အတ္တလွန်ဆွဲပွဲ

”မောင်ထွန်း”

”မောင်ထွန်း”

အချိန်ကိုကြည့်လိုက်တော့ မနက်တစ်နာရီ…..

ခေါ်သံက ကျွန်တော့်မမ ကြီးအသံ……

နိုးနေပြီးဖြစ်သော်လည်း ရုတ်တရက်မို့ ချက်ချင်း

ပြန်ထူးဖို့ မေ့နေသည်…..

”မောင်ထွန်း”……”ငါခေါ်နေတာကြားလား…တံခါးဖွင့်ဘာဦး….”

”လာပြီးမမ”

ကျွန်တော်မိန်းမ က အသံပြုပြီး မမကြီးကို တံခါးသွားဖွင့်ပေးချိန်ထိ ကျွန်တော် အိပ်ယာထဲ မှာ ရှိနေတုန်းပင်…

”မောင်ထွန်းရော အိပ်ပြီးလား ခင်လေး”

”မမအသံကြားလို့ နိုးပါပြီး”

” အေး..ပြောလိုက်… ငါ့ ညီမ သူမုန်းတဲ့ သူ့ အမ ..သူအတ္တကြီးတယ်လို့ ပြောတဲ့ သူ့  အမသန်းသန်း ဆုံးပြီး”…

” ရှင်”

ပြောရင်းနဲ့ မှ ရှိုက်ကြီးတငင် ငိုနေသော မမကြီးအနားကို ကျွန်တော်ရောက်တော့

”မောင်ထွန်း သူမရှိတော့ဘူး..ဟီး…ဟီး…”

”သေချာလားအမ ရယ် ….ဒီညနေ စောင်းကပဲ

သူ့ အကောင်နဲ့ တွေ့ လိုက်တယ်”

”အေး….လွန်ခဲ့တဲ့နာရီဝက်ကပဲ မူးတယ် မူးတယ်ဆိုပြီး တအောင့်နေတော့ဆုံးတာဘဲ..

ဆရာဝန်ပြောတော့ နှလုံးသွေးကြောရပ်သွားတာ..ငါတောင် အသက်မမှီလိုက်ဘူး…အခုငါလာပြောတာ…နင်လာမယ်မဟုတ်လား”

”ကျွန်တော် သူ့ မျက်နှာကို မကြည့်ချင်တော့ဘူး မမ..

ကျွန်တော် သူ့ အသုဘကို လာမှာ မဟုတ်ဘူး …ကဲ ….မမလဲ ပြန်နားတော့ ပင်ပန်းနေပြီးဟုတ်လား..”

ကျွန်တော်မိန်းမ နဲ့  ကလေးတွေကိုကြည့်လိုက်တော့ စိတ်မကောင်းဖြစ်နေကြပြီးတစ်ခုခုကိုပြောချင်နေပုံ

ကျွန်တော်ကိုကြောက်၍သာ အိပ်ယာထဲ အသီးသီးဝင်သွားကြတယ်

ကျွန်တော်မိန်းမက မမကို တံခါးဝထိလိုက်ပို့ ပေးပြီးတတွတ်တွတ်မှာနေပုံရသည်

ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းစိတ် နာကြည်းစိတ် မမငယ် ကို မုန်းနေတဲ့စိတ်..

မမငယ်သေပြီးဆိုတဲ့ အသိစိတ်..ရုတ်တရက် အမတစ်ယောက်ဆုံးရှုံးလိုက်ပြီးဆိုတဲ့ စိတ်… ကျွန်တော်ရင်ထဲမှာ ပြောမပြတတ်လောက်အောင် ဗလောင်ဆူနေတယ်…

ကျွန်တော် မမ ငယ်နဲ့  လွန်ခဲ့တဲ့တစ်နှစ်ကျော်က အကြီးအကျယ်စကားများကြပြီး သူ့ ကိုအမ အဖြစ်ကနေ တရားဝင် စွန့် လွှတ်ခဲ့တယ်..

မမငယ်မှာ သမီးနှစ်ယောက် သားနှစ်ယောက်…အကုန်လုံးက အရွယ်ရောက်လို့ အပျိုလူပျို ဖြစ်ချိန်မှ ယောက်ျားနဲ့  ကွာ ရှင်းခဲ့တယ်…

ပြီးတော့ လူ အပြောခံ ပြီးယောက်ျားပေါင်းစုံ နဲ့ တွဲ ပြတယ်….

ဒီအထိ ကျွန်တော် လက်ပိုက်ကြည့်နေခဲ့တယ်…တစ်ခွန်းမှ မဟခဲ့..

အဆိုးဆုံးက သမီးအကြီးဆုံးရဲ့  ရည်းစားဆိုသူ နဲ့  ဘာဘာညာညာ နာမည်ထွက်လာတာ

ကျွန်တော်တို့ မျိုးရိုးမှာ ဒီလိုမရှိတဲ့အတွက် ကျွန်တော် တော်တော်လေးရှက်တယ်….သူကြောင့် ကျွန်တော် တူမကြီးလဲ ရှက်လို့  ဆိုပြီး သီလရှင်ဝတ်သွားရ ရှာတယ်…..မမကြီးပြောခိုင်းလို့ ပြောမယ် ပြောမယ် လုပ်ပြီး တွေ့ ရမှာရှက်လို့  တွေ့ ရင်ဒေါသထွက်မိ မှာ စသည့် အကြောင်းကြောင်းနဲ့  ရှောင်နေခဲ့တယ်….

ပြဿနာစတာက သူ ဒီအကောင်ကိုတရားဝင်ယူမယ်ဆိုတော့….

အားလုံးကဝိုင်းတားကြတယ်…မိသားစုမျက်နှာ ..မျိုးရိုးဂုဏ်သိက္ခာ….. သားသမီးမျက်နှာ ထောက်ထားဖို့ ပေါ့…

ပြီးတော့ အသက်ကလဲ ထက်ဝက်လောက်ကွာတဲ့သူနဲ့ ဆိုတော့..

ကျွန်တော်တော်တော်ပေါက်ကွဲ ပြီး…

” တော်တော် အတ္တကြီးတဲ့မိန်းမ တဏှာရူးတဲ့မိန်းမ လင်တယူးမ နင်တစ်သက်လုံးငါကို မောင် လာ မတော်နဲ့ တော့ နင်ကို ရွံတယ်..မုန်းတယ်..အမလုပ်ပြီးအရှက်မရှိဘူး..

နင်ကို အမတော်ရတာ ရင်နာတယ်..နင်နဲ့ ငါနဲ့ အခုချိန်ကစပြီး သေခန်းပြတ်ပဲ…

နင်သေလဲငါမလာဘူး..ငါသေလဲ နင်ငါ အရိပ်တောင် လာမကြည့်နဲ့  အခုချိန်ကစပြီး ငါမှာ အမတစ်ယောက်ပဲ ရှိတော့တယ်…နင် သေ သွားပြီး ငါ့ဘဝမှာ….”

ပြီးတော့သူ့ ကိုကျွန်တော် မုန်းတီးစွာနဲ့ ပါးရိုက်ခဲ့တယ်….မမငယ် က ဘာတစ်ခုမှပြန်မပြော …အဲဒီနေ့ ကစပြီး အမကို လမ်းတွေ့ ရင်တောင် ရှောင်ခဲ့တယ်…

ထူးဆန်းတာက အဲဒီအကောင် နဲ့ မယူဖြစ်ပေမယ့်

အခုထိနောက်တစ်ယောက်နဲ့ တွဲနေတုန်းပင်…သြော်အခုတော့…

”အကိုအိပ်မပျော်ဘူးလား မိုးတောင်လင်းနေပြီး”

”အေးကွ အိပ်လို့ လဲမရတော့ဘူး မင်း သားနဲ့  သမီးတို့ ကို ပြောကွာ..စောစောသွားကြမယ်လို့ …”

” အကို ပျော်ပွဲစားက ဘယ်အချိန်သွားသွားရတယ်…အခုဟာက ….”

” မင်းငါကို လာမရှေနဲ့ ..ငါဆုံးဖြတ်ပြီးသား…သူနဲ့ ငါဘာမှမဆိုင်တော့ဘူး”

အားလုံးပျော်ပွဲစားထွက်ဖို့ အဆင်သင့် ဖြစ်နေကြပေမယ့် တစ်ယောက်ဆီမှာမှ ပျော်သော အရိပ်ရောင်မတွေ့ …

ကျွန်တော်ကိုယ်တိုင် ရင်ထဲမှာစူးစူးနစ်နစ် ခံစားနေရသလိုလို..ငိုချင်သလိုလို…

လမ်းတစ်ဝက်ရောက်တော့ သားလုပ်သူက

”အဖေ..အဖေက ကြီးကြီးငယ်ကို

အတ္တကြီးတယ်လို့ ပြောတယ်…ဒါပေမယ်အဖေမကြိုက်တဲ့အကောင်ကိုသူမယူခဲ့ဘူး…အခုသူသေပြီး..သေသွားတဲ့ကိုယ့်အမ ကိုတောင် ခွင့်မလွှတ်တဲ့ အဖေကအတ္တပိုမကြီးနေဘူးလား”

အခု ကျွန်တော်မောင်းနှင်းနေသော ကားရဲ့ ဦးတည်ရာအရပ်က ကျွန်တော့်အမ ရှိရာဆီသို့ ………………………………..

ဖိုးစိန်

Comments

Popular Posts