ဆုတောင်းကန်တော့ကျေးဇူးတင်လွှာ


အားလုံးပဲနှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ခညောင်းပျော်ရွှင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်
ဒီနေ့ဟာကျနော်တို့မြန်မာလူမျိုးတွေရဲ့နှစ်ဆန်းတရက်နေ့ဖြစ်တာကြောင့်အလွန်ပဲကြည်နူးစရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေလို့
စိတ်ထဲကဆုတောင်းနေမိတယ်ကျနော်အရင်ကစိတ်ကူးထားတာသင်္ကြန်ရက်တွေမှာဘလော့ဂါညီအကိုအမညီမသူငယ်ချင်းအိမ်တွေ
လျှောက်လည်ပြီးရေပက်မယ်တနေ့လုံးတညလုံးသောင်းကျန်းမယ်လို့စိတ်ကူးထားပေမယ့်ကျနော်ဦးဆောင်ဦးရွက်ပြုလုပ်ထားတဲ့
ပထမဆုံးအကြိမ်ဆိုက်ပရပ်သင်္ကြန်ကိုလုပ်မှာဖြစ်တဲ့အတွက်ကျနော်လုံးဝကိုမအားဖြစ်ခဲ့ရပါတယ်ကျနော့်အိမ်ကိုရေလာလောင်းတဲ့
အကိုအမညီညီမတွေကိုရေမလောင်းနိုင်တဲ့အပြင်နှုတ်ဆက်စကားပြောဆိုဖို့တောင်အခွင်အရေးမရခဲ့ပါဘူး
အားလုံးကိုကျနော်အားလဲနာပါတယ်တောင်းပန်ပါတယ်ကျနော်ဆိုက်ပရပ်စ်သင်္ကြန်ပွဲပြီးတာနဲ့အားလုံးအိမ်ကိုလိုက်လည်ပါမယ်
နောက်တစ်ခုကကျနော်ပီတိဖြစ်ပျော်ရွှင်စရာတစ်ခုကိုပြောပြချင်ပါတယ်
ကျနော်လာမယ့်တနင်္ဂနွေဧပရယ်လ(၁၉)ရက်နေ့မှာကျင်းပမယ့်သင်္ကြန်ပွဲအတွက်စီစဉ်တော့ကျနော့်မှာအခက်အခဲဖြစ်ရပါတယ်
အဓိကကကျနော်အနောက်ဆာလုပ်ဖို့အတွက်မြန်မာဝတ်စုံမရှိခြင်းပါပဲအချိန်ကလည်းနီးကပ်နေတော့အိမ်ကိုလဲမမှာချင်တော့ဘူး
မှာရင်လည်းအမေကမော်လမြိုင်ကနေရန်ကုန်ဆိုတော့ခရီးထောက်မှာကြောက်လို့မမှာတော့ဘူးအဲဒီအချိန်မှာကျနော့်ရဲ့စာတွေကို
ဟိုအရင်စာရေးကတည်းကကျနော့်ကိုပင်တိုင်ဖတ်ပေးတဲ့အကိုတင်ထွတ်လွင်(ကျနော်နဲ့ဂျီတော့မှာပဲခင်တာ)
ကိုစကားစပ်မိရင်းနဲ့ပြောတော့သူဝယ်ပို့ပေးမယ်စကာင်္ပူထိပေါ့စကာင်္ပူရောက်ရင်သာသူငယ်ချင်းတစ်ယောက်ယောက်ကိုဒီကိုပို့ခိုင်းပြောပြီး
နောက်နေ့မှာပဲကျနော့်ကိုယောပုဆိုးလည်ကတုံးအကျီပိတောက်ပန်းခြောက်သင်္ကြန်ကာရာအိုကေခွေနဲ့ကတ္တီပါဖိနပ်တစ်ရံကိုပို့ပေးပါတယ်
စကာင်္ပူကိုပစ္စည်းရောက်တော့ကျနော့်ရဲ့ခင်မင်လေးစားရပါတဲ့သူငယ်ချင်းအိပ်မက်(မက်မက်)ကမအားလပ်တဲ့ကြားကနေသွားယူပြီး
ကျနော့်ဆီကိုပိုက်ဆံအကုန်ကျခံပြီးစေတနာအရင်းခံနဲ့ပို့ပေးပါတယ်
နောက်တစ်ခုကကျနော်ဆိုမယ့်သီချင်းကခင်မောင်တိုးဗားရှင်းနဲ့ဆိုမှာဖြစ်တဲ့အတွက်သီချင်းတီးလုံးတွေကိုအွန်လိုင်းကရှာမရလို့
ခေါင်းခဲနေချိန်မှာတော့ချစ်ချမ်းကြီးက
အားသွန်ခွန်စိုက်တီးလုံးကြီးပဲရအောင်ဗားရှင်းပြောင်းပေးပါသေးတယ်ဒါအပြင်ကျနော်ပွဲတက်ရင်ဝတ်ဖို့ပုဆိုးနဲ့အင်္ကျင်္ီတွေကို
ထပ်ပို့ပေးလိုက်သေးတယ်အဲလိုချစ်တာနော်
ကျနော်ညီယောက်ဖလောင်းလေးခွန်ဖကလည်းကျနော်ဆိုမယ်ဆိုတော့တီးလုံးလေးတွေကိုအားကြိုးမာန်တက်
နေ့မနားညမအိပ်ပဲကွာလတီကောင်းကောင်းရအောင်
ဗားရှင်းပြောင်းပေးရှာတယ်အဲလောက်ထိယောက်ဖကြိုံကီးကိုချစ်တာနော်ချစ်ညီလေးကိုရဲကလဲခဏခဏစိတ်ပူပြီးလှမ်းလှမ်းမေးပါတယ်မကြီးရောင်ပြန်
ကတော့မနက်တိုင်းကိုစိတ်ပူစွာနဲ့ရပြီးလားမောင်လေးဆိုတာကြီးပဲမမဇာကလဲမကူညီနိုင်ဘူးဆိုပြီး
စိတ်မကောင်းပေမယ့်အားပေးစကားတွေပြောပါတယ်ညီငယ်မိုးသောက်ကလည်းသီချင်းလင့်ခ်တွေအများကြီးလှမ်းပေးပြန်တယ်
ကျနော့်စာတွေကိုအမြဲအားပေးနေတဲ့အန်တီသန့်ဆိုသူကလည်းကျနော့်အတွက်ဆိုပြီးပစ္စည်းတွေပို့ပေးတာမှအများကြီး
ဆေးတွေရောအသုံးအဆောင်တွေရောပဲ
ကြည့်စမ်းပါအုံးဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲလို့
ဒီအကိုတွေအမတွေညီတွေညီမတွေကိုဘလော့စရေးမှသိတာအပြင်မှာလဲတွေ့ဖူးတာမဟုတ်ဘူးစကားလဲပြောဖူးတာမဟုတ်ဘူး
ချက်တင်ဝင်ယုံနဲ့တင်ခင်မင်ရင်းနှီးချစ်ခင်လာတာဘယ်လောက်ပျော်စရာဝမ်းသာစရာကောင်းလိုက်သလဲလို့
ကျနော်ကိုအဲဒီလိုအလေးထားဆက်ဆံကူညီအားဖြည့်တာတွေရတော့ကျနော်သူတို့ပို့ပေးတဲ့ပစ္စည်းတွေကိုကြည့်
ပြီးမျက်ရည်ဝိုင်းမိပါတယ်မျက်ရည်လဲကျပါတယ်ကျနော်အကြွေးတင်သလိုပေါ့ကိုယ်ကိုအားလုံးကူညီကြတယ်
ကျနော်ကတော့မကူညီနိုင်သေးဘူးလေအားလုံးကိုလဲလေးစားချစ်ခင်ပါတယ်ဒီလိုခင်မင်ကြတာကိုလဲအတိုင်းမသိဂုဏ်ယူပါတယ်
အရမ်းကိုလဲကျေနပ်ပီတိဖြစ်ပါတယ်
ပစ္စည်းရလို့ပြောတာမဟုတ်ဘူးနော်ကျနော့်အပေါ်ထားတဲ့စေတနာကိုအရှင်းသားမြင်ရလို့ပါ
ဒါကြောင့်မို့ကျနော်ကိုဝိုင်းဝန်ကူညီအားပေးလာလည်ကြတဲ့ကျနော့်အမတွေအကိုတွေကို လက်အုပ်ချီပြီးဒီနေရာကနေကန်တော့ပါရစေ
ကျနော့်အိမ်ကိုလာလည်တဲ့အကိုအမတွေအားလုံးနော်
ကျနော့်နဲ့သက်တူရွယ်တူရှိနိုင်တဲ့သူငယ်ချင်းများအားလုံးကိုတော့ကျနော်ဂါရဝပြုပါရစေလေးစားလို့ပါ
ကျနော့်ထက်ငယ်မဲ့ညီတွေညီမတွေကိုတော့ကြည်နူးစွာနဲ့ပြုံးပြလိုက်ပါတယ်ကျနော့်ရဲ့ပီတိအပြုံးလေးတွေကိုလက်ခံပေးပါနော်
နောက်ပြီးကျနော့်ရဲ့သင်္ကြန်ပွဲဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးတဲ့
ကိုတင်ထွတ်လွင်
မမမက်မက်
တီချမ်း ချစ်ချမ်း(ချစ်လားလို့ခဏခဏမေးလွန်းတဲ့)ကျနော့်ကိုစေတနာအများကြီးထားပြီးမဖြစ်ဖြစ်အောင်လုပ်ပေးတဲ့)
ညီလေးယောက်ဖအိုင်ခီ နဲ့ ကိုရဲ (ကျနော်အပြင်မှာမမြင်ဖူးပေမယ့်သူတို့နှစ်ယောက်ကိုသံယောဇဉ်ဖြစ်တယ်)
ညီမောင်ငယ် ချမ်းပြောတယ် သူကကျနော့်ကိုအကုန်လုပ်ပေးတာတဲ့
မောင်ငယ်ရေ အတိုင်းမသိဝမ်းသာပီတိဖြစ်ပါတယ် ညီကိုလဲချစ်သွားပါတယ်
ညီလေးမိုးသောက်
ကျနော့်ဘော်ဒါကြီး(နေညိုရင့်)(သူလဲကျနော့်ကြောင့်ပင်ပန်းနေပါတယ်)
အန်တီသန့်
မကြီးရောင်ပြန်
မဇာကြီး
မငုံ တို့ကိုဒီနေရာကနေကျေးဇူးတင်စကားပြောပါရစေ.....လေးစားချစ်ခင်ပါတယ်
ကျနော့်အမကြီးတွေဖြစ်တဲ့ ကျနော့်ကိုအားပေးစကားတွေနဲ့နှစ်သိမ့်ပေးတတ်တဲ့
မကြီးနော်(မနော်ဟရီ)နဲ့ မကြီးဝါ(ဝါဝါခိုင်မင်း)ကိုလဲဒီနေရာကနေဂါရဝပြုကန်တော့လိုက်ပါတယ်(မုန့်ဖိုးပေးပါအုံး)
ထိုအတူကျနော့်စာတွေကိုလာဖတ်အားပေးကြတဲ့
ကိုရင်နော်ကြီး ကိုအလှတရား ကိုဇနိ မခင်လေး မခင်ဦးမေ မသက်ဇင် မမိုးချိုသင်း မဇနိ မြူးသျှရီ မငုံ မကီးကီ မရွှေပြည်သူ မကြီးရောင်ပြန်ကိုလဲဒီနေရာကနေကန်တော့ပါတယ်
(ကျနော်သိရသလောက်ကျနော်ထက်အသက်ကြီးတယ်ဆိုလို့)

ကျန်ခဲ့တဲ့သူများကျနော့်ထက်အသက်ကြီးသူများကိုလဲလေးစားစွာကန်တော့ပါတယ်ဗျာ..စကားပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ကြပါလို့..

နှစ်သစ်မှာပျော်ရွှင်ပါစေ

ဖိုးစိန်

Comments

ကျရေ....... said…
ဘာမှပြောစရာမရှိ..............
ကောင်းတာလုပ်လို့ ကောင်းတာပြန်ရတယ် ပဲ သဘောထားပါလေ
မင်းပြောပြောနေတဲ့ ယုံတဲ့ ကံပေါ့
ကန်တော့ တာတော့ မကောင်းဘူး ကိုယ့်ကိုပြောတာ
ကိုယ်က ငယ်တယ်လေ
အဲတာ အရေးမကြီးပါဘူး
ကိုယ်က အဲတာတွေလဲမယုံတော့ ကေပါတယ်
ပျော်ရွှင်ပါစေနော်
Phyo Evergreen said…
သာဓုပါကွယ် သာဓု သာဓု.. ငှီးငှီး.. ။ ကန်တော့နော်.. ပြေမှားဆိုမှားရှိရင် ခွင့်လွှတ်ပါဗျာ..။
molay88 said…
သားသားလည်းပါဘူး... .(နောက်တာ.. :-) )
သင်္ကြန်ပွဲတော်အတွက် အလုပ်ရှုပ်နေတယ်ပေါ့လေ..။
သူ့ကျေးဇူးတွေကို မှတ်ထားတာ ကောင်းတဲ့ စိတ်ထားပါ... အငယ်တွေကလည်း ကိုဖိုးစိန်ကို ကန်တော့လိုက်ပါတယ်... :P
Anonymous said…
မောင်လေးဖိုးစိန်ရေ.... နှစ်သစ်မှာ ပထမဦးဆုံးကြားရတဲ့ ကျေးဇူးတင်လွှာနဲ့အတူ မြန်မာလူမျိုးတို့ရဲ့ ဓလေးထုံးစံလေးအရ အခုလို ဂါရ၀ ထားပြီး ခင်မင်လေးစားတဲ့ အတွက် အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။
နှစ်သစ်မင်္ဂလာမှာ မကြီးရေဆိုပြီး အမြဲတမ်းနှုတ်ဆက်တတ်တဲ့ မောင်လေးရဲ့ လိုအင်ဆန္ဒတွေ အမြန်ဆုံး တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ပါစေ။ မိဘရဲ့ကျေးဇူးကို သိတတ်ပြီး လိမ္မာတဲ့သောင်းကောင်း ရတနာ တစ်ဦးဖြစ်နိုင်ပါစေ။ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျပြီး တိုးတက်အောင်မြင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

ခင်တဲ့
မကြီးရောင်ပြန်
yehtutnaung said…
ကိုဖိုးစိန်ရေ.. အကို လုပ်နေတာထက်စာရင် မပင်ပန်းပါဘူးဗျာ။ ဟီး..
မဇနိ said…
မောင်လေးဖိုးချိန်ကို ချစ်တဲ့သူတွေ အများသားကိုး။ ဟုတ်ပါ့နော် ဘလော့ဂ်သံယောဇဉ်တွေက ကြည်နူးမိပါတယ်။ အစ်မက သဘောကျရင်း ပြုံးပြုံးလေးလုပ်ပြီး ဖတ်လာတာ အောက်ဆုံးမှ အစ်မကို ကန်တော့စာရင်းထည့်ထားတာတော့ လန့်သွားတယ်။ ဟိဟိ။ ခင်လို့ စတာပါ။
အစ်မတို့စာဖတ်သူဖက်ကလည်း ပြောမှားဆိုမှားရှိရင် ဒီအတာသင်္ကြန်နဲ့အတူ ခွင့်လွှတ်ပါနော်။
ဆိုက်ပရပ်သင်္ကြန်ဖျော်ဖြေပွဲလည်း အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ဖွယ်အမှတ်တရပွဲလေး ဖြစ်ပါစေ။ ဓါတ်ပုံတွေလည်း မျှော်နေမယ်ဝေ့။
thetpaingthu said…
အယ် အနော်လည်းပါဘူး.. အစကတည်းက အခုလို ရေးမယ်မှန်း သိ၇င် ကူညီပါတယ်... အဟိ... မေးလ်ကနေ ပို့ပေးလိုက်တဲ့ ဟာလေးလည်း ကျေးဇူးတင်စကား ပြောဦးလေ
MANORHARY said…
ကန်တော့ထားတော့လည်း မုန့်ဘိုးပေးရမှာပေါ့
အကောင့်ထဲလွှဲပေးလိုက်ပြီနော်း)
check it out
မငုံ said…
:) ကန်တော့ တယ်ဆိုတော့ အားနာလိုက်တာ။ ငါက နင့်ထက် သုံးလေးလပဲကြီးတာကို။ ဘာပြောပြော ကန်တော့ခံလိုက်ပြီမို့ ဆုပေးမယ်။
စိတ်ချမ်းသာ ကျန်းမာပါစေ။ လိုရာဆန္ဒတလုံးတ၀တည်းပြည့်ပါစေ။ သားတရာမြေးတကျိပ်ထိ.သက်ရာကျော်ရှည်ပါစေသော်ဝ်။။
အဲ..ငါလဲ နင့်ကို ပြန်ကန်တော့တယ်နော်။ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်။ စတာနောက်တာနော်။
သြော်သားသားလေး မောင်ဖိုးစိန်လား... သားသားလေးက အခုလို လူကြီးသူမကို ရိုသေတယ်ဆိုတော့... အင်း.. သာဓုခေါ်ပါတယ်ကွယ်.. သာဓုခေါ်ရမှာပေါ့ .. ကွဲ့ နော်...
credit ပေးတာ မှားနေတယ် credit တွေ က မောင်ငယ့် ကိုပေးရမှာ သီချင်းတွေ အကုန်လုံးက သူလုပ်ပေးတာပါ
ကိုယ်က ကြားက အကူအညီတောင်းရုံတင်
ကိုယ်ဘာမှလုပ်တတ်ဘူး
လုပ်လဲပေးခဲ့ရပါဘူး
အယ် အကိုကလည်း ပြောတော့မယ် ညီက အကိုထက်စာရင်မပြောပလောက်ဘူးလေ အကိုမှညီလုပ်ချင်တာ သိချင်တာကို ပြောပြနေတာကို အလှဲအလှယ်လုပ်တယ်သဘောထား အဟိ ဝမ်းသာလိုက်တာ အကိုရာ ချစ်ယောက်ဖအိုက်ခီ ဆိုတော့ အဟိ အကိုကညီကို အဲ့လောက်ချစ်တာကိုးနော့ ညီလည်းအကို ကိုအပြင်မှာမတွေ့ ဖူးပေ့မယ့် တစ်အားခင်နေတာ မမြင်ရတဲ့သံယောဇဉ် လိုပဲ ဗျ အကို ပွဲအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်
ညီချစ်ယောက်ဖလေး
အိုက်ခီလောက်
Anonymous said…
ကောင်လေးတယ်လိမ်မာနေပါလားဗျ။
သာဓုပါဗျာ ကန်တော့အထဲ ကျနော်မပါပေမဲ့
သာဓုခေါ်သွားပါတယ်။ ကန်တော့တောင်းပန်တာဆိုတော့ ကြည့်ရတာ
မဟုတ်တာ လုပ်တော့မယ်နဲ့တူတယ်။ ဟီဟီ
နောက်တာနော် ထင်လဲ ထင်ပါဘူး။ကောင်လေး
ကရုပ်ကလဲကောင်း သဘောကလဲချောတော့
ထင်ပါဘူးဗျာ။
တူမောင်ရေ...
သာဓုပါကွယ်.. ငါ့တူကြီး ကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒ တစ်လုံးတဝ ပြည့်စုံပါစေကွယ်...

ငါ့တူကြီး ရောက်လေရာ အရပ်မှာ အဆင်ပြေပျော်ရွှင်ပါစေ..

ဝိုင်းဝိုင်းလည်နေသော ကောင်မလေးများ၏ ဂရုစိုက်ခြင်းကိုလည်း ယခုထက် ပို၍ ရရှိနိုင်ပါစေကွယ်...

စိတ်သွားတိုင်းကိုယ်ပါ စိတ်ကူးမိရာ အကုန်ဖြစ်ပါစေကွယ်...

မုန့်ဖိုးကတော့ ကြိုက်သလောက်ပြောကွာ.. ပို့ပေးလိုက်မယ်..

(လူကြီးလေးသံနဲ့ ဆုတွေပေးသွားတယ်)း)

တူမောင်ရဲ့

ဦးနော်..
mgnge said…
အနော်က သိတောင်မသိလိုက်ဘူး...။
ဒါလေး လုပ်ပေးပါဆိုလို့ လုပ်ပေးလိုက်တာ..။
ဘာ့အတွက် မှန်းတောင်မသိဘူး..။

အဆင်ပြေပါစေဗျာ....။
အကိုရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ
စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
Anonymous said…
အစ်ကို ဖိုးစိန်ရေ ... နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့မှုပေါင်းများစွာနဲ့ မိဘကို အစဉ်ထာဝရ ပြုစုစောင့်ရှောက် လုပ်ကျွေးနိုင်တဲ့ သားကောင်း သားလိမ္မာတစ်ယောက် ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ... စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်စုံပါစေဗျာ .. ကိုဖိုးစိန်လို စိတ်ရင်းစေတနာ ကောင်းမွန်ပြီး သဘောထားပြည့်ဝတဲ့ လူတစ်ယောက် အနေနဲ့ ဒီလို သူငယ်ချင်းမိတ်ဆွေကောင်းတွေ ရှိနေတာ မဆန်းပါဘူးဗျာ ... ကို ဖိုးစိန် ကိုယ်စား ဂုဏ်ယူပါတယ် .. ဝမ်းသာပါတယ် ကျေနပ်ပီတိဖြစ်မိပါတယ် ... ဆထက် တစ်ပိုးအောင်မြင်ပါစေ ဗျာ ။။။
kiki said…
ကိုဖိုးစိန်လေးက ဒီလိုတော့လည်းလူကြီးသူမ သိတတ်သား ။ဒါကြောင့်လူချစ်လူခင်များတာ ထင်ပ။
ဘာဘဲဖြစ်ဖြစ် အမလည်း ကန်တော့ခံ လူတန်းစားထဲ ပါဝင်သွားပြီဆိုတော့ သိပ်ပြီးပေါလို့ မကောင်းတော့ဘူးပေါု့ ။ ဟိဟိ ။ဒီလိုသိတတ်တာ သာဓုပါကွယ် ။ မင်းရှေ့ လျှောက်ကြီးပွားအုံးမယ် ..
WWKM said…
ဟောဗျာ.. ဖိုးစိန်လေးကို ၀ိုင်းချစ်ကြတယ်လားးးး
ပျော်စရာကြီးပေါ့ကွယ်...
တွေ့လား ဘလော့ဂါ မောင်နှမတွေ ဘယ်လောက်သဘောကောင်းလဲနော်...း)
သာဓုပါ ဖိုးစိန်လေးရယ်... အစ်မနေမကောင်းနေ..
စိတ်မပျော်နေတာနဲ့ အိမ်မလည်ဖြစ်တာပါ....
တခါတလေ ကိုယ့်အိမ်တော့လာလည်ကြပြီး ကိုယ်က
ပြန်မလည်နိုင်နေလို့ ဘလော့တောင်ပိတ်ထားရင်ကောင်းမလားလို့တွေးမိပါရဲ့.

အဆင်ပြေပါစေ..
အစ်မကြီးတွေကို ကန်တော့တဲ့ မောင်လေး ဖိုးစိန်တစ်
ယောက် ဘ၀မှာ အောင်မြင်မှုတွေအများကြီးနဲ့ ပျော်ရွှင်
နိုင်ပါစေ ကလေးရေ.

မမ၀ါ
WWKM said…
အစ်မလည်း မနော်လိုပဲ အကောင့်ထဲကနေလွှဲပေးလိုက်
တယ်နော်.. အကောင့်နံပါတ်ပေး... ပြီးရင် စီးကရက်
နံပါတ်ပါပေးခဲ့... ပိုက်ဆံလိုရင် ထုတ်သုံးမလို့လေ.ဟဟ
...စတာပါကွယ်.. နှစ်သစ်နဲ့အတူ ပျော်ရွှင်ပါစေ.
အစ်မတို့ မနက်ဖြန် ခရီးထွက်ကြမယ်. တာ့တာနော်.
Unknown said…
So clever, so cute, so polite.
Nice lad.
ရော့ကွာ လက်ဆောင်လာပေးတာ
အပ်ချလောင်း
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
Dream said…
နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ
အခုမှလာဖတ်ဖြစ်လို့ စိတ်မကောင်းဖြစ်ရတယ်
အစစအဆင်ပြေရဲ့လား
စိတ်ကောင်းရှိမှန်းသိလို့ တကယ့်ကို ခင်မင်မိပါတယ်
ကန်တော့တာတော့
မခံဝံ့ဘူး။
မီးလေးဇာတို့နဲ့တစ်တန်းတည်းထိုင်မယ်ဗျာနော့
အခုကလူကြီးဝိုင်းထဲရောက်နေတော့
ကျောချမ်းလိုက်တာဗျာ။

အစစအဆင်ပြေပါစေဗျား
မိတ်ကောင်းဆွေကောင်းများနဲ့ ဘ၀ခရီးကို
အခက်အခဲမရှိလျှောက်လှမ်းနိုင်ပါစေ...။
ဒီလိုပို့စ်တွေဟာ ကြည်နူးစရာပါဗျာ။

ကိုဖိုးစိန်ကို ဆရာလုပ်တာ မဟုတ်တဲ့ အကြံလေး တခုလောက်ပေးချင်တယ်။ စာရိုက်တဲ့အခါ Space လေး ခြားပြီး ရိုက်ကြည့်စေချင်ပါတယ်။ စာကြောင်းတွေ ပြွတ်သိပ်နေတဲ့ ရန်ကလဲ ကာကွယ်ပြီးသား ဖြစ်သလို ဖတ်ရတာလဲ ပိုအဆင်ပြေသွားမလားလို့ပါ။
တော်တော်ကို စုံသ္ဂားတာ နာမည်ကြီး Blogger တ္ဂေအားလုံးပဲ။
ကောင်းတယ်ဗျာ ဆက်ဆ္ဂဲ
c box မတ္ဂေ့မိပါလား ခင်ဗျာ။
မိကောင်းဖခင်သားသမီး ပီသသော ဖိုးစိန်လေး
ဗုဒ္ဒဘာသာ မြန်မာအမျိုးသားကောင်းလေးပီသပြီး
ယဉ်ကျေးစွာရေးသားထားသည့် နှုတ်ခွန်းဆက်လွှာ
လေးအား လာဖတ်ရင်း
ကြည်နူးဝမ်းမြောက်မိပါကြောင့်း့ 
Welcome said…
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
ဒီနှစ်သစ်ကစလို့ နောင်နှစ်သစ်ပေါင်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ... ခုမှတွေ့မိလို့ ဆုပေးတာနောက်ကျသွားတယ် မောင်လေးဖိုးစိန်ရေ။ ပျောက်ပျောက်နေတတ်တဲ့ အစ်မကို သတိတရရှိတာ တကယ်ကို ကျေးဇူးတင် ဝမ်းသာမိပါတယ် (မုန့်ဖိုးကို နောက်တွေ့ရင်ပေးမယ်နော်း))

Popular Posts