အမွှာသူငယ်ချင်းမောင်ချက်

မောင်ချက်
မောင်ချက်ဆိုတာ အဖေပြောသလိုဆို ကျနော်ရဲ့ အမွှာသူငယ်ချင်း
(မောင်ချက်အဖေက ချက်နို့ ဆီလုပ်ရောင်းတော့သားဖြစ်သူက မောင်ချက်အမည်တွင်လာတာ..)
အမွှာ သူငယ်ချင်းဆိုတာက သူနဲ့ ကျနော် တဆေးရုံထဲ အခန်းချင်းကပ်မွေးလာတာ
နေတော့လဲ တရပ်ကွက်ထဲ သူ့ အိမ်က ကျနော်တို့ အိမ်နဲ့ မျက်စောင်းထိုးသာသာ
မွေးမွေးချင်းဖြစ်တဲ့ရောဂါချင်းကလည်းတူဆိုတော့အဖေက ကျနော့် တို့ နှစ်ယောက်ကို
အမွှာသူငယ်ချင်းလို့ ပြောတာသူနဲ့ ကျနော်နဲ့ က တစ်နာရီတိတိကွာတယ်
ကျနော်က တစ်နာရီပိုကြီးတယ်ဆေးရုံကဆင်းတော့လည်း တူတူပဲ
နှစ်ယောက်စလုံးက ချုချာတယ် ငိုလိုက်ရင်တရပ်ကွက်လုံးကြားလို့ 
အာဗြဲ အမွှာလေးတွေလို့ တောင်ပြောကြတယ်…
သူရောကျနော်ရော ရောဂါချင်းတူပုံများ နှစ်ယောက်လုံးဦးနှောက်အမှေးပါးရောင်တယ်..
အဖေတို့ ကမသိလို့ ကျနော်ကိုတီဗွီဆေးတွေထိုးတာပေါ့..
ဒါနဲ့ ဆေးရုံမှာ အဖေတို့ ကန်ထရိုက်ဆွဲပြီး ကျနော့်ကိုထားရတော့တယ်..
အဲဒီအချိန်မှာ မောင်ချက်က တော့ ဆေးရုံမတက်နိုင်ခဲ့ဘူး..
သူ့ အဖေဆုံးတဲ့အချိန်ဖြစ်နေတယ်..ကျနော်ဆေးရုံကဆင်းတော့
ဆရာဝန်ကမှာလိုက်တယ်.. ”ခင်ဗျားသားဥာဏ်ရည်က လူစဉ်မှီမှာမဟုတ်ဘူးတဲ့
ဖြစ်တဲ့ရောဂါနဲ့  ထိုးတဲ့ဆေးကတခြားစီဖြစ်ခဲ့တော့ဦးနှောက်ပျက်စီးလိမ့်မယ်တဲ့ ကလေးနုတဲ့အချိန်ဖြစ်တော့ပိုဆိုးတယ်”
အဖေနဲ့ အမေက စိတ်မကောင်းဖြစ်တာပေါ့ ကျနော်ကံကောင်းတယ်လို့ ပြောမလား..
အဖေနဲ့ အမေပြုစုတာတော်တယ်လို့ ပြောမလား ကျနော် လူကောင်းနီးနီးဖြစ်ခဲ့ရတယ်
လူကောင်းနီးနီးဆိုတာက ကျနော် က ကျောင်းတက်ရလောက်အောင်ဥာဏ်ရေမှီခဲ့တယ်ပေါ့
ဒါပေမယ့် မောင်ချက်ကတော့ ဦးနှောက်ကျပ်မပြည့်တဲ့အပြင် လမ်းလျှောက်လို့ မရတော့ဘူး..
ဖင်ကိုဒရွတ်တိုက်ဆွဲသွားရတယ်..
စကားတစ်လုံးကိုပြောဖို့ မိနစ်တော်တော်ကြာအားယူရတယ်
ဖတဆိုးလဲဖြစ် မပြည့်စုံတဲ့ကြားထဲမှာ ဒီလိုဖြစ်တော့ မောင်ချက် ကိုလူတိုင်းကသနားကြတယ်
အဖေဆိုပိုဆိုးတာပေါ့…ကျနော့်နဲ့ အရွယ်တူ ဆိုတော့ ပိုသနားတယ်..အမြဲတမ်း သူအတွက်ပူပန်ပေးနေတယ်..
သူများထမင်းခွံ့ ကျွေးမှထမင်းစားရတဲ့သူမို့ အဖေက အိမ်ကိုပြန်လာတိုင်း မောင်ချက်ကို လှမ်းလှမ်းမေးတယ်
မောင်ချက် ”ထမင်းစားပီးပီးလာမေးရင်” ”စားရသေးဘူး” ကို မိနစ်တော်တော်ကြာ အောင်
အားလုံးကြားအောင်အော်ပြောလေ့ရှိတယ်.. သူကတော့အဖေမေးရင် စားပီးရင်ဖြစ်ဖြစ်
မစားရသေးရင်ဖြစ်ဖြစ် မစားရသေးဘူးလို့ ပဲအော်တယ် ဒါမှ အဖေဆီက သူစားရမှာလေ..
အဖေကနေ့ တိုင်းလိုမေးတော့ ဒါကိုပဲပီအောင်သူပြောတတ်တယ်..
ကျန်တာပြောရင်တော့လုံးထွေးနေတာပဲ အမေဆိုရင်
ကျနော်နဲ့ ကျနော့်ညီကို ထမင်းခွံ့ ရင်သူ့ ကိုပါ သွားသွားခွံ့ တယ်
အမေလုပ်သူက ဈေးရောင်းထွက်တော့ သူခမျာ အချိန်မှီမစားရဘူးလေ
ကျနော်တို့ ကိုထမင်းခွံ့ ရင်
သူကငေးနေတတ်လို့ အမေကသနားလို့ သူ့ ကိုပါကျွေးတယ်
ငယ်ငယ်တုန်းကတော့သူ့ ကိုခွံ့ ရင်မနာလိုဖြစ်တယ်
ကြီးတော့လဲ အသိစိတ်နဲ့ သနားစိတ်ဝင်လာတာပေါ့
သံယောဇဉ်လို့ ပြောရမယ် သူနဲ့ တရက်တည်းမွေးထားလို့ လားမသိ
သူကတော့ကျနော့်ကို သံယောဇဉ်ကြီးတယ် ကျနော်ကလဲ မော်လမြိုင်ပြန်လည်ရင်
အိမ်အတွက်မဟုတ်တောင်သူ့ အတွက် ပါပြီးသား.. သတိတရရှိတယ်..
ကျနော်ပြန်ရင် သူ့ ခမျာ ကျွန်တော်ပေးထားဖူးတဲ့နှစ်ရှည်လများ မှိုတက်ချောကလက်ကို
ထုတ်ထုတ်ကျွေးတတ်တယ်..
သူလဲချောကလက်ကြိုက်တယ်.. ကျနော့်ကိုထုတ်ကျွေးတဲ့ချောကလက်ကတော့
အရည်ပျော်ပုံပျက်ပီးစက္ကူထဲမှာကပ်နေတဲ့ချောကလက် ကျနော်မစားရင်သူကပြန်သိမ်းထားပီး
နောက်တစ်ခါကျွန်တော်ပြန်လာရင်ပြန်ထုတ်ကျွေးတတ်တယ်
အဲဒါကိုယူထားလိုက်မှ သူ့ ကိုပေးတဲ့အသစ်ထဲကတစ်ခုကို သူပြန်သိမ်းထားတယ်
နောက်တစ်ခါလာရင်ကျနော့်အတွက်ပေါ့
အရွယ်တူဆိုပေမယ့် ဥာဏ်ရည်မမှီတော့သူ့ ကိုကျနော်ကကို့ ထက်အငယ်လိုပဲမြင်နေတယ်
ကျနော်မော်လမြိုင်တစ်လလောက်ပြန် မလာဖြစ်ရင် သူက အမေ့ကိုလှမ်းခေါ်ပီး
ကျနော်ဓာတ်ပုံကိုထုတ်ပြမေးတယ်အမေက ကျနော်မိန်းမရသွားပြီးလို့ ပြောရင် လက်ခုတ်လေးတီးလို့ 
ပျော်နေရှာတယ်..
တစ်ခါတစ်လေကျနော်က နောက်ပြီး နင်ဘယ်သူကို ကြိုက်လဲ ငါပြောပေးမယ်လို့ မေးရင် သူက ကျနော့်ညီမကိုရှက်ရှက်နဲ့  လက်ညှိုးထိုးပြတယ် ကျနော်တို့ မှာရယ်လိုက်ရတာအူကိုတက်လို့ 
ညီမက ”နင်ငါ့ကို ယူရင်နင်အလုပ်လုပ်ရမယ် ဒီလို နေတိုင်းထိုင်နေလို့ မရဘူး”ပြောတော့
အဖေ့ကိုအားကိုးတကြီးနဲ့  လက်ညှိုးထိုးပြတယ်လေသမီးကိုယူပီး ယောက်ခထီးလုပ်စာထိုင်စားမဲ့သားမက်..
တစ်ခါတစ်လေ ကျနော့်ညီ နဲ့ အဖေက အမြင်မတော်ရင် မောင်ချက်ကို ရေချိုးခေါင်းလျှော်လုပ်ပေးနေကျ ..
အဲဒီလိုရေချိုးပေးပြီး အဝတ်စားဝတ်ပေးလို့ ကတော့ လမ်းပေါ်မှာတွေ့ သမျှ မိန်းကလေးတိုင်းကို ဖလိုင်းကစ်စ်တွေ ပေးနေတာ အကျီအသစ်ဝတ်ထားကြောင်းကိုကြွားနေတာ..
တခါတလေသူ့ ကိုကြည့်ရင်ရယ်ရလို့ အဖေတို့ အမေတို့ ကသနားတယ်လေ
ကျနော်က ရန်ကုန်မှာအနေများတယ်ဆိုတော့မော်လမြိုင်ပြန်ပြီးဆိုရင်
ကျနော့် မိသားစုကပြောတဲ့မောင်ချက် အကြောင်းကို နားထောင်ရတာ အရသာကိုရှိလို့ 
ကောင်းတဲ့လူတွေက ကောင်းတာသင်ပေးသလို မကောင်းတဲ့သူတွေကလည်း ချောက်ချတာမောင်ချက် တစ်ယောက်ခံရတာပဲသူကမသိဘူးလေ သူဆီလာလည်ရင်သူ ကပျော်နေတာပဲသိတယ်..
လူဆိုတာကလဲခက်သား တပါးသူ က ကျပ်မပြည့်ပါဖူးဆိုတာကို
အပျော်လုပ်ပြီး ချောက်တွန်းချင်နေတယ်မောင်ချက်လဲခံစားရမှာပါ
မောင်ချက် က သူမဟုတ်တာလုပ်လို့  သူ့ အကြောင်းပြန်ပြောတာသိရင်လဲ
သူကမျက်စိပျက်မျက်နှာပျက်နဲ့ ရှက်နေတယ်
သူ့ အမေကတော့ ဘာဖြစ်ဖြစ်သားလုပ်သူကိုသနားလို့ ရေငုံနှုတ်ပိတ်နေတယ်..

သူ့ ကိုကျနော်က ”ဟေ့ကောင် ငချက်ငါ့အမေပြောတာတကယ်လား.. ”လို့ မေးရင်
ရှက်ရှက်နဲ့ သနားစရာမျက်နှာလေးနဲ့ ခေါင်းညိတ်ပြလေ့ရှိတယ်..
သူ့ အကြောင်းကောင်းတာပြောလို့ ကျနော်တို့ ရယ်နေရင်တော့ သူကလက်ခုတ်လေးတီးတယ်..
ကာတွန်းကားကြိုက်တဲ့သူ့ ကို ညီလုပ်သူ က ပါဝါရိမ်းဂျားဖွင့်ဖွင့်ပေးတယ်..ပြန်သွားရင်တော့ ပါးစပ်က တဖြီဖြီးနဲ ့ သိုင်းကျင့်နေလေရဲ့ .. ဘာဖြစ်ဖြစ် ကျနော်တို့ မိသားစုက သူ့ ကိုသနားတယ်
မောင်ချက်အမေ လုပ်သူက မနက်ပဲပြုတ်ရောင်း ညနေအဝတ်လျှော် မီးပူတိုက်လုပ်နေရလို့ 
သားလုပ်သူကိုအချိန်ပြည့်မကြည့်အား ကျနော်တို့ မိသားစုကလဲမောင်ချက်ကိုချစ်
ရပ်ကွက်ကလဲမောင်ချက်ဆိုရင် သနားကြတာသိလို့  စိတ်ချလက်ချ ထားထားသွားပါတယ်
သားလုပ်သူကို ငြိုငြင်မှာကြောက်လို့ နောက်အိမ်ထောင်မပြုဘူး မောင်ချက် ကိုကျပ်မပြည့်ဖူးဆိုပေမယ့် သားကိုဂရုတစိုက်နဲ့  အားတဲ့အချိန်တော့သားအနားမှာအချိန်ပြည့်ရှိနေတတ်တဲ့
အမေမျိုးပါ.. မောင်ချက် ကိုလှည်းပေါ်တင် သူ့ အမေနဲ့ ရပ်ကွက်က
ကလေးတွေ လူကြီးတွေက လှည်းဝိုင်းတွန်းပီး ရပ်ကွက်တစ်ပတ်လှည့်တဲ့နေဆို
မောင်မြစ်ခမျာ.. မျက်ရည်စို့ လို့  လက်ခုတ်လေးတီး..သီချင်းအော်ဆိုလို့  ပျော်နေရှာတယ်လေ..
တွေ့ တဲ့သူတိုင်းကိုနှုတ်ဆက်ရတာအမောပဲ.. သူ့ ဘဝမှာ သူအမေကိုဂျီကျတာ တစ်ခါဖူးမှမတွေ့ ဖူးဘူး..
စိတ်ဆိုးစိတ်ကောက်တတ်ပေမယ့်..အမေကိုဒုက္ခပေးတဲ့သားမဟုတ်ဘူး..
ကျွေးရင်စားတယ်..ပေးရင်ယူတယ်..မတောင်းစားဖူး.. သူဆီသွားရင်တောင်မုန့် စားရအုံးမယ်..
သိတတ်တယ်..လိမ္မာတဲ့မောင်ချက်ပါ..
အင်း..
ဘဝဆိုတာက မပြည့်စုံကတဲ့ကြားထဲက အတိတ်ဘဝကံအကျိုးပေးကမကောင်းပြန်ဖူး
တနေ့ တော့ကျနော့်အမေဆီက ဖုန်းဝင်လာလို့ ဘာများဖြစ်လဲပေါ့
အမေကနင့်သူငယ်ချင်းအမွှာ မောင်ချက် ဆုံးပြီးတဲ့မထင်မှတ်တဲ့အချိန်မှာ
ရုတ်တရက်ကြားလိုက်ရလို့  ရင်ထဲကိုဆို့ သွားတာပဲ..
ဘယ်လို မှဆက်စပ်တွေးလို့ မရတဲ့အရာတွေလေသူ့ အမေနေမကောင်းလို့ ဆိုပြီး ညဘက်ကြီး
အပြင်ထွက်သွားပြီး တစ်ယောက်ယောက်ကိုခေါ်တယ်နေမှာညဘက်သန်းခေါင်ကျော်ဆိုတော့
မောင်ချက်အမေကတောင် သူထွက်သွားတာမသိလိုက်ဘူး
နောက်နေ့ မနက်ထိ အမေလုပ်သူ ပဲပြုတ်ရောင်းထွက်တော့သားလုပ်သူအိပ်နေတယ်ထင်ပြီး
အရင်လို ပဲဈေးရောင်းထွက်ခဲ့တယ်ဈေးကပြန်လာတော့
မနက်ကတည်းကမတွေ့ တဲ့မောင်ချက်ကို
မေးတော့မှ လိုက်ရှာကြတယ်ဒါတောင် တစ်ယောက်ယောက်က
အိမ်ခေါ်ပီးထမင်းကျွေးတယ်ထင်နေကြတာ
မောင်ချက်ရဲ့ အမေကတော့မဗဒါဖြစ်နေလောက်တယ်..
နှစ်ရက်လောက်ကြာတော့မှ ရပ်ကွက်ထိပ်ကချောင်းထဲမှာ
အလောင်းတစ်လောင်းမျောလာတယ်ဆိုလို့ 
လူတွေသွားဆယ်တော့မှမောင်ချက်အလောင်းဖြစ်နေတယ်…
ဘယ်လို့ မှဆက်စပ်တွေးလို့ မရတဲ့မောင်ချက်ပါ..
အမေကိုစိတ်ပူပြီး အပြင်ထွက်သွားတဲ့မောင်ချက်တစ်ယောက် မှောင်မှောင်မဲမဲထဲမှာ
ဘယ်ကနေဘယ်လို ချောင်းထဲရောက်သွားတာလဲ သူပဲလမ်းမှားတာလား
သူကိုယ်တိုင်ပဲချောင်းထဲကိုဆင်းသွားတာလားတစ်ယောက်ယောက်ကပဲ
နောက်ရင်းလက်လွန်သွားတာလားမသိဘူးသူ့ အမေပြောတာတော့
”သူ ဒီရက်ပိုင်းအတွင်းမှိုင်နေတယ်..
ထမင်းလဲမစားဖူး.. ကျမလဲနေသိပ်မကောင်းတော့ဂရုမစိုက်ဖြစ်ဖူး” တဲ့
သူတပါးအပေါ်ဘာမှ မလုပ်နိုင်တဲ့ ဘာမှမလုပ်တတ်တဲ့ စိတ်ထားဖြူစင်တဲ့မောင်ချက် ဘာတွေများခံစားခဲ့ရသလဲ..ဘာတွေဖြစ်ခဲ့တာလဲ..ဘာကြောင့်လဲဆိုတာ
ကာယကံရှင်မောင်ချက်တစ်ယောက်သာအသိဆုံးနေမှာပါ..စိတ်မကောင်းပါဘူး..
သူနဲ့ ကျွန်တော် လာခဲ့ပုံချင်းက အတူတူပါပဲ
ဒါပေမယ့် နေရတာနဲ့ ထွက်သွားတာ ကတော့မတူပါဘူး..
တစ်ခုတော့ရှိတယ်..
သူ ဝဋ်ကျွတ်သွားတယ်လို့ ပဲဖြေပါတယ်…
“သဗ္ဗေ္ဗသတ္တာ ကံမသက္ကာ”
ဖိုးစိန်

Comments

khin oo may said…
အဲဒါဘဲ သူ့အတွက်ကောင်းပါတယ။်
ကံတွေများနော်
အဲဒီလို အဖြစ်မျိုးကို လူတိုင်းကြုံရနိုင်ပါတယ်
ဒါကြောင့်လည်း ကုသိုလ်များများလုပ်ဖို့လိုတာပေါ့နော်.။

စာလေးတွေ ဘယ်ညာညှိနိုင်ရင် ပိုကောင်းသွားမယ်ထင်တယ်။
Anonymous said…
အကိုဖိုးစိန်ရေ လာဖတ်သွားပြီးခံစားသွားရကြောင်းပါ
ဒီလိုလူတွေကို အနော့လည်း ကိုယ်ချင်းစာတယ်ဗျ
သနားတယ် သူ့ တို့ လိုဘဝတွေကိုလေ
ကိုရဲ said…
လူတိုင်းမှာ ပြီးပြည့်စုံတာမရှိပါဘူး ။ လိုအပ်ချက်ဆိုတာကတော့ လူတိုင်းမှာ ရှိစမြဲပါလေ ။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ ။

(ကိုရဲ)
Dream said…
ဖတ်ပြီး ရင်ထဲ မောသွားတယ်.. မောင်ချက်လေး သနားပါတယ်.... ကောင်းရာဘုံဘ၀မှာ စံစားနိုင်ပါစေလို့ ပဲ ဒီကနေ ဆုတောင်းပေးလိုက်ပါတယ်....

သားဦးတွေရတဲ့ မိဘတွေကလည်း အတုယူချင်စရာပါ...ပထမဆုံး ရလာတဲ့ကလေးကို ပြုစုတတ်အောင် လေ့လာထားတာ အကောင်းဆုံးပါ....
ကလေးဆိုတာကလည်း မိဘတွေရဲ့ အပြုအစုပေါ်မှာ အများကြီး မူတည်ပါတယ်။

(အော်.. ဒါကျောင့် တထာတထာ အူးအူးဖွတ်ချိန် ကလွတ်လွတ်တွားဂိုး... ဟိဟိ... ကျပ်မပြည့်ဖူးနော်..... :P )

ဖတ်ရတာ စိတ်မကောင်းဖြစ်သွားတယ်။
မောင်ချက်လေး သနားပါတယ်..
မျက်စိထဲ မြင်ယောင်လာတယ်..
ဖတ်ရတာ စိတ်မကောင်းစရာ..
ကံကြမ္မာ၊ ဘဝပေး၊ ဝဋ်ဒုက္ခ..
အင်းးး ဘာပဲဖြစ်ဖြစ်..
ကောင်းရာသုဂတိ လားပါစေပေါ့..
Anonymous said…
စိတ်မကောင်းဖြစ်ရပါတယ်။ အရင်ရက်ကလဲ လာဖတ်ပါတယ်။ ကွန်နက်ရှင် မကောင်းနေတာနဲ့ အခုမှပဲ ကွန်မန့်လာပေးနိုင်တော့တယ်။ အပြစ်ကင်းတဲ့သူ တစ်ယောက်အနေနဲ့ ကောင်းရာဘုံကို ရောက်ရှိနေမှာပါ။
အင်း.... အတိတ်ဘဝက ကုသိုလ်ကံလို့ ထင်တယ်အစ်ကိုရေ...
ဟူးးး ... မောလိုက်တာ သာကောရယ် .. ဖြစ်မှ ဖြစ်ရလေ .. ဖတ်ပီး စိတ်မောသွားပါတယ် .. မောင်ချက်လို လူမျိုး ဘယ်နှယောက် ရှိဦးမလဲ ဆိုပီး တွေးသွားပါတယ် ..
WWKM said…
ဖတ်သွား၏။ မြန်မြန်မန့်ရတယ်.း)
ဘ၀ဆိုတာ ဒီလိုပါပဲ...ဒါကြောင့် လက်ရှိဘ၀လေးမှာ အသက်ရှင်နေခိုက်မှာ လူတွေဟာ ရာထူးတွေ ဂုဏ်တွေ မာန တွေ နဲ့ ပကာသန ပေါင်းများစွာထဲမှာပဲ နစ်မွန်းနေပြီးတော့ အရာအားလုံးကို မေ့နေတတ်ကြတယ်...တစ်ယောက်နဲ့တစ်ယောက် အငြိငြင်နေတွေနဲ့ ဒေါသမောဟတွေ ဖုံးလွှမ်းနေပါတယ်..ဒါကြောင့် အသက်ရှုင်လေးအခိုက်မှာ မိမိဘ၀မှာ ဖြစ်ချင်တာထက် မိမိဖြစ်သင့်တဲ့ စိတ်အချမ်းသာဆုံးနဲ့ မိမိလုပ်ချင်တဲ့ အရာလေးတွေကို လုပ်နေရတာက ပိုပြီးတော့ အဓိပာယ်ရှိပါတယ်...
အကို စာရေးတတ်တယ်ဗျာ
ကောင်းရာသုဂတိလားပါစေ
မောင်ချက်ရေ
flowerworld said…
အခုမှဖတ်ရတယ် ဖိုးစိန်ရေ သနားပါတယ် ဝဋ်ကျွတ်သွားတာပေါ့နော်
ဖတ်တယ်---စာဆုံးသွားတော့ ရင်ထဲမှာ--
ကြေကွဲသွားမိတယ်--
အတိတ်ကံခြင်းမတူခဲ့ဘူးပေါ့လေ---
ဖိုးစိန်လေး--ရသအရေးကောင်းတယ်--
အစစအရာရာအဆင်ပြေပါစေ---

Popular Posts