အလွမ်းနှစ်ကူး

ဆောင်းကုန်လို့ နွေအကူး
တန်းခူလ ထူးလှအချိန်
ပိတောက်ငုဝါ ထိန်ထိန်ပွင့်ပါလို့ 
နွှဲ စရာ ရေသဘင်ပွဲရယ်ပ
ရွှဲစိုအောင်ရေတွေလောင်းကြမယ်
မိုးဖွဲဖွဲ သင်္ကြန်မိုးတွေနဲ့....။

လှဟန်ချီ ကဟန်ညီသာပ
တူမောင်မယ်စုံညီစွာ ပျော်ကြတဲ့ပွဲ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူး
ထူးခြားတဲ့ဒီဂိမာန်နွေ
ညစ်စရာတွေဆေးမယ်သင်္ကြန်ရေနဲ့
မမေ့အစဉ် နှစ်စဉ်ကျင်းပမြဲမို့
ဒီအချိန်ဒီတန်ခူး
ပိတောက်နဲ့ သင်္ကြန်ရေ..
ဒီသီချင်း ဒီကဟန်တွေ
ဘယ်ဋ္ဌာနေ ဘယ်အရပ်ရောက်ရောက်
မြန်မာမှန်လျှင် ကြံဖန်ပျော်တတ်တယ်
သြော်..ဒီသင်္ကြန်
ငါတို့ အတွက်လွမ်းစရာကြီးပါပဲ...။


ဖိုးစိန်

Comments

khin oo may said…
လွမ်းရင် လား ရေသွားလောင်းချည်. အပျိုမကလေးတွေ.ဆီ
mgnge said…
ဟူးးးးးးး

သင်္ကြန် အသံကြားတာ နဲ့ အလွမ်းတွေ ပဲ ၀င်ဝင် လာ ပါ ပ ကော...။
MANORHARY said…
အမလေး သင်္ကြန်ဘန်နာ သင်္ကြန်သီချင်း
နှစ်ကူးကဗျာနဲ့ တယ်လည်းလွမ်းနေပုံရတယ်
း) အနားကအပျိုတွေကိုရေလောင်းလိုက်ပါကွယ်..
ဘာမှမပြောတတ်
ဘာမှမခံစားတတ်
သင်္ကြန်မကြိုက်
ပျော်ပါစေနော်
အနားက အပျိုတွေ ကိုရေလောင်းလိုက်လေ
thetpaingthu said…
ဗွမ်း............................................................
.................................
Phyo Evergreen said…
တူလွမ်းနေတာ ရိုးမှရိုးရဲ့လား.........
လောင်း .. လောင်း.. လောင်းလိုက်ပါ.. ရွဲအောင်လောင်းလိုက်ပါ... :D
ကဗျာလေးက ဟန်ကျတယ်..
လွမ်းစရာပါပဲ။
Welcome said…
ကိုဖိုးစိန် ..

သင်္ကြန်ရေ ကြိုလောင်းသွားတယ် ..
ချမ်းအေး ပျော်ရွှင်ပါစေ

ခင်မင်လျက်
ဘာမှမသိချင်ဘူး ငါ့ဘဝငါ့ဆီအပ်ပါ
ဘာမှငါမတောင်းဆိုဘူး သိချင်တယ် တွေ့ ချင်တယ်လေ
ငါဘယ်သူ တုန်း ကိုလေးဖြူဆိုထားသလိုပဲ
သင်္ကြန်ဆိုတာလည်း ဘုမသိ ဘမသိနဲ့ ကျော်ဖြတ်ရအုန်းမယ်
ကိုရဲ said…
လွမ်းသွားပါတရ်ဗျို့  ။ ကျောင်းမသွားခင်လေး သင်္ကြန်ကိုလေ ။

(ကိုရဲ)
Anonymous said…
သင်္ကြန်အမှတ်တရကဗျာလေး ဖတ်ရူခံစားသွားပါတယ်
ဗျာ။
Mogok Thar said…
သင်္ကြန် ရောက်တော့မယ်

Popular Posts