သံယောဇဉ်နဲ့အတူတွေ့ချင်သူဆယ်ဦး

သံယောဇဉ်ကြောင့် ဖြစ်လာတဲ့ မေတ္တာ ရှေးဘဝ ရေစက်တစ်ခုကြောင့် မထင်မှတ်ပဲ တွေ့ဆုံကြ ရတဲ့သူတွေ ဒီလိုသံယောဇဉ်ရှိ သူတွေကြားထဲမှာမှ အတွေ့ချင် ဆုံးဆယ်ယောက်တဲ့.... အမှန်တကယ်တော့ ကျနော်ဘလော့လေးကို စရေးကတည်းက ကျနော့်ဆီ လာလည်တဲ့ အကိုအမတွေ သူငယ်ချင်းတွေ အားလုံးကို
အပြင်မှာ အမှန်တကယ် ရင်နှီးချင်တာ ဒီဘလော့လေးကို ပိုင်ဆိုင်လို့လဲ ဘဝမှာ အားပေးမှုတွေ နဲ့အတူ အနေအထားတွေ ပြောင်းခဲ့ရတဲ့ ကျနော် အားလုံးကို ခင်မင်လေးစားပါတယ်။

ကျနော် တောက်တိုမယ်ရ စာရေးနေ တဲ့အချိန် ပထမဆုံး ကျနော်ဝင်လည်မိတဲ့ ဘလော့က ဂျပန်မှာနေတဲ့ ကျနော် ချစ်ခင်လေးစားရတဲ့ မမဝါ(မဝါဝါခိုင်မင်း)ပါ မဝါဘလော့ကို ကျနော် ပထမဆုံး မျက်စိလည် လမ်းမှားပြီး ရောက်ခဲ့တာ မဝါဘလော့ ကနေမှ ခြေဦးတည့်ရာ လိုက်လံရှာဖွေရင်း ဒီလောကထဲကို ရောက်လာတာ.. ကျနော့်ရဲ့ပိုစ့်တိုင်းကို အမြဲဖတ်ပေးတဲ့ အမြဲတမ်း အကြံဥာဏ်တွေ နဲ့အတူ အားပေးစကားပြောတဲ့ မမဝါကို မမြင်ဖူးပေမယ့် အရမ်းကို ခင်တွယ်ပြီး တွေ့ဖူးချင်နေခဲ့တာ နောက်တစ်ခုက ပျော်ရွှင်တဲ့ မိသားစု ဘဝကို တည်ထောင်ထားတဲ့ အတွက်လဲ အားကျနေခဲ့တာ အရမ်းကို တွေ့ဖူးချင် နေခဲ့တာ အမတစ်ယောက်လိုလဲ သံယောဇဉ် ရှိနေခဲ့တာလေ... တကယ်တွေ့ခဲ့ရရင် လက်အုပ်ချီပြီး ပြေးကန်တော့မိမှာပါ.. အဲလောက်ထိ မမဝါကို အမတစ်ယောက်လို သံယောဇဉ် ဖြစ်မိပါတယ်.. အမြဲတမ်း အမတစ်ယောက်လို အားပေးတတ်တဲ့ မမဝါကို ကျေးဇူးလဲ တင်ပါတယ်ဗျာ....

ကျနော့်ဘဝမှာ လက်ဦးဆရာက အမေပဲဖြစ်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီး တဲ့အထိ ကျူရှင်မတက်ပဲ ကျောင်းက ဆရာတွေနဲ့ အမေနဲ့တင် ဆယ်တန်းကို ဆန့်ငင်ဆန့်ငင် အောင်ခဲ့တဲ့ သူပါ နိုင်ငံခြား ဘာသာတက္ကသိုလ် စတက်ချိန်မှာ ကျနော်က အင်္ဂလိပ်စာ မေဂျာကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က ပြင်သစ်စာ စပ်စပ်စုစု သိလိုတာနဲ့ ပြင်သစ်ဘာသာ သင်တဲ့အခန်းကို တစ်ချိန်ဝင် တက်ခဲ့တယ် အဲဒီမှာ ပထမဆုံးတွေ့ ခဲ့ရတဲ့ ဆရာမက ကျနော်ချစ်ခင်လေးစား အားကျရတဲ့ ဒေါ်မို့မို့ဝင်းပါ တီချယ်မို့ စာသင်တာကို ကြည့်ပြီး အရမ်းကို အားကျ လေးစားခဲ့ပါတယ်။ နောက်တစ်နေ့မှာလဲ ပြင်သစ်အတန်းကို ထပ်တက်မိတော့ ဆရာမ ဒေါ်မီမီပြုံး သင်တဲ့အတန်းကို တက်မိပါတယ် အရမ်းကိုသဘော မနောဖြူတဲ့ အမြဲပြုံးနေတဲ့ ဆရာမကိုမြင်တော့ ဆုံးဖြတ်ချက် ချခဲ့တာ ပြင်သစ်စာကိုပဲ သင်တော့မယ်လို့ပေါ့ ဒီလိုနဲ့ပဲ ပြင်သစ်စာ ကိုသင်
ဖြစ်ခဲ့ပါတယ် ခုကျနော် အရမ်းချစ်ခင် လေးစားမြတ်နိုးရတဲ့ ဆရာမနှစ်ယောက်နဲ့ ညီအမတော်တဲ့သူကို မထင်မှတ်ပဲ ဘလော့စာ မျက်နှာပေါ်မှာ မြင်လိုက်ရတယ် ကျနော်အရမ်းကို ပျော်ခဲ့ပါတယ် သူကတော့ အခုကျနော် မကြီးနော်လို့ခေါ်တဲ့ မနော်(မနော်ဟရီ)ပါ။ မကြီးနော်အ ကြောင်းကို ကျနော် မစိမ်းပါဘူး ကျနော်တင်မဟုတ်ဘူး (၉ရ)အောင်ပြင်သစ်စာ သင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသား အားလုံးစိမ်းမယ် မထင်ဘူး ဘာဖြစ်လို့လဲ ဆိုရင်တော့ မနော်နဲ့ ညီအမတော်တဲ့ ဆရာမတီချယ်မီက စာသင်နေရင်းနဲ့ အပြင်ဗဟုသုတ တွေပြောကျတဲ့အခါ သူအကြိုက် ကိုယ့်အကြိုက် ကဗျာစာတွေ ပြောကြတဲ့အခါ မနော်အကြောင်း ပါပါတယ် မနော်ရဲ့ စာတွေကို အဲဒီအချိန်က မဖတ်ဖူးဘူး မနော်ကို မမြင်ဖူးဘူး ဒါပေမယ့် တီချယ်မီကြောင့် မနော့်ကို တီချယ်ရဲ့ ညီအမဆိုတဲ့ စိတ်နဲ့တင် လေးစားချစ်ခင်ခဲ့ရတာ ရေစက်ဆိုတာက ခက်သား အခုကြည့်မထင်မှတ်ပဲ မနော်ကို တွေ့ရတာ ကဲမလွမ်းဘူး လားဆိုတဲ့ တက္ကသိုလ် ပုံတွေနဲ့ တင်ထားတဲ့ ပိုစ့်ကနေ မနော်ကို ခင်မင်ခွင့် ရခဲ့တာ ကျနော်အရမ်းချစ်ခင် လေးစားရတဲ့ ဆရာမနဲ့ ညီအမ ကျနော့်ကိုလဲ မောင်လေး တစ်ယောက်လို ခင်မင်နွေးထွေးမှုတွေ ပေးခဲ့တဲ့ မကြီးနော်ကို အမတစ်ယောက်လို ရင်ထဲက ခံစားမိတယ် မကြီးနော်ရေ.. မကြီးနော် ရေးပေးခဲ့တဲ့ ကဗျာလေးအတွက် ကျနော်ကျေးဇူးတင်သလို ကျနော်ရင်ထဲမှာ အမြဲကျန်ရှိ နေမှာပါ.. မကြီးနော်ကိုလဲ မြင်တာနဲ့ ပြေးကန်တော့ မိမှာပါ..(မကြီးနော် ထမင်းကျွေးမယ်လို့ ပြောထားသေး တယ်နော့် မေ့ဘူး)

ဘလော့ စာမျက်နှာတွေရှိတဲ့ အိမ်ရောက်တိုင်း ပြုံးပျော်ပြီး ပြန်လာရတဲ့ အိမ်တစ်အိမ် ရှိပါတယ် ကိုရင်နော်ခင်လေးငယ်ဆိုတဲ့ နို့စို့ဖက် ရန်ဖြစ်ဖက်တွေ ကိုရင်တို့ အိမ်ရောက်တိုင်း ရင်ထဲနွေးထွေးမှု တစ်ခုရတယ် ဒါကတော့ ကျနော့်ကိုယ်ပိုင် ခံစားချက် နေမှာပါ သူငယ်ချင်းတွေ ဖြစ်ကျတဲ့ ကိုရင်နော်ကြီးနဲ့ မခင်လေးတို့ ရေးထားတာကို တွေ့တိုင်း လွတ်လွတ် လပ်လပ် ရယ်မောပြောရွှင်ခဲ့ရတယ်။ တနေ့ကိုရင်နော်ကြီးက ”ဖိုးစိန်ရေ ကိုရင်နော် ကိုအက်ဟ ဖိုးစိန်နဲ့ ပေါင်းလို့ရတယ်”ဆိုပြီး ကိုရင်နော့်မေးလ်ကို ပေးခဲ့တာ တကယ်တော့ သူကဆိုက်ပရပ်စ်က ယိမ်းသမလေး တွေကတာတွေ ကြည့်ပြီးကျနော့်ကို အက်ခဲ့တာ အဟီးး တကယ်လဲ အကိုတစ်ယောက်လို လေးစားခင်မင်ဖို့ ကောင်းပါတယ် ကိုရင်နော်ကြီးနဲ့ စကားပြောတိုင်းလဲ ပျော်ပါတယ် (ဒါပေမယ့် ကိုရင်နော်ကြီးက တွေ့တိုင်း ဆိုက်ပရပ်စ်က ယိမ်းသမတွေကိုပဲ မေးမေးနေတာ ခက်တယ်)အဟီးးး ကျနော် ကိုရင်နော်ကြီး ကိုတွေ့ရင် အဆစ်အနေနဲ့ မခင်လေးကိုပါ တွေ့ရမှာဆိုတော့ မခင်လေးလဲ ကျနော့်ကို ငါ့ကျ မပါဘူးလို့ ပြောမှာ မဟုတ်တော့ဘူး တကယ်ပြောတာ နို့စို့ဖက် အကိုနဲ့အမကို တွေ့ချင်ပါတယ်

ကျနော့် ဂျီးမေးလ်ထဲမှာ ပထမဆုံး ကျနော် အင်ဗွိက် လုပ်ခဲ့တဲ့သူက ကျနော်ဒယ်ရင်း လို့ခေါ်ပြီး ကျနော့်ကို ဖွတ်ချိန်ဆိုပြီး နာမည်ပေးခဲ့တဲ့ မက်မက်ပါ မက်မက်ကလဲ ကျနော်ရဲ့စာ တွေကို ကျနော်စရေး ကတည်းက အားပေးလာ ခဲ့တဲ့သူပါ မက်မက်နဲ့ကျနော် သိပြီးတဲ့ အချိန်က စလို့ အခုချိန်ထိ မက်မက်က ကျနော်ကို အကူအညီ တွေပေးခဲ့ပါတယ်။ တစ်ခါတစ်လေမှာ အစ်မတစ်ယောက်လို ရှိနေတတ်တယ်။ တစ်ခါတစ်လေမှာ သူငယ်ချင်း တစ်ယောက်လို ဖြစ်နေပြန်တယ် မက်မက်ဆီကနေ ကျနော် ရခဲ့တဲ့ တရားတွေက မနည်းပါဘူး... ကျနော် မက်မက်ကို မမြင်ဖူးပေမယ့် အစ်မလို ညီမလို သူငယ်ချင်းလို ခင်ပါတယ် သံယောဇဉ်လဲ ရှိပါတယ် ကျနော် စိတ်ဓာတ်ကျ နေတဲ့အချိန်ဆို သူအားပေး စကားပြော တတ်ပါတယ် သူအဆင်မပြေတဲ့ အခါဆိုလဲ ကျနော်သူနဲ့ အတူဝမ်းနည်း မိပါတယ်။ ကျနော်ပြေး တွေ့ချင်တဲ့ သူထဲမှာ မက်မက်လဲ ပါတယ်လေ ကျနော့် အပေါ်ကို တကယ့်ကို စေတနာနဲ့ ခင်မင်တဲ့ သူပါ သူ့ကြောင့်လဲ ကျနော် ဘုန်းကြီးဝတ်ချင်စိတ် ခဏခဏပေါက်တယ် တရားရလို့တော့ မဟုတ်သေးဘူး မက်မက်က အိမ်မှာ ဘုန်းကြီးဆွမ်း ခဏခဏ ကပ်တော့ ကျနော် ဘုန်းကြီးများ ဝတ်ရင် မက်မက်အိမ်မှာ ဟင်းကောင်း နေ့တိုင်း စားရမလား ဆိုတဲ့ အတွေးနဲ့ အဟီးးး

သဘောဖြူ မနောဖြူတဲ့ ဘားအံသူလေး ကဗျာလေးတွေ ရေးကောင်းတဲ့ အသဲခဏခဏကွဲတဲ့ မဇာကလည်း ကျနော့ရဲ့ အားပေးဖော် တိုင်ပင်ဖော်ပါ ကျနော်နဲ့ဆို အမြဲတမ်း စလိုက် နောက်လိုက် နေလာတဲ့ မဇာပါ သူ့ကို စလိုက်တိုင်း အိမ်ကို ထမိန်မပြီး လိုက်လာ တတ်တဲ့ ဘားအံသူကို ကျနော် အရမ်း ခင်တယ် မဇာက ပွင့်လင်းတယ် သဘောကောင်းတယ် ခင်ဖို့ ကောင်းတယ် တနေ့နေ့ ဇွဲကပင်တောင်ကို စလိုက် နောက်လိုက် စိတ်ဆိုးလိုက်နဲ့ ကျနော်တို့ မဇာတို့ တက်ဖြစ်မှာ မြင်ယောင် မိပါတယ် မဇာရယ်

မကြီးရေလို့ ခေါ်လိုက်ရင် ရှင်လို့ ပြန်ထူး တတ်တဲ့အမ တစ်ယောက် ရှိသေးတယ် သူကအချစ်ကို နူးညံ့သိမ်မွေ့စွာ အလွမ်းလေးနဲ့ ကဗျာစပ်တတ်တဲ့ မကြီးပါ ရေးတိုင်တဲ့ ကဗျာတိုတိုလေးတိုင်းမှာ လွမ်းဆွတ်ဖွယ်ကောင်းအောင် ရေးနိုင်တဲ့သူ အရမ်းလဲ သဘောထား ပြည့်တဲ့သူ ကျနော်စတိုင်းလဲ ပြုံးပြုံးလေး နေတတ်တဲ့ မကြီးကတော့မကြီးမေတ္တာရောင်ပြန်ပါ တကယ်အမ တစ်ယောက်လို အမြဲတမ်းစိတ်ပူ ပေးတတ်သူပါ ပြီးတော့ မကြီးရဲ့ ရင်ထဲက ခံစားချက် တစ်ချို့ကိုလဲ ဆရာကြီးအထာနဲ့ မကြီးရင်ဖွင့်သမျှကို နားထောင်ပေးတဲ့ ကျနော့်ကို မကြီးက နာမည်ပေး ထားပါတယ် (သိချင်မကြီးကို မေးကြ..အဟီးး.. မကြီးကို အလုပ်ပေး လိုက်တာ) မတွေ့မဖြစ် တွေ့မဲ့အထဲမှာ မကြီးကလဲ ထိပ်ဆုံးကပေါ့ သူကလဲ ကျနော့ကို အရမ်းတွေ့ချင်မှာပါ တွေ့တာနဲ့ ထိပ်ကို ဂွပ်ကနဲ မြည်အောင် ခေါက်ဖို့လေ။

တစ်ခါတစ်ရံမှာ ကျနော့်ကို အမကြီးလေသံနဲ့ ဆုံးမတတ် သလိုတခါတရံမှာ သူငယ်ချင်းအထာနဲ့ စကားပြော တတ်တာကန္တာရမိုးစက်မမငုံပါ ကျနော်ရေးတဲ့ စာကိုငိုရတဲ့ အခန်းမှာ နှပ်ထွက်ပြီး ရယ်ရတဲ့ပိုစ့်ဆို သရေကျတယ်ဆိုတဲ့ (ကျနော် ပိုပြောတာနော် မငုံရေ..တုတ်ကောက် နဲ့ထုမှာ မြင်ယောင်သေး) မငုံကလဲ အရမ်းကို ပွင့်လင်းပြီးခင် ဖို့ကောင်းတဲ့ သူငယ်ချင်း အမတစ်ယောက်ပါပဲ ကျနော်တို့ ဆုံရင် ခရီးအတူတူ ထွက်ကျမယ် လို့ပြောရင် သူက ရှေ့ဆုံးကခုံမှာ ဦးထိုင်နေမှာ မြင်ယောင်သေး။ သူ့ကို ကျနော်အမ တစ်ယောက်လိုပဲ မြင်ပြီး တကယ် ချစ်ခင်ပါတယ် စလို့လဲ ကောင်းတဲ့သူပါ

ကိုဖိုးစိန်ရေ..အကိုယောက်ဖရေ....အနော်တို့ အရက် သောက်ကြမယ်..လာခဲ့လို့ ခေါ်တတ်တဲ့သူ အကြီးကို အကြီးမှန်း သိတတ်တဲ့သူ.. ယဉ်ကျေးတဲ့ စကားတွေနဲ့ ချစ်ခင်အောင် ပြောတတ်သူ ”အကိုဖိုးစိန်ရေ ဘာပြော ရမှန်းကို မသိတော့ဘူး လုပ်လိုက်ရင် လူကို လန့် သွားတယ် အကိုလိုလူနဲ့ အပြင်မှာတွေ့ ချင်သေးတယ်ဗျာ အားရပါးရကို လက်ဆွဲပြီး ပွေ့ဖက်ချင်တယ်” စတဲ့ စကားမျိုးတွေနဲ့ ကျနော့် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတဲ့သူ ကျနော်လဲ သူ့ကို အရမ်းသံယောဇဉ်ဖြစ်ပြီး ညီတစ်ယောက်လို ခင်မင်ရတဲ့ သူက ခွန်ဖလို့ခေါ်တဲ့ညီလေးအိုင်ခီပါ သူ့ကိုကျနော် ညီတစ်ယောက်လို ကိုချစ်ပါတယ်.. သူပြောတဲ့ စကားတိုင်းက အကိုတစ်ယောက်ကို ညီကပြောနေတဲ့ လေသံအတိုင်း ခံစားရပါတယ် သူလဲ ကျနော်ကို အကိုတစ်ယောက်လို ချစ်ခင်လေးစား မယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ပါတယ်။ ညီလေးယောက်ဖရေ..ညီလေးကို ယောက်ဖ တော်ပြီးတော့ကို ချစ်တာနော့်..

ကျနော်ချစ်တဲ့ ညီလေးထဲမှာတော့ အငယ်ဆုံး.. ဒါပေမယ့် စိတ်ဓာတ်ရေးရာကတော့ လူကြီးစိတ်လေ..တည်ကြည်တယ်..ဒါပေမယ့် တစ်ခါတစ်ရံမှာ အရမ်းကို နူးညံ့တဲ့ နှလုံးသားနဲ့ ပျော့ညံ့နေ တတ်တာကို မြင်နေရပြန်တယ်..သဘောဖြူတယ်.. သိတတ်နားလည်တယ်.. သူ့ကလဲ ကျနော့်ကို အကိုတစ်ယောက်လို လေးစားတယ်.. အတွေးအခေါ် ကောင်းတယ်..သူကတော့ လေလွင့်သူလေးကိုရဲ.. ကျနော် ကိုရဲကို ညီလေးတစ်ယောက်လို ကိုချစ်တာ..ဒါကလဲ ဘယ်ဘဝ ရေစက်မှန်း မသိဘူး..

ညီလေး နှစ်ယောက်ဖြစ်တဲ့ အိုင်ခီနဲ့အရဲ နဲ့ကိုတော့ ကျနော်အပြင်မှာ မတွေ့ဖူးပေမယ့် တော်တော်လေး သံယောဇဉ် ဖြစ်တယ်

နောက်ဆုံး တစ်ယောက်က မပါမဖြစ် ပါကိုပါ ရမှဖြစ်မှာ မပါရင် မဗဒါမြေလူးလို့ ဘလော့ စာမျက်နှာပေါ် အသဲကွဲမှာ မြင်ယောင်နေပါတယ်း) ဒီလိုပြောရင်လည်း ပြောရက်လိုက်တာ ချစ်စိန်လေးရယ်ဆိုတဲ့ဝမ်းနည်း လေသံလေးနဲ့ ရေကျသွားမှာ မြင်ယောင်သေးတယ် ဒါပေမယ့် စိတ်ထဲရင်ထဲက ပြောရရင် တွေ့ချင်တဲ့ သူထဲမှာ သဘောကောင်းပြီး ဖြည့်ဆည်း ပေးတတ်တဲ့ ချစ်သလား လွမ်းသလား ဖြေစမ်းကွယ် ကိုအမြဲ မေးတတ်တဲ့ တီချမ်းခေါ်ချစ်ချမ်းပဲပေါ့ ချစ်ချမ်းလဲ ကျနော်ကို မတွေ့ဖူး မမြင်ဖူးပေမယ့် အတိတ်က အရိပ်ကြောင့် အခုကျနော့် အပေါ်မေတ္တာ သက်ဝင်ချစ်ခင် နေလေရဲ့.. သူ့ကို ကျနော်က ရေတက်တုန်းမို့ပါ... အချိန်ကျရင် ရေလဲကျ သွားမယ်လို့ ပြောရင် ဆွေ့ဆွေ့ခုန်ပေါ့လေ... သူ့ကို မခံချင်အောင် မခံချိမခံသာ ဖြစ်အောင်စ နေပေမယ့် တကယ်ခင်ပါတယ် (ခင်တယ်ပြောရင် ချစ်ချမ်းက မကြိုက်) အပြင်မှာလဲ တွေ့ချင်ပါတယ်.. ချစ်ချမ်း ကျနော့်ကိုမြင်ရင် ဘာလုပ်မလဲ သိချင်လို့..အခုတောင် စဉ်းစားရင်း..အဟီးးး ချမ်းရေ.. ဘာပြောပြော.. ချမ်းကို တကယ်လေးစား ချစ်ခင်ရပါတယ်..

ကျန်ခဲ့တဲ့ လူတွေလဲ စိတ်မကောင်း မဖြစ်ကျ နဲ့နော်... ဆယ်ယောက်ပဲဆိုလို့ မျက်စိမှိတ် နားပိတ် ရေးလိုက်တာ
ကျနော်က အားလုံးကို တွေ့ဖူးချင်သလို အားလုံးကိုလဲ ချစ်ပါတယ်။ ကျနော့်ကို ချစ်ကြတဲ့ ဘလော့ညီအကို အမညီမတွေ သူငယ်ချင်းတွေ ကျနော့်ဆီ လာလည်ကျတဲ့သူ အားလုံးကို ချစ်ပါတယ်..

ခင်မင်လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

Comments

ကိုရဲ said…
ဟေဟေ့ ။ ဒို့ဦးပြီကွ ။ ညကိုမအိပ်ပဲနဲ့ စာကျက်ရင်းကို ထိုင်စောင့်ပြီးမန့်တာကွ ။ ဘာရမတုန်း ။ လာအရက်လိုက်တိုက်ချေ ။ ဟီးးး ။ ချတာ တော်ကြာ မျက်နှာမဲ့တွားဦးမယ် ။ အိပ်ရေးပျက်ရတာ နပ်တွားပီ ။ ဖတ်တွားဒယ် ။ ညီကတော့ ဒီ Tag ကိုအကြွေးမှတ်ထားမယ် ။ နောက်မှရေးမယ် ။ ခုကစာမေးပွဲရှိလို့ ခွင့်တင်ထားကြောင်း ။ အခွင့်အရေးရမယ်ဆိုရင် ဒီအစ်ကိုအစ်မတွေနဲ့ ပျော်ပွဲစားလေးထွက်ချင်လိုက်တာ ။ အစ်ကိုတွေနဲ့ဝိုင်းတဲ့အချိန် အစ်မတွေက ဟိုဒင်းပေါ့နော် ။ ဘာတဲ့ ရှိပါတရ် မောင်ကောင်းစားတော့ အစ်မမီးဖိုချောင်ဆိုလား ။ ဟဟ ။ ကဲပါ ဖတ်ပြီးပြန်ပြီ ။ စာပြန်ကျက်တော့မယ်ဂျာ ။ ဘလော့လည်နိုင်တေးဝူး ။ ထုတောင် မနည်းလာရတာ ။ စာတွေကလည်း ဘူတူများထွင်ခဲ့ပါလိမ့် ။ သူတို့ထွင်ခဲ့လို့ ခုကျက်နေရတာပေါ့နော် ။ ဟီးးးးးးးး :P

(ကိုရဲ)
Anonymous said…
ကလေးကျောင်းသွားပို့လိုက်တာနဲ့ နောက်ရောက်သွားရ
တယ်နော်..လျင်လိုက်ကြတာ..း)
အင်္ဂလိပ်စာရရက်နဲ့ ပြင်သစ်စာပြောင်းခဲ့တာ..ဒီအစ်မ
နှစ်ယောက်ကောင်းမှုပေါ့နော်..း)....မနော်လည်း
ပြင်သစ်စာကို ဒီအစ်မနှစ်ယောက်ကြောက်တာနဲ့ကို
ပြန်မတက်ရဲတော့တာ..း)တစ်နေ့မှာတော့ အားလုံး
ပျော်ပျော်ပါးပါးဆုံချင်ပါသေးတယ်.....နော့
ချစ်ခင်စွာ
မကြီးနော်
စောစောစီးစီး အိပ်ရာက ထရတာ တန်သွားပြီ....း)
အစကနေဖတ်လာတာမပါမပါနဲ့
တင်းနေတာ
နောက်ဆုံးရောက်မှ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုပြီး
ကြံကြံဖန်ဖန် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြစ်အောင် တမင်ရေးတာနေမှာလို့ တွေးမိသေးတယ်
ကိုယ့်ကိုယ်ကိုယ်ညာနေတာလေ
ငရဲကောင်ဦးသွားတယ် ဆိုပြီး တင်းနေတာ
ရေးရင်းရေးရင်းနဲ့ မနော် က ဒု
ကိုယ်ကတော့ နေရင်းထိုင်ရင်းတတိယနေရာ
တတိယနေရာ က ပထမလူပေါ့လေ ခိခိ
ဘာပဲပြောပြောဝေဒနာမဖြစ်ရင်တော့်ပြီ
အယ်... သွားပြီ မောင်လေးရေ... မွှေးမွှေးမရတော့ဘူး။ နံပါတ် ၁ မဟုတ်လို့လေ။ ဒါပေမယ့် အရဲ ရသွားတယ်။ အရဲ ရရင်လည်း တူတူပါပဲ.... သိတယ်နော်။ ဟဟ
အားလုံးကို ခင်မင်ရင်းနှီး ချင်ခင်လေးတဲ့အပြင် သံယောဇဉ်ဆိုတဲ့ စာကားလုံးလေးကြောင့်မောင်လေးကို ပိုပြီးတွေ့ချင်သွားတယ်။ တွေ့ရင်တော့ အလွမ်းတွေအကြောင်း ရင်ဖွင့်မယ်နော်။

ပျော်ရွှင်ပါစေမောင်လေးရေ
ခင်တဲ့ မကြီး
မေတ္တာရောင်ပြန်
မဇနိ said…
အတွေ့ချင်ဆုံးသူတွေကို ဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို သံယောဇဉ်လေးတွေ မြင်ရတယ် ဖိုးစိန်ရေ။
အဟိ ဒါနဲ့ ၉၇ အောင်ဆိုတာ ဆယ်တန်းကို ၉၇ က အောင်တာလား။
ဒါဆိုရင် တနှစ်ထဲအောင်တာများလားလို့။
WWKM said…
ဖိုးစိန်က မျက်စိမှတ် ၊ နားပိတ်ပြီးရေးလိုက်တဲ့ ၁၀ ယောက်စာရင်းထဲမှာ အစ်မက ထိပ်ဆုံးက ပါတယ်ဆိုတော့ .............အဟွတ်အဟွတ်

ဝမ်းလည်းသာတယ်... ကျေးဇူးလည်းတင်ပါတယ်...လို့ပြောမလို့ပါ..... :D
အစ်မကြီးတစ်ယောက်လို ခင်မင်လေးစားတယ်ဆိုလို့
မျက်ရည်တောင်ဝဲမိသလိုလို....း)
ဖိုးစိန်က အခုဆိုရင် ချစ်ခင်ကြတဲ့ မိတ်ဆွေသူငယ်ချင်း
တွေအများကြီးနဲ့ တွေ့မြင်ရလို့ အစ်မ တကယ်ဝမ်းသာ
မိခဲ့တာပါ... အရင်ကဆိုရင် ပို့စ်လေးတင်ပြီးရင် အစ်မ
ကိုလာအကြောင်းကြားပြီး ပျောက်သွားပြန်ရောလေ..ဖိုးစိန်ကိုကြည့်ရတာ အထီးကျန်ဆန်လွန်းသလိုပဲလေ.

မောင်လေးပို့စ်လေးတွေဖတ်ပြီး ဖတ်လို့ကောင်းတော့
မောင်လေးဖိုးစိန်ဘလော့ဂါလောကထဲဝင်ရင် အပေါင်း
အသင်းမိတ်ဆွေတွေ ပိုရနိုင်တယ်.... ဘာပဲဖြစ်ဖြစ်
မိတ်ဆွေသူငယ်ချင်းတွေရတော့ စိတ်အတွက် relaxation ရနိုင်တယ်ဆိုပြီး ဖိုးစိန်ကို စီဘုံးလေးထည့်
ဘို့ အစ်မအကြံပေးဖြစ်ခဲ့တာပါ... အခုဆိုရင် အပေါင်းအသင်းဆန့်တဲ့ ဖိုးစိန်ကြောင့် ချစ်ခင်သူတွေ
အများကြီးရှိနေပြီမို့ တခါတလေ အစ်မကမရောက်ဖြစ်
တာပါကွယ်... သူငယ်ချင်းတွေ အများကြီးနဲ့ ပျော်ပျော်
နေတတ်တဲ့ ဖိုးစိန်ကို အစ်မကြီးတစ်ယောက်က စိတ်ချ
သွားပြီလေ.... ဟုတ်တယ်နော်... အရင်လို ဖိုးစိန်အိမ်
ကလေးက သူငယ်ချင်း၎၊၅ ယောက်.. ဘလော့ဂါမောင်နှ
မလေး ၄ ၊၅ ယောက်လောက်နဲ့ပဲ ခြောက်ကပ်မနေတော့
ဘူး။ အခုဆိုရင် ဖိုးစိန်လို့ ဆိုလိုက်တာနဲ့ လူတိုင်းသိနေ
ကြပြီ.... ပေါ်ပြူလာကြီးပေါ့ နာ့မောင်လေးက....

အောင်မြင်ပါစေ..
အဆင်ပြေပါစေ.
ဒီထက်မက များစွာသော ပျော်ရွှင်မှုတွေရပြီး အပေါင်း
အသင်းမိတ်ဆွေတွေ တိုးပွားနိုင်ပါစေ...

ချစ်ခင်စွာနဲ့

မကြီးဝါ
Welcome said…
ပျော်ရွှင်ဖွယ်ကောင်းတဲ့ တဂ်ပို့စ်လေးကို လာဖတ်တယ်။ ဆန္ဒတွေ ထပ်တူကျစေတဲ့ သယ်ချင်းတွေနဲ့ အမြန်ဆုံတွေ့နိုင်စေဖို့ မျှော်လင့် ပါတယ် ..

ခင်မင်လျက်
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အကိုဖိုးစိန် က လည်း ဝမ်းသာလိုက်တာ မနက်လင်းခါနီးမှအိပ်လိုက်လို့ ပေါ့ဗျ မဟုတ်ရင် ထိပ်ဆုံးပဲ
ဒါပေမယ့်လည်း ကျေနပ်ပါတယ်ဗျာ အနော့တော့အကိုဆီကိုအပြေးလေးရောက်အောင်လာမှာဗျ
ရှိတဲ့အကိုအမတွေနဲ့အတူတူ ဝိုင်းလေးဖွဲ့ ပြီးသောက်ရအောင်နော် အကိုနဲ့ အနော့ကအမြည်းလေးတွေလုပ်မယ် အဲ့ အဲ့ တောင်ကြီးမှာပဲတွေ့ တာပေါ့ အားလုံးကို တောင်ကြီးကအေးလည်းအေးဆိုတော့ သောက်ရတာကောင်းတယ် ပြီးတော့ မီးလေးလှုံရင်း အမြည်းလေးတွေကို ကင်စားချင်ကင်စား ဟော့ပေါ့ လို စားချင်တာစားပေါ့ နော့် အဟိ ပြောနေရင်းနဲ့ သရေတောင်ကျလာပြီ ပြီးရင် အကိုတွေ အမတွေကို တောင်ကြီးအနှံလိုက်ပို့ မယ် ပတ်ဝန်းကျင်က နေရာတွေအားလုံးကိုလည်းလိုက်ပို့ မယ် ပြောနေရင်းနဲ့ သွားချင်လာပြီ အဲ့ အကိုညီမလည်းခေါ်ဖို့ မမေ့နဲ့ နော် တိယား အဟိ အကိုဖိုးစိန် ရေ ညီကိုညီအရင်းလို ခင်တဲ့အကိုတစ်ယောက်ရနေပြီပဲနော့ ညီလည်း အကိုတစ်ယောက်လို သံယောဇဉ်ဖြစ်နေတာဗျ
yehtutnaung said…
ကိုဖိုးစိန် တွေ့ ချင်တဲ့သူတွေနဲ့  အမြန်ဆုံး တွေ့ ပါစေဗျာ။
Anonymous said…
ပျော်ရွှင်စွာ ဒီသူငယ်ချင်း ညီအစ်ကို မောင်နှမများနဲ့ ဆက်လက် ဘလော့ဂင်း နိုင်ပါစေဗျာ :)
ဖိုးစိန်ကို မအယ်တို့ နှစ်ယောက်လုံးတွေ့ ချင်တယ်။ ဒီဘက်ရောက်ရင် လာခဲ့ပါ။ အိမ်မှာ တည်းခို နိုင်ကြောင်းပါ။

အယ်ဇီ
kaungkinpyar said…
မောင်လေးရေ တွေ့ချင်သူတွေ အားလုံးနဲ့ တွေ နိုင်ပါစေနော်
Dream said…
အင်း.. လူ ချင်းတွေ့ရင်တော့ တခါတည်းကို ဘုန်းကြီးကျောင်း ခေါ်သွားပြီး ရဟန်း ၀တ်ပေးမယ်... ဟားဟား... အဲကျမှ ထွက်မပြေးနဲ့....

ဘုန်းကြီးဖြစ်ရင်လည်း ဆွမ်းကပ်ပါ့မယ်.. မပူပါနဲ့.. အဟား...


ဘာပဲ ပြောပြော.. မက်မက်ကို ကိုယ့်အစ်မလို ညီမလို သူငယ်ချင်းလို ခင်တဲ့အတွက် ကျေးဇူးပါ...း)
flowerworld said…
တတ်ဂ်တော့လဲရေးရတော့မှာပေါ့ကွာ မီးမီးလဲစောင့်နေမယ် ဇွဲကပင်တူတူတတ်ဖို့လေ ဟီးးးးးးးး
ကယ်...
ညီမောင်လေး မျောက်မျောက်ရေ...
tag ဆိုတော့ လည်း ရေးယုံပါ့...
ခုလို ခင်မင်မှုသံယောဇဉ် အတိုင်းအတာတွေကို
အသိအမှတ်ပြုထားတာ..
အတိုင်းထက် အလွန်ဝမ်းမြောက်မိတယ် ...
အဲ့... တစ်ခုပဲရှိတာ..
တွေ့ချင်တဲ့သူတွေက ၁၀ ယောက်ဆို လောက်ဖူးကော..
ဟီးးး
၁၀ ယောက်ထက် ပိုရေးမှာနော်.. :P
ရတယ်ဟုတ်..??

အရမ်းခင်တဲ့...
အကို နဲ့ အမ
မငုံ said…
:( စလို့ တော်တော်ကောင်းကြတယ်ပေါ့လေ။
ကိုဖိုးစိန်၊ ခွန်ဖ၊ မောင်ရဲ .အင်းးးးး သတိသာထား..
တွေ့ရင် အရက်ဖိုးပေးဦးမယ်။။ ထားဝယ်ကြိမ်တော့ရမှာသေချာတယ်။
အဟဲ..အမကြီးတယောက်လို ဆုံးမတယ်ရယ်လို့တော့ ဟုတ်ဘူးရယ်။ စိတ်ထဲရှိတာလေး ပြောပြတာပါ။
သူငယ်ချင်းအထာနဲ့ ပြောမှာပေါ့.နင်နဲ့ငါက..အသက်က တအားကွာတာကိုး.:))
၉၇ အောင်ချင်းတူတူ.အသက်တူတူဟာကို အမလို ချစ်ခင်တယ်ဆိုတော့လဲ..အဟဲ..လေးလေးစားစားလေး ဖြစ်အောင်နေရပေမှာပေါ့။ ဒါပဲနော်..ရှေ့ဆုံးမှာ ခုံဦးပြီးသား။။ပုဂံသွားမှာနော်. မကြီးရောင်ပြန်နဲ့လဲချိန်းထားတယ်။။
တဂ်ပို့လေးတေါလိုက်ဖတ်ရတာအရသာရှိတယ်
ဟီးးးးးအကိုဖိုးစိန်ပျော်ရွှင်ပါစေခင်ဗျာ့
Anonymous said…
အနော်လဲ ပါဘူး.. ထော်တော့ဘူး
khin oo may said…
ချမ်းချမ်းကမြင်ရင်ပြေးပြီးကစ်စ် ပေးမှာပေါ့ကွယ်သိပြိးသားပါ။

Popular Posts