ဆုတောင်းကြမယ်ဆိုလျှင်



ဆည်းလည်းသံတွေ ခေါင်းလောင်းထိုးသံ တွေနဲ့ အတူ မနက်ခင်းတစ်ခုရဲ့

အာရုံဦးအလင်းကျချိန် ဘုရားဝတ်ပြုရတာဟာ အလွန်တရာကြည်းနူးပီတိဖြစ်စရာ ပါ…..

ကျွန်တော် ဦးသုံးကြိမ်းချပြီးတော့ ဆည်းလည်းသံတွေနဲ့ အေးချမ်းမှုရှိလှတဲ့

နေခြည်အလင်းဖြာနေတဲ့ ဘုရား ကိုကြည်နူးမှုတွေနဲ့  မော့ကြည့်မိတယ်..

ပြီးတော့အနားမှာတတွတ်တွတ် ဆုတွေတောင်းနေတဲ့ ကျွန်တော့်ချစ်သူ

ကိုလှမ်းကြည့်မိတော့ ကျေနပ်စွာပြုံးမိပြန်တယ်….

မွေးရက်တိုင်းမှာ ဘုရားရောက်ဖြစ်တဲ့ကျွန်တော်တို့ နှစ်ယောက်…

ရောက်တိုင်းလည်း နားညီးလောက်အောင်ဆုတောင်းတတ်တဲ့ ကျွန်တော့်ချစ်သူလေး…..

အပြစ်မမြင်ပဲ ကျေနပ်နေတတ်တဲ့ကျွန်တော်…

သူမဆုတောင်းပြီးတိုင်း ကျွန်တော့်ကို

”မောင်ဒီနေ့ ဘာတွေဆုတောင်းလဲ”ဆိုတာမေးနေကြ

ကျွန်တော်ကလည်းပြုံးပြုံးနဲ့  မသိချင်ပါနဲ့ လို့ ပြောရင် သူမက စိတ်ကောက်တဲ့မျက်နှာထားနဲ့ ..

”ငယ်ကတော့ဘဝဆက်တိုင်း မောင်နဲ့ မခွဲပါရစေနေလို့ ဆုတောင်းရတာ

ချစ်လိုက်ရတာ..သူကတော့ မဆုတောင်းဘူး…

ဆုဆိုတာတောင်းမှပြည့်တာ…မောင်လဲ ငယ့်လိုဆုတောင်းမှ

ငယ့်ဆုတောင်းလဲပြည့်မှာပေါ့”လို့  မကျေမနပ်လေသံနဲ့ ပြောပြီး…

”မောင်..ငယ့်ကိုမချစ်ပါဘူး”ဆိုပြီးဝမ်းနည်းချင်သူလေး….

သူမဝမ်းနည်းတဲ့အခါတိုင်းလဲ

”ငယ်ရယ်…မောင့်ဘဝမှာငယ့်ကိုသာချစ်ခဲ့တာ..ငယ်သာမောင့်အချစ်ဆုံး..

မောင်ငယ့်ကို ဒီဘဝမှာ မောင့်အသက်ဝိညဉ် ရှင်သန်နေသလောက် ချစ်နေမှာပါ…

မောင့်ရဲ့ သစ္စာပါ….ဒါပေမယ့်…”လို့ စိတ်ထဲက

ပြောနေကျပါ…..
.......................................

ရွာထဲကို ပွဲကားဝင်လာကတည်းက ကျော့ကုန်းရွာ တစ်ရွာလုံး..

အုံ့ အုံ့ ကျွက်ကျွက်နဲ့ ညံဆူကုန်ပြီး..

ကလေးတွေ ရဲ့ ဟေး…ပွဲကားလာပြီးဆိုတဲ့ အော်ဟစ်ပျော်ရွင်သံတွေကြောင့်

အပျို..လူပျိုက အစ အဖိုးကြီးအဖွားကြီးအဆုံး..

လုပ်နေကျ အလုပ်လေးတွေကို ပြစ်လို့ ပွဲကားကို ပြေးထွက်ကြည့်ကြတယ်…

ဘယ်သူက မင်းသမီး..

ဘယ်သူကလူရွှင်တော်..

ဘယ်သူက လူကြမ်းဆိုတာကို ပွဲမကခင်ကတည်းက သိချင်သူတွေက တော့

ပွဲစင်ဆောက်ထားတဲ့နေရာမှာ နေရာယူရပ်ကြည့်နေတာ..ရွာတစ်ဝက်နီးပါး..

ဒီနှစ်က ရွာလုံးကျွတ် ဘုရားပွဲလုပ်လာတာ နှစ်(၅၀)တိုင်ပြီးဆိုတော့

ရွှေရတုအထိမ်းအမှတ်အနေနဲ့  ပွဲကို (၉)ညတိုင်တိုင် ဇာတ်အဖွဲ့ နှစ်ဖွဲ့ နဲ့ အတူ

ပျော်ပွဲလုပ်မှာဆိုတော့..အားလုံးက ပျော်နေကြတယ်..

အဲဒီထဲမှာရွာမျက်နှာဖုံးရဲ့ သမီး..ငယ်ဂုဏ်..မိဘဂုဏ်..အလှဂုဏ်တွေနဲ့ အတူ

ချောမွတ်ညက်ညောလှတဲ့ အပျိုဖြန်းမလေးမိရွှေအေးတို့ ကလည်းထိပ်ဆုံးကပါတယ်…

ငယ်လည်းငယ်..ချောလဲချော.ဆိုတော့

အလွှာ အသီးသီးက ကိုကိုကာလသားများရဲ့ စဉ်းစားခန်းမှာ အချစ်နန်းစံခြင်းခံရသူလေး…

ဒါပေမယ့် ရွှေအေးလေးက အချိန်မအားဘယ်သူ့ကိုမှ မလေးမထားသူ အဖြစ်

ကိုကိုကာလသားများနဲ့ ခန်းလိပ်ကာချလို့ ချစ်ခန်း ကို ရပ်တန့် ထားတယ်…

ဒီနေ့ တော့ ရွှေအေးလေးတစ်ယောက်

ပွဲထဲမှာပါလာတဲ့တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိပါရဲ့..

သူမစိတ်ဝင်စားသူ ပုံစံကိုကြည့်ရတာ နုံနုံချာချာဆိုတော့ မင်းသားမဟုတ်သလို

ပျော်ရွင်မှုအရိပ်ရောင်ရေးရေးမှမမြင်ရတဲ့

သူ့ မျက်နှာကြောင့်လူရွှင်တော်မဟုတ်နိုင်….

ခေါင်းကိုပုဆိုးနဲ့  ခေါင်းတစ်ဝက်နီးပါမပေါ်အောင်ပေါင်းထားတဲ့

သူ့ ပုံစံကိုကြည့်ရတာကာလာကာဆွဲများလား ဘာလာညာလားဆိုတဲ့

အတွေးနဲ့ မိအေးတစ်ယောက်အတွေးဝင်ပြီးစိတ်ဝင်စားမိခဲ့တာ

မိအေးဖြင့်သူ့ ကိုယ်သူ့ အံ့သြမိတယ်….

ပွဲစထွက်တဲ့ညမှာ မိအေးသိလိုက်ရတာက

သူကနှဲဆရာလေး

ပွဲကြည့်ရင်ရှေ့ ဆုံးကကြည့်တတ်တဲ့မိအေး..

ဒီတစ်ခါပြဇာတ်ထက်နှဲ ဆရာကိုစိတ်ဝင်တစား ကြည့်နေရင်းနဲ့ မှ

ချစ်စိတ်တွေ တစ်ဖွားဖွား..သနားစိတ်တွေ ရေစီးကမ်းပြို….

သုံးညမြောက်နေ့ မှာတော့ အကြည့်ချင်းဆုံလို့  အပြုံးချင်းဖလှယ်…

ငါးရက်မြောက်ညမှာ ပြဇာတ်အပြီး နှဲဆရာလေးနဲ့ အပြင်မှာတွေ့ …

မိအေးအချစ်ကိုရှာတွေခဲ့တယ်..

ရှစ်ညမြောက်ညမှာတော့ ကိုနှဲဆရာက မိအေးကို နောက်ဆုံးနှုတ်ဆက်တော့..

မိအေးက ငယ်သူပီပီ သူကနှဲဆရာကိုချစ်နေမိကြောင်းပြောတော့

နှဲဆရာလေးက မိအေးကို ခေါင်းမှာပေါင်းထားတဲ့

ခေါင်းပေါင်းလေးကိုဖြည်ပြတော့မှ

မိအေးခင်မျာ အံ့သြစိတ်နဲ့ အတူ နားရွက်နှစ်ဖက်မရှိတော့တဲ့ ကိုနှဲဆရာလေးကိုမြင်ခဲ့ရတယ်…

မိန်းမဆိုတာခက်သား…သနားစိတ်ဝင်ပြီးရင်ဘာကိုမှမမြင်တော့တဲ့

မျက်ကန်းအချစ်ရှင်တွေဆိုတော့ နူနာစွဲလို့ နားရွက်နှစ်ဖက်မရှိတော့တဲ့

ကိုနှဲဆရာကိုတောင် ခိုးခိုင်းခဲ့တယ်…

မိဘတွေက အရှက်တကွဲ ဖြစ်ပေမယ့် သမီးကိုချစ်တော့

သမီးနောက်လိုက်ပြီးပြန်ခွဲ ဖို့ လုပ်တယ်..

ဒုက္ခများစွာနဲ့  အတူ အနူရောဂါသည်ယောကျားနဲ့ 

နေနေရတဲ့ မိအေးတစ်ယောက် မိဘတွေက လာပြန်ခေါ်တော့

ပြန်မလိုက်တဲ့အပြင် မြေမှာလူးလို့ သူ့ ကိုပြန်ခေါ်မယ့်အစားသူ့ ကိုသတ်သွားပါ

နှဲဆရာနဲ့ တော့မခွဲနိုင်ဘူးလို့  အော်ဟစ်ငိုကြွေးတော့ မိဘတွေက

သူ့ ဘဝနဲ့ သူဆိုပြီးလက်လျှော့ခဲ့ရတယ်..

မိအေးဟာ..သူ့ ရဲ့ ယောကျားနှဲဆရာလေးခြေတွေ လက်တွေ ပြုတ်ကြွေတဲ့အထိ

လုပ်ကျွေးပြုစုခဲ့သလို သူကိုယ်တိုင် လူမသိ တဲ့နေရာမှာ ယောကျားဆီက

ကူးခဲ့တဲ့ရောဂါနဲ့ ပဲ သေဆုံးခဲ့တယ်လေ..

ရွာကျောင်းကဆရာတော်က

”အင်း…ဒါအရင်ဘဝက ဆုတောင်းတာမှားခဲ့ကျတာ…

အတိတ်ကံ နဲ့ ဝတ်ကျွေးကို မေ့ထားပြီး ချစ်သူတွေ ဟာ

ဘဝတစ်ခုခုတုန်းက ဘဝဆက်တိုင်းအတူတူနေရပါစေလို့ ဆုတောင်းခဲ့ကြတာ..

ဆုတောင်းက ပြည့်တော့ အခုလို မတူညီတဲ့ကံတရား နဲ့ ခုဘဝမှာ လာဆုံဆည်းတော့

ဆုတောင်းထားကြတဲ့အတိုင်း နေသွားကျရတာ..

ကိုယ် က ချစ်ရင်ဖြစ်ဖြစ် မုန်းရင်ဖြစ်ဖြစ် ဆုတောင်းရင်

လောဘမကြီးဖို့ နဲ့ ဆုတောင်းတတ်ဖို့ လိုတယ်

ကိုယ့်ရဲ့ အတိတ်ကံဟာ အခုဘဝမှာ

ကိုယ့်ချစ်တဲ့သူနဲ့ တူညီနေပေမယ်..

နောက်ဘဝမှာကံ

အကျိုးပေးက ကွဲနေချင်ကွဲနေလိမ့်မယ်…

အဲဒီလို အခါမျိုးမှာဆုတောင်းပြည့်နေရင်တော့မိအေးလို

အဖြစ်မျိုးမလွဲမသွေကြုံ မှာ..

ဒါကြောင်ဆုတောင်းရင်အသိတရားနဲ့ ယှဉ်ပြီးဆုတောင်းကြလို့”


မိန့် တော်မူတယ်….
................................

”မောင်”

”မောင်…ဘာတွေစဉ်းစားနေတာလဲ..ငယ်ခေါ်နေတာကြာပြီး…”

ကျွန်တော်ငယ့်ကိုပြုံးပြရင်း…

”အရင်အပတ်ဘုရားတက်တုန်းက ငယ့်ကို မောင်ပြောပြခဲ့တဲ့မိအေးပုံပြင်လေးကို

သတိရသွားလို့ ပါ ငယ်ရယ်…..

ငယ်ရော..အခုအကြာကြီးဆုတောင်းတဲ့ထဲမှာ

အရင်လိုဘဲ ဘဝဆက်တိုင်းမောင်နဲ့ ပေါင်းရပါစေလို့ ဆုတောင်းသေးလား…”

ငယ်က

”မောင်ပုံမှန်ဆုတောင်းနေကျ ငယ့်အတွက်မောင့်ဆုတောင်းကိုပြောပြရင်

ငယ်လဲပြောပြမယ်..ဘယ်လိုလဲ”

လူလယ်ကျတဲ့ငယ့်ခေါင်းလေးကိုကျွန်တော်ဖွဖွလေးခေါက်ရင်း..

” နောင်ဘဝဆိုတာများရှိခဲ့ရင် အခုလိုလက်ရှိဘဝအတိုင်းမောင်နဲ့ ငယ် ပြန်ဆုံပါရစေလို့ ”

ဆုတောင်းနေကျဗျ..

”အိုး..မောင်ရယ်..ငယ်လည်းဒီနေ့ မောင်တောင်းတဲ့ဆုအတိုင်းလိုတောင်းမိလိုက်တယ်”

ငယ့်လက်လေးကိုဆုပ်ကိုင်ထားတဲ့ကျွန်တော့်လက်ချောင်းလေးများက

ငယ့်ရဲ့ လက်လေးများကိုပိုတင်းကျပ်သွားအောင်ဆုပ်ကိုင်မိလိုက်တော့..

ငယ့်ဆီက ခွန်အားတစ်ခု ကျွန်တော့်နှလုံးသွေးကြောများဆီသို့ စီးဆင်လာသရောင်……


ဖိုးစိန်

Comments

အဟား တစ်ခုတော့ကြိုက်တယ်
ဘုန်းဘန်းပြောတဲ့ ဆုတောင်းရင်
” ကိုယ် က ချစ်ရင်ဖြစ်ဖြစ် မုန်းရင်ဖြစ်ဖြစ် ဆုတောင်းရင်

လောဘမကြီးဖို့ နဲ့ ဆုတောင်းတတ်ဖို့ လိုတယ်

ကိုယ့်ရဲ့ အတိတ်ကံဟာ အခုဘဝမှာ

ကိုယ့်ချစ်တဲ့သူနဲ့ တူညီနေပေမယ်..

နောက်ဘဝမှာကံ

အကျိုးပေးက ကွဲနေချင်ကွဲနေလိမ့်မယ်…

အဲဒီလို အခါမျိုးမှာဆုတောင်းပြည့်နေရင်တော့မိအေးလို

အဖြစ်မျိုးမလွဲမသွေကြုံ မှာ..

ဒါကြောင်ဆုတောင်းရင်အသိတရားနဲ့ ယှဉ်ပြီးဆုတောင်းကြလို့ ”

ဒါလေးပါပဲ အကိုပြောမှ ညီလည်းသတိထားရတော့မယ်
Anonymous said…
read သွားသည်.။
kom
MANORHARY said…
ဟိုနေ့ကပြောတော့ ခိုင်ဆို
ခု ငယ်လား..လူကြီးတွေကိုမျက်စေ့လည်အောင်လုပ်နေ
တယ် ဝါဝါရေ...
WWKM said…
ဒါဆို နာမည်က ခိုင်ငယ်ငယ်ဖြူ......... ဖြစ်ရမယ် မနော်ရေ. :P
ပဒုမပေါင်တို ဇာတ်ကို သတိရသွားတယ်
အော် ဇာတ်လမ်းလေးက ကောင်းသလို
အသိတရားလေးတွေ ပေးတာကောင်းလိုက်တာ
ချစ်သူတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
စိန် ပြသာနာတက်နေတယ် စိန့်အိမ်
စီပုံးလဲအလုပ်မလုပ်ဘူး
ဆိုက်သစ်လဲ အလုပ်မလုပ်ဘူး
တီ အိပ်တော့မယ်
လာပြောတာ
စီပုံးက ပြောမရလို့ မန့်သွားတယ်နော် တာ့တာ
အကိုပြောမှဆုတောင်းရင်ဘယ်လိုတောင်းရမယ်
ဆိုတာသိသွားပြီ..အသိတရားနဲ့အညီဆုတောင်း
တတ်အောင်ကြိုးစားရပါဦးမယ်..
ဆုတောင်းလေး ကောင်းတယ်ဗျာ.. စာသီတာ ရှင်းနေတာပဲ.. စာရေးကောင်းတယ်ဗျို့.. အကြောင်းရာ ရိုးရိုးလေးကို ဖတ်ချင်လာအောင် ဆွဲသွားတာ. အားပေးပါတယ်ဗျာ

Popular Posts