Tuesday, 17 March 2009

သိုဝှက်သိမ်းဆည်းထားသော


အခန်း(၁)

”ဖြူ”
”ဖြူ”
”မောင်မေးနေတာကြားလား. ”
”အင်” တစ်လုံးထဲ နဲ့ ကျမခေါင်းညိတ်တော့ မောင် က အားမလိုအားမရ..လေသံကအစ မာလာတာကိုသတိထားမိပါတယ်
”မောင်မေးနေတယ်လေ…မနက်ဖြန်ဘာနေ့ လဲဆိုတာ”
”တနင်္ဂနွေ..ရုံးပိတ်ရက်..မောင်ဘာစားချင်လို့ လဲ”..
”မင်းကကွာ ”
မောင်တော်တော်ခံပျင်းသွားပုံရသည်….
ဆွယ်တာထိုး နေရင်း ကျမမောင့်မျက်နှာကို လှည့်ကြည့်တော့ မောင်က မျက်မှောင်ကုပ်လို့ 
ဟိုဘက်လှည့်သွားလေရဲ့ ..ကျမ ရယ်ချင်သည်..မောင်က တစ်ခါတစ်လေ စိတ်ကောက်တတ်သည်..
မောင်ဘာကိုမေးသလဲဆိုတာကျမ သိပြီးသား..မနက်ဖန် မောင်နဲ့ ကျမ အိမ်ထောင်သက် (၃)နှစ်ပြည့်တဲ့နေ့ 
ဒါကိုမောင်က ကျမကိုသတိရစေချင်တာ..ကျမက မိန်းခလေး..မောင့်ကိုချစ်တဲ့သူ ..မမှတ်မိပဲနေပါ့မလား..
”မောင်”
”မောင် ”
”ဖြူခေါ်နေတယ်လေး..လှည့်ကြည့်ပါအုံး”လို့ ပြောရင်း…
မောင့်အနားကိုထသွားတာတောင်မောင်က လုံးဝမလှုပ်
ကျမ မောင့်မျက်နှာမူရာဘက်ကိုလှည့်ရင်းမောင့် နဖူးကို ဖွဖွလေးနမ်းကာ
”ဖြူတို့ (၃)နှစ်ပြည့်သွားပြီမောင် ..မနက်ဖန်ဆိုရင် ”လို့ ပြောလိုက်မှ
မောင့်မျက်နှာလေးက ပြုံးရောင်သန်းလို့ ကျမကိုမလွတ်တမ်းအတင်းဖက်ထားလေရဲ့ 
ကျမမရုန်းမိဘူး.
”ဖြူ အခုထိုးနေတဲ့စွယ်တာလေးက မနက်ဖန် မောင့်အတွက်
(၃ )နှစ်ပြည့်အမှတ်တရလက်ဆောင်…ပြီးတော့ မောင်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ချက်ပြီး
မနက်ဖန် ဖြူနဲ့ မောင်တူတူစားဖို့  လုပ်ထားပါတယ်ရှင်”့ လို့ ပြောတော့
”အင်း…မောင်ကလဲ မနက်ဖန် ကြရင် ဖြူကိုတစ်ခုခုပေးချင်တာ ..ဒါပေမယ့် ဖြူတောင်းဆိုတာ
ဖြူ လိုချင်တာကိုပဲပေးချင်တယ်.. အမှတ်တရပေါ့ ..ဒါကြောင့် ..ဒီည စဉ်းစားထား
မနက်ဖြန်မောင့်ကိုပြော..ဖြူလိုချင်တာ မောင်ပေးမယ်..မောင်ဘက်က တတ်နိုင်တဲ့အရာ ဖြစ်ပါစေ”
”ဟုတ်ကဲပါရှင့်”
အခန်း(၂)
ကျမ နာရီလက်တံကိုလှမ်းကြည့်လိုက်တော့ အချိန်ကမနက်( ၃ )ကိုညွှန်နေပြီး
ဆွယ်တာလေးလဲလက်စသတ်လို့ ပြီးသွားပြီး…
ကျမမောင့်ကိုလှမ်းကြည့်လိုက်တော့ အပြစ်ကင်းစွာအိပ်မောကျနေလေရဲ့
သက်ပြင်းရှည်ရှည်တစ်ခုကိုချရင်း မထင်မှတ်ပဲမျက်လုံးများက မောင့်အဝတ်ဗီဒို ဆီရောက်သွားတယ်
မောင်နဲ့ ကျမလက်ထပ်ပြီး ကတည်းက ကျမမောင်နေတဲ့တိုက်ခန်းကိုပြောင်းလာပြီး
မောင်နဲ့ နှစ်ယောက်တစ်ကမ္ဘာလေးတည်ဆောက်ခဲ့တယ်…
မောင်က ကျမကို အရမ်းချစ်တယ်.. အရမ်းမြတ်နိုးတယ်ဆိုတာ ကျမတထစ်ချယုံကြည်ြပီးသားပါ
ဘယ်ကောင်မလေးနဲ့ မှ စိတ်မချနိုင်စရာအကြောင်းမရှိဘူး..မောင်ကိုင်တဲ့ဟမ်းဖုန်းတောင် အိမ်ပြန်ရောက်ရင်
ပိတ်ထားတတ်ပြီး ကျမ သိအောင် အိမ်ဖုန်းနဲ့ ဖြေနေကျ..စကားနည်းပြီးစိတ်ရှည်တတ်သူ..
ဒါပေမယ့် မောင်နဲ့ ကျမ အိမ်ထောင်ကျပီးလို မောင့်အိမ်ပြောင်းတဲ့နေမှာ ကျမ မောင့်ဆီက မကျေနပ်ချက်တစ်ခုကို တွေ့ လာတယ်
အဲဒါက မောင့်အဝတ်ဗွီဒို ထဲက အထပ် တစ်ခု က အမြဲတမ်းသော့ခတ်ထားတာပဲ
တစ်ခါ ကျမက ဗွီဒိုရှင်းတော့ တလက်စထဲရှင်းရအောင် မောင့်ဆီကသော့တောင်းမိတယ်
မောင်ကတော့ ပျာပျာသလဲလဲနဲ့  ”.အဲဒီထဲမှာ ဘာမှမရှိဘူး..သော့လဲမောင်ဘယ်နားထားမိမှန်းမသိတော့ဘူး
ထားလိုက်ပါတော့”လို့ ပြောတယ်
ကျမလဲပြီးပြီးရောဆိုပီး မေ့ထားလိုက်တယ်..
ဒါပေမယ့် မထင်မှတ်တဲ့တနေ့  မောင်ရုံးစောစော ဆင်းလို့ အိမ်စောစောပြန်ရောက်တဲ့နေ့ 
ကျမလဲ အိမ်စောစော ပြန်ရောက်တဲ့ အချိန်
မောင့်ကိုအခန်းထဲမှာတွေ့ တာ့ဝမ်းသာအားခေါ်လိုက်တာကို မောင်က မျက်စိပျက်မျက်နှာပျက်ပီး
ဗွီဒိုကွယ်ရပ်နေတာတွေ့ လိုက်တယ်..မျက်စိပျက်မျက်နှာ ပျက်သွားတဲ့မောင့်ကိုမကြည့်ရက်တာကြောင့်
ကျမ မသိချင်ယောင်ဆောင်ခဲ့တယ် ..မောင် ကတော့ဗွီဒိုနားက မခွာဘူးပေါ့..ကျမ မောင်ဘာတွေလုပ်နေလဲဆိုတာသိချင်တဲ့ဆန္ဒတွေ ..မသကာင်္စိတ်တွေက
အဲဒီနေ့ ကနေအစပျိုးလာခဲ့ရတယ်..အရင်နေ့ တွေတုန်းက သတိမထားမိပေမယ်..
နောက်ရက်တွေ ကျမကိုယ်တိုင်သတိထားတော့မောင့်ရဲ့ မူမမှန်တဲ့
အပြုအမူတစ်ချို့ ကိုတွေ့ နေရတော့တယ်..
မောင်ဟာ တစ်ခါတစလေ ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ အဝတ်ဗွီဒိုနားမှာ အကြာကြီးရပ်နေတတ်တယ်..
တခါတလေ ဗွီဒိုကိုကြည့်ပီး ပြုံးနေတတ်တယ်.. အိပ်နေရင်းနဲ့ တောင် တစ်ယောက်ယောက်ခိုးမှာ
ကြောက်နေတဲ့ပုံနဲ့  တရေးနိုးလှည့်လှည့်ကြည့်တတ်တာကို ကျမ အမြင်ကတ်လာတယ်..ဗွီဒိုကို မနာလိုဖြစ်လာတယ်..သံသယဝင်လာတယ်…မောင် ဆေးတွေဘာတွေခိုးသုံးနေတာလား..မဖြစ်နိုင်ပါဘူ..
သူကိုကြည့်ရတာကျမ်းမာရေးကောင်းပါတယ်..ဒါမှမဟုတ် ပိုက်ဆံတွေဖွက်ထားတာလား..
မဖြစ်နိုင်ဘူး..တရုံးထဲလုပ်တာချင်းအတူတူ မောင်ဘယ်လောက်ရတယ်ဆိုတာ
ကျမကိုအကုန်အပ်တယ်ဆိုတာ..ကျမသိတယ်..
ဒါဆို မောင့်မိဘပိုင်ပစ္စည်းတစ်ခုခုလား..မဟုတ်ပါဘူး..
မောင်ပိုင်ဆိုင်သမျှက ဒီတိုက်ခန်းနဲ့ ဖုန်းပဲရှိတယ်
မောင့်မိဘတွေက မရှိတော့တဲ့အတွက်.. မောင့်အမေ ထားခဲ့တဲ့ နားကပ်လေးတစ်ရံတောင် ကျမအတွက်မင်္ဂလာဦးညက ပေးခဲ့တာပဲ..ဒါဆိုဘာလဲ..
အင်း..အဆက်ဟောင်းလား… အရင်က မောင်အသည်းအသန်ကြိုက်တဲ့
အမကြီးတစ်ယောက်ရှိတယ်လို့ 
ပါးစပ်ရာဇဝင်ကျမကြားဖူးပေမယ့်..မောင်ကိုကျမ မမေးမိဘူး..
အခုလဲအဲဒီအမကနိုင်ငံခြားမှာဆိုတော့..အင်း
ဒါဆို အခုမောင်နဲ့ အဆက်အသွယ်ပြန်ရနေတာလား…
သူမပို့ ပေးတဲ့ပစ္စည်းတွေကိုအဲဒီမှာသိမ်းထားတာလား
ကျမဝမ်းနည်းပီးငိုမိတယ်..မောင်ရယ်..ကျမမောင့်ကိုအရမ်းချစ်ပါတယ်မောင်ရယ်..
ကျမကိုဘယ်တော့မှမထားခဲ့ပါနဲ့ ..တစ်ဖက်လှည့်အိပ်နေတဲ့မောင့်ကျောနားကိုတိုးရင်
ကျမ တရှိုက်ရှိုက်နဲ့ အိပ်မောကျသွားခဲ့တယ်..
အခန်း(၃)
ကျမနိုးတော့မောင်ကဧည့်ခန်းမှာ ကော်ဖီင်္ နဲ့ သတင်းစာနဲ့ အငြိမ့်သားထိုင်လို့ ကျမလဲ ရေချိုးအဝတ်လဲပြီးတော့ မောင်က
”ဖြူ ..မောင်.ဆွယ်တာဘယ်တော့ဝတ်ရမှာလဲ..”
လို့ ပြုံးပြီးမေးတော့..ဟုတ်ပါရဲ့ ..ကျမညကတည်းကလက်စသတ်ပြီးသား.
ကျမခေါင်းရင်မှာထားထားတာ..မောင်သိရက်သားနဲ့ ..ကျမဝတ်ပေးတာခံချင်တယ်တုပါရဲ့ ..
ကျမလဲပြုံးပြုံးနဲ့ သွားယြူပီးမောင့်ကိုဝတ်ပေးတော့
မောင်က ..”ဖြူ့ ကိုအရမ်းချစ်တယ်”ဆိုပြီး
ခပ်ဖွဖွလေးနမ်းတယ်
ပြီးတော့
”ကဲ..တစ်ညလုံးစဉ်းစားနေတဲ့ငါ့မိန်းမ…ဘာယူဖို့ ဆုံးဖြတ်ထားလဲ..စိန်နားကပ်လား..
စိန်လက်စွပ်လား..သေချာရင်အခုတည်းကအဖြေပေးမယ်..လာမယ်ကြာမယ်လို့ 
ဟားးဟား…”
”မောင်ကလဲ .တန်ဖိုးကြီးတာမတောင်းပါဘူး..မောင်ပေးနိုင်တာပဲတောင်းမှာပါ”.
”ကဲ..ပြောမောင်ဘာပေးရမလဲး..မွှေးမွှေးလား.ခုနကပေးပြီးပြီးနော် ထပ်မတောင်းနဲ”့ ..
”မဟုတ်ဘူးမောင်..ကျမလိုချင်တာက” ဆိုပြီးမောင့်ရင်ခွင်ထဲဝင်
မောင်က..”ကဲပြော”..
”ဖြူကဘာလိုချင်လဲ”
ကျမမောင့်ကို မော့ကြညြ့်ပီး..
”မောင့်ရဲ့ ဗွီဒိုသော့”
”ဘာ”
မောင်ကျမကိုရင်ခွင်ထဲက ချက်ချင်းဆွဲထုတ်ပြီး အံ့သြသလိုအကြည့်နဲ့ ကြည့်နေတာ.
မောင်မထင်ထားတာကိုတောင်းတာကို
”ဖြူ..မင်းဖြစ်နိုင်တာကိုပြော..မောင့်ကိုမဖြစ်နိုင်တာမပြောနဲ့ ..ဒီအချိန် မှာ မနောက်ပါနဲ့ ..”
”ဘာလို့ မဖြစ်နိုင်ရမှာလဲမောင်..မောင့်မိန်းမလုပ်သူက မောင်ပိုင်တာကိုတောင်းတာလေ..
မောင်ပဲလိုချင်တာပြောဆို…အခုကျမလိုချင်တာဒါလေ..”
မောင်..မျက်နှာမှာဒေါသအရိပ်တွေတလိပ်လိပ်တက်လာသလို…
ကျမရဲ့ ရင်ထဲမှာလည်း ၃ နှစ်လုံးလုံးတင်းထားတဲ့အစိုင်အခဲက မီးတောက်ပေါက်ကွဲသလို..
”မင်းစကားပြောင်းပြောရင်ကောင်းမယ်..မင်းဒီလိုတောင်းတာငါ့ကို မင်းမယုံကြည်တာ..
ငါ့ရဲ့ ဖြူစင်နေတဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရိုက်ချိုးတာ..ငါမထင်ထားဘူး..
မင်းဒါကိုတောင်းဆိုလိမ့်မယ်လို့ …”
”ဘာလဲမောင်..ဖြူစင်နေတဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..ဟုတ်လား..
မိန်းမရှိတဲ့သူက ဘယ်လိုမျိုးလွတ်လပ်ခွင့်လိုချင်သေးတာလဲ..
နောက်မိန်းမနဲ့ ရှုပ်တာမျိုးက ကိုယ်ပိုင်လွတ်လပ်ခွင့်လား..”
ကျမ မသိတော့ပါ..မှား၏မှန်၏..ကျမပြောချင်တာတစ်ခုပဲသိသည်
”မင်းတော်တော့.. မင်းတော်လိုက်တော့..ငါ့ကိုစွတ်စွဲတာများနေပြီး..
ထင်တာတွေတစ်လွဲဖြစ်နေပြီး..”
”ဘာလဲ မယားကြီးမှန်းမသိ..မယားငယ်မှန်းမသိတဲ့ သူကိုထိတော့မောင်ကနာတယ်ပေါ့”
”မင်း ငါလုပ်လိုက်ရ” ဆိုပြီး ဒေါသတကြီး နဲ့ ကျမကိုရိုက်ဖို့ ရွယ်တော့
ကျမမောင့်မျက်နှာကိုကြည့်ပြီး ပထမဆုံးအကြိမ် တော်တော်လေး နာကျည်းမုန်းတီးသွားသည်..
”မင်း..မင်း..ငါမင်း ကိုဒီလောက်ဦးနှောက်နည်းလိမ့်မယ်..
အသိဥာဏ်ကင်းလိမ့်မယ်လို့ မထင်ဘူး..
ဒါငါ ၃ နှစ်လုံးလုံး ကန်းနေတာပဲ..တော်ပြီး..ငါမင်းကိုမပေါင်းနိုင်တော့ဘူး..ကွာမယ်ကွာ”
ကျမ မကြားချင်ဆုံးစကား..ကျမနာကျင်ရသောစကား..ကျမ မလိုလားသောစကားကိုကြားလိုက်ရတော့
ကျမရဲ့ လက်က မောင့်ပါးပြင်ပေါ်သို့ အေးစက်စွာအလျင်အမြန်..
တဒင်္ဂအတွင်းရလိုက်တဲ့အသိနောင်တနဲ့ အတူ မောင့်ဆီက အေးစက်စက် နာကျည်းချက်
အပြုံးတစ်ချက်နဲ့ အတူ ”မင်းဘယ်တော့မှနောင်တမရပါနဲ့ ”တဲ့..
ပြီးတော့ ကျမကိုကျောခိုင်းထွက်သွား..
အခန်း(၄)
ကျမရူးနေပြီး..အခန်းထောင့်မှာထိုင်ငိုနေရင်း
မှန်သလားမှားသလားမသိတဲ့ကြားထဲကနေ..မျက်လုံးများက မောင့်ဗွီဒိုဆီကို..
ရင်ထဲမှာဒေါသနဲ့ နာကျည်းချက်ကြောင့်မျက်လုံးများမီးတောက်လျှက်
မောင့်ဗွီဒိုပေါ်ပုံကြလို့ 
ဒင်းကြောင့်မောင်ငါ့ကိုမုန်းတာ..ဒင်းကိုဖျက်ဆီးပြစ်မယ်..ဆိုတဲ့အတွေးလဲဝင်
တဒုန်းဒုန်း ရှိတာနဲ့ ရိုက်ဖျက်.. သော့ပွင့်ထွက်သွားတော့ အားနဲ့ အတင်းဆွဲထုတ် လွှတ်ပြစ်လိုက်တာ..
ဘုရားရေ…
ကျမ အသက်ရှုရပ်သွားတယ်
မင်သက်သွားတယ်..မထင်ဘူး..လုံးဝကိုမထင်ထားဘူး…
စောစောကရူးချင်တာထက်နှစ်ဆပိုရူးသွားတယ်..
ရင်ထဲကအော်ငိုနေတယ်…တကယ်တမ်းက နှုတ်ခမ်းဖျားလေးလှုပ်ရုံ
ရင်တွေတလှပ်လှပ် ခုန်နေသလို လက်တွေတဆတ်ဆတ်တုန်နေတယ်..
ကျမပထမဆုံးမြင်တဲ့အရာတစ်ခု ကောက်ကိုင်လိုက်တယ်..ပြီးတော့ မွှေးလိုက်တယ်..
ပြီးတော့ရင်ထဲလဲအပ်လိုက်ရော..မျက်ရည်တွေတပေါက်ပေါက်ကျဆင်းလာတယ်..
ဒီမျက်နှာသုတ်ပဝါကိုကျမမှတ်မိတယ်..မောင် နဲ့ ကျမ ရည်းစားစဖြစ်တုန်းက
မောင့်ကိုအမှတ်တရဝယ်ပေးထားတယ်..အိမ်ထောင်ကျတော့
အမြဲတမ်းသုံးလို့ ဟောင်းနေပြီးဖြစ်တဲ့
ဒီမျက်သုတ်ပဝါကို ကျမကိုယ်တိုင် လွှတ်ပစ်ခဲ့တယ်.. အခုတော့ ကျမရင်ခွင်ထဲမှာ.ဘယ်လိုဖြစ်သွားလဲ..
နောက်တစ်ခု..ချိတ်ပိတ်ထားသောဒိုင်ယာရီစာအုပ်..နေ့ စွဲ့ က မောင်ကျမကိုစတင်စိတ်ဝင်စားတဲ့နေ့ စွဲမှသည်
မောင်နဲ့ ကျမ လက်ထပ်ပြီးတဲ့နေ့ အထိ …ချိတ်ပိတ်ထားပြီးသာ…
နောက်တစ်ခု..ကျမနဲ့ မောင်ရည်းစားစဖြစ်တုန်းက မောင်က ကျမဓာတ်ပုံတောင်းလို့ 
ကျမကနောက်ပြီးပေးခဲ့တဲ့ ကျမမူကြိုတက်တုန်းကရိုက်ထားတဲ့ပုံ…ပြီှးတော့
စာအိပ်ဖြူဖြူလေးတစ်လုံး…
စာအိပ်ပေါ်မှာ..အမှတ်တရ ရည်းစားဘဝတုန်းက ဖြူ့ ကိုပေးရန်အကြွေးကျန်ဆိုတဲ့စာနဲ့ 
စာအိပ်ထဲမှာငွေသားတစ်ချို့ ..
”မောင်”
”မောင် ”ကျမမှားပြီး..မောင့်ကိုစွတ်စွဲချက်တွေနဲ့  ကျမ မောင့်ကို၃ နှစ်လုံးလုံးသင်္ကာမကင်းဖြစ်ခဲ့
သဝန်တိုခဲ့ရတာ..
အခုတော့
အခုတော့
ကျမ ဖုန်းလေးရှိရာကိုအပြေးသွား..မောင့်ဖုံးနံပတ်တွေကိုနှိပ်လို့ 
မောင်ကျေနပ်အောင်တောင်းပန်မယ်..ကျမအသက်ပါရင်ပါ ပါစေ..မောင်ကျေနပ်စေရမယ်..
ဖုန်းသံဝင်လာတယ်..ကျမစိတ်တွေလှုပ်ရှားနေတယ်..လက်တွေတုန်နေတယ်..
”တီ……….တီ……..တီ……..”
တဖက်ကဖုန်းကိုင်လိုက်တော့ အနှစ်နှစ်က နှစ်ခြိုက်စွာခေါ်နေတဲ့ မောင်ဆိုတာ
အခုချိန်ပြန်ခေါ်တော့ ဆွံအံ့နေမိသလို..
”မောင်…………..ကျမ……မှား….”
ကျမ ငိုသံနှင့် အထစ်ထစ်အငေါ့ငေါ့နဲ့ စကားမဆုံးခင်

”ဖြူ..မောင်အပြင်မှာ..ချမ်းနေပြီးကွယ်..တံခါးဖွင့်ပေးပါ..”

ဖိုးစိန်

19 comments:

war war khaing min said...

ဟတ်ဟတ်..
လူနောက်...........ဖတ်လို့တော့ကောင်းသား.
ဘီရိုထဲက ဘာကြီးများထွက်လာမလဲလို့...

အစ်မကတော့ သ၀န်မတိုတတ်ဘူး..အူပဲတိုတာလေ.း)
ကဲ..ကဲ..စိတ်ကူးတွေယဉ်မနေနဲ့ လက်တွေ့အကောင်
အထည်ဖော်.... :P

war war khaing min said...

ဟေးးးး ပထမ ရတယ်ကွ... ဆုချ..
ဟင်းကောင်းကောင်းချက်ကျွေးနော်..
လွယ်တဲ့နည်းလေးကိုချက်... ၀ယ်လို့မရတာတွေမချက်
ပြနဲ့ .. မြန်မာပြည်မှာနေတာ မဟုတ်ဖူး..
အစ်မက ချဉ် ငံ စပ် အရသာ ကြိုက်တယ်. အရမ်းစပ်
တာတော့ မကြိုက်ဘူး...
မြန်မာပြည်ပြန်ရင် စားသောက်ဆိုင်ဖွင့်ပြီး စိန်လျှံကို
စားဖိုမှူးခန့်ရမယ်ထင်တယ်.. လခကတော့ နည်းမယ်
နော်...
ပြန်ပြီဗျို့..တာ့တာ.. ဒီမှာ အချိန်ကြာနေပြီ...
လျှောက်လည်လိုက်ဦးမယ်...း)

မိုးသောက်ယံ said...

အမယ် .. အနော်လဲ ဒုတိယပါနော် .. ဟီးး လူနောက် ဘာများလဲလို့ :P

ဝှိုက်ဝှိုက် said...

ဖတ်ကောင်းကောင်းနဲ့ဘာတွေများထွက်လာမှာလဲလို့ ဖတ်နေတာ ရည်းစားဘ၀တုန်းက အကျွေးကျန်တွေထွက်လာတာကိုး ...

dream said...

အဟာ.. အရေးအသားး ကလန်ထွက်နေတာပဲ.. ဖတ်ရာတာ အသက်ရှုဖို့တောင် မေ့သွားတယ်။

တော်သေးတာပေါ့ ... ပြန်ပေါင်းပေးလို့.. မဟုတ်ရင်..
ဖတ်တဲ့သူက နှလုံးရောဂါရှိရင်... သေသွားနိုင်တယ်..စိတ်မကောင်းဖြစ်လွန်းလို့...

ပို့စ်ကောင်းလေး တစ်ခု ပါ ဦးဦးရေ။

အလှတရား said...

ဝတ္ထုဆရာလေးက တော်တယ်ဗျား..

အရေးအသား လည်းကောင်းတယ်။
လှည့်ကွက်ကလေးနဲ့ ဒဿနလေးကလည်း တွေးစရာ ရစေတယ်။

khin oo may said...

တော်တော် စိတ်ကူးယဉ်..

ကောင်းကင်ပြာ said...

အပြင်မှ ချမ်းနေတဲ့မောင်လေးေ၇ စိတ်ကူးယဉ် ပို့စ်လေး ဖတ်သွားတယ်နော်

MANORHARY said...

ဘာများလဲလို့တထိတ်ထိတ်နဲ့..ဟားဟား
နောက်ဆုံးကျတော့လည်း...ပျော်စရာပေါ့
လက်တွေ့ဘဝကတော့ ဒီလိုဟုတ်မှာမဟုတ်ဘူးနော်
း) ခြိမ်းချောက်တာမဟုတ်ပါဘူး ဖြစ်တတ်တဲ့
သဘောကိုပြောတာ..

ကောင်လေး said...

ဘီဒိုကြီးထဲမှာ တန်းဖိုးရှိတာတွေများလားလို့ မျက်နှာသုတ်ပ၀ါ တဲ့...တော်ပါသေးတယ်.. အိမ်သာသုံး စက္ကူမဟုတ်လို့..။ :-)
အရမ်းကောင်းလိုက်တာဗျာ..။ဇာတ်လမ်းလေး က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.။ နောက်လည်းများများရေးနော်..။ ဒိုင်ခံအားပေးမှာ..။

ရောင်ပြန် said...

အယ်... ရင်တထိတ်ထိတ်နဲ့ ဖတ်နေရတဲ့သူကိုမှ အားမနာ.. ဟွန့်... မသိရင်ပဲ ကွဲတော့မယ့်အတိုင်း...ဟီး.. အပြင်မှာချမ်းလွန်းရင် လေဖြတ်သွားနိုင်တယ်.. နောက်တာပါ အဟဲ.. ဆက်ရေးနော်.. အားပေးမယ်.. အသစ်တွေကို

Welcome said...

ကောင်မလေးကို စာနာနားလည်ပေးလိုက်ပါ
ဖတ်ကောင်း၏။ အားပေးလျက်ပါ။

ခင်မင်စွာနဲ့

သဇင်ဏီ said...

ဟွန့်...
ရင်တုန်းပန်းတုန်နဲ့ ဖတ်လိုက်ရတာ..
ပီးလဲပီးရော..
သူသိမ်းထားတွေက အချစ်တွေကိုး...
တော်တော်ဆိုး...
(ဖတ်လို့ကောင်းတဲ့ပို့စ်တစ်ခုပါ)

မသက်ဇင် said...

တော်တော်ရေးတတ်တယ်--
အစကနေအဆုံး--စာဖတ်သူကိုခေါ်သွားတယ်---
ပျော်ရွှင်ပါစေ---

ရွှေပြည်သူ said...

တကယ်ကို ဖတ်လို့ကောင်းတဲ့ ၀တ္ထုတစ်ပုဒ်ပါ မောင်လေးဖိုးစိန်ရေ... အရေးအသားကောင်းပြီး အဆုံးသတ်လေးလည်း လှပါတယ်...

ကိုရင်နော်ခင်လေးငယ် said...

ကိုဖိုးစိန် တော်တော် အရေးကောင်း..
ဘာများလဲလို့.. ရင်တထိတ်ထိတ်နဲ့ ဖတ်လိုက်ရတာ..း)

My Diary said...

သောနဲ့ဆုံးတဲ့ ဇာတ်လမ်းလေး ခံစားပြီး ဟားတိုက်သွားတယ် (အဲ)မှားလို့ ကောင်းတယ်ပြောတာ

ဖိုးဂျယ် said...

အတွေးနဲ့ အရေးသားက မိုက်တယ်
ဘာများထွက်လာမလဲလို့
ကောင်းလိုက်တဲ့ ဇာတ်လမ်းလေး အကိုရေ

လေလွင့်သူ said...

ဟဟ ။ နောက်ဆုံးပိုင်းလေးပဲ သဘောကျတဲ့ ဘာတဲ့ မောင်အပြင်မှာချမ်းနေပြီတဲ့ ။ ခံလိုက်ပေရော့ ။

(ကိုရဲ)