ကျေနပ်စွာ ချစ်တတ်သူ....

ချစ်သူ ဆိုတာ.. သူနဲ့ ကိုယ်နဲ့ ချစ်မှ မဟုတ်ပါဘူး။ သူ မချစ်ပေမယ့် ကိုယ် ချစ်နေရင် သူဟာ ကိုယ့်ရဲ့ ချစ်သူပါပဲ…။ သူကိုယ့်ကို ချစ်နေဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဒါပေမယ့် သူ ကိုယ့်အချစ်ကို အသိအမှတ်ပြုရင်ပဲ ကိုယ်နေတတ် ကျေနပ်နေပါတယ်လေ..။


ကိုယ့်ချစ်သူကို ဘယ်အချိန် သတိရလဲ လွမ်းလဲ မေးရင်း သတိရတယ်.. လွမ်းတယ် ဆိုတာ တိုက်ဆိုင်မှု တခု ရှိသွား မှ လွမ်းရမှာလား….


ကိုယ်ကတော့ သူ့ကို လွမ်းရမှာထက် စာရင် ကိုယ့်စိတ်ထဲမှာ တကူးတက ကျကျ နန ထည့်ထားမိခဲ့တာ…။


သူ့ အသံလေး ကိုကြားရဖို့ အတွက် ကိုယ်သူ့ ဖုန်းသံကို အကြိမ်ပေါင်းများစွာ မျှော်လင့်မိတတ်တယ်။ သူ့ကိုယ် ကိုယ့်စိတ်ကူးထဲမှာ စကားတွေ အများကြီး ပြောနေပေမယ့် သူဖုန်းခေါ်တဲ့ အခါ သူ့ အသံတွေကြားမှာ ကိုယ် ကြည်ကြည်နူးနူး ဆွံ့ အံ့ခဲ့ရတာ…။


ကိုယ့် သူ့အတွက် ခံစားတဲ့ စာတွေ စကားလုံးတွေ အများကြီး နဲ့ ကိုယ်ယဉ်ပါးခဲ့ပေမယ့် သူ့ ဆီက စကားလုံးတလုံးလေးကို အကြိမ်ပေါင်းများစွာ ကိုယ်ရေရွှတ်နေမိခဲ့ရတာ…။


သူ့ကိုယ့်အတွက် ဘာမှ မရှိဘူး။ ဘာမှမလုပ်ပေးနိုင်ဘူး ပြောတုန်းက ကိုယ်က သူ့အတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ် ကြိတ် ပျော်နေခဲ့ဘူးတာ..။


သူ့ ပျော်နေတဲ့ အခါ သူ့ ပြုံးပျော်နေတဲ့ မျက်နှာလေးကို မက်မက် မောမော ကြည့်ခွင့်ရတဲ့အခါ… သူ စိတ်ညစ် အားငယ်နေတဲ့အခါ ကိုယ် အားပေးစကားတခွန်းပြောခွင့် ရတဲ့အခါ… သူ စိတ်ထဲမှာ လိုချင်တာ ဖြစ်ချင်တာ တခုကို ကိုယ်ကျကျနန လုပ်ပေးခွင့်ရတဲ့အခါ… ကိုယ့်ရင်ထဲမှာ နစ်နစ်နဲနဲ ပျော်ရွင်ကျေနပ်မှုတွေ အတိုင်းမသိ..။


သူ ဥပေက္ခာပြု မေ့ထားတဲ့အခါ…. သူ ကိုယ့်ကို အမြင်မကြည်လင်တဲ့အခါ ကိုယ် အလိုက်သင့် မသိဘာသာ နေပေးလိုက်ရတဲ့ အချိန် ကိုယ့်ရင်ထဲမှာ နာကျင်မှုတွေ အတိုင်းမသိ။


တူတူ သွားခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးရယ်… တူတူထိုင်ပြီး စကားပြောဖြစ်ခဲ့တဲ့ နေရာလေးတခုရယ်… သူ ကြိုက်တတ်တဲ့ ပစ္စည်းလေးတွေ ရှိတတ်တဲ့ နေရာလေးရယ်… သူ သုံးနေကျ ပစ္စည်းလေးတွေရယ်.. အဖြူရောင် တိမ်တိုက်တွေရယ်….. တခါတည်း ချစ်ချင်လို့ပါ ဆိုတဲ့ ချမ်းချမ်းရဲ့သီချင်းလေးရယ်… ရခဲ့ဖူးတဲ့ အနမ်း တခုရယ်… နှစ်လိုစွာ ခေါ်ခဲ့ ဖူးတဲ့ နာမည်လေး တလုံးရယ်… အရာရာတိုင်းက ကိုယ့်အတွက် မပြောင်းလဲဘဲ မနေ့ တနေ့ကလို နွေးထွေး အသက်ဝင်နေဆဲ…။


ကိုယ့်ရင်ထဲ ဆောက်ထားတဲ့ အချစ်အိမ်ကလေးမှာ သူ့ အတွက် ကြင်နာမှုများ အပြည့်ရှိသည်။ ကိုယ့်ရင်ထဲ ်မှာ သူ့ကို ကျကျ နန ချစ်မိသွားလောက်အောင် ကိုယ် နေတတ်သွားပြီး။ ကိုယ်လွမ်ဆွတ် နေတဲ့ အချိန်တိုင်း သူ ကိုယ့်ကိုယ် သတိရနေမလားလို့ မတွေးမိအောင် တွေးတတ်သွားပြီး။ တဖြည်းဖြည်းနဲ့ အရာအားလုံးဟာ သူပဲ ဆိုတာ ကို သေချာသွားပြီး။


ထို အရာအားလုံးသည် ပြီးပြည့်စုံ သည်မဟုတ်သော်လည်း တစ်ခု မဟုတ် တစ်ခု လိုအပ်နေမြဲဖြစ်၏။ထိုထိုသော အရာအားလုံးဖြင့် တစ်စုံတစ်ယောက်သော သူ့ကို ကြင်နာစွာ စွဲစွဲ မြဲမြဲချစ်မိ၏။ အပြစ်ရှိသည် မထင် သော်လည်း မှားလျှင်ခံနိုင်၏။ သို့သော် တခြားသူများမှလွဲ၍ ထိုသူ၏ ဥပေက္ခာပြုထားသွားခြင်း တစိုးတစိမျှ အလိုမရှိပြီး..။


ချစ်တယ်ဆိုသော တီးတိုးစကားသည် ရွာချလာသော မိုးရေစက် ပမာဏနှင့် ညီမျှ၏။ ပူလောင်ခြင်းမပါ နွေးထွေးသက်ဝင်နေဆဲ အရာအားလုံးသည် ထိုမျက်ရည်မိုးများ အောက်တွင် အေးချမ်းနေလေတော့သည်။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

အကိုကြီး ကိုဖိုစိန်က တော်တော်လေးကို ချစ်တတ်မဲ့ပုံပဲနော် ရေးထားတာလေးတွေများ
တကယ်ကို သဘာဝ ကျကျ နဲ့ လှလှပပလေးဖွဲ့နွဲ့
တတ်တယ်။
အရမ်းချစ်တတ်မယ့်သူထင်တယ်
အရေးအသားတွေကလဲ
ဖွဲ့ဖွဲ့ နွဲ့နွဲ့ရေးတတ်တယ်နော်။
ဖတ်လို့လဲ ကောင်းတယ်။
ချမ်းမြေ့ပါစေ။
Nayi Min Khin said…
ဖတ်ရတာ သိပ်ကို ကြည်နူးဖို့ ကောင်းတယ်။ ဖတ်နေရင်း ကိုယ်တိုင်တောင် နေရာဝင်ယူမိသွားတယ်။

Popular Posts