BREAKING NEWS for Ko Bo

ဒီနေ့ ကိုကို မိုးကုတ်သား မွေးနေ့..

အသက် (၃၆) နှစ်ပြည့်တဲ့နေ့...

ကျနော်တို့ ညီအကို မောင်နှမတွေ မနေ့ညကတည်းက ကိုကို့ ကို မွေးနေ့ ဆုတောင်းမလုပ်ကြဘူး။ (၁၂)နာရီ ကျော်သွားတဲ့အထိ ကျနော်တို့ တိုင်ပင်ထားတဲ့ အတိုင်း အကုန်လုံး မသိလိုက် မသိဘာသာ နေပြီး အိပ်ယာဝင်ကြတယ်။ အဝေးကနေတဲ့ ညီအကို မောင်နှမတွေလဲ မက်ဆေ့ မပို့ကြဘူး။ ဖုန်းလဲမဆက်ကြဘူး။ ဒီကိစ္စကို ကျနော်တို့ တိုင်ပင်ပြီးသား။

ကိုကို သူငယ်ချင်းတွေဆီက ဖုန်းတွေလာကြပေမယ့် ကျနော်တို့ မောင်နှမတွေ ဆီက မက်ဆေ့မလာတဲ့အပြင် အိမ်မှာနေတဲ့သူတွေကတောင် အိပ်ယာဝင်တဲ့အတွက် မျက်နှာမကောင်းဘူး။ ဘလော့ပေါ်မှာ ကဗျာတင်ပေမယ့် ကျနော်တို့ သွားမမန့်ဘူး။ အားလုံးက ညီညီညွတ်ညွတ်ပဲ။ သူစိတ်မကောင်းဖြစ်ပုံရတယ်။ဒါပေမယ့် ဘာမှမပြောပဲ အိပ်သွားတယ်။ အိပ်ပျော်တယ်မထင်နဲ့လေ။

မနက်မိုးလင်းတော့ ကိုကို့သထေးက မွေးနေ့ အတွက် နေ့လည်စာဖိတ်လို့ သွားစားတယ်။ ကျနော်မလိုက်သွားဘူး။ သွေးလှူသွားမယ်။ ဘုန်းကြီးကျောင်းသွားမယ်ပြောတယ်။ မျိုးလိုက်သွားတယ်။ ကျနော်နေခဲ့တယ်။ သူတော်တော်စိတ်မကောင်းဘူး။

အကြောင်းက ကျနော် ဒီမှာ ကိုကို့ အတွက် ဘတ်ဒေး စပရိုက်စ် လုပ်နေတယ်လေ။




အားလုံးကို ညနေ (၈) နာရီ စုထားတယ်။ လူလဲစုံတော့မယ်။ အခန်းထဲမှာ ပုန်းပြီး လုပ်နေတယ်လေ။ အခုလုပ်နေတဲ့ ပုံတွေ...







အားလုံးကို ညနေ (၈) နာရီ စုထားတယ်။ လူလဲစုံတော့မယ်။ အခန်းထဲမှာ ပုန်းနေပြီး မွေးနေ့ လုပ်ပေးမလို့ပါ။ ကိုကို မသိပါဘူး။ ကိုကို ကို တနေကုန် အိမ်ပြန်မလာခိုင်းပါဘူး။ အခုချိန်မှာ အကိုတစ်ယောက်က ဘူးဂစ်က ကော်ဖီဆိုင်မှာ ကိုကို့ ကို အချိန်ဆွဲထားပါတယ်။ ကျနော်တို့ လူစုံရင် ကိုကို့ကို ပြန်လာဖို့ အချက်ပေးပါ့မယ်။ ကိုကိုသာ ပြန်လာရင် သူ့ချစ်တဲ့သူတွေနဲ့ သူ့အတွက်မွေးနေ့ပွဲ လုပ်ပေးတာ သိတဲ့အချိန်ကျရင်........











ည (၈)နာရီနောက်ပိုင်းသတင်းများကို ဆက်လက်တင်ပြသွားပါမည်။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

Anonymous said…
ချမ်းလှပြီ
တိုပိုင်းယိုး
Anonymous said…
What ?????????????? Who is girl and Who is guy ? really confused. Both are men right ???????? :P
မေဇင် said…
အယ်...စိတ်ဝင်စား စရာလေး...ဒါပေမယ့် နောင့် က မသိလို့ မနေ့ည က ၁၂ နာရီမတိုင်ခင်လေးမှာ birthday wishes SMS ပို့လိုက်သေးတယ်။း)) သူ မက်ဆေ့ပြန်တော့ ၁၂ ခွဲ .... သနားပါတယ်...ဦးဘို ကြီး။ သတင်းလေးတွေ မြန်မြန်တင်ပါဗျို့....သိချင်လှပြီ။
Unknown said…
ပျော်ဖို့ကောင်းလိုက်တာ ၊ မြန်မြန်တင်ပါ၊ စောင့်နေတယ်
naychi said…
ဘတ်ဒေးwish ကလုပ်ပြီးသွားပြီ။ မက်ဆေ့နဲ့ရော ဖေ့ဘွတ်မှာရေား))))))))))
Anonymous said…
ဟက်ပီးဘတ်ဒေးးးးးးးးးးးးးးးးးးးးးးးးးး :D

ချစ်ညီမ
Dream said…
မွေးနေ့မှာ ပျော်ရွှင်စရာတွေကို အမှတ်တရ ဖြစ်ပါစေ။
HAPPY BIRTHDAY UNCLE BO :)
khin oo may said…
အခုမှ ဇတ်ရည်လည်တယ်။
khin oo may said…
တို့သာဆိုရင် အိမ်ပေါ်ကဆင်းသွားမယ။် မနက်ကတည်းက........

ကိုယ့်ကိုမချစ်တဲ့သူတွေ နဲ့အတူမနေတော့ဘူး လိုက်မ၇ှာပါနဲ့တော့လို့လဲစာရေးခဲ့မယ်။
ဟုတ်တယ် ဟုတ်တယ်.. ကိုဘို ကျွန်တော့်အိမ်ကို ဆင်းခဲ့...း)































































































































Happy Birthday ko bo... ;)
Anonymous said…
ခေါ်သွား စမ်းပါတော်...

ချစ် ညီမ
ံHaPpY bIrThDaY ပါ ကိုဘိုဘို.... (သို့) နစ်ခ်နိမ်း များစွာပိုင်ရှင်...
:D

Popular Posts