ပြန်ဆိုတေးတစ်ပုဒ်ရဲ့ လွမ်းဆွတ်မှု

ဒီနေ့ က ဒီနိုင်ငံရဲ့  ဘဏ်ပိတ်ရက် ရုံးပိတ်ရက်ဖြစ်တာကြောင့်

ကျွန်တော်လဲ မနေ့ ညကတည်းက

ရောယောင်ပြီးအလုပ်မသွားဖို့ ဆုံးဖြတ်ထားတယ်..အားရပါးရအိပ်မယ်ဆိုပြီး..

အဲ ကျွန်ဇာတာ က ပါတယ်ခင်ဗျ ….အလုပ်ချိန်ရောက်တော့ အလို လို နိုးပြီးသားဖြစ်နေတယ်…ကြိုးစားပြီးပြန်အိပ်တော့ လဲ လုံးဝအိပ်လို့ မရတာကြောင့် ပရိတ်တရားတော်ကို ဖွင့်ပြီးနှပ်နေလိုက်တယ်…ပရိတ်ကြီး(၁၁)သုတ်ပြီးတော့ ဟိုတစ်နေ့ က မှ ညီလိုခင်တဲ့ ဘော်ဒါတစ်ယောက် ပေးထားတဲ့ လင့်ခ် က ကူးယူထားတဲ့ အောင်မျိုးထွတ် သ်ီချင်းကို နားထောင်ဖြစ်တယ်…

အဲဒီသီချင်းတွေလဲနားထောင်ရော.. ကျွန်တော်ရောဂါက ဖောက်လာပါတယ်…ဖောက်လာတဲ့ရောဂါ က အောင်မျိုးထွတ်သီချင်းကို ကာရာအိုကေ ဆိုချင်တဲ့ရောဂါ …

ဗွီစီဒီလဲ မဟုတ် မိုက်ကလဲမရှိဆိုတော့ ဆို ချင်တော့လဲ ကိုယ့်အသံကို အားပြုပြီး မိုက် မလို အောင် အားမြှင့်ဆိုတာပေါ့ ….

အောင်မျိုးထွတ် ရဲ ”့စိတ်ကူး” သီချင်းကို ခံစားချက်ပြင်းပြင်းနဲ့ ဆိုနေချိန်မှာ ကျွန်တော့်အိမ်ရှင်က တံခါးလာခေါက်တယ်…

လာအားပေးတယ်ပေါ့….တကယ်တော့မဟုတ်ဘူးဗျ…ကျွန်တော့်ကို တစ်ယောက်ယောက်က လည်ပင်းလာညစ်နေလို့ အလန့် တကြားအော်သံနဲ့ တူလို့  စိတ်ပူပြီးလာ မေးတာ တဲ့…. အဲဒီလောက်ထိ အောင်မြင်တဲ့အသံ…. :D

အဲဒီဝါသနာပိုးက အဖေ့ဆီက ပါ လာတာလား အမေ့ဆီက ပါလာတာလားလို့ မေးရင် ကျွန်တော်ကတော့ နှစ်ယောက်လုံးဆီက ပါလာတာပါလို့ ဖြေရမယ်…

ကျွန်တော်တို့ အမျိုးက အဆိုတော်မျိုးဗျ… အဘိုးလုပ်သူက ဥပသကာ ဆွမ်းလောင်းလှည့်ရင် ဘယ်သူမှမခေါ်ဘဲ သီချင်းဝင်ဆိုနေကျ… အဖေ့ အမက ဘယ်သူမှ လာမဌားတဲ့တီဝိုင်းတစ်ခုရဲ့ ပင်တိုင်အဆိုတော်….အဲ အမေဘက်က သူ့ မောင်ကျတော့ အရပ်တကာ ဂီတာလိုက်တီးပြီး ကြောင်လို့  ရန်ဖြစ်ပြီးရပ်ကွက်ရုံးခဏခဏရောက်တဲ့ ခဲမလောက် အဆိုတော်…

ကဲဒီလောက်ဆို ကျွန်တော်တို့ ရဲ့  အောင်မြင်ကျော်ကြားတဲ့ အနုပညာမျိုးရိုးအကြောင်း သိလောက်ရောပေါ့…. :)

အဲ…အိမ်မှာဆိုရင်တော့…

ညီမလုပ်သူ က မိုးလင်းတာနဲ့  မိုက်ကို အရင်ကိုင်ပြီး ”ငါပေးလိုက်တော့ အချစ် ပြန်ရလိုက်တော့ အမုန်း” ဆိုတဲ့ ”နိုး” စီးရီးထဲက သီချင်းနဲ့ ကျွန်တော်တို့ ရဲ့ နေ့ သစ်ကို ဖွင့်လှစ်နေကြ …ပြီးတော့ နိုးစီးရီးတစ်ခွေလုံးကို ဆွဲဆောင်မှုမရှိသော အသံသြသြကြီးနဲ့  ဟစ်သဗျ ..

အဲ ဒီအချိန် အငယ်ကောင်က တောက် တစ်ခေါက်ခေါက်…

မိုက် ကို ညီမလုပ်သူ ဦးသွားလို့ လေ….

အမေဈေးကပြန်လာပါပြီး…. အမောပြေ သမီးလက်ထဲ က မိုက်ကို လုပြီး တင်တင်မြရဲ့  ”တစ်ကျော့နှစ်ကျော့တေးကို သီ”နေပါပြီးဗျာ…အဲ…ပြီးတော့ အမောက မပြေသေးဘူးထင်တယ်…ချိုပြုံးက အဆစ်ပါလိုက်သေးတယ်…ဒီ အချိန်မှာ အမေ့ မိုက်အချကို စောင့်နေတာက အ ငယ်ကောင်….

ရပါပြီးဗျာ …အတင်းလုလို့  အမေဆီက… ကဲ ဝိုင်ဝိုင်းရဲ့ ” ကြိုးမဲ့စွန်”ကို

အသားကုန်လွှတ်တင်ပါပြီးဗျာ….ဒါတင်အားမရသေးဘူး…ဇော်ပိုင် ရဲ့  ”မဆုံသောလမ်း”အထိ ကျွန်တော်ညီချီတက်တာပေါ့ ဗျာ….

လမ်းဆုံးရောက်တော့ နေ့ လည်ထမင်းစားချိန်ရောက်ပြီး..

မိုက်က မောလို့ နာကာ ကြံသေး…

အဖေမမ ကျွန်တော်တို့ ရဲ့ ကြီးတော် အပျိုကြီး ကျွန်တော်တို့ အိမ်နားက

လူပျိုသိုးကြီးကို ”မ သံပေးဖို့ ရောက်လာပါ ပြီး…. စလိုက်တဲ့ သီချင်းက ”အကြည်းတန်ချစ်သူ ”မေသာဖြစ်လိုချင်တဲ့ဗျ..

အဲ မာမာအေးသီချင်းလဲကုန်ရော သူလဲ အသံဝင်ရော ပေါ့…

ညနေစောင်းပြီး…အီဖေကို အလှည့်ရောက်ပြီး…ညနေမှ ကျွန်တော်ဆိုတာ အကြောင်းရှိတယ်ဗျ…. ကျွန်တော်က ပရိတ်သတ်စုံစုံနဲ့ ဆို တာ… ပရိတ်သတ်ဆိုတာက တူမတွေ တူတွေ…ကျောင်းဆင်းလို့  ရေမချိုး ခင်လေး မုန့် ကြွေးပြီးနားထောင်ခိုင်းတာ… ကိုယ်က ဆိုကောင်းတုန်း..သူတို့ က မုန့် လဲကုန်ရော အမေဆူလိမ့်မယ်ဆိုပြီးလစ်တာဘဲ

အဲ ကျွန်တော်ကတော့ ခင်မောင်တိုး စီးရီးထဲက ”ခင်ကြိုက်ရင် အညှာကို ချိုး ”ဆိုတဲ့ သီချင်းနဲ့ ဟစ်တော့တာဘဲ(သူငယ်ချင်းတွေက အညှာကို ချိုးလို့ ဆိုတဲ့နေ ရာ ရောက် လိုက်ရင် အနောက်ကနေ ချိုးပြစ်မယ်ဆိုတာကြီးဘဲ :D )

ညနေလထွက်ချိန်ထိ ”ဂျက်ဆင်ထိပ်ကလရိပ်ပြာ”ကို ဟစ်လိုက်သေးတယ်……

ပတ်ဝန်းကျင်ထက်သနားစရာကောင်းတာက”မိုက်”

မောမယ်မကြံသေးဘူး အဖေက ဝိုင်းလေးစပြီး….

လာပြီး ”ငယ်ကချစ်တဲ့ ငယ်ကျွမ်းဆွေ”…အဲ ပြီးတော့ ကိုမင်းနောင်တို့  က အစ တွံတေးသိန်းတံ မက ပလေးဘွိုင်းသန်းနိုင်အဆုံး…သူမရတာ မရှိစေရ အထာနဲ့  ကွဲပြနေတာ…

အရှိန်ကောင်းလာတဲ့ အဖေနဲ့  ညီမလေးနဲ့ တစ်ခါတစ်လေ အဆင်ပြေတဲ့နေ့ များဆို ရင် စိုင်းစိုင်းခမ်းလှိုင်ရဲ့  ”ဖေဖော်ဝါရီမှတ်တမ်း” ကို နှစ်ယောက်တူတူဟစ်လိုက်သေးတယ်..

(စိုင်းစိုင်းသာကြားရင် အဆိုတော်လောက ကို စွန့် မှာသေချာတယ်ဗျာ :P )

အဲဒီလို ဝါသနာကြီးတဲ့ ကျွန်တော်တို့ ကို အဖေက စီးရီးထုတ်ဖို့ ငွေထုတ်ပေးမယ်ပြောတော့ မောင်နှမတွေ သူလုပ်မယ် ငါလုပ်မယ်ဆိုပြီးငြင်းကြသေးတယ်..

အဲနောက်ဆုံးတော့ အငယ်ဆုံးညီမက အားလုံးကို အရှုံးပေးပြီးထွက်သွားတယ်..ပြီးတော့ပြောသွားသေးတယ်..

”အဖေရယ် …အဖေ့သားနှစ်ယောက်ကို ဖြစ်အောင်လုပ်ပေးလိုက်စမ်းပါ….နာမည်ကြီး မကြီးအဖေ ဂရုစိုက်စရာ မလို ဘူး .. အေ..သူတို့ သေတဲ့အခါကျမှ သူတို့ သီချင်းတွေနဲ့  အမှတ်တရ ပြန်ဆိုတေး လုပ်ပြီး နာမည်ကြီးအောင် သမီးလုပ်ပြစ်လိုက်မယ်..သူတို့ စီးရီးထွက်ပြီးရင်သာ အဖေ သမီးအတွက်ဆုတောင်းပေး”

အကို တွေကို အဲဒီလောက်တောင်ချစ်တဲ့ညီမ…… :D

ရေးသာရေးရတယ်…နောက်ကြောင်းကမလုံဘူး…

မတော်တဆ ဒါလေးကို အိမ်က တစ်ယောက်ယောက်ဖတ်မိသွားမှဖြင့်… ကိုယ့်ဖင်ကို လှန်ပြရလားဆိုပြီ.း…

ဖိုးစိန်တစ်ယောက်..

အမေ့ ရဲ့ ဗိုက်ခေါက်ကြောဆွဲမယ့်လက်တွေ…

ဖနောက်ကို ကန်မယ့် အဖေရဲ့ ခြေထောက်တွေ…

ညီလုပ်သူရဲ့ လက်သီးချိုချို….

ညီမလုပ်သူရဲ့  ကရာတေးဒို….နဲ့ ..

အိမ်အပြန်မျက်နှာပန်းလှမှာ မြင်ယောင်သေးတယ်ဗျာ………. :P

အိမ်မပြန်တာ ဒီလမှာဆို (၄)နှစ်တိတိရှိပြီ ဖြစ်တဲ့ ကျွန်တော့်ရဲ့ လွမ်းဆွတ်မှု…

ဖိုးစိန်

Comments

Popular Posts