အဖေ့စည်းစိမ်

ဝူး….ဒီနေ့ ကျွန်တော် အရမ်းပင်ပန်းတယ်ဗျာ….

မနက်ကတည်းက အစောကြီးထပြီး ခြံတစ်ခြံသွားရှင်းတယ်.. အပိုဝင်ငွေရှာတာလေ…လောဘကြီးသူကျွန်တော့်ထုံးစံအတိုင်းပေါ့…

အလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့ ရေချိုး အဝတ်လဲပြီးတာနဲ့  ကျောင်းကို တန်းလစ်ရတာဘဲ….ကျောင်းက ပြန်ရောက်လို့ ထမင်းဆွဲမယ်လုပ်တော့ စားဖို့  ဘာမှမရှိ…ရေခဲသေတ္တာက ဟောင်းလောင်း…ကပ်စည်းနည်းပြီးဈေးမသွားတဲ့အကျိုး…..

မထူးပါဘူး …မောမော ဆာဆာနဲ့  ဈေးလစ်ရတယ်…အွန်လိုင်းမှာလဲ ဘော်ဘော်တွေရောက်နေလို့ ချက်တင်ဝင် ချင်တာတောင် အောက်ပြီးဈေးကို အပြေးအလွှား…

ပြန်လာ …ချက်…စား….ပြီးတော့ချက်တင်ထိုင်….

ပြောလို့ မှ အားမရသေး…ညနေပိုင်းအလုပ်သွားဖို့ အချိန်ရောက်လာတယ်..

ထုံးစံအတိုင်း ကံကမကောင်းတော့ စားသောက်ဆိုင်က လူကျတယ်…

ပြန်လာတော့..ဖတ်ဖတ်ကို မောလို့ ..

ဒီ အချိန်မှာ ကိုယ့်ကို ပြုစု ပေးမယ့်သူ…ယုယုယယနဲ့ လက်ဆုပ်လက်နယ် နှိပ်နယ်ပေးမယ်သူများရှိ ရင်ဆိုတဲ့ အတွေးနဲ့ …

အရင်က ရည်းစားဟောင်းတွေရော…မတော်ရသေးတဲ့ ရည်းစားလောင်းတွေရော စိတ်ကူးနဲ့ ဟောက်စားလုပ်ပြီးခေါ်နှိပ်ခိုင်းလိုက်တယ်…. :P

မဂွတ်ဘူးလား…

အဲ ငါးမိနစ်မကြာဘူး စိတ်ထဲမှာ ဟိုရည်းစားနဲ့  ဒီရည်းစား ရန်ဖြစ်ဖူးတယ်…. ဒီကောင်မ က ဟိုကောင်မ ကို သ မဖူးတယ်ဆိုတဲ့ အတွေးဝင်လာရော..တော်ကြာ အညောင်းမပြေ စည်းစိမ်မခံရဘဲ သူတို့ ချတာ ကိုကကြားထဲက အဆစ်ပါလာမှာ ကြောက်တာနဲ့  စိတ်ကူးကို ရပ်လိုက်ရတယ်….

ကျွန်တော်က အဖေတူလားမသိဘူး..

တော်တော် စည်းစိမ်ခံ တတ်တဲ့ အကျင့်ရှိတယ်…

အိမ်မှာ စနေ တနဂ်နွေ လို ရက်တွေ အဖေနား ရင် ကျွန်တော်တို့ မောင်နှမ အပြင် မထွက်ရဘူး …သု့ အနားမှာ နေရတယ်….သူက နေ့ လည်ထမင်းစားပြီးလို့ တစ်အောင့်နေရင်..

” ကဲ အဖေ့ရဲ့  မျောက်ကြီး..နွားလေး နဲ့  …ဝက်မ တို့ လုပ်ငန်းစမယ် ”ဆိုပြီး ခေါင်းအုံးတစ်လုံး သင်ဖြုးဖျာတစ်ချပ် ကိုင်ပြီးအိမ်ရှေ့  က ဘုရားစင် ရှေ့  ကို ထွက်လာပြီ…

သြော် ဒါနဲ့  မျောက်ကြီးဆိုတာ ကျွန်တော်… အကြီးဆုံးလဲဖြစ်..မျောက်ထက်ပိုပြီး မျက်စိနောက်စရာ ကောင်းလို့ တဲ့ …

နွားလေးလို့ အငယ်ကောင်ကို ခေါ်တာ …မောင်နှမထဲ မှာ ထုံလို့ အလို့ …

ဝက်မ က အစားပုပ်တဲ့ အငယ်ဆုံးညီမ…..

အဖေ အဲဒီလို ခေါ်လိုက်ရင် ကျွန်တော်တို့  လဲ မလုပ်ချင် လုပ်ချင်နဲ့  အဖေ ကို ပြုစုရတော့မယ်…မလုပ်ချင်တာက ပြောစရာမလို ဘူးထင်တယ်…အဲ ..လုပ်ချင်တာက အဖေက မုန့် ဖိုးပေးလို့ ….

အဖေစည်းစိမ်ခံပုံက ဒီလိုဗျ…

အငယ်ဆုံးညီမက အဖေ့ခေါင်းက ဆံပင်ဖြူ နှုတ်ရတယ်..

ကျွန်တော် က အဖေ ကျောကုန်းက ဝက်ခြံ ဖုတွေကို အဖေ အယားပြေအောင် ကုတ် ရတယ်…

အငယ်ကောင်းက ခပ်တုံးတုံးဆိုတော့ နင်းတာ နှိပ်တာ ပေါ့….

အငယ်မ က ဆံပင်ဖြူတစ်ချောင်းကို တစ်ကျပ်နှုန်း…

ကျွန်တော်က ဝက်ခြံဖု ဆယ်လုံးကို တစ်ကျပ်နှုန်း…. အဖေ က ကျွန်တော် တစ်ဖုကို ငါးခါလောက်ကုတ်တာကို သိထားလို့ ..ဈေးပို မပေးဘူး….ပြီးတော့လဲ ..အဖေက သူ အယားပြေလို့  ”အား” လို့  အော်မှ ကျွန်တော်ကို ဖုတစ်လုံးဆိုပြီးသတ်မှတ်ပေးတာ… တစ်ခါ တစ်လေ သူ က မေ့ ချင်ယောင်တာနဲ့  ကျွန်တော်စကားများနေတာနဲ့  ကျွန်တော်ကုတ်နေတဲ့ ဖုတွေက ပိုက်ဆံမရဘူး…ကျွန်တော်လဲ ဘယ်ရမလဲ….သူ မေ့ ချင်ယောင်ဆောင်ပြီးမအော်လို့  က တော့ ကွန်ပါ ဆူးချွန်နဲ့ ထိုးပြီးသူအော်အောင် လုပ်တာပေါ့….အဲလို နာမှ အော်တာ ..တစ်ခါတစ်လေ သူ့ ကို စိတ်ဆိုးနေ ရင် ဖုတင်မက ဘူး အသားကို ဘာထိုးတာ…

အဲ…. အငယ်ကောင် က တော့ ငါးမိနစ် နှစ်ကျပ်..

အဖေကို ပုရွက်ဆိတ် လမ်းလျှောက် အနှိပ်နဲ့  ဘဲလမ်းလျှောက် အနင်းမျိုး နဲ့  အဖေကို ပြုစုတာ…ပုရွက်ဆိတ်လမ်းလျှောက်ဆိုတာက အဖေကို သူ က လက်မ နဲ့  လက်ညှိုးဘဲသုံးပြီး ခေါက်တုန့် ခေါက်ပြန် ဆင်းလိုက် တက်လိုက်ပေါ့…

လက်ညောင်းရင်သူ က အဖေပေါ်တက်ပြီးဘဲလမ်းလျှောက်တဲ့ပုံအတိုင်းနင်းပေးတာ ပေါ့… လက်နဲ့ ခြေထောက် အပြောင်းညောင်းလို့ နားတာ နှစ်မိနစ်လောက်ကြာတယ်….

အဲ ..ကျွန်တော်တို့ ထဲမှာ ဝင်ငွေအကောင်းဆုံးက ကျွန်တော့်ညီမ..

အဖေ့ ခေါင်းက ဆံပင်ဖြူကို ဟော တစ်ချောင်း..ဟော တစ်ချောင်းဆို တော့ ကျွန်တော်နဲ့ ကျွန်တော့်ညီက မနာလို ဘူးပေါ့…

အဲဒီအလုပ်ကို လုလုပ်တော့ အငယ်မက မလုနဲ့  တဲ့

ကျွန်တော်တို့ ကို သူ က သူ့ ဝေစုက ခွဲပေးမယ်တဲ့..

ကျွန်တော်တို့  က တော့ ဝင်ငွေကောင်းတဲ့ ဒီအလုပ်ကိုဘဲ လုပ်ချင်တာပေါ့…

နောက်ဆုံး ညီမလုပ်သူ က သူ မလုပ်ရတော့ မယ့် အတူတူဆို တော့

အဖေကို သူ့ ရဲ့ လျှို့ ဝှက်ချက်ကို ပြောပြပါလေရော

ညီမလေးရဲ့  လျှို့  ဝှက်ချက်က …..

အဖေ ထမင်းစားပြီးပြီးဆို တာနဲ့  အိမ်ဘေးနားက ကြောင်ဖြူကို ထမင်းကျွေးမယ်လုပ်ပြီးခေါ်…

ပြီးတော့ အဲဒီကြောင်ရဲ့  အမွေးကိုရသလောက်နှုတ်…

ပြီးရင်ဘုရားစင်နားကတံခါးနားမှာဝှက်ထား…

ပြီးတော့ အဖေခေါင်းက ဆံပင် မှန်သမျှ ဖြူဖြူမဲမဲ နှုတ် …

အဖေကို ကြ တော့ကြောင်မွေးကို ထောင်ပြ …

အဖေ့မှာ ဆံပင်ဖြူတွေများလိုက်တာဆို ပြီး ညာနေ …

ဝင်ငွေတွေကောင်းနေတာ….အဖေက တော့ သူ့ သမီးစေတနာကောင်းတယ်ပေါ့…… :P

တော်သေးတာပေါ့ ကျွန်တော်တို့ ညီအ ကို ကယ်လို့  ..နောက်မဟုတ်ရင် အဖေ အခုဆို ဆံပင်တစ်ချောင်းမှကျန်မှာမဟုတ်ဘူး..

သြော်… အဖေ…အဖေ …

သူ့  စည်းစိမ် က ပိုက်ဆံလဲ ကုန်သေး…..

ဆံပင်လဲ ရှုံး..အသားလဲနာ…အညောင်းလဲမပြေ…..

ဒါလဲ တပြုံးပြုံးနဲ့ …. စည်းစိမ်ခံချင်စိတ်ကအခုထိမကုန်သေးဘူး….. :D

အဖေနေကောင်းပါစေ…………….

ဖိုးစိန်

Comments

Mogok Thar said…
ပျော်စရာကောင်းတဲ့ မိစားစုလေး။ အိမ်လွမ်းသွားဘီ

Popular Posts