူ said…
အဲ ...

အိပ်ဆေးတိုက်ကြမယ်လို့  ကျိမ်းသွားကြဘီ...

မေသူဖျော်တိုက်တာတော့ စိတ်ချနော်...
အိပ်ဆေးမပါစေရဘူး...

(ဘာမီတွန်ပဲ ထည့်မှာပါ...)

ဒီလောက်မအိပ်တာ ခေါင်းတချက် တောင်ခနဲ ခေါက်လိုက်ရင် ဂေါက်ခနဲ အိပ်မောကျသွားအောင် လုပ်ပေးရမယ်ထင်တယ်။
တရေးနိုးသော် အကြံပေါ်
ပေါ်သည့်အကြံ
ဘလော့ရေးရန်ပေါ့

(အိပ်ရေး၀၀ အိပ်.
.မကြီးမငယ်နဲ့ ကလေးတွေကြား ဒိုတာဝင်ခုတ်ချင်လို့များစောင့်နေတာလားမသိဘူးနော်)

:P
Angel Shaper said…
တရေးနိုးလို့ အိပ်မပျော်တော့ဘူးဆိုရင်....
ကော်ဖီဖျော်ပြီး သောက်လိုက်
လက္ဘ်သုပ် စားလိုက်..
ပြီးတော့ ပြန်အိပ်...
ခေါခလော..ခေါခလောဖြစ်လာမည် :P

Popular Posts