ဒုတိယအကြိမ်မြောက်တလဲ ”မှတ်မိနေဆဲပါ”


ကျနော့်ကိုခင်ဖို့ကောင်းတဲ့ကိုရင်နော်ကြီးနဲ့

မခင်လေးငယ်
ကဒုတိယအကြိမ်မြောက်ပြန်လည်ထုတ်ဝေခိုင်းတော့

ကျနော့်ရင်ထဲတန်းဝင်လာတဲ့ပိုစ့်လေးကကျနော့်အမြဲတမ်းအမှတ်တရဖြစ်စေမယ့်ပိုစ့်လေးတစ်ခုပါ

ဒီပိုစ့်လေးကကျနော့်ဘဝမှာတကယ်ဖြစ်ခဲ့တာရယ်အမြဲတမ်းလဲအမှတ်ရနေတာရယ်အခုကျနော့်စာတွေကို

လာလာဖတ်နေတဲ့သူတွေကိုလဲသိစေချင်တာရယ်ကြောင့်ဒီပိုစ့်လေးကိုတင်ချင်စိတ်ပေါ်လာတယ်

ဖတ်ကြည့်ပါ


မှတ်မိနေဆဲပါ

”စိန်”

”ငါအကြိုက်ဆုံစာပိုဒ်လေးတစ်ခုရှိတယ်

”စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည်ဥာဏ်ပညာရှိခြင်းနှင့်မိမိကိုယ်ကိုမိမိထိန်းချုပ်တတ်ခြင်းတို့ဖြင့်

စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်”


အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် လူမှုရေးကိစ္စနဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာ စိတ်ရှုပ်စရာတွေ ကြုံလာတဲ့အခါ

ငါ့ရဲ့စာပိုဒ်လေးကို သတိရပါ ဘာဖြစ်လဲဆိုတော့ နင်စိတ်ဆိုးဒေါသထွက်တဲ့အခါ ငါ့လိုပဲစိတ်ကို

ထိန်းချုပ်နိုင်စွမ်းခဲယဉ်းတယ်ဆိုတာသိနေလို့ပဲကိုယ်မထင်မှတ်ထားတဲ့ဒုက္ခတွေနဲ့ကြုံလာတဲ့အခါ

လွယ်လွယ်အရှူံးမပေးပါနဲ့ အပြုံးတစ်ခုနဲ့အနိုင်ယူတတ်ပါစေ”တဲ့

ကျွန်တော်ဆိုက်ပရပ်စ် မလာခင်ညက ကျွန်တော့်သူငယ်ချင်းကရေးပေးလိုက်တာပါ

ဒီစာလေးကိုပြန် ဖတ်တိုင်း ငိုချင်သလို ဝမ်းနည်းသလိုလို ခံစားမိတယ်

တကယ်လဲသူုရေးပေးခဲ့တဲ့စာသားလေးအတိုင်း သည်းခံတတ်လာတယ်လေ

သည်းခံတတ်လာတော့လဲ ဒါမျိုးလေးတွေ ကြုံရပြီပေါ့

”ငါတို့မိဘတွေကဒီမလာခင်အစစအရာရာပြည့်စုံရအောင်စီစဉ်ပေးလာတာ

ငွေလဲအလုံအလောက်ပါတယ် အလုပ်မရှိပေမယ့် ပူစရာမလို ဘူး ဒီလို အလုပ်မျိုးတွေလဲ

မလုပ်နိုင်ပါဘူးနော်(အဲဒီအချိန်က ကျနော် သင်္ချိုင်းမှာ အုတ်ဂူရှင်းနေတာကိုပြောချင်းဖြစ်သည်)

ပိုက်ဆံကုန်ရင်အိမ်ကိုလှမ်းမှာလိုက်မယ် ချေးတာဌားတာ ဝါသနာမပါသလို

ကိုယ်ကလဲသူများကိုမချေးနိုင်ဘူး သိအောင်ပြောတာနော်...”

”အေးပါကောင်မရယ်..ငါတို့ကလဲမချေးပါဘူး အချင်းချင်းဟာလဲ မခိုးစားပါဘူး ဟင်း..ဟင်း


ဒီစကားတွေက ဘယ်သူ့ ကိုရည်ရွယ်ပြီးပြောနေတာလဲဆိုတာ ကျွန်တော်လဲသိ ..

ကျွန်တော့်တို့ အိမ်မှာနေတဲ့သူ အားလုံးလဲသိတယ်လေ

အလုပ်သွားဖို့ဖိနပ်ကြိုးချည်နေချိန်မှာဧည့်ခန်းထဲမှာထိုင်ပြီးဖဲရိုက်နေတဲ့သူတို့ ဆီက

ကြားရတဲ့စကားဟာကျွန်တော့်အတွက်မေရှင်ဓာတ်ပြားဟောင်းလေးနားထောင်ရသလိုပါဘဲလေ

အရင်ကဆို မခံချင်စိတ်နဲ့ ပြန်ပြောမိမယ်..တစ်ခုခုလုပ်မိမယ်လို့

ထင်ရပေမယ့်..အခုတော့အဲဒီအင်အားတွေကျွန်တော့်မှာမရှိတော့ဘူးလေ

ပြောကြပါစေ တစ်နေ့ တော့ပြီးသွားမှာပါ

ရောက်ခါစကတည်းကကျွန်တော့်ကို ဝိုင်းပြီးစွတ်စွဲနေတာကိုခံရတယ် ဖြစ်ပုံကကျွန်တော်မှာ

ပိုက်ဆံကလဲမကျန်စရောက်ကတည်းကအလုပ်ကမရှိပြန်လဲမပြန်ဆိုတော့စိတ်ဝင်စားကြတယ်

ကြာလာတော့မယုံသင်္ကာပါဖြစ်လာတယ်ထင်တယ်

စပြီးသတိထားမိတဲ့တစ်ရက်က ဘေးချင်းကပ်ခန်းကကောင်လေးက အခန်းတံခါးခေါက်ပြီး

”ခင်ဗျားကျွန်တော့်အတွင်းခံယူမိလား ကျွန်တော်ခင်ဗျားအခန်းထဲဝင်ရှာချင်တယ်

ခင်ဗျာကိုယ်ခင်ဗျား စိတ်ချတယ်ဆိုရင်ဝင်ရှာမယ်ဗျာ”
ဆိုပြီးဝင်

မွှေတယ်လေ ကျွန်တော်တစ်ခွန်းမှပြန်မပြောမိ အခန်းတံခါးသာဖွင့်ပြီးသူရှာသမျှကို

ရပ်ကြည့်နေမိတယ် နောက်ဆုံးတောက်ခေါက်ထွက်သွားတော့မှ သတိပြန်ဝင်လာတာ သြော်

ပိုက်ဆံမရှိရင် သူခိုးထင်ကြတယ်လား အိမ်မှာဘယ်လိုနေလဲစားခဲ့လဲဆိုတာမေးဖူးကြရဲ့ လား

နောက်နေ့ သိလိုက်ရတာက သူ့ အတွင်းခံက အပြင်မှာလှန်းထားရင်း

လေထဲပါသွားပြီးအိမ်အောက်ရောက်သွားတယ်ဆိုတာပါ..

ဒါပေမယ့်ကျွန်တော့်ကိုလာမတောင်းပန်ခဲ့ပါဘူး တောင်းပန်တာလဲမလိုချင်ဘူး

ထားလိုက်ပါတော့

နောက်တစ်ခု

ကျွန်တော်ကနွားနို့ကြိုက်တယ်အမြဲဝယ်သောက်ဖြစ်တယ် ဈေးမကြီးတာရယ် အမောလဲပြေ

အားလဲရှိတယ်ဆိုတော့သောက်ဖြစ်တယ်လေအားလုံးကလဲကော်ဖီဖျော်ဖို့နို့ဝယ်တယ်ဆိုတော့

ရေခဲသေတ္တာမှာနို့ဗူးတွေကအစီအရီ ဒါပေမယ့် ပြားစွန်းသာသာတန်တဲ့ နို့ဗူးတွေမှာ

သောက်ပြီးရင် မှင်နဲ့အမှတ်အသားအရစ်ကလေးတွေထားကြတယ် နောက်မှသိတာက

ကျွန်တော်ယူသောက်ခဲ့ရင်သိအောင်လို့ လေ.. တစ်ညအလုပ်ကပြန်လာတော့

ကောင်မလေးတစ်ယောက်က ဧည့်ခန်းမှာနို့ ဗူးလေးနဲ့စောင့်နေတယ်

မြင်မြင်ချင်းဆောက်နဲ့ထွင်းဆိုသလိုပေါ့”စိန်လျှံငါမနက်ကအလုပ်မသွားခင်နို့မော့သောက်နေတာ

ငါမြင်လိုက်တယ်..အခုငါ့ဗူးကရော့နေတယ်..နင်ငြင်းမယ်မကြံနဲ့နင်မော့သောက်ထားလို့ငါရွံတယ်

ငါမလိုချင်တော့ဘူး အဲဒီအတွက် ပိုက်ဆံပြန်ပေး...နို့ တောင်ခိုးသောက်တာအံ့ပါရဲ့ ”့
ဆိုတော့

ကျွန်တော်တော်တော်နင်သွားတယ်မနက်ကနို့သောက်တာမှန်ပါတယ် ဒါပေမယ့်ကျွန်တော့်နို့ဗူး

ကံကဆိုးချင်တော့ ကုန်လို့လွှင့်ပြစ်လိုက်တာသက်သေမရှိဘူး...

အားလုံးရှေ့ မှာဒီလိုပြောတယ်ဆိုတော့ ရှက်ရှက်နဲ့ ပိုက်ဆံထုတ်ပေးနေချိန်မှာ..

ကောင်မလေးရဲ့ ရည်းစားပြန်ရောက်လာတော့ မေးတယ်လေ..

ပြီးမှသူလဲ ရှက်ရှက်နဲ့ တောင်းပန်ပါတယ် သူမနက် ကကော်ဖီ သောက်တာပါ..

သူ့ ကောင်မလေး အလုပ်သွားနေလို့ သူသောက်တာပါဆို ကျွန်တော်ကိုပြောတယ်..

ကောင်မလေးက

”အင်း..ဒီတစ်ကြိမ်မမိရင်နောက်တစ်ကြိမ်ပေါ့”ဆိုပြီးရှက်ရှက်နဲ့ ကျိန်းသွားသေးတယ်

ဒီလိုဘဲလေ..

ခံရပေါင်းများတော့လဲ ခံနိုင်ရည်ရှိသွားတာပဲ..

စိတ်ထဲမှာတော့မေ့မယ်မထင်နဲ့ ပေါ့.. အလှည့်ဆိုတာရှိတယ်လေ..

အရင်စိတ်နဲ့ဆိုရင်တော့..တစ်ခုခုဖြစ်မှာသေချာတယ်..သတ်မိမလား ခုတ်မိမလားပဲ

အခုတော့.....ဘယ်ရောက်သွားလဲ မခံချင်စိတ်တွေ..

ဘယ်လောက်ထိလဲဆိုရင် ..အားလုံးရဲ့ အခန်းက

သော့ကိုယ်စီထားတောင်မှ...အိမ်မှာကျန်ခဲ့တဲ့ကျွန်တော့်ကိုစိတ်ကမချချင်ဘူးလေ....

တစ်ရက်ဖြစ်တဲ့ကိစ္စကတော့ ကျွန်တော်အတွက်နောက်ဆုံးသူတို့ တွေရဲ့ စွတ်စွဲမှု

နောက်ပိုင်းဒီလိုစွတ်စွဲမှုတွေလဲရပ်သွားတယ် ကျနော့်အတွက်လည်း ကောင်းသွားတယ်ပေါ့

ဖြစ်ပုံက.. တစ်နေ့ ကျွန်တော် ကြက်ကြော်စားတယ်..ဒီကိုရောက်ပြီးကတည်းက

(၆)လအတွင်းမှာပထမဆုံး ချက်စားတဲ့ဟင်းလေ...

စားချင်တာရယ်..အလုပ်အားတာနဲ့ အိမ်မှာဘယ်သူမှမရှိတာရယ်ကြောင့် ချက်စားတာပါ

ကြက်ကြော်နေတုန်း ပြန်လာတဲ့ (အတွင်းခံဘောင်းဘီပျောက်ဖူးတဲ့)ညီက ”အောင်မလေးဗျာ..

အကြော်နံ့ တွေကအဝေးကတည်းကရပေမယ့်ကိုယ့်အိမ်ကမှန်းမထင်ဘူး..

ခင်ဗျားကြက်ကြော်တာမြင်တော့ကိုယ့်မျက်စိတောင်ကိုမယုံချင်ဘူးဝင်ငွေတွေကောင်းနေတယ်ပေါ့..

ဒါမှမဟုတ်ဘယ်ကအချောင်ရတာလဲစတာနော်”ဆိုပြီးစကားတွေနဲ့ခနဲ့နေပေမယ့်ကျွန်တော်ပြုံးရုံသာပြုံးပြခဲ့တယ်

ညပိုင်းစားသောက်ဆိုင်ကပြန်လာချိန် အိမ်မှာမီးတွေလင်းနေတယ်ဆိုတော့ ထုံးစံအတိုင်း

မနက်ဖြန်တနင်္ဂနွေ...လူစုံပြီးဖဲဝိုင်းဖြစ်နေတယ်လို့ ပဲထင်လိုက်တယ်..

အိမ်ထဲလှမ်းဝင်ရုံနဲ့ ”ဟေ့လူ ခင်ဗျားခိုးစားတာမရှက်ဘူးလား..ခိုးစားတာဆိုရင်လဲ

ပိပိရိရိပေါ့..အခုဟာက ပေါ်တင်ချက်စားတာဆိုတော့

တော်တော်လေးရှက်ဖို့ ကောင်းတယ်..မရှိရင်တောင်းစား..ကြွေးမယ်..ခိုးတော့မစားနဲ့ ဗျာ”

” မင်းငါ့ကိုဘာတွေလာပြောနေတာလဲ...ငါသီးခံပေါင်းများနေပြီးနော်..မစော်ကားနဲ့”

”ဘာလဲ..သူများကြက်လဲခိုးစားသေးတယ်..မသိချင်ယောင်လဲဆောင်သေးတယ်

တော်တော်မျက်နှာပြောင်တဲ့သူအံ့သြတယ်..အရှက်မရှိဘူးခင်ဗျားဘယ်လိုလူလဲ..”

”ကြက်..ဘာကြက်လဲ”

”ခင်ဗျားမနက်ကကြော်စားတဲ့ကြက်..ခင်ဗျားခိုးစားတဲ့ကြက်”

”ဟေ့ကောင်မင်းလွန်မယ်..ငါကြော်စားတာငါ့ပိုက်ဆံနဲ့ ကွ”

”ဟား..ဟား..ရယ်ချင်တယ်..ခင်ဗျားအကြောင်းမသိတာမှတ်လို့

ဒီနေ့ထိခင်ဗျားကြက်ဝယ်စားဖူးလို့လားအခုကျုပ်လွန်ခဲ့တဲ့(၃)ရက်ကဝယ်ထားတဲ့ကြက်အခုမရှိတော့ဘူး

ခင်ဗျားမစားလို့ဘယ်သူစားမလဲခင်ဗျားဝယ်စားတယ်ဆိုရင်ဘယ်သူမြင်လဲဘယ်မှာလဲသက်သေ

ကိုယ့်ဗမာအချင်းချင်းအောက်တန်းကျတဲ့စိတ်ရှိတာကို ခင်ဗျားမရှက်ပေမယ့်

ခင်ဗျားအစားရှက်တယ်..ခင်ဗျားကြက်ဖိုးပြန်ပေးဗျာ”

ကျွန်တော်လေ....

ရင်ထဲတော်တော်နစ်သွားတယ်..ဝမ်းလဲနည်းတယ်..မသကာကျွန်တော့်မှာမရှိမှန်းသိရင်တောင်

သူတို့ ကဒီလောက်မစော်ကားသင့်ဘူးလေ..

အကျိုးအကြောင်းလေးတော့မေးသင့်ပါတယ်...မျက်ရည်ကျပြပြီးအရှုံးတော့မခံဘူး

တစ်နေ့တော့ပြန်ခံစားစေရမယ်.. သူတောင်းတဲ့ပိုက်ဆံကိုပေးခဲ့တယ်..

ဘာလို့လောကကြီးက အားနည်းတဲ့သူ ကိုဝိုင်းနှိပ်စက်တာကိုလက်ပိုက်ကြည့်နေတာလဲ

တခါတလေလောကကြီးတောင် မတရားလုပ်တတ်တယ်နော်..

ဒါမှမဟုတ်ခံနိုင်ရေရှိအောင်သင်ပေးတာလာဗျာ ထားပါတော့

တစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့နဲ့

တစ်အိမ်တည်းနေတဲ့တရုတ်က တခြားမြို့ ကနေပြန်လာတယ်

တစ်ညတော့သူက ”စိန် နင့်ကိုပြောစရာရှိတယ် နင့်အတွက်ငါစိတ်မကောင်းပါဘူး

နင့်ကိုတမင်လုပ်တာမဟုတ်ပါဘူးငါတခြားမြို့မသွားခင်ရေခဲသေတ္တာထဲမှာကြက်တစ်ကောင်တွေ့တယ်

ရက်ကိုကြည့်လိုက်တော့ရက်တွေလွန်နေတာ(၂)ရက်ရှိပြီး


ရေခဲသေတ္တာနံမှာစိုးလို့ငါအမှိုက်တောင်းထဲလွှင့်ပြစ်ခဲ့တယ်

ပြီးတော့မှငါပိုက်ဆံပြန်ပေးမယ်ဆိုပြီးဒါပေမယ့်ငါမေ့သွားခဲ့တယ်အခုတော့နင်ကတရားခံဖြစ်ရတယ်

ငါပြန်လာတော့ပိုက်ဆံပြန်ပေးတယ်သူကနင့်ကိုပြန်မပြောဖို့မှာပေမယ့်စိတ်ထဲမလုံလို့”ဆိုပြီးလာပြောတယ်လေ

ကြားရတာရင်ထဲနင့်တယ်ဗျာမသကာအကိုရယ်တောင်ပန်းပါတယ်ဆိုရင်တောင်ကျွန်တော်စိတ်ဆိုးမှာမဟုတ်ဘူး

အခုတော့အဖြစ်မှန်သိလို့မတောင်းပန်တဲ့အပြင်တခြားတစ်ယောက်ကိုပါမသိချင်ယောင်ဆောင်ခိုင်းသေးတယ်ဆိုတော့

မျက်ရည်ဆိုတာ မကျတော့ပါဘူး.ခန်းနေပြီးလေ

ဒါပေမယ့်တစ်ခုကောင်းတာက အဲဒီနေ့ ကစလို့ပေါ့ကျွန်တော့်ကို

စွတ်စွဲတာတွေ..စောင်းပြောတာတွေ နေ့ ချင်းညချင်းပြောက်သွားတယ်

ကျွန်တော်လဲကင်းကင်းနေတော့ ပြဿနာထပ်မဖြစ်တော့ဘူးလေ

အခုတော့

ကိုစိန်ကြီးရေ..လုပ်ပါအုံး..ကျောင်းလခသွင်းရတော့မယ်”

”စိန် ရေ ငွေခဏလှည့်ပေးပါအုံး လူကြုံနဲ့ငွေပို့ချင်လို့”

”ခင်ဗျာကူညီတတ်ပါတယ်ဗျာ”

”စိန်ကသဘောကောင်းတယ်ဆိုတာသိပြီးသား”

”အရင်က စခဲ့နောက်ခဲ့တာကိုမေ့လိုက်ပါဗျာ”

”ခင်ဗျားမှန်နေရင် အကျိုးပေးမှာပေါ့”
စသဖြင့်လေ

ကျနော်ပြုံးမိပါတယ် ကျနော့်အပြုံးက အရင်နဲ့ အခုနဲ့အတူတူပါပဲ

သူတို့ကျနော့်ကိုပြုံးပြပါတယ် အရင်တုန်းကတော့ ခနဲ့ပြုံး အခုတော့ အားနာပြုံး

ကူညီပါတယ်..

စိတ်မှတ်များစွာနဲ့ ပေါ့......

ခွင့်လွှတ်ပါတယ်...

နာကျင်မှုများစွာနဲ့ ပေါ့..ဗျာ

တစ်သက်လုံးလဲမမေ့ပါဘူး

မှတ်မိနေဆဲပါ

ဖိုးစိန်
အားလုံးပျော်ရွှင်ပါစေဗျာ


အရင်ရေးခဲ့တုန်းက ကျနော်ညီအကိုမောင်နှမများမန့်ခဲ့တာတွေ
Apar Lwin

Comment on October 25th, 2008. e

Very Good True Story! I would punch them if I were in your shoes….

warwarkhaingmin
Comment on October 25th, 2008. e

မောင်လေးဖိုးစိန်..
”စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည် ဥာဏ်ပညာရှိခြင်း
နှင့် မိမိကိုယ်ကို မိမိထိန်းချုပ်တတ်ခြင်းတို့ ဖြင့်စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်။.. တဲ့

မောင်လေးတော်တာပဲ..သည်းခံစိတ်တွေတော်တော်မွေးခဲ့တာပဲနော်။
နွာနို့ဆို ကိုယ်မှ မသောက်တာပဲ..မသောက်ဖူးပေါ့..ငွေပေးစရာမလိုပါဘူး။
ကြက်သားလည်း အဲဒီအတိုင်းပဲလေ။ ဘာလို့ပေးရမှာလဲ။
အမဆို ပေးမှာမဟုတ်ဘူး။ မောင်လေးတော်ပါတယ်။
သည်းခံနိုင်တာကို ချီးကျူးမိပါတယ်။

အဆင်ပြေပါစေ။
ခင်တဲ့
အမ၀ါ
EC
Comment on October 25th, 2008. e

You felt a lot of shame when you have nothing.When i read your story ,i feel angry them.So you should stay away from them.Next time you should give some lessons that they will know about their manners.Don’t be patient.

မိုးသောက်
Comment on October 25th, 2008. e

ဗျို့ ကိုစိန် ကျနော် မကျေနပ်ဘူးဗျို့ ..
အဲ့လို ကိစ္စတွေ မဖြစ်သင့်ဘူး …
ဘယ်နှယ့်ဗျာ … အဲ့လိုစွတ်စွတ်စွဲစွဲ ပြောရအောင် သူလည်း ကျောင်းသား
ကိုယ်လည်း ကျောင်းသား နိမ့်တဲ့သူ တစ်ယောက်မှ မရှိဘူး …
ပြီးတော့ မဟုတ်ရင်လည်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ပြန်တာဝန်ယူသင့်တယ် ..
သည်းခံတယ်ဆိုတာ ကောင်းပါတယ်ဗျာ .. ဒါပေမယ့် အမှန်တရားကို
ပျောက်ကွယ်သွားလောက်အောင် သည်းခံတာမျိုးတော့ အားမပေးဘူးဗျို့ ..
အမှန်တရားဘက်က ရပ်တည်ရဲရမယ်လို့ ကျနော် ခံယူမိတယ် ..
ကျနော်ဆိုရင် ဒီမှာ အပြစ်မရှိပဲ နိုင်ငံခြားသား ကျောင်းသားလေးတွေပါကွာ ဆိုပြီး ပါးလာရိုက်ပြီး ဖြဲတဲ့ ရဲ ကို ပြန်ထိုးလို့ လက်ထိပ်တန်းလန်းနဲ့
အချုပ်ခန်းထဲမှာ ၆ နာရီကျော် နေဖူးတယ် …
ဒါပေမယ့် ကျနော် ကျေနပ်တယ် … နောက်တော့လည်း ကျနော် မှန်နေတော့ ပြန်လွတ်ပေးရတာပါပဲ ဘာမှလုပ်လို့မရဘူး …
တစ်ယောက်တည်း ဆိုပေမယ့် ကျား တွေပဲဗျာ ဟုတ်တယ်မို့လား ..
ကိုစိန်ရေးထားတာတွေ ဖတ်မိတော့ တော်တော် ဒေါသ ထွက်မိတယ်ဗျို့ ..
အဲ့လောက်ကြီး သည်းမခံနဲ့ဗျာ ..
ပြောချင်ရာ ပြောသွားတဲ့ ကျနော့်ကိုလည်း စိတ်မဆိုးပါနဲ့ဗျို့
မကျေနပ်ရင် ကျနော့်ဆီ လာပြန်ရေး စိတ်မဆိုးဘူး ဟီး ဟီး ..

ခင်မင်တဲ့ မိုးသောက်
warwarkhaingmin
Comment on October 25th, 2008. e

ဆိုးလိုက်တဲ့ မောင်မိုးသောက်။
အခုမှပဲသိတော့တယ်။ :P မောင်လေးဖိုးစိန် ပြန်လာဖတ်သွားပါတယ်.ကွန်မန့်တွေဖတ်ရင်းပေါ့။ ဟုတ်တယ် မောင်လေးမိုးသောက်ပြောသလိုပါပဲ
(အမှန်တရားကို
ပျောက်ကွယ်သွားလောက်အောင် သည်းခံတာမျိုးတော့ အားမပေးဘူးဗျို့ )ဆိုတဲ့ စာသားလေးအတိုင်း အမှန်တရားပျောက်ကွယ်သွားလောက်တဲ့ အထိတော့ ထပ်ပြီးသည်းမခံပါနဲ့ မောင်လေးရေ.. အာဂျား..အာဂျား..ဖိုက်တင်…မောင်မိုးသောက်လိုတော့ လူဆိုး လို့ နဲနဲတော့အပြောခံရမှာပေါ့။ ဒါပေမယ့် ကိုယ်မှန်တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်.ကျေနပ်တယ်လေ။
ကဲ..ဒီလောက်ပဲနော်.
မောင်မိုးသောက်ဆီမှာ စီဘုံးအပြည့်ရေးသွားလို့ အမ ပြန်လာရေးတာမဟုတ်ဖူးနော်။ခင်မင်မှုနဲ့ ပြန်လာအားပေးတာပါ။
ခင်လျှက်
မ၀ါ
မိုးသောက်ယံ

Comment on October 25th, 2008. e

စိန်သာကောရေ .. တတ်နိုင်သလောက်သာ သီးခံပါဗျာ .. သီးခံနိုင် တဲ့သူက အောင်မြင်တာပါပဲ။ ဘ၀မှာ နာကျင်သမျှကို သင်ခန်းစာ အဖြစ်သာမှတ်ပါ ဒီလိုပြောရတာဟာ မလွယ်မှန်းသိပါတယ် ဘာလို့ ဆိုတော့ ကျနော်ကိုယ်တိုင်လဲ အများကြီး သင်ယူခဲ့ရလို့ပါ .. :)
eikhine
Comment on October 26th, 2008. e

စိတ်ရှည်တယ်၊ သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိတော့ရှိတယ်လေ။အမြဲတမ်းတော့မဟုတ်ဘူးပေါ့။ နင်ကလည်း လွန်လွန်းပါတယ်.။ ငါ့သူငယ်ချင်းလို့မပြောရဘူး အမြဲတစ်ဘက်စွန်းရောက်တာပဲ။ တတ်နိုင်သမျှ ဘယ်နိုင်ငံပဲရောက်ရောက် မြန်မာတွေကိုရှောင် ဇယားရှုပ်တယ်.။ ကောင်းတဲ့သူလဲရှိသလို မကောင်းတဲ့သူလည်းရှိနိုင်တာပဲ။.

mya lay
Comment on October 26th, 2008. e

Sl,
When I read your story , I remember my situation at Singapore.Life is like this.You have no money , they do like this.So we have to try to be rich.”Money make everything ” Before I didn’t accept it but i accept it now.Because We have no money ,We can’t solve problems.You want to do anything matter , money is in front of it.But life is circle so they do like this , they will feel like this one day.
thandar swe
Comment on October 26th, 2008. e

I don’t believe that’s you. But it’s true. I appreciate you. you need sometimes patience but if you should not be always like this because some people will look down on you.
For the successful life, patience is really necessary. You should use it according to the time and circumstances.

ပုလဲ
Comment on October 26th, 2008. e

ကိုမိုးသောက်ဆီမှာတွေ့လို့ စူးစူးစမ်းစမ်းလာဖတ်မိပါရဲ့ ရင်နင့်စရာတွေဖတ်လိုက်ရတယ် ယောက်ျားလေးတစ်ယောက် အဲလောက်သီးခံနိုင်တာ လေးစားတယ် စာတွေဖတ်နေတုန်း စော်ကားမော်ကား စွတ်စွတ်စွဲစွဲ ပြောတဲ့ပြုတဲ့သူတွေကိုကြောက်နေမိတယ် ကိုယ်နဲ့များကြုံမလားလို့လေ ကိုဖိုးစိန်ရဲ့သီးခံနိုင်စွမ်းကိုတော့ ဖတ်ရင်းနဲ့ငိုင်နေရတယ် လေးစားတယ်ရှင် နောက်ဆုံးရလဒ်ကကောင်းပါတယ် စိတ်ထားကောင်းမွန်ခြင်းဆိုတာ အချိန်နဲ့အမျှအကျိုးခံစားရတဲ့အကြောင်းတော့သိသွားတယ် ” ခင်ဗျားမှန်နေရင် အကျိုးပေးမှာပေါ့ ” နောက်နောင်လဲဒီလိုကိစ္စဈတွနဲ့ကင်းပါစေ ပျော်ရွှင်ပါစေနော် :D :D :D :D :D
ရွှေပြည်သူ
Comment on October 26th, 2008. e

ဖတ်ပြီးရင်ထဲမှာ မောကျန်ခဲ့တယ် မောင်လေးရေ… မရှိခိုးနိုး မလှစုန်းရိုးတဲ့… လူတွေဟာ တခါတခါ သိပ်ကို ခက်ပါတယ်။ အဆုံးစွန်ထိ သည်းခံနိုင်ခဲ့ပြီး စိတ်ထားပြည့်ဝခြင်းကို ပြခဲ့တဲ့ မောင်လေးကို အရမ်းကို လေးစားမိပါတယ်။ သေချာမစမ်းစစ်ဘဲ တဘက်သတ် နိုင်လိုမင်းထက် စွပ်စွဲခဲ့သူတွေ စိတ်ထားမမှန်သူတွေလည်း ၀ဋ်ကြွေးဆိုတာနဲ့ မလွဲမသွေကြုံရဦးမှာပါ… ဘ၀မှာ ဒီလိုလူတွေနဲ့ ကင်းပြီး အောင်မြင်မှုတွေ အများကြီး ဆက်တိုက်ရပါစေ မောင်လေးဖိုးစိန်ရေ…

layeikpyar

Comment on October 26th, 2008. e

တော်တော်ကောင်းတယ်ဟေ့….(ခံပြင်းဖို့)….တောက်
ဖိုးစိန်
Comment on October 26th, 2008. e

ကျွန်တော့်အပေါ်ကိုနားလည်ပေးကြတဲ့ ကျွန်တော့်ချစ်တဲ့သူငယ်ချင်းတွေ.. ကျွန်တော့်ကိုလာအားပေးတဲ့ မမဝါ..မမသူသူ.. မမပုလဲ…မမမက်မက်..မမဇာဇာ..ကိုဗီလိန်..ကိုမိုး နဲ့ ကိုသောက်တို့ ကို အရမ်းပဲခင်မိသွားတယ်.. အမတွေ အကိုတွေရဲ့ အားပေးမှုကိုသာ အဲဒီ အချိန်က ရခဲ့ရင်ကျွန်တော် ရဲ့ မကောင်းဆိုးရွားဝင်ပူးတဲ့ရက်တွေမှာ ကျွန်တော်ဒီလောက်မခံစားရပါဖူး.. ကျွန်တော်ဟာ ငယ်ငယ်က ကမ်းကုန်အောင်ဆိုးခဲ့ပေမယ့်.. ဒီရောက်လာတဲ့အချိန်က စလို့  ကျွန်တော်ဟာ တော်တော်လေးပြောင်းလဲသွားတာကိုယ်ကို ကိုယ်တောင်မယုံပါဘူး..ဒါပေမယ့်အခုတော့ ကျေနပ်တယ်ဗျာ.. လိုချင်တဲ့အတိုင်းအတာတစ်ခုကိုရလိုက်တယ်ပေါ့…
ကျွန်တော်ဒီနေ ရာလေးက နေပြီး..
ကျွန်တော့်အပေါ် ကောင်းကောင်းဆိုးဆိုး
ချော့တစ်ခါချောက်တလှည့်နဲ့ 
သည်းခံပေါင်းကြသော..
လိုချင်တာများကိုကြိမ်းမောင်းဖြည့်ဆည်းပေးတတ်သော..
အနစ်နာခံကူညီခဲ့ကြသော..
ကျွန်တော်ကို အမြင်ကတ်စွာ ညီလို မောင်လို ချစ်ကြတဲ့ ကျွန်တော့်ရဲ့ တန်းဖို မဖြတ်နိုင်တဲ့
ကို လင်းလင်းဇော်..ကိုအောင်မြင့်ဦး..ကို လပြည့်..ကိုစိုင်း..မသန္တာလွင်..မသန္တာဆွေ.. အိခိုင်ဇင်..အိခိုင်အေး..မြမြအေး.. ကလျာ တို့ နဲ့ အတူ..
ကျွန်တော့်ကို ဘလော့ကနေတဆင့် ညီလို မောင်လို ခင်ခဲ့ကြတဲ့ ကိုကိုမိုးသောက်ယံ..ကိုကိုမိုးသောက်…မမဝါ..မမသူသူ..မမမက်မက်..မမဇာဇာ..မမပုလဲ..တို့ ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းနဲ့ ..ကျွန်တော်အားလုံးကို အမလို အကိုလို လေးစားချစ်ခင်ပါကြောင်းပြောပါရစေဗျာ..
ကော့မန့် တွေပြန်ဖတ်ရင်းအတိတ်ဆီကိုမျက်ရည်လည်မိတဲ့
ဖိုးစိန်
ei khai aye
Comment on October 26th, 2008. e

my bro,
it’s me ei khine aye
i hate them all.who are they? can you give me their name?let them go to the hell!

EC
Comment on October 27th, 2008. e

You don’t tell me.Because of you and me are friend.
thandar swe
Comment on October 27th, 2008. e

Keep the friendship between you and all. This is your life.

Dream

Comment on October 27th, 2008. e

မိုက်ရိုင်းလိုက်တာကွာ.. စွတ်စွတ်စွဲစွဲ နဲ့.. တကယ်ဆို ဗုဒ္ဓဘာသာမြန်မာ
လူမျိုးတွေပဲ..ဒီလောက်ထိတော့ မပြောသင့်ဘူး.. လူ့တန်ဖိုးမရှိတဲ့လူတွေ။
ဝမ်းအပြင်အိတ်မပါတာ သူတို့တွေ မသိကြဘူးလားမသိဘူး… သေသွားရင်
အဲလိုလူမျိုးက ပြိတ္တာဖြစ်မဲ့ဟာတွေလို့ထင်တယ်… ဖတ်ရတာ တော်တော်
ရင်ထဲမကောင်းဖြစ်သွားသလို ဒေါသလည်းဖြစ်မိတယ်… ကိုယ်ပြောချင်ရာပြော၊စွတ်စွဲချင်ရာစွတ်စွဲပြီး အမှန်တရားပေါ်လာတော့မှာ ပြန်တောင်းပန်ဖို့ဝန်လေးကြတဲ့အဲ့လိုတန်ဖိုးမရှိတဲ့ လူတွေကိုဝေးဝေးကသာရှောင်သင့်တယ်လို့ထင်တယ်..ပြီးတော့.. အခုလိုသည်းခံနိုင်တဲ့ခန္ဒီစပါရမီ လေးကိုလည်းဂုဏ်ယူပါတယ်.. ဘာပဲပြောပြော မေတ္တာမပြတ်ပဲ..အပြုံးလေးနဲ့ပဲအနိုင်ယူလိုက်နိုင်တဲ့ ဦးဦးဖိုးစိန် ကိုလေးစားပါတယ်…. မေတ္တာသည်သာအေးမြရာ၏..တဲ့။ အမြဲနှလုံးသွင်းပါ.. နော်…မက်မက်တို့လည်းခင်တတ်ပါတယ်..
Thandar lwin
Comment on October 28th, 2008. e

If U r in Myanmar ,U should take revenge them.Money is the second God for them.For us Friendship is more important than money , I think..
khaing su
Comment on November 19th, 2008. e

စိန်လျှံ..
ဒီတစ်ပုဒ်ဖတ်ရတာ တော်တော်စိတ်မကောင်းဘူး..နင်ဒီလောက်သည်းခံနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး.. နင်ကိုငါ အရမ်းချီးကျူးတယ်..နင်တော်တယ်.. အားလုံးကို နင်နိုင်လိုက်တာပဲ..
ဒါပေမဲ့ ငါစိတ်မကောင်းတာတစ်ခုတော့ရှိတယ်.. နင်ပြန်ရေးထားတဲ့ထဲမှာ နင်က ငါကို နင့်ရဲ့ ချစ်သူငယ်ချင်းတွေ စာရင်းထဲမှာလည်း မရှိဘူး..ခုမှ စာဖတ်ရင်းခင်တဲ့ သူငယ်ချင်းစာရင်းမှာလည်း..တခြားစာရင်းမှာလည်း မရှိဘူး.. နင် ငါကိုလုပ်ရက်တယ်..နင်စာလေးတွေကို နင်ဖတ်စေချင်မှန်း သိလို့ရော..နင့်ကိုခင်တဲ့စိတ်နဲ့ရော.. စိတ်ဝင်စားစရာကောင်းလို့ရော ဆိုတဲ့ ရောပေါင်းများစွာနဲ့ ငါဖတ်ပေမဲ့ ငါ့ကို နင့်စာရင်းထဲ မသွင်းထားဘူး.. ပြောတော့ ငါ့ကို ခင်တယ်တဲ့..ဒီလိုလား.. ငါလည်းခံစားရတယ်.









Comments

ကိုဖိုးစိန်...

ပြန်လည် ဖတ်ခွင့်ရလို့
ကျေးဇူး အများကြီးတင်ပါတယ်...

စိန်ကြီးက သဘောကောင်းလိုက်တာ..
"စိန်".. ရေ
"စိန်".. ရေ နဲ့
ပြောသမျှကို နားလည် ခွင့်လွှတ် သဘောထားကြီး တတ်တာ တော်လိုက်တာ

ခင်မင်ခြင်းများစွာဖြင့်...
ကောင်စုတ် နင်က မျက်ရည်မကျပေမယ့် ငါကကျတယ်ဟဲ့
ဘာလို့ ဒီလိုပိုစ့် ကိုတင်တာလဲ
ကောင်စုတ်
အီး...........................
ဟီး........................ဟီး.........................
တီစိတ်ထဲမှာမကောင်းဘူးစိန်ရယ်
ခွင့်လွှတ်သည်းခံတတ်တဲ့စိန့် ရဲ့စိတ်လှလှလေးကိုမြင်ရတာတောင်
ပိုစ့်လေးကြောင်းတီဝမ်းနည်းနေတယ်
နောင်ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့တော့ နော်
thetpaingthu said…
read pii.. sate ma kg phyit thwar tal.. ta kal par...
thetpaingthu said…
ko ko Sein.. ko ko Sein ka မျက်ရည်မကျပေမယ့် I ကကျတယ်.... ti lar:
ဘာလို့ ဒီလိုပိုစ့် ကိုတင်တာလဲ
ko ko yal
အီး...........................
ဟီး........................ဟီး.........................
Paing စိတ်ထဲမှာမကောင်းဘူးစိန်ရယ်
ခွင့်လွှတ်သည်းခံတတ်တဲ့စိန့် ရဲ့စိတ်လှလှလေးကိုမြင်ရတာတောင်
ပိုစ့်လေးကြောင်း... paing ၀မ်းနည်းနေတယ်
နောင်ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့တော့ နော်
chit tae.. paing (aHEEEEE)
yehtutnaung said…
ကိုဖိုးစိန် .. သေသေချာချာ ဖတ်သွားပါတယ်..။ ကိုယ်စားလဲ ခံပြင်း ဒေါသထွက်မိပါတယ်။ သည်းခံနိုင်တဲ့ ကိုဖိုးစိန်ကိုလဲ လေးစားမိပါတယ်ဗျာ။ ကျွန်တော်သာဆိုရင် မရဘူးဗျာ။
တကယ်တော့ စဉ်းစားညဏ်နဲတဲ့သူတွေ တွေ့ ရင် ဒီနည်းကတော့ အကောင်းဆုံးပါ။
အမြဲတမ်း ပျော်ရွှင်အေးချမ်းတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ..။
ဖိုးသင်္ကြန် said…
ကိုယ့်ကိုယ်ကို ထိန်းနိုင်စွမ်းကိုတော့ လေးစားသွားပြီဗျာ။
:P said…
စွတ်စွဲခံရတာတစ်ကြောင်းဖတ်လိုက်၊ ဘယ်လိုပြန်ပြောလိုက်ပါလားနဲ့ စိတ်ထဲက ပြောလိုက်လုပ်နေမိတာ...။

စိတ်မကောင်းပါဘူး... အဲဒီမှာပဲ ဆက်နေနေသေးတယ်လား...။
Dream said…
အရင်က ဖတ်ပြီးသွားပြီ ဆိုပေမယ့်လည်း ထပ်ဖတ်ဖြစ်ပါတယ်...... ဘာပြန်ပြောရမှန်း မသိအောင် စိတ်မကောင်းထပ်ဖြစ် သွားပါတယ်....

ရင်ထဲမှာလဲ မောသွားတယ်... :(
Welcome said…
မဖတ်ရသေးရင် အသစ်ပေါ့ဗျာ
တဂ်ပို့စ်လေး အားပေးသွားတယ်။

လေးစားလျက်
flowerworld said…
မီးလေးကအခုမှဖတ်ရတာ အသဲယားလိုက်တာ အဲ့လိုသည်းမခံနိုင်ပါဘူးတော် ဖိုးစိန်ကိုချီးကျူးတယ် မီးလေးဆို ဟွန်းသိသွားမှာပေါ့.......
မီးလေးတုန်းကယောင်္ကျားလေးနဲ့ဖြစ်တာ မကျေနပ်လို့ ငရုပ်ကျည်ပွေ့ နဲ့ ဟိုဘက်ခန်းမှာနေနေတာတောင်လှမ်းပစ်တာ
လက်ကလဲတည့်သလားမမေးနဲ့ ထိသွားတာပေါ့
ဟိုကောင်ပြန်မလုပ်ရဲလို့ပွဲပြီးသွားတာ ဟီးးးးးးးး
အဲ့လိုသီးခံတတ်တာ
ကိုဖိုးစိန်ကစိတ်ထားကောင်းလိုက်တာ
ကြီးပွားချမ်းသာအုန်းမှာပါ..

လူကြီးလေသံနှင့်ပြောသွားပါသည်.။။
thumalay said…
လာလည်ပါတယ်ဦးဦးဖိုးချိန်။သည်းခံခြင်းသည်အောင်မြင်ရာဧ။်တဲ့။ အောင်မြင်နိုင်ပါစေရှင်။
WWKM said…
နံပါတ်မှာ ၁၃ ဦးထားတယ်...
ဘယ်ပို့စ်လဲမသိဘူး အရင်ဖတ်လိုက်ဦးမယ်.. ဖိုးစိန်ရဲ့
အရင်ပို့စ်လေးတွေက အစ်မဖတ်ပြီးတာတွေများနေပြီ.

ဘာပဲဖြစ်ဖြစ် မနော်ထက်တော့သာသွားပြီ.း) ဒီမောင်နှမတွေပဲ ပြိုင်နေကြတာ.း)
စိတ်ရှည်သည်းခံ
တော်ပါတယ်ဗျား
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား

ိပိုင်စုတ်
MANORHARY said…
လူအမျိုးမျိုးစိတ်အထွေထွေဆိုတာ ဒီမှာတွေ့ရတာပဲ
အမလည်းအဲလိုကြုံနေရတယ် ငွေကြေးနဲ့တော့မပတ်
သက်ပါဘူး..ဖိုးစိန်လိုပဲသည်းခံအောင့်အည်းပြီးအချိန်
တစ်ခုကိုစောင့်ရလိမ့်ဦးမယ်.....
Anonymous said…
ချီးကျူးပါတယ်.. စိန်စိန်ရယ်.
မတရားလုပ်တဲ့ လူတွေကိုလဲ သြချပါရဲ့.
သည်းခံလွန်းတဲ့ စိန်ကိုလဲ အံ့သြပါရဲ့.
တကယ်က ဒီလိုမဖြစ်သင့်ဘူး.
အကျိုးသင့်အကြောင်းသင့် ရှင်းပြသင့်တာပေါ့.
လူတွေဆိုတာ သည်းခံလွန်းရင် ရောင့်တက်တယ်.
အထင်သေးအမြင်သေးဖြစ်တတ်တယ်..
စိန် မဘန်းဘူးဆိုတာ ယုံပါတယ်.
စိတ်မဆိုးတော့ပါဘူး. ဘယ်သူဘန်းလဲဆိုတာတော့ ပြောပြသင့်တယ်.နော်.
အလွန့် အလွန် အနောက်သန်သော.....
Rita said…
ကောင်းပါတယ်။
ကိုယ်တော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြစေချင်တယ်
ဖိုးစိန်ရေ
ဦးကျော်ဟိန်းကို တော့ သိပ်မကြိုက်ပါဘူး။ သူ့ဇာတ်ကားထဲက စကားလေးတစ်ခွန်းကိုတော့ ကြီုက်တယ်
"သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်သွားရင် အလကားလူ" ဆိုလား

ကိုဖိုးစိန်ကိုတော့ ချီးကျူးပါတယ်။ ကျွန်တော်ဆိုရင်တော့ ပြန်မပြောဖြစ်ရင်တောင်မှ အဲဒီမှာ နေတော့မှာ မဟုတ်ဘူး။
အကိုရယ်ဖတ်ပြီး ရင့်နင့်သွားတယ်
ညီက ခုမှအသစ်လေဖတ်ရတာ
အားငယ်သူကိုအားပေးပါ ဆိုတဲ့ စကားပုံကိုပြောင်းရမယ်
အားငယ်သူ့ ကို အားပေး တော့ ပိုခံရတာပေါ့
အဲ့လို မြင်မိတယ် သူ့ တို့ ကဖိအားပေးနေပေမယ့်
အကိုက သည်းခံနိုင်တယ်နော်
ညီလည်းအကိုလို ဖြစ်အောင်အများကြီးလေကျင့်ရအုန်းမယ်
ကျေးဇူးတင်ပါတယ်အကို ဖတ်ခွင့်ရလို့ လေ
ကိုရဲ said…
အစ်ကိုရေ အရင်ကတည်းက မန့်ဖူးမယ်ထင်တယ် ။ ဖတ်တော့ဖတ်ဖူးတရ် ။ ကြိုက်ပါတယ် ။ လူကိုတော့မကြိုက်ဘူး ။ ဘာလို့ထိပ်ဆုံးမပြောလည်း ။ မကျေနပ်ဘူး အရက်ပြန်တိုက်မှကျေနပ်မယ် ။ ဒါပဲ ။ ခုလာတိုက်ပါ ။ ဟဟ ။ ခံစားရပါတ၇် အစ်ကိုေ၇ ။ လူဆိုတဲ့သတ္တ၀ါမျိုးက ဒီလိုပါပဲလေ ။ ဘာပဲဖြစ်ဖြစ် လူဖြစ်နေတာကိုး ။ အဆင်ပြေပျော်၇ွှင်ပါစေခင်ဗျာ ။

(ကိုရဲ)
Moe Cho Thinn said…
ဖတ်ပြီး စိတ်မကောင်းလိုက်တာ။
လူတွေရဲ့ အနိမ့်အမြင့် ဘ၀အခြေအနေတွေကို သာယာ အဟုတ်ကြီး ထင်တတ်တဲ့ မပြည့်ဝတဲ့ လူတွေရဲ့ သဘောကို အသေအချာ ခံစားလိုက်ရတယ်။
ခုထိ သူတို့နဲ့ အတူနေတုန်းလား မောင်လေး။
ခပ်ဝေးဝေးမှာ အေးအေးနေပါလေ။ ကိုယ့်စိတ်တွေ ညစ်နွမ်း ကုန်ပါ့မယ်။ သည်းခံ ခွင့်လွှတ်တတ်တာကို ချီးကျူးမိပါတယ်။ အမသာဆို မမှန်ရင် မခံဘူးဘဲ။ တခြားနေရာမှာ သဘောကောင်းပေမဲ့ အနိုင်ကျင့်ရင်တော့ သည်းမခံတတ်ဘူး။ ဒီလိုလူတွေနဲ့ ဘ၀မှာ ခဏတွေ့မှာမို့ ဆောရီးပဲ..
(ပြောရင်း ပြောရင်း ကိုယ့်စိတ်တွေ ပေါ်ကုန်ပြီ :)
ဖိုးစိန်လေး--------
အလွန်တော်ပါပေတယ်---
မြင့်မြတ်ပါပေတယ်---
ပျော်ရွှင်ပါစေ---
ကဲ သာကောရေ ဒီပို့စ်လေးက ပထမအကြိမ်တုန်းကလည်း မန့်ခဲ့ပီးသားပါ ဒီတခေါက်လည်း အတူတူပါပဲ .. သည်းခံနိုင်ရင် အောင်မြင်တာပါပဲနော် .. ကိုယ့်စိတ်ကတော့ ကိုယ်သိပီးသားပဲ .. အောင်မြင်ပါ သာကောရေ :)
တော်တော် သည်းခံနိုင်တာပဲ ကိုဖိုးစိန်က
ကျွန်တော်ဆိုရင်တော့ ဘာ ပဲဖြစ်ဖြစ် ကိုမှန်ရာကို
ပြန်ပြောဖြစ်မယ်ထင်တယ်။
စိတ်မကောင်းဘူးဗျာ
Anonymous said…
ကိုဖိုးစိန်ရေ .... အံ့သြလွန်းမက အံ့သြမိပါရဲ့ ... ကျွန်တော် ဒီလောက်တော့ သီးမခံနိုင်ဘူးဗျာ .. အမှန်အတိုင်း ပြောတာပါ ...
”စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည်ဥာဏ်ပညာရှိခြင်းနှင့်မိမိကိုယ်ကိုမိမိထိန်းချုပ်တတ်ခြင်းတို့ဖြင့်
စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်” ဆိုတဲ့ စကားလေးကတော့ တကယ်ကို အမှတ်တရလေးပါပဲ။ ကောင်းလွန်းပါတယ်ဗျာ ... အရေးအသားကလည်း ညက်ပါတယ်။ ဖြစ်ရပ်တွေကလည်း တကယ်ကို ထိပါတယ်။ နောက်ဆုံး ရလာဒ်တွေ ဘယ်လောက် ကောင်းလာမယ်ပဲ ပြောပြော ကျွန်တော်ကတော့ အဲလို အခြေအနေမျိုးတွေမှာ စိတ်မထိန်းနိုင်ဘူးဗျာ ... ကျွန်တော်လည်း အများကြီး ကြိုးစားရအုံးမယ် ... ကို ဖိုးစိန်လို သီးခံနိုင်လာအောင်ဖို့ ... အားလုံး အဆင်ပြေပါစေဗျာ .. ဒီ့ထက်မကပေါ့ ... အားလုံးရဲ့ အထက်က ဖိုးစိန် တစ်ယောက် အဖြစ်အနေနဲ့ပေါ့ :)
အကို ဒီလိုမျိုးတွေဖတ်ရတော့ စိတ်မကောင်းဘူး။ ဒေါသလည်းထွက်တယ်။ ကိုယ့်နိုင်ငံကနိမ့်ကျနေလို့ သူများနိုင်ငံသားတွေက နှိမ်တာခံနေရချိန်မှာ ကိုယ့်လူမျိုးအချင်းချင်း ဖေးမရမယ့် အစား ဒီလိုပြောရက်ကြတာကို အံ့သြမဆုံးဘူး။ နို့တဘူး၊ ကြက်ကြော်တစ်ကောင်၊ အတွင်းခံတထည်ဟာ ဘယ်လောက်တန်မှာလဲ။ တကယ်လို့ အကိုမှားယူမိတယ်၊ သုံးမိတယ်ဆိုရင်တောင် ဒီလိုဖြစ်ဖို့မကောင်းဘူး။ ပိုက်ဆံရှိတဲ့မိဘက မွေးလာပေမယ့် ယဉ်ကျေးမှုသိတဲ့ အသိုင်းအ၀ိုင်းကဖြစ်ပုံမရဘူးထင်တယ်။ နိုင်ငံခြားအထိတောင် ကျောင်းလာတက်နေပြီး စိတ်ဓါတ်အောက်တန်းကျလွန်းမနေဘူးလား။ ဒီလိုလူငယ်တွေချည်းပဲသာဆို မြန်မာနိုင်ငံလည်းရှေ့ရေးရင်လေးစရာပဲ။
မငုံ said…
ဖြစ်ရလေ.ဦးဖိုးစိန်ရာ..
နင်မို့လို့ ဒီလိုသည်းခံနိုင်ခဲ့တယ်။ ငါသာ.နငိ့နေရာမှာ ရမှာမဟုတ်ဘူး။ ဘာလို့ လူတွေများ ဒီလို တွေးကြ၊ ပြောနိုင်ကြတာလဲ။ တစိမ်းတွေလဲမဟုတ်ဘူး။ တမြေထဲက လာတဲ့ လူတွေ။ မကူညီချင်နေပါ။ ဒီလိုတော့ မပြောသင့်တယ်။
ဇာတ်ဆရာမောင်စိန်မိုလို့ ပေါ့...အာမီတို့နဲ့ တွေ့လို့ကတော့....:)....ကျွန်တော်လည်း အတတ်နိုင်ဆုံး သည်းခံပေါင်းသင်းတတ်ပါတယ်ဗျာ..ဒါပေမယ့် မောင်စိန်လောက်တော့ သည်းမခံနိုင်ဘူးဗျ...အဲဒီလောက်ပြောတဲ့သူလည်း မတွေ့ဖူးသေးတာလည်းပါတယ်...ထွက်နေတဲ့ဒေါသက ရင်ဝမှာပဲ ပြန်မျိုသိပ်ထားရတယ်...ကျင့်သားတော့ရနေပါပြီ...အခု လို သည်းခံနိုင်တာ အရမ်းပဲချီင်္းကျူးပါတယ်ဗျာ...Never ,never,never give up....စိတ်ဓာတွေကျဆင်းနေတဲ့ အချိန်မှာ ဒီစာလေးကို သတိရပါတဲ့ :)
အသစ်လာရှာတာ ဖိုးစိန်ရေ---ထပ်ရောက်ပါတယ်---
Mae said…
You're amazingly tolerant. It's sad that your fellow countrymen treat you that way.

All the best.
Unknown said…
Ko Pho Sein
You are so great. I do like your mind but friendly speaking, sometimes we need to show who we are. Don't stay with them anymore. ( I have such experiences, OMG, unbelievable some MM people)
Mogok Thar said…
စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည် ဥာဏ်ပညာရှိခြင်း
နှင့် မိမိကိုယ်ကို မိမိထိန်းချုပ်တတ်ခြင်းတို့ ဖြင့်စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်။

သည်းခံခွင့်လွှတ် ကူညီခြင်းဖြင့် မြင့်မားစော စိတ်ဓာတ် ပိုင်ဆိုင်သူတယောက်ကို လေးစားပါတယ်ဗျာ။
Anonymous said…
စိန်စိန်ရေ.. လေးစားပါတယ်ဗျာ။
ဖိုးစိန်ရေ

စကားထဲက ဇာတိပြဆိုတာ ဒါပါပဲ။
ဒီလိုပြောဆို စွတ်ဆွဲသူတွေရဲ့ စကားမှာ သူတို့ ရဲ့ စိတ်နေသဘောထားတွေ ပါနေတယ်လေ။

ဘယ့်နဲ့ သူများ အတွင်းခံ ဘောင်းဘီ ယူဝတ်စရာလား။

အတူနေသူ အချင်းချင်း ရပ်ဝေးမှာ ကံရှိလို့ ဆုံတာ နွားနို့ တစ်ခွက်အတွက် ဒီလို နင့်နင့်သီးသီးပြောဖို့ မလိုပါဘူး။

သည်းခံလိုက်တာကောင်းပါတယ်။ ခွေးရူးနဲ့ ပြိုင်ကိုက်ရင် ကိုယ်ပဲ နစ်နာမှာပေါ့။

တော်တော်မိုက်ရိုင်းစော်ကားတတ်တဲ့ သူတွေပဲ။ ဖြစ်နိုင်ရင်တော့ ကင်းအောင်နေတာကောင်းပါတယ်။

Popular Posts