ကျနော့် ဘဝ တော်တော် များများမှာ ကျနော့် မိသားစု က အမြဲ နေရာယူ နေကျ။ မောင်နှမ သုံးယောက်တည်း ရှိတဲ့ ကျနော်တို့ မိသားစုမှာ ကျနော့် ညီမက အငယ်ဆုံး။ ကျနော်နဲ့ဆို ညီမလေးက (၇) နှစ်တိတိကွာတယ်။ အမေအသက်ကြီးမှ အငယ်ဆုံးကို ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးရတာ။ သားနှစ်ယောက်ထဲမှာ အငယ်ဆုံးက မိန်းခလေးမို့ ဖေဖေက တုန်နေအောင် ချစ်တယ်။ အငယ်မလေး ဘာလိုလို သူက မညည်းမညူပဲ။ မေမေကလည်း ကိုယ်ဝန်မဆောင်နိုင်တော့တဲ့ အရွယ်မှာ ခက်ခက်ခဲခဲမွေးထားရတဲ့သမီးမို့ အရမ်းအလိုလိုက်တယ်။ အကိုနှစ်ယောက်ကြားမှာ ကြီးလာရတယ်ဆိုတော့ သေချာပေါက်ဆိုးပါတယ်။
ငယ်ငယ်လေးကတည်းက ညီမလေးကို ထိန်းရင်း ကစားခဲ့ရတဲ့ ကျနော်တို့ ညီအကိုနှစ်ယောက်နဲ့ ညီမလေးက သူငယ်ချင်းလိုပဲ။ အသက်ကွာတယ်သာ ပြောတယ်။ ခန္ဒာကိုယ်က ဖေဖေတို့ အမျိုးဘက်က စံချိန်မှီတယ်။ မျက်နှာပြဲပြဲ ထွားထွားကြီးပေါ့။ အကိုတွေကို ကိုင်ပေါက်လို့ရတယ်။ စကားတတ်တယ်။ အကိုတွေကို စိတ်ရှည်ရင် ခိုင်းသလို လုပ်ပေးပြီး ( သူငယ်ချင်းတွေနဲ့တောင် အောင်သွယ်ပေးတာ)၊ စိတ်တိုရင် မှတ်ထားပြီး အကိုတွေ မကောင်းကြောင်း လျှို့ဝှက်ချက်တွေကို လူစုံတဲ့ အချိန်မှာ ဖွင့်အံချတော့တာပါပဲ။ ကျနော်ဆယ်တန်းအောင်ပြီး ရန်ကုန်ပြောင်းတော့ ကျနော့် ညီမလေးကို အနားခေါ်ထားခဲ့တယ်။ ရန်ကုန်မှာ ညီမလေးနဲ့ ကျနော်နဲ့ နှစ်ယောက်တည်း နေတယ်။ ကျနော်ဘွဲ့ရလို့ နိုင်ငံခြားထွက်တဲ့ အချိန်မှာ ကျနော့်ညီမလေးက ဒုတိယနှစ် တက်နေတဲ့အချိန် ကျနော်နဲ့ ညီမလေး ခွဲရတယ်။ ကျနော့်အတွက် တိုင်ပင်ဖော်၊ သူငယ်ချင်း လျှော့သွားတယ်။ ကျနော် ငယ်ငယ်လေးကတည်းက ဘယ်သွားသွား အမြဲပါတဲ့ ညီမလေးနဲ့ ခွဲရတာ ပထမဆုံးပေါ့။
မနှစ် ဒီအချိန်မှာတော့ ကျနော် နောက်ထပ် ညီမလေး တစ်ယောက် ရတယ်။ ကျနော့် ညီမနဲ့ ဆိုဒ်တူ ဂိုက်တူ အကျင့်တူတယ်။ မှတ်မှတ်ရရ အဲဒီညီမလေးရဲ့ မွေးနေ့မှာ စတင်သိကျွမ်းပြီး ကျနော့်ဘဝရဲ့ အချစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်လာတဲ့ ညီမလေး မိုးခါး လေးပါ။ (ကျနော်ကတော့ ချိုတူးခါး၊ ခါးချိုတူးလေး၊ ပူတူးတူးလေး၊ ပေါက်ဖော်မ စသည်ဖြင့် စုံအောင်ခေါ်ပါတယ်။) ညီမလေးအတွက် ကဗျာရေးပေးပြီး သူမဘလော့ပေါ်မှာ ထိပ်ဆုံးကနေ ကျနော့် ကဗျာလေးတင်ပေးဖို့ စနောက်ရင်း နဲ့ ကြိုးစားပန်းစား အမြန်ရေးလိုက်ရတာတွေ၊ မွေးနေ့မှာ ကဗျာလုရေးရင်း တီချမ်းက ညီမလေးအတွက် ရေးပေးတဲ့ မွေးနေ့ပိုစ့်မှာ အပျော်တမ်း ရန်ဖြစ်ပြီး ကော့မန့် အပြိုင်ရေးခဲ့ကျတာတွေက မှတ်မှတ်ရရပဲ။ ဒီလိုနဲ့ ညီမလေးနဲ့ ခင်ခဲ့တယ်။ သဘောကောင်းတယ်။ အကိုတစ်ယောက်လို တလေးတစားရှိတယ်။တခါတလေ အွန်လိုင်းမှာ ပျောက်နေတတ်ပြီး ကျနော်က ချိုတူးခါးလေးးးးးးးးးးး၊ပူတူတူးလေးးးး လို့ ခေါ်ပြီး ရန်တွေ့မှ ငိုက်နေရာကထပြီး အကိုကို တဟီးဟိ နဲ့ နှုတ်ဆက်တတ်တယ်။ အချိန်ရရင် ရသလို အကို ကို အားပေးဖော်ရတယ်။ ရေစက်တို့၊ သံယောဇဉ်တို့ ဆိုတာလဲ ပြောရခက်သား။ ဒီညီမလေးကို စပြီး ခင်တွယ် ကတည်းက တကယ့် ညီမအရင်းတစ်ယောက်လိုပဲ သံယောဇဉ်ဖြစ်မိပါတယ်။
ဒီလိုနဲ့ စကာင်္ပူကိုရောက်လာတယ်။ လာတုန်းကတော့ ခဏအလည်ပေါ့။ ဒီရောက်ပြီး ပြန်ခါနီးကျတော့ အကို ညီမတို့ ဆီမှာပဲ နေပြီး အလုပ်ရှာကြည့်ပါလား။ ဟိုမှာတစ်ယောက်တည်းနေရတာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ဒီလိုနဲ့ စဉ်းစားလိုက်၊ တွေဝေလိုက်နဲ့ နေဖို့ မျက်စိမှိတ် ဆုံးဖြတ်ခဲ့တယ်။ ဒီမှာနေဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ အဓိက လူသုံးယောက် ရှိတယ်။ သုံးယောက်ထဲက ညီမလေးနဲ့ သူ့ရဲ့ အသည်းတုံး (တကယ်တော့ ကျနော့်ရဲ့ အချစ်ဆုံး အသည်းတုန်းပါပဲး)) နှစ်ယောက်ကြောင့်ဆိုရင် မမှားပါဘူး။ အကိုဘာဖြစ်ချင်လဲပြော၊ အကိုဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ ညီမတို့ အနားမှာရှိတယ်၊ အကိုက ညီမတို့ အတွက် ဦးစားပေး နံပတ်တစ်တဲ့။ ဒီစကားကို ကြားတော့ ကျနော် ဝမ်းသာလို့ မျက်ရည်လည်တဲ့အထိ ခံစားရတယ်။ ကျေနပ်ပီတိ ဖြစ်ခဲ့ရတယ်။ သံယောဇဉ် တစ်ခုက မောင်နှမတွေကို ပိုပြီးနီးစပ်စေတယ်။ ခုဆို မိသားစုအိမ်လို့ ခေါ်လို့ရတဲ့ ကျနော်တို့ ဘရက်ဒယ် အိမ်ကြီးမှာ ကျနော်နဲ့ ညီမလေး တို့ တူတူနေခွင့်ရကြတာပါပဲ။
ညီမလေးက မမပြာပြောသလို ဘယ်တုန်းကမှ မျက်ခုံးထူမလာတဲ့ မျက်ခုံးသေးသေး၊ ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ ချစ်စရာကောင်မလေးတစ်ယောက်ပါ။ အကိုနဲ့တူတယ်ပြောရမယ်။ တစ်ယောက်တည်းနေရင် နှုတ်ခမ်းက ချွန်ထော်နေတတ်တယ်။ တစ်ယောက်တည်း ဘယ်တော့မှ ပြုံးတာမတွေ့ရပေမယ့် လူတွေကြားထဲမှာတော့ အပြုံးတစ်ခုကို အမြဲတပ်ဆင်ထားသူလေးပါ။ မျက်နှာက အမြဲ ကြည်လင်နေသလို စိတ်ထဲမှာလဲ ရှိရင် ရှိသလို ပွင့်ပွင့်လင်းလင်း ပြောတတ်သူလေးပါ။ စိတ်တိုလာပြီ၊ အသည်းယားလာပြီ ဆိုရင်လည်း ဖမ်းကိုက်တတ်တဲ့သူပါ။(ကျနော့်မှာ ခုထိ အကွင်းလိုက် အကွက်လိုက်း) ဆိုရင် ညီမလေးရဲ့ ချစ်သူဆို အကွင်းတွေ ပိုများမှာ သေချာသလောက်ပါ)။
အိမ်မှာနေတဲ့ အကိုတွေ အမတွေအပေါ်၊ သူငယ်ချင်းတွေအပေါ် အချိန်ပေးပြီး ဘာတွေလိုအပ်သလဲ ဆိုတာ အမြဲဖြည့်ဆည်းပေးတတ်သူ။ ကျနော်က ဘာလုပ်ချင်တယ်၊ ဘာစားချင်တယ် မပြောလိုက်မိနဲ့။ မနက်ပြောရင် ညနေကျ အသင့်ဖြစ်နေလို့ ကျနော့်ခမျာ တခါတလေ နှုတ်ဆိတ်နေရတယ်။ တခါတလေ ချစ်သူနဲ့ လစ်တဲ အိန်ဒီယားကို ပျောက်ပျောက်သွားတတ်တဲ့ သူမက ပြန်လာရင် အကို့အတွက် တစ်ခုခုတော့ ပါလာမြဲပါ။ ဒါပေမယ့် ညီမလေးပြန်လာတိုင်း မျှော်နေမိတာက တခါတခါ တူတူပြန်လာတဲ့ ကျနော့် အသည်းတုံး တစ်ယောက်ပေါ့း) ။ ဘာဖြစ်ဖြစ် အမြဲတမ်း အကိုတစ်ယောက်ကို တလေးတစားနဲ့ ဦးစားပေးနေရာမှာ ထားတဲ့အတွက် ကျနော်က ပြန်ပြီး အားနာနေရပါတယ်။
အိမ်မှာ ကျနော့်ကို ချစ်ကြ ကြောက်ကြတယ် ဆိုပါစို့။ တခုခုဆို ကိုဖိုးစိန် နဲ့ တိုင်ရင် ငြိမ်သွားတယ်။ (ကျနော့်ကို ကြောက်ချင်ယောင် ဆောင်ကြတယ်ပေါ့လေး))။ အဲဒီအထဲမှာ ညီလေးပေါက်ပေါက်က အဆိုးဆုံးပေါ့။ အကို ကို တစ်ခုခု စပြီး အကိုဖြစ်သူ ကျနော်က အော်မယ်ဆိုရင် ညီမလေးနား ပြေးကပ်ပြီး တိုင်တယ်ပေါ့။ ဟုတ်တယ်။ ကျနော်က ပါဝါကြီးတဲ့ ကျနော့်ညီမလေးကို ကြောက်တာ ပေါက်ပေါက်က အထာနပ်ပြီးသားလေ။ ဒီလိုပါဝါကြီးတဲ့သူက ငယ်တဲ့သူကို နိုင်တမ်း အမြဲ ကစားနေကြပေါ့။ အကိုနဲ့ ညီမ ဆိုတော့ တခါတလေ ပျော်တာရှိသလို ဝမ်းနည်းတာတွေလဲ ရှိတယ်လေ။ အကိုကို ပြောမရ၊ ဆိုရမရင် မျက်စိကို အသားကုန်မှိတ်ပြီး ရိုက်ထုတတ်ပြန်တယ်။ ဘယ်တော့မှ လွယ်လွယ်နဲ့ မျက်ရည်မကျတတ်တဲ့ ညီမလေးက ကျနော် ဒီမှာမနေတော့ဘူး ပြန်တော့မယ် ပြောတော့ ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရတဲ့အတွက် ကျနော် ရင်ထဲ တော်တော် မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒီညီမ တွေ ညီတွေနားက တတ်နိုင်သလောက် မခွဲနေဖို့ကို ဆုံးဖြတ်ထားပါတယ်။ ဘာဖြစ်ဖြစ် ကျနော်ရဲ့ ညီမ မလျှံ နဲ့ အကျင့်တစ်ချို့တူသလို ပုံစံကလဲ တူတဲ့ သူမကို ညီမလေး အရင်းတစ်ယောက်လို ချစ်လဲချစ်တယ်။ ကြောက်လဲ ကြောက်ပါတယ်။ ( မထင်ရင် ဖမ်းကိုက်ခံထိမှာလေ)။ ကျနော့်ဘဝရဲ့ မှတ်တိုင်တွေထဲ က ညီမလေး မိုးခါးကလဲ တစ်ယောက်ပါပဲ။ အမြဲတမ်း ရင်ထဲမှာ အမှတ်ရနေမယ့် ညီမလေးပါ။
ညနေတိုင်း ထမင်းစားပြီး ကော်ဖီဖျော်တိုက်တဲ့ ပေါက်ဖော်မ၊ ရုံးချိန်မှာ ကီးဘုတ်နဲ့ နဖူး ပြေးပြေးဆောက်ပြီး MC ခဏခဏယူရတဲ့ညီမ၊ တနင်္ဂနွေဆို ဗိုက်အမြဲ နာချင်ယောင်ဆောင်ပြီး တနလာင်္နေ့ ရုံးတက်ပျင်းတဲ့ ညီမ၊ စကားပြောနေရင်း မျက်လုံးတွေ မှေးစင်းသွားတတ်တဲ့ ညီမ၊ ချစ်သူက ရယ်ရင် မျက်လုံးဖွင့်ရယ် လို့ ခဏခဏ အပြောခံရတဲ့ညီမ၊ ခေါင်းလေးတလှုပ်လှုပ်နဲ့ စကားပြောတတ်တဲ့ ညီမ၊ အကိုက် အဆိတ် သန်တဲ့ ညီမ၊ ခေါင်းနဲ့ ပခုံးကို မလှုပ်တတ် လှုပ်တတ်နဲ့ အကိုတွေကို ကပြပြီးမှ ဒီအကို အမ တွေနဲ့မှ ညီမလဲ ပေါတောတော ဖြစ်ရပါတယ်လို့ ပြောတတ်တဲ့ ညီမ၊ အကိုကြောက်ပြီးချစ်ရတဲ့ ညီမလေးရေ…
အပျိုကြီး တပိုင်း ဖြစ်လာတဲ့ ညီမလေးရဲ့ (၂၅) နှစ်မြောက်မွေးနေ့မှာ ညီမလေး ပျော်ရွှင်ပါစေလို့ အကိုကြီး ဆုတောင်းပါတယ်။ အမှတ်တရ အနေနဲ့ မနှစ်က ညီမလေးကို ပေးခဲ့တဲ့ ကဗျာလေးကိုပဲ လက်ဆောင်ပြန်ရေးပေးလိုက်ပါတယ်။

၁၅ရက်နေ့မှာ ကျရောက်မယ့် ညီမလေးရဲ့ မွေးနေ့မှာ ဘရက်ဒယ် မိသားစုနဲ့ အတူ ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းရင်း..
ချစ်ခင်စွာဖြင့်
အကိုကြီး
ဖိုးစိန်

ညီမလေးရေ.......
အဖြူရောင်ပန်းကလေးတွေကပြောနေတယ်
လောကကြီးမှာ ညီမလေးက ဖြူစင်တဲ့နှလုံသားကိုပိုင်ဆိုင်တယ်တဲ့..။
အနီရောင်ပန်းလေးကပြောပြန်တယ်
လောကကိုသတ္တိရှိရှိ ရဲရဲရင်ဆိုင်နေတာ ညီမလေးပါတဲ့..။
အဝါရောင်ပန်းလေးတွေကပြောတယ်
လောကကြီးက ညီမလေးကို နွေးထွေးစွာ ထွေးပိုက်ထားနေဆဲပဲတဲ့…။
အပြာရောင်ပန်းလေးကတော့ အားကျမခံ
ဘာပြောပြော ညီမလေးက အေးချမ်းတဲ့ အပြုံးနဲ့ ငြိမ်းချမ်းနေတယ်တဲ့..။
လောကကြီးကတော့ ညီမလေးကိုပြုံးပြရင်း
မွေးနေ့ ရောက်ပြန်ပြီးပေါ့ လို့ ဆိုရင်း
ထာဝရပျော်ရွှင်စေဖို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေလေရဲ့။
လောကကြီးတစ်ခုလုံး ပန်းရောင်စုံတွေကြား သက်ဝင်လှပလို့ပေါ့…။
ညီမလေးရေ…
ပန်းရောင်စုံခင်းတဲ့ ဘဝလမ်းမှာ
ထာဝရငြိမ်းချမ်း မေတ္တာလမ်းကို
အပြုံးပန်းဝေဝေ လျှောက်လှမ်းနိုင်ပါစေလို့…။

27 comments:
ဝေးးးးးးးးးတို့ ၁ ကွ။
ံHappy Birthday..........ညီမ ခါးခါးလေးးးး
ပျော်စရာ မွေးနေ့လေး ဖြစ်ပြီး လိုရာ ဆန္ဒတွေ အမြဲ ပြည့်နိုင်ပါစေလို့ ကြို ဆုတောင်းပေးထားမယ် နော့၊ မွေးနေ့ ရောက်ရင် လဲ Birthday kiss အိုင် အရင်ဆုံး ပေးမယ် နော်၊ ဂျစ်တူ တွေ ကို တွေ သဲ တွေ နားမလည်ဘူး ပဲ...:)
"Happy BIRTHDAY"လို့ ပြောရမှာကလဲ စောနေသေးတယ်။
BIRTHDAY Kiss ပေးဖို့လဲနောက်ကျလို့ မဖြစ်သေးဘူးးးး......
ချစ် ညီမလေးရဲ့ ---- ကတော့ ဘယ်လိုမျက်နှာ ဖြစ်နေမယ်မသိ..
အဟေးဟေးးးးးး
မွေးနေ့အမှတ်တရ ဖြစ်စေတဲ့ မျောက်ငိုကိုလဲ...
အဟေးးးဟေးးးး
ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
ပါးစပ်ပြင်ထားတယ်
တမျိုးမထင်နဲ့ဦးနော့်
မွေးနေ့ကိတ်စားဖို့ပါ
:E
မိုးရေကတော့မိုးရေပါပဲ
ခါးတာက တမာရွက်...
းဝ)
သနပ်ခါးလေးလိမ်းလိုက်နော်။
ဝတ်ရည် ဟက်ပီးဘက်ဒေးပါ သူငယ်ချင်း
Happy Birthday မိမိုးခါး :P
Many Happy Returns ! ပါဝေ့
ခင်မင်လျက်
တလနွန်
မွေးနေ့ပို့စ်လေး ဖတ်လို့ကောင်းလိုက်တာ။ ဆွေမျိုးမတော်စပ်ဘဲနဲ့ တယောက်နဲ့တယောက် ဒီလို မေတ္တာတရား ကြီးမားကြတာကို ပီတိဖြစ်မိပါတယ်။ မွေးနေ့ရှင် ညီမလေးမိုးခါး အသက်တရာကျော်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။
အသက်ကြီးလာတာ အပျိုကြီးဖြစ်လာတာတွေကို မေ့ထားပါတယ်ဆို
စောစောစီးစီး သတိပေးကြတယ်လာ့ :P
ကျေးဇူးအများကြီး တင်ပါတယ် အကိုကြီးရေ
ရေစက်တွေ ဆုံလို့ တွေ့လာကြာပြီပဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရုံပါး))
ဆုတောင်းပေးတဲ့ အကိုကြီးရော ညီမမွေးနေ့ကစပြီး ပျော်ရွှင်အောင်မြင်မှုတွေနဲ့ တွေ့ဆုံပါစေ (ဘာမှ မဆိုင်သလိုပဲနော် .. :P)
သဘောကောင်း မနောကောင်း ဥစ္စပေါ ရုပ်ချော မိုးခါးတယောက် အောင်မြင်ခြင်း ကျေနပ်ခြင်းများနဲ့ နေ့ရက်များစွာကို ဖြတ်သန်းနိုင်ပါစေ။
ပို့စ်လေးကလဲအရေးကောင်းတဲ့ကိုဖိုးစိန်လက်ရာဆိုတော့
ကျွန်တော်တောင်တော်တော်မျောသွားပါတယ်...
မိုးခါးဆိုတာကျွန်တော့်ရဲ့ပထမဆုံးဘလောက်ဂါသူငယ်ချင်း
တွေမှာတစ်ယောက်အပါအ၀င်ပါပဲ...
သူ့ရဲ့သဘောကောင်းတာကိုပေါ်လွင်စေတဲ့မျက်နှာလေးကို
ရင်းနှီးလွယ်ပါတယ်...
မျက်နှာမြင်ရင်ရင်ထဲအေးသွားစေတဲ့ ညီမလေးရဲ့ အေးချမ်းတဲ့မျက်နှာလေးလို ဘဝတစ်လျှောက်လုံးလည်းအေးချမ်းပျော်ရွှင်ပြီးသာယာချမ်းမြေ့ပါစေရန်တောင်းဆုပြုပါတယ် နော်
ယခုနှစ်မွေးနေ့ မှ နောင်နှစ်ပေါင်းများစွာများမှလည်း ညီမလေးချစ်ရတဲ့သူတွေနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေ...
သာယာချမ်းမြေ့ပါစေနော်
မိုး
မ ခါးချိုတူးလေး ရေ...ဟိဟိ ကဖိုးစိန် ခေါ်သလိုလေ...ခေါ်ချင်လို့ .... ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေနော်။ ဆန္ဒ နဲ့ ဘ၀ ထပ်တူ ကျနိုင်ပါစေ။း) 15 ရက်နေ့မှဆိုတော့ နဲနဲတော့ စောသေးတယ်..အဲ့နေ့ကျ ထပ်ပြောမယ်း)
HAPPY BIRTHDAY
Aunty Moe Khar :)
May all ur dreams come true and hv a great great great year ahead :)
Happy Birthday.. သူငယ်ချင်း မိုးခါးး)
မိုးခါးလေး အပျိုကြီးမလုပ်တော့ဘူး ထင်ပါရဲ့။း))
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ချိုတူးခါးရေ (ခ) ချစ်တရေးး (နာ့ခေါ်တာ) :D
"Happy Birthday " ပါနော် မိုးခါးရေ.......
ယခုနှစ်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်အောင်
ဘဝနှင့်ဆန္ဒ တစ်ထပ်တည်းကျပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။
happy birthday
အများကြီးမပြောတော့ဘူးနော်
မွေးနေ့ပိုစ့်ဖတ်ရတာ ပျော်စရာ...
Happy Birthday ပါ ညီမလေး မိုးခါး...း))
ဒီကောမန့် လေးကတော့ ညီမလေး မိုးခါးအတွက်သီးသီးသန့် သန့် ရေးပေးလိုက်တယ် HAPPY BIRTH DAY ပါညီမလေး ဒီနှစ်ကျရောက်တဲ့  ၂၅ နှစ်မြောက်မွေးနေ့ မှ စ၍ နောင်လာမဲ့  မရေတွက်နိုင်သောမွေးနေ့  များထိတိုင် စိတ်ရောကိုယ်ပါ ချမ်းသာခြင်း သုခနဲ့  ပြည့် စုံပါစေညီမလေးရေ ခင်တဲ့ ကိုကြီး သုဒြေ္န
ညီမလေးမိုးခါး
ဘ၀ခရီးတလျှောက် ပျော်ရွှင်ချမ်းမြေ့ပါစေ
ငြိမ်းအေးတဲ့ဘ၀တစ်ခုကို ထာဝရပိုင်ဆိုင်ခွင့်ရပါစေ..
ံHappy Birthday ပါ ညီမလေးမိုးခါးရေ..
ဘ၀တစ်လျှောက်လုံးသာယာချမ်းမြေ့နိုင်ပါစေ..။
လိုအင်ဆန္ဒယူသမျှပြည့်စုံနိုင်ပါစေ..။
ဲုငြိမ်းချမ်းပါစေ..။
ချစ်ခင်စွာ
ဖိတ်အုံးလေ ကြိတ်ကြံမနေနဲ့
ဟုတ်လို့လားကိုကိုကိုဖိုးစိန်ရယ်ကြည့်လဲလုပ်ပါအုံး
ကျွန်တော်တွေ့ဘူးတဲ့ညီမများကြတော့ သံဗုဒ္ဓေပါ
ရွတ်ယူရတယ်ခင်မျ အဲလိုညီမမျိုးလေးသာရှိခဲ့ရင်
၎ယောက်လောက်လိုချင်ပါတယ်ဗျာ.....
အော်မေ့သွားလို့"Happy BIRTHDAY"နော်ကိုဖိုးစိန်
ပြောတဲ့ညီမလေးရေ..........
ချစ်တဲ့ ညီမလေး မိုးခါးရေ.....
တနှစ်ဆိုတဲ့ အချိန်ကာလကလည်း ကုန်တာ မြန်လိုက်တာနော်။ မနှစ်က ဒီလိုအချိန် ဒီလိုရက်လေးမှာ မောင်နှမတွေနဲ့ အတူတူ မွေးနေ့ပွဲလေး ကျင်းပပြီး မွေးနေ့ကိတ်တွေလှီးကြနဲ့ ပျော်စရာ အချိန်လေးကို ပြန်တွေးပြီး မျက်ရည်တောင် ကျမိတယ်။ ဒီနှစ်တော့ အနားမှာ မရှိပေမယ့် အရင်နှစ်က ဓါတ်ပုံလေးတွေ ကြည့်ပြီး စကာင်္ပူ၊ ဘန်ကောက်နဲ့ ဆိုက်ပရက်(စ) ဝက်ကမ်နဲ့ ကြည့်ပြီး မွေးနေ့ ဆုတောင်း သီချင်းဆိုတာလေးလည်း သတိရမိတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ချစ်တဲ့ ညီမလေးရဲ့ မွေးနေ့မှ စပြီး မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ ချစ်တဲ့ခင်တဲ့ သူတွေနဲ့ အတူတူ ပျော်ရွှင်စရာ မွေးနေ့တွေကို ဆင်နွှဲရင်း လှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေ... လိုအင်ဆန္ဒ မှန်သမျှ တစ်ဘဝလုံး ပြည့်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ချစ်တဲ့ မမ
Post a Comment