ထူးထူးခြားခြား ထူးမခြားနား

ထိပ်စည်းပြောင်းသွားပြီးတဲ့...

ထူးထူးခြားခြား ဘာများ ဖြစ်လာသလဲလို့..။ ထိပ်စည်းလေးပြောင်းတာများ ထူးခြားလို့။ မိုးလင်း အိပ်ယာထ လို့ မှန်ကြည့်လိုက်တယ်။ ပြုံးလိုက်တယ်။ အရင်လို ချောတုန်း၊ နုတုန်း၊ လှနေတုန်းပဲ။ မှန်ထဲက ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီး မနာလို လိုက်တာ။ ငါတစ်နှစ်ကြီးသွားတာတောင် နုနေ ချောနေလိုက်တာ။ ဒီကောင်နဲ့ တော့ ခက်ပါတယ် လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ပြန်တင်လိုက်တယ်။ အင်းလေ... သဘာဝ တရားနဲ့ ကံတရားက ပေါင်းစပ်ထားတာဆိုတော့ ကိုယ့်ကို တွေ့တဲ့ သူတွေက အသက် ၂၀ ကျော်လို့ပဲ ထင်နေကြတာ။ ကိုယ်က တကယ်လဲ အသက် (၂၀) ကျော်ပါပဲ။

ထူးထူးခြားခြား ထိပ်စည်းပြောင်းလို့ ဘာများပြောင်းလဲသွားသလဲလို့ ပြန်ဆန်းစစ်တယ်။

အရင်လို ချောတုန်း၊ လှတုန်း (အမြင်ကတ်အောင်ပြောရတာ၊ မှန်နေတော့လဲ လူတွေက လက်ခံချင်တာမဟုတ်ဘူး)

ချောတုန်း၊ လှတုန်း ပြောမိလို့ မိန်းမစိတ်များဝင်နေပြီးလား ထင်နေဦးမယ်။ ဟင်အင့် ယောကျားစိတ်ကို မရှိတာလို့ ပြောရင် ဟယ်.. ဖိုးစိန်က ဘာညာ၊ ဘာညာ အပြောခံရဦးမယ်။ ဟုတ်ချင်ဟုတ်နေမှာလို့ စိတ်ထဲပြောနေလား။ အင်းစဉ်းစားပေါ့..။ အခုခေတ်က ယောကျားပီပီသသ ခန္ဒာကိုယ် ဖွံ့ဖွံ့ထွားထွားတွေက ယောကျားစိတ် ပိုပျောက်နေသလားလို့။ ထင်တာပြောတာပါ။ (လူတိုင်းမဟုတ်ဘူးနော်.. သိလား.. မနာရဘူး)အင်းလေ ထင်ချင်တာထင်ပါစေ။ ကိုယ်ဟုတ်နေရင် ပြီးတာပဲ။ ကိုယ်ဟုတ်နေရင် ဆိုတာ ကိုယ် ဘာလဲဆိုတာ သိရင်ပြောတာပါ။ :P (အင်းလေး ရှုတ်ကုန်ဦးမယ်) ဖိုးစိန် အာဟာရ ကြိုက်တာ လူတိုင်းသိတယ်။ အင်း... အာဟာရ ကြိုက်တယ်ဆိုလို့ ဖိုးစိန် က နှာဗူးကြီးပဲ ထပ်ပြောနေဦးမယ်။ အင်းလေ... ဒူးလဲဒူးတယ်.. ဗူးလဲဗူးတဲ့ ခေတ်ကြီးထဲမှာ ဘာဖြစ်ဖြစ် ကောင်းပါတယ်။ ဒါတွေကိုပဲ တချို့ကောင်မလေးတွေက "ဟတ်ထိတယ်.. ဟတ်ထိတယ်" ဖြစ်နေတာပဲ မဟုတ်လား။ ကိုယ်ရေး၊ ကိုယ်တာတွေ လျှော့မယ်။ အပူအပင်မထားတာကို လူတွေ အထင်သေးသလားလို့။ အပူမကြီး ကို စကိုင်တော့မလို့ တာစူနေတာ။ တော်ကြာ ငှက်ပျောတုံးနဲ့ ပေးစားခံနေရမှာ ကြောက်တယ်။ ထားပါလေ...

အသက်ကြီးလာတော့ ပိုစပ်စုတတ်လာတယ်။ တကယ်တော့ အရာရာကို စူးစမ်းဆင်ခြင်လာတာပါ။ အဲလိုလုပ်တော့ ဘာဖြစ်လာသလဲမေးရင်း ဘာမှ မဖြစ်လာပါဘူး။ ဖြစ်လာတာတွေ ရှိပါတယ်။ ရန်ပါ။ :P ကိုယ်ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ရန်တိုက်ပေးတာပါ။ ရန်တိုက်တယ်ဆိုလို့ ခင်အေးဟန်လို မဲ့ကာ၊ ရွဲ့ကာ တော့မဟုတ်ပါဘူး။ ပြုံးပြုံးလေးနဲ့ ရယ်ရယ်မောမော သာသာလေးပိုပြောပေးတာပါ။ ဒီလိုနဲ့ ဟိုပြော၊ ဒီပြော ရန်တွေ ဖြစ်ကြ။ ကိုယ်က ဖျန်ဖြေပေးသလိုနဲ့ မျက်နှာကောင်းဝင်ယူတာပါ။ ဟယ်... ဖိုးစိန်က အဲလိုလား.. မထင်ရဘူးလို့ ပြောနေမယ်။ မဟုတ်ဖူး... အဲလိုမျိုး လုပ်ချင်နေတာလို့ ပြောချင်တာပါ။ လုပ်ချင်လဲ လုပ်မိမှာပေါ့။ သူငယ်ချင်းအရင်းခေါက်ခေါက် နှစ်ယောက်ကိုတောင် သာသာလေး ရန်တိုက်ပေးတာ။ အဲဒါ ချစ်လို့... သိလား။

ပညာရေးလား။ အဝေးသင်။ သင်လေ.. ဝေးလေပါ။ သင်လို့ မပြီးနိုင်တဲ့ အဝေးသင်ကို တက်တုန်းပါ။ ဟယ် ဖိုးစိန်က ဒီလိုလား။ ပညာမတတ်ဘူးလား လို့ မေးလာတဲ့သူကို ယူထားတဲ့ ဆာတီဖီကိတ် တွေနဲ့ ဖိသတ်လို့ ရပါတယ်။ တရားဝင်နော်။ ပန်းဆိုးတန်းမှာ တရားဝင်လုပ်ထားတာ။ ခုဆိုရင် ဈေးတက်နေပြီးတဲ့။ လုပ်လို့မလွယ်ဘူးတဲ့။ အဲလိုမထင်နဲ့နော်။ တော်ကြာ အထင်တွေ သေးပြီးရင်းသေး နေဦးမယ်။ နဂိုကတည်းက အထင်မကြီးဘူးဆိုတာသိပါတယ်။ ပညာတတ်ပါ။ အတတ်ဆုံးကတော့ လူကဲခတ်ပညာပါ။ ထမင်းတလုပ်မငတ်ပါဘူး။ သာပေါင်းညာစား မထင်ပါနဲ့။ မသာကို ပေါင်းလို့ မရလို့ပါ။

စီးပွားရေး..။ တိုးတက်လာပါတယ်။ သင်တုန်းက ပြင်သစ်စာ၊ သွားဖို့လုပ်တာက အင်္ဂလန်၊ ရောက်တာက ဆိုက်ပရပ်စ်။ ဆိုက်ပရပ်စ် ရောက်တော့ ခြံရှင်း၊ မြက်ပေါက်၊ စားပွဲထိုး။ ခု စင်္ကာပူရောက်တော့ ဖလိုင်ယာ စာရွက်တွေ ဝေတယ်။ ဟောကနဲ. ဟောကနဲ ကုန်တယ်။ အရမ်းပီတိဖြစ်တယ်။ စီးပွားရေးတွေ အရမ်းတိုးတက်လာလို့။

ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာတယ်။ ကိုယ့်အနားမှာ စကားတွေ တတွတ်တွတ်နဲ့ အဖော်လုပ်ပေးကြတာ။ ကိုယ်ပြန်ပြီး သူတို့ကို ကိုယ်ဘာလဲ ရှင်းပြ ပြောပြနေစရာမလိုဘူး။ ကိုယ်ဘာလုပ်လုပ်သူတို့ ကျေနပ်တယ်။ ကိုယ်လဲ သူတို့ နားက မခွာတော့ဘူး။ ဘယ်သူတွေလဲ ဆိုတော့ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ။ ကဲ ဘယ်လောက်တိုးတက်လာတဲ့ ဆက်ဆံရေးလဲ။

ခုဆို တစ်နှစ်ကြီးလာတော့ ဘာတွေ တိုးတက်လာလဲ ဆိုတာ သိရောပေါ။

ဘာဖြစ်ဖြစ် ခုထိ အသက်ရှင် နုပျိုနေအောင် ထားပေးခဲ့တဲ့ မိဘ နှစ်ပါးကို ကျေးဇူးတင်တယ်။

အနားမှ နားလည်ချစ်ခင်ပေးတဲ့သူငယ်ချင်း၊ မောင်နှမတွေကို ကျေးဇူးတင်တယ်။

တကယ်တော့ ဘာမှ မထူးခြားတဲ့ ထူးမခြားနားတွေပါ။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

ptg said…
ဘာပဲဖြစ်ဖြစ် ကြီးတာကောင်းတယ်
ပြန်ကျုံ့တာတော့ ကောင်းဘူး (ဥပမာ -မိုးပျံပူဖောင်း)

အဲ တချို့ကျတော့လဲ ပူလို့ပွတာရှိသလို
တချို့ကျတော့လဲ အေးအေးလေးနဲ့ ပွတတ်သကိုး (ဥပမာ- နံပြားနဲ့ ပေါင်မုန့်)

ထို့ကြောင့် တနှစ်ထက်တနှစ် အေးအေးဆေးဆေးနဲ့ (မှိုမတက်ဘဲ) ကြီးသထက်ကြီး ပွသထက်ပွစေသောဝ်
Anonymous said…
သို့

စိန်

အင်း ကြီး လာလေ ကြိုက်လေ ပဲတဲ့၊ အဲ အသက်ကြီးလာလို့ အဟာရ ကို ပိုကြိုက်လာတာ ပြောပါတယ်..:P

အပူမကြီး သွားမကိုင်နဲ့ မကိုင်ရသေးပဲ လှမ်းဟပ်လိုက်မှ ဘယ်ပြေးရမှန်းမသိဖြစ်မယ်၊

စပ်စု တာလဲ နဲနဲ လျှော့ပေါ့...တော်ကြာ CSI က လာခေါ်နေလို့ ဒီက မောင်နှမတွေ ညက်ရည် တွေ ကျနေရဦးမယ်၊


တော်သေပြီ....

မမ
khin oo may said…
happy birthday............
ဘာမှမပြောနဲ့ အသက် ၃၀ ကျော်ပြီ.. လူပျိုကြီး.. ဒါပဲခေါ်မယ်.. :D


ခင်မင်တဲ့
နေ၀သန်
သြော်
အင်းး
ဟင်
ဟယ်
:P
happy birthday ပါ
:D
ရေးထားတာလေးတွေ ကြိုက်တယ်....

Happy Birthday ပါ ကိုဖိုးစိန် ... နောက်ကျမှ ဆုတောင်းမိတယ်... မိုးခါးဆီမျာ မနေ့ထဲက ဆုတောင်းသွားတယ်နော်.....

ထိတ်စည်းပြောင်းတော့ ပါဝါပိုကြီးသွားတာပေါ့....

ခင်တဲ့
ညီမ ပူးတေ
ပေါက်ပေါက် said…
အသက်ကြီးပြီး အချိန်စီးလာသားပဲ ဘာမှ ပူမနေနဲ့.
ဖိုးဖိုး ချစ်သောသူများနဲ့ အမြဲထာဝရပျော်ရွှင်ရယ်မောနိုင်ပါစေ။ မွေးနေ့မှ ဒီဆုတောင်းစကားရေးဖြစ်ပေမယ့် အမြဲဆုတောင်းလျက်

=)
နောက်တစ်ခါထိပ်စီးပြောင်းတဲ့အချိန်ကျရင် ဘ၀မှာ အလိုရှိရာဆန္ဒတွေနဲ့ ပြီးပြည့်စုံစွာ လျှောက်လှမ်းနေသူအဖြစ် မြင်ချင်တယ်နော်။

Wish you all the best and every success. Never give up cuz your dreams will come true.

With best wishes,
Ma Zun
Mogok Thar said…
ထူးခြားတာရှိပါတယ်..

ကိုယ့်ကိုကိုယ် ရူးသွားတာ သိနေပြီ ဆိုလား ဘာလား

/:-|

ဒေါသကြီးတဲ့ စိတ်နဲ့ ရူးတယ်ဆိုလား ဘာလားးးး

:-P

:-D

ထူးထူးခြားခြားးးးးး

:-()

ကောင်းကျိုးလိုရာဆန္ဒများ အားလုံး ပြည့်ဝပါစေ


မေတ္တာဖြင့်

ကိုမောင်ဟန်
Anonymous said…
ကိုဖိန်
Anonymous said…
ကိုဖိုးစိန် ဆီမှာ ကျနော် တစ်ခါမှ ကော့မန် မရေးဖူးပါဘူး။
ဒါကြောင့် ကျနော်ရေးတာ အမှားပါသွားခဲ့ တောင်းပန်ပါတယ်။
ကျနော်က စာဖတ်သူ သက်သက်ပါ။ ကိုဖိုးစိန် ဆီမှာ
အမြဲဖတ်နေတဲ့ လူလို့ ပြောရင်လည်း မမှားပါဘူး။

ကိုဖိုးစိန် အခုစင်ကာပူရောက်နေတာကိုလည်း ကျနော်သိပါတယ်။
ကျနော်လည်း အခု စင်ကာပူမှာပါပဲ။

ကျနော် ဖတ်ရသလောက် ကိုဖိုးစိန်ရဲ့ ပိုစ့်တွေ တော်တော်များများဟာ
ဟိုးအရင် ဆိုက်ပရက်ပ် မှာနေတုန်းက ရေးတာလောက် မကောင်း
တော့တာကို သတိထားမိတာ ကြာပါပြီ။ စင်ကာပူကိုရောက်ပြီး
ကတည်းက ရေးလိုက်တဲ့ ပိုစ့်တွေဟာ ဟိုလူ့အတွက် ရေးလိုက်
ဒီလူအတွက်ရေးလိုက်နဲ့ ကိုဖိုးစိန်ရဲ့ ပင်ကိုရသတွေ ပျောက်နေတာ
သတိထားမိပါတယ်။

အခုဒီပို့စ်ကိုလည်း ကိုဖိုးစိန်ရဲ့ မွေးနေ့ပိုစ့်လို့ ထင်နေတာ။
ဒါပင်မဲ့ ဘာကို ရည်ရွယ်ပြီး ရေးနေတယ် ဆိုတာ ကျနော်
မသိဘူး ဖြစ်နေလို့ အခုလိုမျိုး ရေးလိုက်ရတာပါ။

ကိုဖိုးစိန်ပြောတဲ့ အာဟာရ ဆိုတာ မိန်းမကို ပြောတာလား။
ကိုဖိုးစိန် မိန်းမကြိုက်တာ ဘလောဂ့်မှာ ရေးတင်စရာမလိုဘူးလို့
ကျနော်ထင်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်သိထားတာ
ကိုဖိုးစိန်က ယောက်ျားတစ်ယောက် ဖြစ်နေလို့ပါ။

ဒီပိုစ့်ကို ဖတ်လိုက်ရတာ မေးချင်စရာတွေ များလို့ မမေးတော့ပဲ
နောက်တင်မဲ့ ပိုစ့်တွေမှာ အရင်တုန်းက ကိုဖိုးစိန်
ရဲ့ လက်ရာ ကောင်းကောင်းများကို ဖတ်ချင်ပါကြောင်း ဆန္ဒ ပြုရင်း…..

ခင်မင်လျှက်
ပြည့်စုံအောင်
Anonymous said…
ဖိုးစိန်ကလည်း အမြဲပြောတယ်နော် အဟာရ အဟာရဆိုတာ.. ဘာဖြစ်လို့များပါလိမ့်လို့စဉ်းစားမိတယ်။ တစုံတခုသော အကြောင်းအရာ အမူအရာတွေကများ သံသယဖြစ်ဖွယ်ရှိနေလို့ ဖုန်းကွယ်ချင်တာများလား ။ ဘာမှ စိုးရိမ်စရာမရှိပါဘူ ဖိုးစိန်။ လွတ်လပ်စွာ နေထိုင် ပြောဆို ရေသားပါ။ အားပေးလျှက်..

သားငယ်
Anonymous said…
အာဟာရ ဆိုတာ မိန်းမတွေ ကို တမျိုးသုံးထားတာနေမှာ။ တချို့က စပျစ်သီး လို့ တင်စားပြီး သုံးတာလဲ တွေ့ဖူးတယ်။ အာဟာရ လို့ ရေးထားတော့ ရယ်စရာကောင်းပါတယ်။
ကိုဖိုးစိတ် ဆီက စကားလုံး နှစ်ခုရတယ်။

မိန်းခလေးကို အာဟာရ
စကားများရင် ချီးပေါက်တယ် ဆိုတာ။

ကိုဖိုးစိတ်ရေ လက်ရာကောင်းတွေမျှော်နေကြတယ်။ လုပ်ပါဦး။
အကိုဖိုးစိန်ရေ
ကျနော်လင့်ယူသွားတယ်ခင်ဗျ
ကျနော့်ဆီလဲလာလည်ပါဗျ
အကိုဖိုးစိန် ပရိတ်သတ်ပါဗျ
Happy Belated Birthday!!!
ထိပ်စည်းပြောင်းခဲ့ပီဆိုတော့... အင်း အင်း သဘောပေါက်ပါပြီ ကိုဖိုးစိန်ရေ..။
အစစအရာရာအဆင်ပြေပျော်ရွှင်နိုင်ပါစေ..။
ပွဲငှားချင်တာ ဖိုးစိန်ကို ရက်အားလားလို့ သိချင်လို့ပါ

Popular Posts