ဂုဏ်မြင့်သူ
ဖေဖေ လူပျိုပေါက်အရွယ် ရောက်တော့ ယောက်ဖဖြစ်သူ အမယောင်္ကျား နဲ့ မော်လမြိုင်- ကျုံဒိုး သဘောင်္မှာ အလုပ်သင်အနေနဲ့ စပြီး အလုပ်လုပ်တယ်။ အဲဒီတုန်းက အဖေက အစိုးရဝန်ထမ်း မဖြစ်သေးဘူး။ ယောက်ဖဖြစ်သူက ဘဘောင်္မှာစက်ပိုင်းဆိုင်ရာ ဆီလောင်းရာထူးနဲ့ အလုပ်လုပ်နေပြီး။ အဖေက သူ့ဆီကနေ စက်ပြင်တဲ့ပညာကို သင်ရင်း ကြုံရင် ကြုံသလို ကုန်ထမ်းတယ်။ တခါတလေ သဘောင်္နဲ့ ကျုံဒိုးရောက်ရင် ကော့ကရိတ်ထိ ပစ္စည်းထမ်းဖို့ ပါသွားတတ်တယ်။ တခါတလေ မြဝတီ ကားဂိတ်ထိဆင်းပြီး ကုန်စောင့်ထမ်းတယ်။ အဲဒီအချိန်တုန်းက ခေတ်ကောင်းတဲ့အချိန်(မှောင်ခိုခေတ်) ဆိုတော့ အဖေအလုပ်က ကောင်းတယ်။
မေမေရဲ့ အမေ(ကျနော့်အဖွား)က ကော့ကရိတ်မှာ ဆိုင်ဖွင့်ထားတယ်။ ယိုးဒယားကဝင်တဲ့ ရော်ဘာဖိနပ်တွေ၊ စွပ်ကျယ်တွေကို မြဝတီကနေ သွင်းတယ်။ ပြီးရင် ကျုံဒိုးကနေတဆင့် မော်လမြိုင်ကို သဘောင်္နဲ့ ပို့တယ်။ ကုန်ကူးကုန်ရောင်းကို မေမေက ဦးဆောင်ပြီး လုပ်တယ်။ များသောအားဖြင့် ဖေဖေက မေမေ့တို့ ဆိုင်က ပစ္စည်းတွေ ထမ်းရတာများတယ်။ ဖေဖေက ငယ်တယ်။ အလုပ်ကိုကြိုးစားတယ်။ ယုံကြည်စိတ်ချရတယ် ဆိုပြီး ဖေဖေ့ကို ခေါ်ခိုင်းတယ်။ မေမေနဲ့ ဖေဖေက ၁၅ နှစ်ကွာတယ်ဆိုတော့ မေမေမျက်စိထဲမှာ မောင်လေးလို့ပဲ ထင်တယ်နေမှာပဲ။ အဲဒီအချိန် မေမေ့မှာ ရည်စားရှိတယ်။ မေမေတို့ ကောကရိတ်ကပဲ။ ဒါပေမယ့် အဖွားက အရက်သောက်တယ်။ ဆိုးတယ် ဆိုပြီး သဘောမတူဘူး။
အလုပ်လုပ်ရင်း သွားလာတာကြာတော့ ဖေဖေက မေမေကို ချစ်သွားတယ်။ မေမေ့ကိုလဲ မပြောရဲဘူး။ အသက်လည်းကြီးတယ် မိဘတွေကလည်း ချမ်းသာတယ် ဆိုတော့ ဖေဖေဘက်က မျှော်လင့်ချက်မရှိဘူး။ ဖေဖေ က မဖြစ်မနေ မေမေ့ကိုဖွင့်ပြောတဲ့အချိန်မှာ မေမေက ငြင်းတယ်။ အသက်ကွာတယ်။ သူ့မှာရည်းစားရှိတယ်။ မိသားစုမှာ မေမေက ပဲ ဦးဆောင်နေရတယ်ဆိုတော့ မေမေစိတ်ထင်သလို လုပ်လို့ မဖြစ်ဘူးလို့ ပြောလိုက်တယ်။ ဖေဖေ အသည်းတွေကွဲတယ်။ မေမေ့ဆီမှာ အလုပ်မလုပ်တော့ဘူး။ သဘောင်္မှာပဲ စက်ပြင်တာကို သင်တော့တယ်။ အဲဒီချိန်မှာ ဖေဖေက မေမေ့ကိုလွမ်းတိုင်း ဆိုတာက ဂုဏ်မြင့်သူ သီချင်းပေါ့။ နေ့လဲညည်းတယ်။ ညလဲ ညည်းတယ်။ အဲဒီတုန်းကတော့ မမ မှ မမ ပဲ ဖြစ်နေတယ်။ သွားလဲ ဂုဏ်မြင့်သူနဲ့ စားလဲ ဂုဏ်မြင့်သူ နဲ့လို ဖြစ်နေတယ်။
တနေ့ညတော့ ဖေဖေက သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ကော့ကရိတ်က မေမေတို့ အိမ်ရှေ့မှာ အဲဒီသီချင်းကိုသွားဆိုတယ်။ ကော့ကရိတ်မှာ နေစရာ အိမ်မရှိတဲ့ ဖေဖေက ညလုံးပေါက် အိမ်ရှေ့မှာ ထိုင်ပြီး မနက်ကျမှ ကျုံဒိုးကိုပြန်ဆင်း သဘောင်္နဲ့ မော်လမြိုင်ကို ပြန်မယ်။ ဒါနောက်ဆုံးညပဲ မေမေ့ကို လာနှုတ်ဆက်တဲ့သဘော၊ နောက်ဘယ်တော့မှ မတွေ့တော့ဘူးဆိုတဲ့သဘောနဲ့ သီချင်းလာဆိုတယ်။
အဲဒီညက အဖွားက ကုလားထိုင်ပေါ်မှာ ဓားကိုင်ပြီး ဖေဖေ့ကိုထွက်ခုတ်မယ်ပဲလုပ်နေတာ။ (အိမ်ထောင်ကျပြီးမှ သားမက်ကို ချစ်လိုက်တာ သားတွေထက်တောင်ပိုသေးး))။ မနက်လေးနာရီထိုးတော့ မေမေက အိမ်ရှေ့ကို ထွက်လာတယ်။ မေမေက ညအိပ်အင်္ကျီ နဲ့ ရိုးရိုး ချည်လုံချည် ဝတ်ပြီး ထွက်လာတာ။ ပြီးတော့ မောင်ထွန်းမြင့် အမကို တကယ်ချစ်လို့ ယူနိုင်တယ်ဆိုရင် အခုခေါ်သွားပါ။(အဟိ) ဒါပေမယ့် အမဆီက ဘာမှတော့ ရမှာမဟုတ်ဘူး။ အခုအတိုင်းကိုပဲယူရမယ်။ ပြီးရင် အရင်က အမ နေခဲ့သလို ပြန်ထားပေးနိုင်မယ်လို့ ကတိပေးရင် အမ လိုက်ခဲ့မယ်တဲ့။
အဲဒီမှာ အဖေက အိမ်မက် မက်သလို အံ့အားသင့် အမေ့ကို ကတိတွေ အထပ်ထပ်ပေး ခေါင်းတွေ စွတ်ညှိတ်ပြီး အမေ့ကို ယောင်တောင်တောင်နဲ့ ကျုံဒိုးကို ခိုးလာတယ်ပေါ့။ ( မြင်ယောင်မိပါတယ် ဖေဖေ့မျက်နှာကိုပေါ့း) သားစိန်ဆို ထွက်ပြေးမှာ သေချာတယ်)။
အဲဒီလိုနဲ့ အဖေ နဲ့ အမေ ညားကျလေသတည်းပေါ့။
ဒီသီချင်းလေးကြောင့် မေမေက ဖေဖေ့ကို တညတည်းနဲ့ ကြွေသွားပုံရပါတယ်။ ဖေဖေက မေမေစိတ်ဆိုးတိုင်း၊ စိတ်ကောက်တိုင်း ဒီသီချင်းလေးကို ဆိုပြလေ့ရှိတယ်။ တခါတလေ မူးပြီး မှန်လာရင် ဂုဏ်မြင့်သူကို ဆိုရင်း ဒီသီချင်းကြောင့် ညည်းအမေ အဖွားကြီးကို ဖေဖေက ယူလိုက်ရတာ။ ခုလို ပွစိပွစိ လုပ်တတ်မှန်းသိရင် အဲဒီကတည်းက မခေါ်ခဲ့ပါဘူးတဲ့။ မေမေကတော့ သီချင်းကို နားထောင်ရင်း သနားသွားတာလို့ ပြောတာပဲ။ ဘာဖြစ်ဖြစ် ဒီသီချင်းကို ဖေဖေဆိုရင် ဖြစ်ဖြစ် ၊ ဖေဖေတို့လင်မယားနှစ်ယောက် နားထောင်ရင် ဖြစ်ဖြစ် သူတို့မျက်နှာမှာ ပီတိအပြုံးတွေကို ခံစားရသလို သူတို့တွေ မျက်ရည်ဝဲစွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတုန်းပါ။ ခုထိ ဖေဖေက ဒီသီချင်းကို မေမေ့ကို ဆိုပြနေတုန်း။ ခုထိ မေမေက ဖေဖေ့အတွက် ဂုဏ်မြင့်သူ ပါတဲ့။ မေမေ ဂုဏ်မြင့်သူ ကိုချစ်တဲ့ ဖေဖေ့ အချစ်က ဘယ်အရာနဲ့မှ နှိုင်းလို့ မရနိုင်တာ ကျနော်တို့ မောင်နှမတွေ သိပါတယ်။ ဒီသီချင်းကြားတိုင်း၊ နားထောင်တိုင်း မေမေနဲ့ဖေဖေ့ကိုလွမ်းသလို မျက်ရည်လဲ ဝဲရပါတယ်။ အိမ်ကိုလဲ လွမ်းသွားသလိုပဲ။

ချစ်ချစ်ချစ်တဲ့ မောင့်ချစ်ချစ် မက်မက် က မြန်မာသံစဉ် ရှေးသီချင်းတွေကို ပြန်လည် အမှတ်တရ တင်ဖို့ တက်ဂ်ပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို အမှတ်တရ အဖြစ် တင်လိုက်ပါတယ်။
ဂုဏ်မြင့်သူ - တေးရေး သဟာယ ဆရာတင်
တေးဆို - မောင်နေဝါ
တေးဆို - ရာဇာဝင်းတင့်
တကယ့် မေတ္တာစစ်နဲ့ ချစ်ရဲ့ သားနဲ့
ပစ်ပယ်တော်မူအားတယ်။
အဟုတ်မေတ္တာသက်နဲ့ ချစ်ရဲ့ သားနဲ့
ငြင်းပယ်တော်မူအားတယ်။
အထင်တော်လွဲလို့ရယ်။
ချစ်တဲ့သူရယ် ခွဲနိုင်ရှာရက်တယ်။
(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။
ရွှေစံပယ်ဖြူ ပန်ချင်သူက များ… ) တယ်။
မသနားပဲ….ရက်စက်တယ်။
ဂုဏ်ရှိန်မြင့်တဲ့သူရယ်
ချစ်စေကြောင်းနဲ့ တောင်းပန်ချင်ပါတယ်။
တကယ်ပင် မုန်းတော့ရင်ကွယ်
ဘဝတုံးအောင် အဆုံးစီရင်နိုင်တယ်
ဖြေသော်မဖြေတယ် အစွဲကြီးစွဲခဲ့တယ်......
မောင့်အပေါ်ဝယ်ဘယ်လိုသဘောနဲ့ကွယ်
ချစ်မိသူမှာခင်ရယ်
လွမ်းပိုအောင်…စီမံလေတော့တယ်
အသက်မက တစ်ဖက်သတ်နဲ့ ချစ်မိခဲ့တယ်
ဘယ်သောအခါမှ နီးရပါ့မယ်
ဂုဏ်မြင့်သူရယ်
အလို မျှော်မှန်း လွမ်းပါပေါ့ကွယ်
(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။
ရွှေစံပယ်ဖြူ ပန်ချင်သူက များ… )တယ်…။
မသနားပဲ ရက်စက်တယ်…။
အို……… ချစ်ပါရစေ အသနားခံသော်လည်း
ငြင်းပယ်တယ် ဂုဏ်မြင့်သူက ကွယ်..
ဂရုဏာ တရားရယ် မောင့်အပေါ်ကင်းတယ်
သင်းပျံ့တဲ့ စံပယ်အလှ
ဆင်းရနံ့ ကြွယ်သမျှ ဂုဏ်ငယ်သူကို မုန်းတော်မူအားတယ်။
(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။
ရွှေစံပယ်ဖြူ ပန်ချင်သူက များ… )တယ်..
မသနားပဲ ရက်စက်တယ်။
သီချင်းလေးက ခံစားရတယ်။ အဓိပ္ပါယ်လဲ ရှိပါတယ်။ သီချင်းလေးကို ပြန်ခံစားရင်း ပျော်ရွင်ချမ်းမြေ့ကြပါစေ။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
အစ်ကိုဖိုးစိန် ဇာတ်လမ်းလည်း ရေးပါဗျို့ ။
သီချင်းကတော့ အိမ်ကျမှ နားထောင်တော့မယ် .. :D
အကို့ အဖေနဲ့ အမေအကြောင်း ဖတ်ရရင် ကြည်နူးမိတယ် .. အကိုဂျီးလဲ အဖေ့ခြေရာနင်းနိုင်ပါစေသောဝ် .. အသက် အများကြီးတဲ့ အဘွားကြီးနဲ့ ငြားပါစေ ပြောတာ မှုတ်ဘူးနော် .. ဟီးးးးးးးးးးးးးး
စတာပါ ... မေတ္တာတရားအမှန် သစ္စာတရားအမှန်ကို မျက်ရည်ဝဲစွာ ခံစားရပါတယ်
သားစိန်ဆို ထွက်ပြေးမှာတဲ့....
သီချင်းသွားတော့ ဆိုဦးမယ်ပေါ့....
အဖေ့ခြေရားp
သာယာချမ်းမြေ့ပါစနော်
မိုး
ps: အိမ်ရောက်မှသီချင်းနားထောင်တော့မည်။
:(
ရွှေစံပယ်ဖြူ ပန်ချင်သူက များ… )တယ်.....
အင်း......
အဖေ့ ခြေရာ မနင်းတော့ဘူးထင်ပါ့ဗျာ..
အဖေ လို ချစ်သူကို ချစ်တတ်မဲ့ ပုံ မရဘူး.. ပြေးမှာ.. တဲ့ဗျာ...
အမေ့ခြေရာ နင်းပြီး "ဂုဏ်မြင့်သူ" ကြီးပဲ လုပ်တော့မလား မသိ......
ဘာဖြစ်ဖြစ် ဒီ သီချင်းလေးကတော့ ကိုယ့်ဖေ ဆိုညည်းတတ်တဲ့ ထဲက သီချင်းလေး.. နားထဲ စွဲနေတယ်...
အမှတ်တရ အကြောင်းလေး နဲ့ သီချင်းလေးကို တွဲပြီး ခံစား သွားပါတယ်ဗျာ
ချစ်တဲ့
ကိုမောင်ဟန်
ချူချင်တူက များ````
စာသားကရေလည်မိုက်တယ်။ တခါမှနားမထောင်ဘူးဖူးးးးး
ချစ်ချစ်ချစ်တဲ့မောင်က မောင်ချစ်ချစ်တဲ့ချစ်ချစ်ကို အဲ့သိချင်း ဆိုပြရမယ်နော်...နော်..နော်...နော်...
း))
ခုမှသီသီချင်းကို နားထောင်ဘူးတယ်။ ကျေးဇူးပါ အူးအူးဖွတ်ချိန်ရေးးးးးးးးးးးး
အာဝါးးးးးးးးးးးးးးးးးးးးးးးးးအမြှောက်နှစ်သိန်းပေးခဲ့မယ်။
ချစ်ချစ်ချစ်တဲ့မောင်အတွက် မောင်ချစ်တဲ့ ချစ်ချစ်က တသိန်းနဲ့ တမီးမက်မက်က တစ်သိန်း ကို တီတီဒွင်းက လက်ဆင့်ကမ်းယူလာပေးတာနော်။ :P
အနော်နီးမတ်မဟုတ်ဘူး...မောက်စ်က ချော်ထွက်သွားလို့...စာတွေက သိပ်ရိုက်လို့မကောင်းဘူး...ဟင့်..ဗြဲ
နိုချင်ဒယ် နိုချင်ဒယ်....
၁၅ နှစ်တောင် ကွာတယ် ....
၁၀ နှစ် အများဆုံးကွာတာပဲ ကြားဖူးတာ ...
ကိုဖိုးစိန်ကျတော့
ပြောင်းပြန်လုပ်လိုက်ပေါ့ ...
၁၅ နှစ် ငယ်တဲ့သူ ဆိုပြီးးး
ဟီးးးဟီးးး ... :D
အချစ်ဇာတ်လမ်းလေးနဲ့ သီချင်းနဲ့ တကယ်လိုက်ဖက်ပါတယ်။
ကိုဖိုးစိန်က မွန်လူမျိုးလား။ ကျမက မွန်လူမျိုးမို့မေးကြည့်တာပါ။ ကျနော်အိမ်ပို့စ်ကိုဖတ်ကြည့်လိုက်တော့ မန့်ချင်စိတ်ပေါ်သွားတာ။
နေတာလဲနီးနီးလေးပဲကိုး။
အားပေးနေပါတယ်။
ခင်တဲ့
မွန်
ခုချိန်မှာ ၁၅နှစ် ကြီးတဲ့ မိန်းမဆိုရင်တော့ ၄၅ လောက်ဖြစ်နေရော့မယ်၊ အမေ့ခြေရာပဲနင်းပြီး ၁၅ နှစ်သမီး ရအောင်ယူတော့
းဝ)