ပျော်စရာမွေးနေ့လေး နောက်ဆက်တွဲ



မနေ့ကည (၈)နာရီ အကြောင်းဆက်ပါမယ်။

ကိုကို မိုးကုတ်သားက သွေးလှူပြီးကာစမို့ မူးဝေနေသလို ဖြစ်နေပါတယ်လို့ (၈)နာရီ ထိုးခါးနီး အိမ်ပြန်လာချင်လို့ ဖုန်းဆက်တယ်။ မူးဝေတာထက် သူ့ကို ဂရုမစိုက်တဲ့ သူများတယ်ဆိုတော့ စိတ်မကောင်းဖြစ်ပြီး မူစီကလီ လုပ်တာပေါ့။ ကျနော်ကတော့ ကျောင်းကနေပြန်မလားသေးဘူး။ အိမ်မပြန်လာနဲ့။ ဘူးဂစ်ကို လာခဲ့မယ်လို့ ပြောလိုက်ပါတယ်။ လူမစုံသေးတော့ မခေါ်ချင်သေးပါဘူး။ သွေးအားနည်းနေတာကို သိပေမယ့် ဘူးဂစ်မှာ ချိန်းထားတဲ့ အကိုနဲ့က အချိတ်အဆက်ရှိပြီးသားမို့ အကို့ကို တတ်နိုင်သလောက် စကားပြောပြီး အာရုံပြောင်းထားဖို့ ပြောရပါတယ်။

အဲဒီအချိန်အိမ်မှာ ကျနော်တို့တွေ လှုပ်လှုပ်ရှားရှားနဲ့ အိမ်ရှေု့ဝင်လိုက် ၊ နောက်ဖေးထွက်လိုက်နဲ့ မိုးကုတ်သားချစ်တဲ့ အမ တစ်ယောက်ကိုမျှော်.. ကျနော်တို့ မောင်နှမအပေါ် သံယောဇဉ်ကြီးတဲ့ ကျနော့်တို့ ဝိုင်းချစ်ကြတဲ့ ညီမမေလေးကို မျှော်၊ ကျနော်တို့ရဲ့ အကိုလတ်ဖြစ်တဲ့ အကိုဗလပိန်ကိုမျှော်နဲ့ ဘူးဂစ်က ကိုကို မိုးကုတ်သားနဲ့ အကို့ ကို အချိန်ဆွဲထားရတယ်။ အဲဒီအချိန်မှာ ကျနော်ရယ်၊ ညီမမိုးခါးရယ်၊ ညီမမြရယ်၊ ချစ်မက်ရယ် လေးယောက်အပြိုင်ပိုစ့်တင်ပြီး သူအိမ်ကိုယ်မန့် ကိုယ်အိမ်သူမန့်ပေါ့။ ညီမမိုးခါးက စကက်ဂျူးနဲ့တင်ထားပြီးသားမို့ သူ့ပိုစ့်က တက်နေပြီး ကျနော်တို့ကသာ အလုပ်ရှုပ်နေပါတယ်။ ရင်တွေလဲ ခုန်နေပါတယ်။ ကိုမိုးကုတ်သားရဲ့ ချစ်အမရောက်တော့ ကော်ဖီဆိုင်မှာ အအေးပတ်မတတ်ထိုင်နေတဲ့ အကြံတူ အကိုတော်နဲ့ ကိုကိုမိုးကုတ်သား အေးမှာစိုးလို့ ခေါ်လိုက်ရတယ်။
သူတို့ ဘူးဂစ်က ထွက်လာတယ်ပြောရော။ ကျနော်တို့ တစ်စုလုံး အခန်းထဲဝင်ကြတယ်။ ဆယ့်ငါးယောက်လောက် အခန်းထဲမှာ ဆိုတော့ အမှောင်ချထားပြီး တိတ်တိတ်နေ ပြောမှ အသံက ပိုထွက်လာတယ်။ ဘာမှ မပြောရသေးဘူး ရယ်ကြတယ်။ စကြတယ်၊ နောက်ကြတယ်။ တိတ်တိတ်နေပြောမှ အသံက တိုက်သုံးခုစာ ကြားအောင် ရယ်သံတွေ လွှမ်းမိုးနေတယ်။

အဲဒီအချိန်ကိုကို မိုးကုတ်သားက တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကျနော်နဲ့ ဘူးဂစ်မှာ ချိန်းထားတာကို ကျနော်ကမလာတဲ့အပြင် ဖုန်းဆက်ပြီး ကျနော်ပင်ပန်းနေပြီး အိမ်ကိုပဲတန်းပြန်တော့မယ်ပြောတော့ သူတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့မွေးနေ့မှာ သွေးလှူတာကို မလိုက်ပေးကတည်းက သူ စိတ်မကောင်းဖြစ်နေတာပါ။

အကြံတူ အကိုကို ဘယ်ရောက်ပြီလဲလို့ မက်ဆေ့လှမ်းပို့တော့ သူတို့ တိုပါးရိုး ရောက်ကြောင်းကို ကော့မန့်မှာရေးပြီး ကျနော်တို့ကို မက့်ဆေ့လှမ်းပို့ တယ်။ ကော့မန့်ဖတ်ပါတဲ့။ ချမ်းလှပြီ တိုပါးရိုး တဲ့။ သူရေးတာက ကော်ဖီဆိုင်မှာလဲအေး၊ ရထားပေါ်မှာလဲအေး ကျနော်တို့ ဒုက္ခတော်တော်ပေး ဆိုတဲ့ အဓိပါယ်ပါ။ ကျနော်တို့ မောင်နှမတွေက အေး... လာပြီး တိုးပါရိုး ရောက်ပြီးလို့ အနက်ပြန်ပြီး ရင်တွေပိုခုန်ကုန်တယ်။

သူလာရင် အဆင်သင့်ဖြစ်အောင် ကိတ်မုန့်ကို ဖယောင်းတိုင်ထွန်းပါတယ်။ အဲယားကွန်းကလေကြောင့် ဖယောင်းတိုင်တွေ မီးမငြိမ်လို့ အဲယားကွန်းပိတ်ပါတယ်။ မလာသေးဘူး ပြောလို့ ဖယောင်းတိုင်မီးကို မှုတ်ရပြန်ပါတယ်။ ပူလာလို့ အဲယာကွန်းပြန်ဖွင့် အသံတွေ ထွက်နဲ့ ရင်တွေခုန်နေပါတယ်။ နီးလာပြီးလို့ မက်ဆေ့ပို့တော့ ဖယောင်းတိုင်မီးပြန်ထွန်းပါတယ်။ မတက်လာသေးတော့ ဖယောင်းတိုင်က တိုဝင်သွားလို့ ပြန်မှုတ်ရပြန်တယ်။ ရယ်ကြပြန်တယ်။ ဓာတ်လှေကားအောက်ရောက်ပြီး ဆိုတော့ ထပ်ထွန်းပြန်တယ်။ ကိုကို တက်လာတယ်။ တအိမ်လုံးအမှောင်ကျနေတယ်။ သူတော်တော် စိတ်မကောင်းဖြစ်သွားမှာ။ ဘယ်သူမှမရှိတော့ သူဝယ်လာတာကို ရေခဲသေတ္တာထဲ ထည့်သိမ်းတယ်။ အခန်းသော့က အထဲကပိတ်ထားလို့ သော့ရှာဖွင့်တယ်။ ကျနော်တို့ကတော့ ရင်တွေခုန်ပြီး သူအခန်းထဲဝင်လာဖို့အတွက် လှုပ်စိ လှုပ်စိ နဲ့ အမှောင်ထဲမှာ။

အခန်းတံခါးလဲ ပွင့်ရော..... ကျနော်တို့ မောင်နှမတွေ ဘတ်ဒေး သီချင်းဖွင့်ပြီး ဟက်ပီးဘတ်ဒေးလို့အော်တော့ ပထမ ကိုကို မိုးကုတ်သားလန့်သွားတယ်။ နောက်တော့ လူစုံ တက်စုံနဲ့ ဘတ်ဒေးပြင်ထားတာတွေ့တော့ မျက်ရည်ကျမတတ်ဝမ်းသာ သာ၊ ကလေးတစ်ယောက်လို ဟန်မဆောင်နိုင်ပဲ ပျော်သွားတာကို အားလုံးတွေ့ရပါတယ်။ ပြီးတော့ ကျနော်တို့ တစ်ယောက်ချင်းစီ လိုက်နမ်းရင်း ဘစ်ဒေးကစ်စ် ပေးပါတယ်။

မွေးနေ့လက်ဆောင်တွေကို ဖောက်ခိုင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ ကျနော်ချက်ထားတဲ့ ကြက်သားကြော်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ မွန်ငပိထောင်းနဲ့ ထမင်းစားကြပါတယ်။ ထမင်းနှစ်အိုးက ငါးမိနစ်အတွင်း ပြောင်သွားတာပဲလေ။

ပြီးတော့ မွေးနေ့ကိတ်လှီး၊ ဓာတ်ပုံတွေရိုက်ရင်း မွေးနေ့ကိတ်ခွံ့ကျွေးပါတယ်။ အားလုံး သောင်းကျန်းကြ၊ ပျော်ကြတာ မြင်တော့ ပီတိဖြစ်ရပါတယ်။ ဒီလိုနဲ့ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

ကိုကို မိုးကုတ်သားကို စပရိုက်လုပ်ထားရတဲ့အတွက် စိတ်မကောင်းပေမယ့် သူ့ မွေးနေ့မှာ အမှတ်တရနဲ့ စိတ်လှုပ်ရှားစွာ ပျော်ခဲ့ကြရပါတယ်။ သူချစ်တဲ့ မောင်နှမတွေထဲက ညီမမေလေးက မိတင်၊ ညီလတ် ဆောင်းဗလပိန်က မိတင် နဲ့ ကျနော့်အသည်းကျော်က ကျောင်းတက်နေရတာမို့ သူတို့ သုံးယောက်ကျန်ခဲ့တာကလွဲပြီး ပျော်စရာကောင်းခဲ့ပါတယ်။

ကိုကို မိုးကုတ်သား နှစ်တိုင်းမှာ ညီအကိုတွေနဲ့ ဒီလိုပဲ တစ်သက်လုံးပျော်နိုင်ပါစေလို့ ဆုတောင်းရင်း...


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

မေဇင် said…
ဖတ်နေရင်းနဲ့ ရင်တွေတောင် ခုန်လာသလိုပဲ...ဟိဟိ..အမှောင်ထဲကနေ ရွစိ ရွစိ ဖြစ်နေမယ့် လူအုပ်ကိုလဲ မြင်ယောင်ကြည့်ပြီး မပြုံးပဲ မနေနိုင်ဘူး...။ ဦးဘို ပျော်သွားမှာကိုလဲ တွေးကြည့်မိပြီး ကြည်နူးတယ်။ နောက်နှစ်တွေ မှာလဲ..ဒီလိုပဲ မောင်နှမတွေ ပျော်ရွှင်စွာ အတူတူနေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မမ said…
ချမ်း လှပီ တိုပါးရိုး နဲ့ အေး လာပြီ တိုပါးရိုး...တူတူ မှတ်လို့ ဘာသာပြန်လိုက်တာပဲ...နဲနဲတော့ လွဲ ပေမပေါ့...

ကိုကို ပျော်သလို တို့ အားလုံးလဲ ပျော်ကြပါတယ်...ညီမ တယောက် မောင်၂ယောက် မပါတာက လွဲလို့ ပေါ့....
မနေ့က သည်းထိပ်ရင်ဖိုဇာတ်ကားကလဲ ဒါရိုက်တာ ဖိုးစိန်ပဲလေ..။
သရုပ်ဆောင်တွေကတော့ ထုံးစံအတိုင်း မယ်မြ မယ်မိုးခါး ဒေါ်မက်ကြီး ဒေါ်ပြာကြီး နဲ့ အပေါင်းအပါတစ်စုပေါ့..
ဟေဟေ့............
မေလေး said…
http://www.animated-gifs.eu/birds-penguins-12/0072.gif
အဟင့် စိတ်မကောင်းဘူး မိတင်ကနေ သူဌေးပြောသမျှ ဘာမှမကြားဘဲ စိတ်ကမွေးနေ့ဆီဘဲရောက်နေတာ
တရက်ပြန်ငယ်ပေးပါ ကိုဘို
ဒီနေ့ပြန်လုပ်ပေးပါ ဒါဗြဲ
http://www.freesmileys.org/emoticons/tuzki-bunnys/tuzki-bunny-emoticon-045.gif
naychi said…
:)
မြင်ယောင်မိတယ်...
း)))))))))))))))))))))))

နွေးနေခြည်
ပျော်စရာကြီး ဝမ်းသာပါတယ်..... မောင်နှမတွေ စုစုစည်းစည်း တိုင်တိုင်ပင်ပင်နဲ့ အားလုံးပျော်ရွှင်ကြတာ ကြားတာနဲ့ တင် ဝမ်းသာပါတယ်... ကိုဘိုဘို ဘယ်လောက်ပျော်မလဲဆိုတာ ခန့်မှန်းလို့ရပါတယ်...
အားလုံးပဲ ဒါထက်မက ပျော်ရွှင်ကြပါစေနော်...

ခင်တဲ့
ပူးတေ
Unknown said…
ညကအိပ်ခါနီး ရင်ခုန်စွာနဲ့ စောင့်စားနေသေးတယ်။ ခုအလုပ်ပြန်မှ လာဖတ်ဖြစ်တယ်။း)
Ree Noe Mann said…
ပျော်စရာကြီးနေမှာနော်။

တစ်ခုပဲ စိတ်မကောင်းတာ............
ဦးဘိုအတွက် ပျော်စရာမွေးနေ့ လေးဖြစ်ခဲ့တာပေါ့...
ထပ်တူကြည်နူးသွားပါတယ်..
သုဒြေ္န said…
အေးလေမနေ့ ညကဆက်ပြီး နောက်ဆက်တွဲတင်မယ်ထင်လို့ စောင့် နေသေးတယ် အားလုံးပျော်ရွှင်တဲ့ မွေးနေ့ ပွဲလေးရဲ့  ပျော်ရွှင်မှု တွေကူးဆက်လို့ စာဖတ်သူတွေလဲပျော်ကြမှာနော် ထာဝရပျော်ရွှင်မှုများပိုင်ဆိုင်ပါစေ happy birth day ပါညီလေးရေ မောင်ဟတ်ကိုပြောတာနော်
Thetmar said…
ပျော်စရာပါပဲနော်
နောင်နှစ်တွေတိုင်းဒီထက်မကချစ်ခင်ပျော်ရွှင်နိုင်ကြပါ စေ။
စာတွေဖတ်ပြီး...ပျော်ရွှင်မှုလေးတွေကိုယူသွားပါတယ်...
တကယ့်ကို ပျော်စရာ အမှတ်တရ မွေးနေ့လေးပါပဲ။း)

Popular Posts