ခြံစိုက် စုဗူးလေး ရဲ့ ဝါသနာ




ကျနော်တို့ အိမ်နော်ကဖေးမှာ အုန်းပင် ၃ ပင်ရှိတယ်… အဖေက ပြောတယ်
အုန်းပင် တစ်ပင်စီဟာ ကျနော်တို့ အသက်နဲ့ ညီတယ်တဲ့..ဆိုလိုတာက ကျနော်
တို့ မွေးတဲ့နေ့ တွေမှာ အဖေက အုန်းပင်တစ်ပင်စီစိုက်ခဲ့တော့ ကျနော်တို့ မောင်နှမ
၃ ယောက်အတွက် အုန်းပင်က ၃ပင်.
အရွယ်ရောက်သိတတ်စကတည်းက အဖေက ဒါကဘယ်သူအုန်းပင်ပါဆိုပြီး
အမွေပေးထားတယ်. ကျနော်ပိုင်တဲ့အုန်းပင် ကတော့ အိမ်နောက်ဖေးကပြင်နဲ့ 
ကပ်လျှက်ဖြစ်နေတယ်.ငယ်ငယ်ကတည်းကကျနော် ကိုယ်ပိုင်တဲ့အုန်းပင်ကို
ဂရုတစိုက်နဲ့ အမြဲတမ်းရေလောင်းပေးတယ်လို့ အမေကတော့ပြောပါတယ်..
ပြီးတော့သေးလဲပန်းပါတယ်တဲ့.
ကျနော်ဘယ်ပဲသွားသွားသေးပေါက်ချင်ရင် အိမ်ကိုပဲရောက်အောင်ပြန်တယ်..အိမ်ရောက်ရင်
အိမ်သာထဲသွားပေါက်တယ်မထင်နဲ့ .အုန်းပင်ရင်းကိုသွားပြီး သေးပန်းတာပါ..
ဘာဖြစ်လို့ လဲဆိုတော့ ငယ်ငယ်တုန်းကဦးလုပ်သူကိုမေးဖူးတယ်..
အုန်း သီးများများသီးအောင်ဘာလုပ်ရမလဲ မေးတော့
ဦးက နေ့ တိုင်းသေးပေါက်ပေးတဲ့..အသီးအောင်ပြီး အရည်များမယ်ဆိုလို့ ပါ..
အဲဒီတော့ ..ကျနော် အုန်းပင်ကထွက်တဲ့ အုန်းသီးကိုတော့အိမ်က လူတွေက အလိုက်သတိနဲ့ 
မစားဖူး..ညီလုပ်သူက ကိုကြီး အုန်းပင်က အုန်းရေက ချိုမှာမဟုတ်ဘူးလို့ တဲ့ဗျ..
ဘာပဲဖြစ်ဖြစ် ကျနော့် အုန်းပင်ကိုတော့ ဂရုတစိုက်နဲ့ သေးပေါက်ခဲ့ပါတယ်..
အုန်းပင်ကိုရှင်သန်ကြီးထွားပြီး အုန်းသီးများများသီးစေလိုတဲ့ စိတ်နဲ့ ပါ..ဒါက ဝါသနာ အစ
ကျနော် ၄တန်းရောက်လောက်မှာ အမေ့ ရွာက အမျိုးတစ်ယောက် အိမ်မှာလာတည်းတယ်..
ရွာပြန်ခါနီး သူ့ ခြံအတွက် သစ်စေ့မျိုးစေ့တွေဝယ်တော့ ကျနော် က သူ့ ဆီက
စပ်စပ်စုစုနဲြ့မင်ဖူးအောင် တောင်းကြည့်တယ်..
သူကလဲ ဗူးစေ့ ၆စေ့ ကို မှတ်မှတ်ရရပေးပြီး.. စိုက်ထား.ဦး နောက်တစ်ခါပြန်လာရင်
သားဗူးပင် ရှင်လား မရှင်လားကြည့်မယ် ဆိုပြီး ပြောသွားတယ်လေ..
ကျနော်လည်း အိမ်စိုက်ပန်း အိုးလေးတစ်လုံးကိုရှာ .မြေဆွေးမြေ ကျက်တွေ ဘာတွေမသိဘူး..စုံနေအောင် တော့ထည့်ပြီးဗူးစေ့တွေကို မြှုပ် ထားခဲ့တယ်..
နေ့ တိုင်းလဲရေလောင်းပြီးဗူးစေ့တွေဘယ်တော့အပင်ပေါက်လာမလဲဆိုတာကိုပဲ
ထိုင်ကြည့်နေရတာအမော.. စိတ်ကလဲဗူးပင်ကိုပဲစွဲ လာတယ်..
တစ်ပတ်ကျော်ကျော်လောက်ကြာတော့ဗူးစေ့ က အဖြူ အညှောက်လေးထွက်လာတာမြင်တော့
ကျနော့်ခမျာ ပျော်လိုက်တာ..ဒါနဲ့ အဖေ လုပ်သူက စိတ်ချမ်းသာအောင်ဆိုပြီး..
နောက်ဖေး ကျနော်ပိုင်တဲ့အုန်းပင်နားမှာမြေဖို့ ပေးပြီး အိုးပြောင်းစေခဲ့တယ်..
(ဗူးပင်းကိုတော့သေးမပန်းတော့ပါ)
နောက်တော့အပင်က တဖြည်းဖြည်း အညွန့် တွေဝေလာတော့ အမေလုပ်သူကမနေနိုင်ပဲ
ဗူးစင်သေးသေးလေ ဆောက်ပေးခဲ့တယ်..နောက်တော့ဗူးစင်ကို အကြီးကြီးဆောက် ပေးခဲ့တယ်လေ
ကျနော် ကလည်းဝါသနာကြီးတာလာ အစွဲကြီးတာလားမသိဘူး..မိုးလင်းမိုးချုပ် ဒီဗူးစင်ပဲ..
ရှာကြံပြီးလုပ်နေတယ်..တကယ်တော့ အမေကသာ စောင့်ပေးတာပါ..
အဖေက ငါ့သားလက်ဆိတ်ရှိတယ်ဆိုပြီး..ရုံးပဒေပင် ငရုပ်ပင်နဲ့  ခရမ်းချဉ်သီး ခရမ်းကျွတ်သီး
တို့ ကို ပေးစိုက်ခဲ့တယ်..နောက်ပိုင်းတော့အဖေရော အမေရောစိတ်ပါသွားတယ်..အသီးမျိုးစုံကိုနည်းနည်းဆီစိုက်လာတယ်..ကျနော်ကတော့အတက်ကြွဆုံးပေါ့.
ကျောင်းမသွားခင် မိုးလင်းကတည်းက အပင်တွေနားရောက်နေပြီး..ကျောင်းက ပြန်ရောက်တိုင်း အပင်တွေကို ကြည့်ရတာအမော..
အသီး လေးများတစ်လုံးစ နှစ်လုံးစ တွေ့ ရပြီးဆိုရင် လိုက်ကြွားရတာအမောပဲ..
ကျနော်တို့ အိမ်နောက်ဖေးက မြေကောင်းတာလဲပါမယ်..ဗူးသီးများသီးလိုက်ရင် အလုံးက လှတယ်.
နောက်ပိုင်း အိမ်စား အဖြစ်တင်မကဘူး..ပိုလျှံသမျှကို အမေ ကရောင်းပေးတယ်..
ရောင်းရတဲ့ ပိုက်ဆံကိုစုဗူးလုပ်ထားပေးတယ်..
နောက်ပိုင်း ကျနော်ကိုယ်တိုင် ပိုက်ဆံလဲရ ဝါသနာလဲပါဆိုတော့ ကျနော့် အိမ်နောက်ဖေးတစ်ခုလုံးက
နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကျနော့် အတွက် အမောဖြေစရာဖြစ်လာတယ်..
ဟင်းသီးဟင်းရွက်ကိုစုံလို့ ပေါ့.. ကျနော် ခြံရှင်းမြက်နှုတ်ပေါင်းသင် အပင်စိုက်ရတာဝါသနာ တော်တော်ကြီးပါတယ်..စိတ်လဲစွဲပါတယ်.. ကိုယ်စိုက်တဲ့ အပင်လေး အပင်ပေါက်လာရင်လဲပျော်လိုက်တာမှ အရမ်းပဲလေ..အခုဆိုရင် ကျနော်မရှိတောင်မှ အမေ က ကျနော့် အိမ်နောက်ဖေးဈေးဆိုင်ကို သူတတ်နိုင်သလောက်လုပ်ပေးနေပါသေးတယ်..ကျနော်ကို သတိတရလဲ
အလွမ်းဖြေတာလဲပါတယ်လို့ ပြောပါတယ်..
ဒီနိုင်ငံရောက်တော့လဲ ကျနော်ဝါသနာပါတဲ့အလုပ်ကို လုပ်နေတုန်းပါ.. ခြံရှင်း အပင်စိုက် အပင်ခုတ်ဖို့ ခေါ်ရင်
ကျနော်သွားလုပ်ပါတယ်..ရှုတ်နေတဲ့ ခြံကိုရှင်းပြီး သပ်သပ်ရပ်ရပ် နဲ့ ခြံကို ပြန်ကြညြ့်ပီး အပင်တွေကို ရေလောင်းရတဲ့ အရသာ ကဘာနဲ့ မှမလဲနိုင်ဘူး..ပျော်လဲပျော်တယ် ပိုက်ဆံလဲရတယ်ပေါ့…
အခုချိန်ထိလဲ ဒီနိုင်ငံမှာ ဝါသနာ အရရော..ပိုက်ဆံရဖို့ ပါလုပ်နေပါတယ်..
ပေါက်တူးကိုင်လို့ ပင်ပန်းပေမယ့် ကိုယ်ရှင်းပြီးလို့ ပိုက်ဆံရရင် အရမ်းပီတိဖြစ်ပါတယ်..

နောက်တစ်ခု က ရတဲ့ပိုက်ဆံကို စုထားတတ်တဲ့အကျင့်ရှိတယ်..အမေ က အကျင့်လုပ်ပေးခဲ့တာပါ..
ဘယ်လောက်ရရ အပြင်က ရတဲ့ပိုက်ဆံကို အမှတ်မထားပဲစုရတာ ဝါသနာတမျိုးပေါ့..
ငယ်ငယ်ကတည်း က စုတယ်.. တခါတလေ အငယ်ကောင်နဲ့ တွေ့ လို့ စုဘူးအခိုးခံရလဲ စိတ်မှတ်မရှိဘူး
စုတုန်းပဲ.. စုထားတဲ့ပိုက်ဆံကို ကျနော် မြန်မာပြည်မှာ ရှိနေတုန်းက တန်ဆောင်တိုင်ပွဲမဖြစ်ခင်
စုဗူးဖွင့်..အဝတ်အစားဝယ်..အိမ်မှာ အမေတို့ ဘုန်းကြီးဆွမ်းကပ်ရင် စုထားတဲ့ပိုက်ဆံထည့်ပေးတယ်..
ကုသိုလ်လဲရတယ်.. အဝတ်အစားလဲရတယ်..သုံးလဲသုံးရတယ်လေ.. စုထားတယ်ဆိုပေမယ့်
မသိမသာ နေခဲ့တော့ ပိုက်ဆံရတဲ့အချိန်မှာ အရမ်းဝမ်းသာတာပဲ..ဒီလို ခံစားတဲ့အရသာ ကလည်းဝါသနာ တစ်မျိုးပဲပေါ့…ဒီနိုင်ငံရောက်တော့လဲ.. ကျနော် ကို တစ်ခါတစ်လေ အပိုပေးလိုက်တဲ့ အကြွေစေ့တွေ..
ကျပ်တန်တွေ နဲ့ ကျနော့် စားသောက်ဆိုင်မှာလုပ်လို့ ရတဲ့ဘောက်ဆုတွေကို မမှတ်မထားပဲ
စုဗူးထဲကိုသာထည့်ထားလိုက်တယ်..တခါတလေစိတ်လိုလက်ရထည့်တာမျိုးလဲရှိတယ်..
ဒီမှာ တော့ တနှစ်မကူးခင်ညမှာ စုဗူးကိုဖောက်ပြီး ၁၂ နာရီတိတိမှာ
ပိုက်ဆံဘယ်လောက်ရသလဲလို့ ရေတွက်ရတာ ရင်ခုန်မှုတစ်မျိုးပဲပေါ့.. စုဗူးက ရတဲ့ ပိုက်ဆံကိုတော့အမေ့ ကို အမှတ်တရပေးလေ့ရှိပါတယ်.. အမေ့အတွက်ဆိုပြီးထားတယ် ကျနော်ကတော့ အဲဒီပိုက်ဆံထဲက အကျီ တစ်ထည် ဒါမှမဟုတ် ဘောင်းဘီ ဖိနပ် တစ်ခုခုကိုတော့အမှတ်တရ ဝယ်လေ့ရှိပါတယ်… ဒါကတော့ကျနော့်ဝါသနာ ပါ..
ကျန်တာကတော့ဝါသနာကြီးကြီင်္းမားမားမရှိဘူး.. ဒါပေမယ့်မျောက်နှစ်ဖွား ဖြစ်တဲ့အတွက်
နေရာ တကာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်မိလုပ်ရာ လုပ်နေတာ ကလည်း ဝါသနာတစ်မျိုးပါပဲ..
ပန်းချီဆိုလဲဆွဲလိုက်တာပဲ.. စာဆိုလဲရေးလိုက်တာပဲ.. ထမင်းဟင်းဆိုလဲချက်လိုက်တာပဲ..
ဒါတွေအကုန်လုံးကို ဝါသနာ ပါပေမယ့် ပါရမီ မရင့်ဘူးလို့ တော့ထင်ပါတယ်..
ဒါပေမယ့် ကံကောင်းလို့ အသက်ရှည်မယ် ဆိုရင် ခြံထဲ မှာ အပင် စိုက်စားမယ်လို့ 
စိတ်ကူးထားပါတယ်..စိတ်ကူးဆိုပေမယ့် ဖြစ်အောင်လုပ်မှာပါ..
ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို မြင်ရတဲ့အခါ ရတဲ့ပီတိက ဘာနဲ့ မှ မလဲနိုင်ဘူးလို့ 
ကျနော်ထင်ပါတယ်..ဒီအတိုင်းပဲ ပိုက်ဆံတွေကိုမသိမသာစုပြီး
စုဗူးခွဲတဲ့အခါ ရတဲ့ပျော်ရွင်မှုကလည်း အတိုင်းထက်အလွန်ပေါ့..

ကဲ ညီလေး ကောင်လေးရေ…
ဒီလောက်ဆို အကို့ ရဲ့  ဝါသနာ ခြံစိုက်စုဗူးလေး အကြောင်း ကို ကျေနပ်မယ်လို့ ထင်ပါတယ်..
လေးစားစွာဖြင့်
ဖိုးစိန်
မှတ်ချက် - ပုံများ ကို ဂူဂယ်မှ ရယူပါကြောင်း.

Comments

molay88 said…
ဟားဟား ပထမဖြစ်ပြီကွ..။ ကောင်လေးလည်း အပင်စိုက်တာ ၀ါသနာပါတယ်..။ မြန်မာပြည်က အိမ်မှာလည်း ငယ်ငယ်က ဆို ကန်စွန်းရွက်တို့ ဘာတို့စိုက်တယ်..။ ကိုယ်စိုက်တဲ့အပင်ကြီးလာရင် အ၇မ်းပျော်ဖိုကကောင်းတယ်..။ ပိုက်ဆံက စုတတ်ဘူး။ ကုန်တာကများလို့..။ :-)
Anonymous said…
ကောင်းတယ်။ စိုက်ပျိုးရေး လုပ်တာ သက်ရှည်ဆေးပဲတဲ့။
အားပေးတယ်။ ဆက်စိုက်။ ကြုံရင် လာခူးစားမယ်နော်။:))
ငါကတော့ အပင်စိုက်တာ ၀ါသနာတော့ပါပါတယ်။
မဖြစ်မြောက်ဘူးဟ။ လက်ဆိတ်မရှိတာနေမှာ။ အခုတော့ အလကားခူးစားလို့ ရတဲ့ သူငယ်ချင်းခြံ ရှိသွားပြီ။
Dream said…
အင်မတန် ကောင်းတဲ့ ၀ါသနာလေးပါ...
အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုသလိုပေါ့... :)

ကိုယ်စိုက်တဲ့ အပင် အသီးသီးတာ တွေ့ရတဲ့ ပီတိနဲ့
ကိုယ်စုဆောင်းထားတဲ့ ငွေတွေကို အချိန်တန်ထုတ်ယူတဲ့ အချိန်မှာ ဖြစ်ရတဲ့ ပီတိ ကဘာနဲ့ မှ မလဲနိုင်ဘူးနော်... ကြည်နူးစရာပါ....

(ဒါပေမယ့် အဲဒီအုန်းသီးက အုန်းရည်ကို တော့မသောက်ရဲဘူးနော်... ဟီးးး.. :P)

ရလာတဲ့ ငွေတွေနဲ့ မိဘကို သိတတ်တာ သားကောင်းတယောက်ရဲ့ လုပ်ရပ်ပါ... ဂုဏ်ယူစရာပါ ဦးဦးဖိုး စိန်ရေ...

လူလိမ္မာဖိုးစိန်... မိဘကို ကျေးဇူးဆပ်နိုင်သော သားကောင်းသားမြတ်တစ်ယောက် ဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်...
ဦးဖိုးစိန် အပင်စိုက်တာဝါသနာပါတယ်လား
ဝှိုက်လည်းအပင်စိုက်တာဝါသနာပါတယ်
ဝှိုက်အုန်းပင်စိုက်ရင်တော့ဖြစ်မယ်မထင်ဘူး ဟီးးး
အကိုဝါသနာလေးကလဲ မိုက်တယ်။
ကျွန်တော်လဲ ဗူးညွှန် နည်းနည်း ခူးသွားတယ်။
အကိုရေ့ညီလည်းအုန်းပင်စိုက်တော့မယ်။အဟတ်ဟတ်
လာလို့လဲဆိုတော့ဘီယာဆိုင်တိုက်မဲ့သယ်ရင်းများလို့ဟေဒ အဟေးဟေး။
Anonymous said…
I was looking for the knowledge that i could gain from this post. I found 2 points. 1st is "Business is just around u:-P". 2nd is "the advantage of saving". Both points r acceptable by young or old. Hope u could write many more posts which is capable to provide knowledge to readers..
ကိုယ်စိုက်ထားတာလေး ပွင့်လာရင် သီးလာရင် အရမ်းပီတိဖြစ်တာ... ပန်းဥယျာဉ်နဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည်တာကို စိတ်ဝင်စားတယ် အစ်ကိုရေ...
Anonymous said…
ကိုကြီး ဖိုးစိန်ရေ ကျနော်ရောက်တယ်ဗျ ..
ကျနော် နေမကောင်းဖြစ်ပြီး အိပ်ယာထဲ လဲနေလို့ ဗျာ
စိတ်သက်သာရာ ခန္တာသက်သာရာ ရှာနေရင်းနဲ့ မရောက်ဖြစ်တာပါ ...
ဒီပို့စ်လေးကို ဖတ်ရင်းနဲ့ ကိုကြီး ဖိုးစိန်ရဲ့ ၀ါသနာနဲ့ ရိုးသားတဲ့ စိတ်ကို လေးစားမိပါတယ်ဗျာ ...
ကြည်လည်း ကြည်နူးရပါတယ် ...
စစ်မှန်တဲ့ အေးချမ်းမှုမျိုး ပိုင်ဆိုင်နိုင်ပါစေဗျ ..
ခင်မင်တဲ့
ညီလေး မိုးသောက်
ကိုရဲ said…
ဒါလေးကိုတော့ သဘောကျသွားတရ် အကိုရေ ။ ညီလည်း တစ်ချိန်ကျရင် ခြံစိုက်ချင်တရ် ။ ဘယ်လိုလဲလုပ်မလား ။ ဟဟ ။ ၀ါသနာပါတရ် ။ မွေးလည်းမွေးချင်တရ် ။း) အတည်ပြောတာနော် ။ စုဘူးကတော့ ၀ါသနာမပါဘူး ။ ငယ်ကတည်းကနေ ခုထိကိုမစုဖူးတာဗျို့  ။ နက်လေးရတုန်း ပြေးလာတာ

(ကိုရဲ)
Anonymous said…
တော်သေးတာပေါ့ ဗူးပင်ကိုတော့ အ၀ှာမပြုလို့ :P ကျနော်လည်း အပင်စိုက်တာ ၀ါသနာပါသဗျို့ သာကောရဲ့ ဒါမဲ့ ကျနော်က အလှပင်စိုက်တာ .. အိမ်မှာ ကျောက်ခက်၊ ထင်းရှူး၊ ယုဇန ကျနော့လက်ရာတွေပေါ့ ခုတော့ နာဂစ် နဲ့ ပါသွားပီတဲ့ :(
ပိုက်ဆံလည်း စုတယ် ဒါမဲ့ လိုလာတာနဲ့ ဗူးခွဲပလိုက်ရော သိပ်မထူးပါဘူး .. စုဘူးဖိုးကုန်တာပဲရှိတယ် :D
WWKM said…
ကောင်းပါပေ့ စိန်လျှံလေးရေ...
အစ်မလဲ အရင်ကစုဘူးစုတာဝါသနာပါသား...
ဒါပေမယ့် တစ်နေ့တစ်နေ့စုတာကို စိတ်ထဲမှာမှတ်ထား
တတ်တော့ အခုဆို ဘယ်ပစ္စည်းလေးဝယ်လိုရနေပြီ
ဆိုပြီး ဖောက်ပြီး ၀ယ်ပြစ်လိုက်တာပဲ...
အိမ်မှာ စုဘူးပေါက်တွေအများကြီးပဲ..ဟီးဟီး

တော်ပါပေတယ်..စိန်လျှံရယ်..
အစ်မ မနေ့တုန်းက စိတ်မကြည်မလင်ဖြစ်နေလို့ မမန့်
သွားတာနော်.. တစ်ခါတလေ စိတ်လေနေတတ်တယ်.
အဲလိုပဲ.း)

လူလိမ္မာလေး စိန်လျှံ သဘောကောင်းတဲ့ အိမ်ထောင်
ဖက်ကလေးနဲ့ ဖူးစာဆုံနိုင်ပါစေ..

မမ၀ါ
Anonymous said…
hee hi... kg lite tae.. war ta nar lay:..
ah naw ka.... sar pin .. thee pin site tar.. war ta nar tot ma par buu.. Pan pin site tar.. war ta nar par tal...
pan myar myar pwint ag....ako lo... BU: PIN tay: pan: ta loe loat ya ma lar ... hin?
(office hmar blog lal yin... comment pay tar par.. myanmar font ma ya loe)

Popular Posts