FREEDOM... FREEDOM

Artist / Band : Akon

Song Lyrics Title : Freedom

Available on Album : Freedom

Music Genre : R&B


Freedom


လူ တယောက်မှာ အဓိက အရေးကြီးဆုံးက စိတ်ခံစားမှုပါပဲ။ လူတွေရဲ့စိတ်အင်အားက တန်းခိုးကြီးတယ်တဲ့။ အကောင်းဘက်ကို အသုံးချနိုင်သလို၊ အဆိုးဘက်ကိုလဲ အသုံးချနိုင်တယ်။ လူစိတ်ကို ကျကျနန ပြင်ဆင်ထားတတ်သူတစ်ယောက်က အပြင်လောက ကို ၀ါယာလက် ကရိယာတပ်ဆင်ထားသလို ဖြန့်ကျက် ခံစားနိုင်တယ်။ ဒီထက်ပိုရင် တန်ခိုးတွေ ၊စွမ်းအင်တွေ ရလာနိုင်တာပေါ့။

လောကမှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတော့ မေတ္တာတရား ရှိရင် ဒေါသလဲ ရှိတာပဲ။ သုခ ချမ်းသာ ရှိရင် ဒုက္ခလဲ ရှိတာပဲ။ ဒါနရှိတဲ့သူတိုင်း လောဘ၀င်တတ်တာပဲ။ ဒါကြောင့် သူတော်ကောင်းရှိတဲ့နေရာတိုင်း သူယုတ်မာရှိပါတယ်။ သူတော်ကောင်းတိုင်းလဲ အလုံးစုံ မဖြူစင်သလို သူယုတ်မာတိုင်းလဲ ကြင်နာသနားစိတ် ရှိတတ်ကြပါတယ်။ ဒါကြောင့် လူတွေ စိတ်ဟာ အလင်းနဲ့ အမှောင်မှာ ကျက်စားပြီး အကောင်းနဲ့ အဆိုးက အမြဲတမ်း အားပြိုင်နေတတ်ပါတယ်။

အဲဒီအားပြိုင်နေတဲ့ အပေါ် ကောင်းတာကို အပတ်တကုတ် ကြိုးစားအားထုတ်ရင် ကောင်းတဲ့ဘက်ဝင်သလို မကောင်းတဲ့ ဘက်ကို အလေးပါသွားရင်လဲ မကောင်းတဲ့ဘက်မှာ ကြီးစိုးရတတ်ပြန်တယ်။ အဓိက ကလူကို အသုံးချ လိုက်တာက စိတ်ပါပဲ။ စိတ်ကြောင့် ကြေ ၊ နှုတ်ကြောင့်သေ တယ် မဟုတ်လား။ တခါတလေ ကိုယ့်ကိုယ် ဒုက္ခပေးတဲ့ စိတ်ကို လွတ်လပ်ခွင့်ပေးထားချင်တယ်။

ဘာဖြစ်ဖြစ် အခုချိန်မှာ akon ရဲ့ ဒီသီချင်းကို နားထောင်ဖြစ်နေတယ်။ အရင်နားထောင်နေကြ ဆိုပေမယ့် အခုချိန်မှာ ဒီသီချင်းက ကျနော့်ကို တခုခုပြောနေသလိုပဲ။ ကျနော်တကယ်လိုအပ်နေတာလဲ လွတ်လပ်မှုပါ။ ကောင်းတဲ့ စိတ်ဖြစ်ဖြစ် မကောင်းတဲ့စိတ်ဖြစ်ဖြစ် လွတ်လွတ် လပ်လပ် နေချင်နေတာ။ ဘယ်သူမှ မချုပ်နှောင်ထားပါဘူး။ ကိုယ့်စိတ်က ကိုယ့်ကိုယ် ပြန်ချုပ်နှောင်ထားတာပါ။ နေ့စဉ်ဒူဝ လုပ်နေရတဲ့ လူ့ဘ၀ ဖြစ်စဉ်တွေ၊ တခါတလေ မစဉ်းစားချင်တဲ့ လက်ရှိမိသားစု ဘ၀နဲ့ နောင်ဖြစ်လာမယ့် ကျွေးမြီးသစ်တွေ။ လက်ရှိမဖြစ်မနေ လုပ်နေရတဲ့ လူ့ကျင့်ဝတ်တွေ။ တခါတရံ ပင်ပန်းရတဲ့ ဟန်ဆောင်အပြုံးတွေ။ တခါတရံ သုခကို အရောင်ပြောင်းတဲ့ ဒေါသတွေ...။ တခါတရံ ဒါနကို အရောင်ပြောင်းစေတဲ့ လောဘတွေ။ အလင်းကို အမှောင်ချချင်တဲ့စိတ်တွေ....။ ဒီစိတ်တွေကို လွတ်လပ်ခွင့်ပေးချင်နေတယ်။

သီချင်းလေးကို ခံစားနားလည်နိုင်ကြပါစေ။

စိတ်တွေကို လွတ်လပ်မှုပေးနိုင်ကြပါစေဗျာ...။




Everything I have, everything I own
All my mistakes man you already know
I wanna be free, I wanna be free

From Senegal West Africa
To St. Louis, Missouri
Thanks to Katherine Dunham
For giving my pops his glory
He came down with his drum
And a dream to change the world
In a free upliftin world
And thats all he ever want
Mom came a little after
Gave birth to my brother
then all of the pressure
Made em’ fight one another
See, the pain would never last
Did the best with what they had
He knew the world was out for grabs
And he searched to find his

Freedom, Freedom, Freedom
Oh Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free (free), I wanna be free
So I search to find my (find my)
Freedom, Freedom, (Ohh yeaaa) Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free (free), I wanna be free (free) yeah
Akon Lyrics on www.lyrics-celebrities.anekatips.com

As a kid I never knew
I’d have to hustle just to make it through
So I found myself skipping school
Cause’ the girls don’t think I’m cool
And because of that I didn’t care
Wether or not I went to jail
I just wanna be treated fair
Cause’ that’s all I ever knew

Tellin’ me I need to slow down
Cause’ everybody in the whole town
Cause’ they know how I get down
Far enough from another town
Can you believe we still around?
After so many hit the ground
And we ain’t gon stop now
Until we get that ..

Freedom (Ooooh) Freedom,(oOOoh) Freedom, (Ooooh) Freedom
Everything I have (have) everything I own (own)
All my mistakes man you already know yeahh
I wanna be free (free) I wanna be free (free)

Won’t stop til’ I find my ..
Freedom (My Freedom!!) Freedom (My Freedom!!), Freedom Ouuuh Freedom
Everything I have (have) everything I own (own)
All my mistakes girl you already know yeaaah
I wanna be free (free), I wanna be free (free)

If you wanna be free, and the land is drug free
Put your hands up (hey) put your hands up (hey)
If you wanna be free, from all your misery
put your hands up (hey) put your hands up (hey)
If you wanna be free, with plenty money (hey)
put your hands up, put your hands up
If you wanna be free, just praise to your ….
put your hands (hey) up, put your hands up (hey)

Freedom (Ooooh) Freedom, (Freedom) Freedom, (Ooooh) Freedom
Everything I have, everything I own
All my mistakes girl you already know
I wanna be free (wanna be free), I wanna be free (wanna be free yea)




ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်










Comments

မမ said…
Everything......FREEDOM...........:)

အိုင် အလွတ်ရတော့မယ်.....း)
mae said…
စိတ်ရဲ့ လွတ်လပ်မှုကို ရပါစေ၊ ရတဲ့ အခါလဲ အကျိုးရှိရှိ အစွန်းမရောက်ပဲ အသုံးချနိုင်ပါစေ

စိတ်ကြောင့်လဲ မကြေပါစေနဲ့.. နှုတ်ကြောင့်လဲ မသေပါစေနဲ့..

သိပ်ပြီး လွတ်လပ်လွန်းတာလဲ မကောင်းသလို ..
လုံးဝ မလွတ်လပ်လို့ ထွက်ပေါက်ရှာရတာမျိုးလဲ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်
chocothazin said…
အစ်ကိုဖိုးစိန် အမြန်လွတ်ပါစေ။
အဲ စိတ်လွတ်ကိုယ်လွတ်ပျော်ပါစေ လို့  ဆုတောင်းတာနော်။
Maung Myo said…
အရင်တုန်းက ခပ်ကြောင်ကြောင် အတွေးနဲ့ နားလည်ထားတာ FREEDOM= ဒီမိုကရေစီ တဲ့း)

ကိုဖိုးစိန်ကြီး ကျွတ်ပါစေ အယ်လေ လွတ်လပ်တဲ့ စိတ်တွေအမြန်ခံစားရပါစေဗျာ ။
ဘာတွေများ စိတ်ကျဉ်းကြပ်မှု ခံစားနေရလို့လဲ မောင်လေးဖိုးစိန်?

လွတ်လပ်ပျော်ရွှင်သော အားလပ်ရက်များ ဖြစ်ပါစေလို့ မဇွန် ဆုတောင်းပေးသွားတယ်နော်။း)
Anonymous said…
Akon ကိုအားမပေးကြတော့ဘူးဆို...
ဖိုးစိန်တို့ကတော့ အားပေးတုန်းလား ???

Popular Posts