ဖျားနာတဲ့စိတ်





ငါ့စိတ်တွေက လကြတ်ခြင်းခံရနေတယ်။

ငါ့ဝိညာဉ်တွေ နေကြတ်ခြင်းခံနေရတယ်။

ငါ့သွေးတွေ ရေနစ်ချိန်မှာ

ငါကသောကမျော ဆယ်ယူ

ငါပြန်ရလိုက်တဲ့ ငါ့ အရိုးတွေဟာ

ဆွေး................................................. လို့။

ဒီလိုပါပဲ…

သွေးပျက်တဲ့စိတ်နဲ့

ငါ့အရိုးတွေကို ငါပြန်ဆက်

ညနက်နက်တွေမှာ

ငါဟန်မပျက် ကခဲ့တယ်။

(သန်းခေါင်ထက် ညဥ့်မနက်ဘူး ဆိုပဲ.....။)


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အခုတလော ဒေါသထွက်နေတာလား၊ စိတ်ညစ်နေတာလား ဆိုတာ ကိုယ်တိုင် မသဲကွဲတဲ့ ခံစားမှုမျိုး ခံစားနေရတယ်။ အနားနေ ညီအကို မောင်နှမတွေကိုတော့ အားနာပါရဲ့။ ဒါပေမယ့် တားဆီးမရတဲ့စိတ်ကို ဘယ်တုန်းကမှ ထိန်းချုပ်ဖို့ မကြိုးစား ချင်ဘူး။ ဖြစ်ပြီး ပျက်မယ်။ ဖြစ်ပေါင်းလဲ များပြီ။ ပျက်ပေါင်းလဲ များပြီ။ ဒါပေမယ့် မထိန်းချုပ် ချင်ဘူး။ ဒီလိုနဲ့ပဲ စိတ်က နာဖျားနေတာ နာတာရှည်ပေါ့။

Comments

Anonymous said…
ကိုဖိုးစိန်

စင်္ကာပူမှာဒီလိုဘဲ ။ ကျနော်လည်း အရင်က စင်္ကာပူမှာ နေခဲ့တာ ။ ကျနော် စင်္ကာပူကိုမကြိုက်ဘူး ။ အထူးသဖြင့် ...............
ကျောင်းနဲ့အလုပ်နဲ့ stress တွေအရမ်းများတယ်။ ကျနော်ကတော့ ဥရောပကို ပိုနှစ်သက်တယ်။ ဥရောပမှာလိုလူ့အခွင့်အရေးတွေတန်းတူရမယ်ဆိုရင် တော့ မြန်မာပြည်မှာဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလေးဖွဲ့ပြီး မျိုးဆက်သစ် ကလေးငယ်လေးတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ပေးချင်တယ်။ တစ်နေ့နေ့ပေါ့ .....
နေမကောင်း စိတ်မကောင်းဖြစ်နေပေမယ့် ကဗျာတော့ ကောင်းတယ်။ ဒီညီအစ်ကိုတွေ ကဗျာစပ် ပြိုင်နေသလားပဲ။း)
Maung Myo said…
ကျန်းမာရေးတော့ ဂရုစိုက် stress ကကြောက်ဖို့တော့ကောင်းတယ် ဒါပေမယ့် နေရာတိုင်းမှာ ရှိတယ်နော် ဒါကြောင့် အားတင်းထားပါ အစ်ကိုရေ့ ။
Anonymous said…
ကြယ်ရောကြတ်ဘူးလား..
noblemoe said…
့ဖြစ်ပြိီရင်ပျက်မယ်ဆိုတဲ့အတိုင်း ကစိတ်ညစ်တာတွေဟာလည်းကြာကြာမနေပါဖူးလေ။
ှFIGHTIIIIIIIIIIIIING!!!!!!!!!!!!!!!!
ဘဝရည်မှန်းချက်တွေအမြန်ဆုံးအောင်မြင်ပါစေနော်
သာယာချမ်းမြေ့ပါစေရန်တောင်းဆုပြုပါတယ်
မိုး
kaungkinpyar said…
အင်း ဟုတ်တယ်..သန်းခေါင်းထက် ညည့်မနက်ပါဘူး....
သုဒြေ္န said…
ညီရေးတဲ့ စာကိုဖတ်ရင်း တကယ်စိတ်မကောင်းဖြစ်မိတယ် ဘ၀မှာဒီလိုမျိုးတွေ ခဏခဏကြုံတွေ့ တတ်တာလေ ညီရဲ့ အယူအဆအတိုင်း (စိတ်ရှည်ခြင်း သီးခံခြင်း ဥာဏ်ပညာရှိခြင်း ဖြင့် မိမိကိုယ်ကိုထိမ်းချုပ်ပါညီရေ) နောက်ပြီးတခုသတိပေးချင်တာက ညီကိုမောင်နှမတွေစုပေါင်းနေကြတာ ကိုယ်ကဒီလိုဖြစ်နေရင် သူတို့ ကမပြောသာပေမဲ့  စိတ်မကောင်းတော့ ဖြစ်ကြမှာလေ ကိုယ့် အတွက်နဲ့ တော့ သူတို့ တွေစိတ်မကောင်းကြမှာကိုတွေးကြည့် လိုက်ပါညီ အရာရာကိုနားလည်သဘောပေါက်လွယ်တဲ့  သူဖြစ် ပါစေနော်ညီ ချစ်တဲ့ ကိုကြီး သုဒြေ္န အားငယ်နေတဲ့ စိတ်တွေဝေးဝေးကိုလွှင့် ပစ်လိုက်ပါ
ဖိုးစိန်ရေ...

သောကဆိုတာ လူတိုင်းမှာ တနည်းမဟုတ်တနည်း ရှိနေကြတာပါပဲ...

ရောင်နီမလာခင်အထိတော့ အားတင်းထားအုံးပေါ့...

အလုပ်ပင်ပန်းတဲ့ဒဏ်ကြားမှာ အစားမှန် အအိပ်လေးတော့ မှန်အောင် ဂရုစိုက်ပေါ့...


ဖိုးစိန်ကို သာဓကအစစ်နဲ့ ထာဝရချစ်တဲ့
ချစ်ကိုကြီး
ကိုလူထွေး
းဝ)
chocothazin said…
သန်းခေါင်ထက် ညဥ့်မနက်တော့ဘူး ... တဲ့လား အစ်ကိုဖိုးစိန်ရေ။

သဇင့်လက်သုံးစကားလေးပြောခဲ့မယ်နော်။
မိုးလင်းခါနီး အချိန်ဟာ အမှောင်ဆုံးပဲတဲ့။
(ဟင်...ကင်းသမားတွေကြနေတာပဲနော် :D )

စိတ်ညစ်ချင်ညစ်ပါ။ စိတ်ဓါတ်တော့မကျနဲ့ နော်။
Mogok Thar said…
သန်းခေါင်ထက် ညဉ့်မနက်ပေမဲ့
သန်းခေါင်ပီးရင် ရောင်နီလဲ လာအုံးမယ်...

(အင်း ရောင်နီလာမှအိပ်မောကျချင် ကျနေမှာ)

အပေါ်က အရိုးကပြနေတဲ့အတိုင်း ကပြပါ...

:-)

ချစ်တဲ့

ကိုမောင်ဟန်

Popular Posts