လွမ်းချင်း

“တစ်ချိန်က အလွမ်းများ….“

ချစ်သူရေ……….

တမ်းတမိတယ်……..

တစ်ချိန်ကပေါ့……

မိုးသည်းထဲမှာ..

လေကအဆဲ ထီးရွက်ကွဲတော့

ရင်ခွင်တိုးဝင် ချစ်ခိုးနဲ့ တင်

နွေးထွေးလုံခြုံ ပြီးပြည်.စုံတယ်

ကိုဗလပိန်ရယ်လို့ 

အပြုံးရှက်သွေး အနမ်းပေးတဲ့ မင်းကို

သတိရမိတယ်……………..

တစ်ခါကပေါ့…….

ဦးချစ်ဆိုင်မှာ

မင်းကစိတ်ကောက် ကိုယ်ကဟောက်နဲ့ 

မင်းကထလစ် ကိုယ်ကျန်ရစ်တော့

ပိုက်ဆံမပါ ကိုယ်ခမျာမှာ

အအေးနှစ်ခွက် အကြွေးတက်လို့ …

ကျောင်းသားကတ်လေးပေးခဲ့ရတဲ့

နေ့ လေးကို လွမ်းတယ်………….

ရံဖန်ရံခါပေါ့……..

ဘုရားတူတူတက်တုန်းမှာ

ဂြိုလ်တိုင်ဖက်လို့  ပေါင်းရစေသား

ဆုခြွေထားတဲ့ မင်းမျက်နှာလေးကို

အခါခါကြည့် ပီတိဖြစ်ရတယ်………..

မင်းသိမလား….

မင်းအကြောင်းတွေး ရင်ထဲနွေးလို့ 

ဆွေးမပြေတာ….

အချိန်တိုင်းပါ………………

ဖိုးစိန် :D

Comments

Popular Posts