သာဓုခေါ်ကြမလား..ဗျာ






တနလာင်္နေ့ဆိုရင်သင်္ကြန်ရောက်တော့မယ် ရင်ခုန်တယ်ဆိုတာထက်စိတ်ထဲကြည်နူးမိတာပါ ဒီနေ့မနက်အိပ်ယာထတော့အမေ့ဆီကဖုန်းလာတယ် သားပို့ပေးတဲ့ပိုက်ဆံဒီမနက်ရောက်တယ်တဲ့ ကျနော်တော်တော်ပျော်သွားတယ် နေ့တိုင်းလိုလို
စိတ်ထဲတထင့်ထင့်နဲ့ ကျနော့်ပိုက်ဆံအချိန်မှီမှရောက်ပါ့မလားလို့လေ ပိုက်ဆံပို့တယ်ဆိုတာကလဲ သင်္ကြန်မှာအလှူလေးလုပ်ချင်လို့ပါ အမေတို့လုပ်တဲ့အလှူမှာပါဝင်ချင်တာရယ်ကျနော်ကိုယ်တိုင်လဲလှူချင်တာပါ
ကျနော် နိုင်ငံခြားဘာသာတက္ကသိုလ်စတက်ကတည်းက ရလာတဲ့သူငယ်ချင်းတွေနဲ့စုပြီး သင်္ကြန်ရောက်တိုင်းအလှူလုပ်ဖြစ်တယ်
ကျနော်ကတော့ ဘုန်းကြီးကျောင်းတွေမှာလှူတာထက် ဥပုသ်သည်သက်ကြီးရွယ်အိုဇရပ်တွေ မိဘမဲ့ကလေးထိန်းကျောင်းတွေကို
ပိုလှူချင်တယ် ရေစက်လို့ပြောရမယ် ကျနော့်သူငယ်ချင်းတွေကလဲကျနော့် စိတ်နဲ့တထပ်တည်းကျတယ်လေ
လှူမယ့်နေရာကို ရွေးဖြစ်တော့လဲ ကျနော့်သူငယ်ချင်းနေတဲ့ မြောက်ဒဂုံ(၄၁)ရပ်ကွက်မှာရှိတဲ့ဇရပ်မှာ လှူဖြစ်တယ်
နှစ်စဉ်သင်္ကြန်ရောက်တိုင်း ဇရပ်မှာကြာဇံကြော်.မုန့်ဟင်းခါး.အုန်းထမင်း.ပဲကုလားဟင်းတို့ကို ကျနော်ကိုယ်တိုင်ချက်ပြီး
အလှူလုပ်လေ့ရှိတယ် သူငယ်ချင်းတွေကလည်းဝိုင်းကူဆိုတော့ အရမ်းကိုပျော်ဖို့လဲကောင်းပါတယ် ပြီးရင် ရပ်ကွက်မှာရှိတဲ့ကလေးတွေကိုလဲ ကျွေးပါတယ် ကျနော်တို့သူငယ်ချင်းတွေကောင်းမှုနဲ့ အခုဆိုရင်ဇရပ်ဟာ တော်တော်လေးပြည့်စုံနေပါတယ် ကျနော့်တစ်ယောက်တည်းမဟုတ်ဘူးနော် အားလုံးရဲ့ကောင်းမှုကြောင့်ပါ

မြောက်ဒဂုံ (၄၁)ရပ်ကွက်ဇရပ်ကကျနော့်အလှူ







အခုဒီလိုနိုင်ငံမှာ အလုပ်လာလုပ်ရတော့လဲ အလှူလုပ်ဖြစ်တယ် ကျန်တဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးလှူခိုင်းရတယ်ပေါ့
ကျနော့်သူငယ်ချင်းတွေကလည်း ကျနော့်ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်
ကျနော်ကိုချစ်တဲ့ ပါရမီဖြည့်ပေးတဲ့ လှူချင်တဲ့ပုံစံကို မငြီးမငြူ အားသွန်ခွန်စိုက်ကုသိုလ်ယူလုပ်ဆောင်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်တယ်လို့လဲပြောချင်ပါတယ်
မနှစ်က ကျနော့်သူငယ်ချင်းက ပင်းယမှတ်တိုင်နားက ဘုန်းကြီးကျောင်းမှာ မိဘမဲ့ကလေးတွေရှိတယ် နင်လှူချင်နေတဲ့ပုံစံမျိုးလို့
ပြောတော့ မနှစ်သင်္ကြန်မှာ ကလေးတွေကိုထမင်းကျွေးဖြစ်တယ် ကလေးတွေကိုမြင်ပြီး ကျနော့်သူငယ်ချင်းကမျက်ရည်တောင်လည်တယ်ဆိုပဲ အရမ်းဆင်းရဲတဲ့ဘုန်းကြီးကျောင်းပါတဲ့ ကလေးတွေကလဲအများကြီးတဲ့
ကျနော့်ကိုလဲ ကျနော်ပြုတဲ့ ကုသိုလ်ပွားနိုင်အောင် ဓာတ်ပုံတွေရိုက်ပြီးပို့ပေးလိုက်တယ် မနှစ်ကပုံတွေပါ(ဒီနှစ်ပုံတွေကို ရပြီးရင်လဲတင်ပေးပါ့မယ်)

မိဘမဲ့ကလေးတွေနေတဲ့ပင်းယမှတ်တိုင်နားမှာရှိတဲ့ဘုန်းကြီးကျောင်း(ပါရမီဖြည့်ပေးတဲ့ကျနော့်သူငယ်ချင်းတွေ)




သနားစရာ ချစ်စရာကောင်းတဲ့မိဘမဲ့ကလေးများ



နှစ်ဆန်းတစ်ရက်နေ့ကတော့ ကျနော့်ထုံးစံအတိုင်း ဇရပ်မှာထမင်းကျွေးခဲ့ပါတယ်
ကျနော့်လက်ရာကိုလွမ်းတယ်လို့ပြောကျပါတယ်
ကျနော့်ကိုလဲ မေတ္တာတွေပို့ပေးကြောင်း သတိရကြောင်း ပြောကျပါတယ်
ငိုတဲ့သူကလဲငိုပါတယ်တဲ့ သူငယ်ချင်းကပြောတာပါ
ဒီနှစ်မှာတော့ ပင်းယဘုန်းကြီးကျောင်းမှာ ကလေးတွေပိုများလာပါတယ်(သူငယ်ချင်းပြောတာပါ)
သင်္ကြန်အကျနေ့ ကို ကျနော့်အလှူလုပ်မယ်လို့ပြောပါတယ်
နှစ်ဆန်းတစ်ရက်နေ့ကတော့ မြောက်ဒဂုံကဇရပ်မှာ ထမင်းကျွေးမယ်တဲ့
ကျနော်အရမ်းကိုပီတိဖြစ်နေပါတယ်
ပျော်လဲပျော်ပါတယ်
ဒီနှစ် အမေတို့လုပ်မယ့်သင်္ကြန်အလှူမှာလဲ ပါဝင်နိုင်တဲ့အတွက် ကျေနပ်ပါတယ်
နောင်နှစ်မှာလဲ ဒီနှစ်လိုပဲ လှူနိုင်ပါစေလို့ ကိုယ့်ကိုကိုယ် အားမွေးထားပါတယ်
ကျနော့်ကိုခင်တဲ့ ချစ်ကြတဲ့ ဘလော့ဂါ အကိုတွေ ညီတွေ အမတွေ ညီမတွေနဲ့သူငယ်ချင်းရောင်းရင်းတွေ
အတွေးလေးနဲ့ သာဓုခေါ်နိုင်အောင်ပါ
သာဓုခေါ်လိုက်တဲ့ စိတ်ကြောင့်လဲ ကုသိုလ်ရစေချင်လို့ပါ
မြန်မာပြည်ပြန်ရောက်ခဲ့ရင်လည်း ဒီလိုမျိုးဆင်းရဲတဲ့ကျောင်းတွေကိုရှာပြီး လှူကြပါလို့လဲ တိုက်တွန်းပါရစေဗျာ

အားလုံးပဲနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့
ခင်မင်လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

Comments

ကျရေ said…
သာဓု သာဓု သာဓု
ကျရေ said…
တကယ်ကို စိတ်ထဲ ကပါပြီး ခေါ်တာပါ
MANORHARY said…
သာဓု သာဓု သာဓု
Anonymous said…
မောင်လေးရေ မမအလှူထက် တစ်ရက်စောပြီး သာဓုလာခေါ်သွားပါတယ်။

သာဓု သာဓု သာဓု .....

မကြီး
ရောင်ပြန်
ကိုကိုစိန်ရေ
သာဓု သာဓု သာဓုပါဗျာ..

တကယ် လေးနက်စွာခေါ်သွားပါတယ်..
မငုံ said…
ကိုဖိုးစိန် သာဓုခေါ်ပါတယ်ရှင့်။
နောက်နောင်လဲ ဒီထက်ပို လှူဒါန်းနိုင်ပါစေနော်
ပထမဆုံးရောက်တာပါ
သာဓုခေါ်ပါတယ်ရှင့်
သာဓုပါဗျာ... ဖိုးစိန်က ငယ်ပေမယ့် မိဘအပေါ်သိတတ်ပြီး.. အလှူရေစက်လက်နဲ့ မကွာဆိုတော့... ဘဝမှာ အောင်မြင် ကြီးပွားဦးမှာပါ...
ကောင်းလေစွ... ကောင်းလေစွ... ကောင်းလောစွ...
အစ်ကိုတို့ လည်း အတုယူသင့်ပါပြီ...
yehtutnaung said…
ကိုဖိုးစိန်ရေ သာဓု ၃ ကြိမ် ခေါ်ပါတယ်ဗျာ။ တကယ် လိုအပ်တဲ့ နေရာတွေမှာ စိတ်ရောကိုယ်ပါ အလှူပြုတဲ့ ကိုဖိုးစိန် ရောက်ရာအရပ်မှာ အောင်မြင်ကြီးပွားပြီး ဒီ့ထက်မက လှူနိုင်ပါစေလို့  ပြောပါရစေဗျာ။
သာဓု သာဓု သာဓု။ ညီမလည်း မြို့က မိဘမဲ့ဂေဟာမှာ သူငယ်ချင်းတွေနဲ့ နှစ်ဆန်းတရက်နေ့တိုင်းပိုက်ဆံ လှုတယ်။ သာဓုပြန်ခေါ်။
khin oo may said…
သာဓု သာဓု သာဓုပါဗျာ..
Anonymous said…
မိဘမဲ့ကလေးတွေ ဆိုတာကို ဖတ်ရတော့ ကျွန်တော် လှူခဲ့ဖူးတဲ့ မိဘမဲ့ ကလေးများကျောင်းရယ်၊ ဆွံ့အ နားမကြားကျောင်းတွေ ရယ်က ကလေးတွေနဲ့ လူတစ်ချို့ကို သွားပြီး မြင်ယောင်မိတယ် သူတို့တွေ တကယ် သနားဖို့ ကောင်းတာပါဗျာ ... အစစအရာရာ မပြည့်စုံရှာဖူး ..သူတို့မှာ အားကိုးစရာဆိုလို့ အလှူရှင်တွေရဲ့ စိတ် စေတနာနဲ့ မေတ္တာအကြင်နာတွေကြားက ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် မျှင်မျှင်လေးတွေ ပဲ ရှိကြရရှာတာပါ ... အလှူရှင်တွေ လှူတဲ့ ထမင်းကို မစားခင် အလှူရှင်နဲ့ အလှူရှင် မိသားစု ကျန်းမာ ချမ်းသာစေဖို့ နောက်ဘဝဆက်တိုင်းမှာလည်း သူတို့တွေလို မရှိဆင်းရဲခြင်းက လွတ်ကင်းတဲ့ ဘဝမျိုးရရှိဖို့ လက်အုပ်လေးတွေချီပြီး သူတို့ အားလုံး သံပြိုင်ရွတ်ဆို ဆုတောင်းပေးကြတယ် ... သူတို့ရဲ့ ဆုတောင်းသံတွေက တကယ်ကို အံ့သြဖို့ ကောင်းလောက်အောင် လူတစ်ယောက်ကို ဆွံအစေပါတယ် ... ကိုဖိုးစိန် အများကြီး ကုသိုလ်ရပါတယ်ဗျာ ... သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါတယ် .. နောက်များမှာလည်း ခုလိုမျိုးပဲ ထာဝရ အလှူအတန်း ပြုနိုင်တဲ့ သူတစ်ယောက်အဖြစ် ရပ်တည်သွားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ...
ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်ရပါတယ့်အကိုဖိုးစိန်ရေ့သာဓု သာဓု သာဓု
ဖိုးစိန်လေးရေ----
သာဓုခေါ်ပါတယ်ကွယ်--
ကြည်နူးလိုက်တာ---
မိကောင်းဖခင်သားသမီးပီသပါတယ်--
အမျိုးဘာသာသာသနာကိုစောင့်ရှောက်သူလေး
အိုတောင်မဆင်းရဲပါဘူး--------
အိုက်ခီလောက် said…
အကိုဖိုးစိန်ရေ ဘာပြောရမှန်းကိုမသိတော့ဘူး လုပ်လိုက်ရင် လူကို လန့် သွားတယ် အကိုလိုလူနဲ့ အပြင်မှာတွေ့ ချင်သေးတယ်ဗျာ အားရပါးရကို လက်ဆွဲပြီး ပွေ့ ဖက်ချင်တယ် အကိုထက်ငယ်သေးတော့ အကိုလိုပဲ ဖြစ်အောင် ကြိုးစားချင်တယ်
အကိုလိုမလုပ်နိုင်တောင် နည်းနည်းလေးလုပ်ဖြစ်နေရင်ကျေနပ်ပါပြီ
thetpaingthu said…
သာဓု... သာဓု ... သာဓု
နာနာထု
အဲလေ ယောင်လို့ တကယ်သာဓုပါဗျာ
ဖြူ said…
သာဓု အခါ ၁၀၀ ခေါ်ပါကြောင်း...
အကိုရေ... အကိုနဲ့ ကျနော် စိတ်ထားချင်း နဲနဲတူနေတယ်ဗျ... ကျနော့်အမြင်ကလေ မရှိတဲ့သူကို ပေးလှူချင်တာ... မိဘမဲ့၊ မျက်မမြင်၊ ဆွံ့အ နားမကြား၊ ဘိုးဘွားရိပ်သာ အဲဒီလို နေရာမျိုးတွေကို လှူချင်တာ... လှူလဲ လှူခဲ့တယ်... ပြင်ဦးလွင်က မျက်မမြင်ကျောင်း၊ ဒိုးပင်အောင် မိဘမဲ့ကျောင်း၊ ရန်ကုန်က မေရီချပ်စ်မင်းကျောင်း၊ ရွှေဂုံတိုင်က မိဘမဲ့ကလေးကျောင်း (အဲဒီကျောင်းက ကလေးတွေက အရမ်းငယ်တယ်၊ အရမ်းသနားဖို့ကောင်းတယ်၊ သူတို့ကို ချီပိုးမယ့် ထိန်းကျောင်းပေးမယ့် ဆရာမလေးတွေက ၂ယောက် ၃ယောက်လောက်ပဲရှိတာ၊ အဲဒီတော့ ကျနော်တို့ ရောက်သွားတဲ့ အချိန်က သူတို့ကို ချီစေချင်တဲ့ မျက်နှာလေးတွေနဲ့ ကြည့်နေတာ အခုထိ မျက်စိထဲက မထွက်ဘူး။ ရင်ထဲ တော်တော်ထိလာတယ်။) မွေးနေ့ တစ်ခုမှာ လှူပြီးတော့ နောက်ပိုင်းမှာ လှူဖို့ အခွင့်အရေးရတိုင်း အဲဒီလို နေရာတွေမှာပဲ သွားလှူဖြစ်ပါတယ်... အစ်ကို့ ကုသိုလ်တွေ အတွက် သာဓု သုံးကြိမ်ခေါ်ပါတယ် အစ်ကို...
သာဓု သာဓု သာဓု
များများလှူနိုင်ပါစေ
WWKM said…
သာဓု..သာဓု..သာဓု
ဖိုးစိန်လေး လိမ္မာတယ်.း)
သိပ်မွန်မြတ်တဲ့ အလှူပါပဲ သာကောရေ .. သာဓု သာဓု သာဓု
Dream said…
သာဓု သာဓု... သာဓု... နောက်လည်း ဒီထက် ပို၍ လှူတန်းနိုင်ပါစေ... လို့ ဆုတောင်းပေးပါတယ်..
ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်ပါတယ်..သာဓု ၃ ခါခေါ်သွားပါတယ်...အကို
mae said…
သာဓု သာဓု သာဓု
လာခေါ်ပါတယ်..
သာဓု..သာဓု..သာဓု =)
molay88 said…
သာဓု..သာဓု...သာဓု ခေါ်ပါတယ်.. အရမ်းကို ပီတိဖြစ်ရပါတယ်.. အလှူရှင်ဆိုရင် ဘယ်လောက်တောင်များ ပီတိဖြစ်နေမလဲ ဆိုတာ မတွေးတတ်တော့လောက်အောင်ပါဘဲ..။
တကယ်မွန်မြတ်တဲ့ လုပ်ရပ်ပါဗျာ
သာဓု သာဓု သာဓု
flowerworld said…
သာဓုခေါ်သွားပါတယ်မောင်ဖိုးစိန်ရေ တော်လိုက်တာ
နောက်လဲများများလှူနိုင်ပါစေရှင်
Mogok Thar said…
ခုလို သာဓု အနုမောဒနာ ပြုနိုင်အောင် မျှဝေပေးတဲ့ အတွက် ကျေးဇူးပါဗျာ။ ကြည်နူးစရာ ကောင်းလိုက်တာ။ အလှူက။ သာဓု၊ သာဓု၊ သာဓု။
ညလေး said…
အလှူကို မုဒိတာပွားသွားပါတယ်... သာဓု သာဓု သာဓု
သဘောပေါက်တယ်
သာဓုသာဓုသာဓု...လှိုက်လှဲစွာသာဓုခေါ်ဆိုသွားပါတယ်။
နောက်လည်း ကုသိုလ်တွေအများကြီးလုပ်ကြမယ်ဗျာ
ဝမ်းသာတယ်။

Popular Posts