Wednesday, 9 June 2010

သံယောဇဉ်အနမ်းများနှင့် အတူ

ဒီဝတ္ထု တိုလေး ရေးထားတာ တစ်နှစ်ပြည့်သွားပြီး။ ဒီထဲမှာ ကျနော့်ဆီမှာ ပူးကပ်နေတဲ့ ဝိညာဉ်တချို့ပါတယ်။ ရူးသွပ်မှု တစ်ခုပါတယ်။ ဒီထဲမှာ သုံးထားတဲ့ သီချင်းတွေမှာ အမှတ်တရတွေပါတယ်။ ဒီသီချင်းနားထောင်ပြီး ဒီဝတ္ထုကို ဖတ်ရတိုင်း စိတ်ထဲ မှာ ခံစားမှု တစ်မျိုးရမိတယ်။ (ကိုယ်ပိုင်ခံစားချက်ပါ)။ ခုလဲတစ်နှစ်ပြည့် အမှတ်တရ ပြန်တင်ထားတယ်။ တစ်ယောက်သောသူကို ရည်ညွန်းပါတယ်။












London Bridge City Pier


5.4.2007

ဖျော့တော့စွာ တိုးဝင်ပျောက်ကွယ်တော့မယ့် လန်ဒန်မြို့ရဲ့ ဆည်းဆာ နေရောင်ခြည် အောက်မှာ အေးမြစွာ တိုက်ခတ်နေတဲ့ နွေဦးလေကြောင့် လှိုင်းကြက်ခွပ် ကလေးများ တဖျတ်ဖျတ် လူးလှိမ့်လို့… သက်ဝင်လှုပ်ရှားနေတဲ့ သိမ်းမြစ်ကြီးရဲ့ မျက်နှာပေါ်ကို ဖြတ်ဆောက်ထားသော လန်ဒန်တံတားပေါ်က ပြေးသွားနေတဲ့ နှစ်ထပ်ကားကြီးတွေကို ငေးကြည့်ရတာ ကျနော်အရမ်းသဘောကျမိတယ်…

စိတ်ညစ်တိုင်း လန်ဒန် တံတားကြီး နားက ဆိတ်ငြိမ်လွန်းတဲ့ ဒီနေရာလေးကို အဖော်ပြုလို့ စီးကရက်ပေါင်းများစွာ ခဲရင်း အထီးကျန်နေတဲ့ ကျနော့်ရဲ့ ဘဝတစ်စိတ်တပိုင်းကို စိုပြည်စေခဲ့တယ်… ကျနော် ချစ်တဲ့ ကိုဆုံဆည်းခွင့် ရခဲ့တာ ဒီနေရာ မှာပဲပေါ့…

ကိုပထမဆုံးစတွေ့တဲ့နေက စီးကရက်ဝယ်ပြီးလို့  ပိုက်ဆံနှိုက်နေချိန်မှာ ပိုက်ဆံက ထွက်မလာတဲ့အတွက် ပျာသွားတဲ့ ကျနော်… နောက်ကမိန်းကလေးက “ဆေးလိပ်ဖိုးပါ ယူလိုက်ပါလို့” ဆိုင်ရှင်ကိုပြော သံကြားလို့ ရှက်စိတ်နဲ့ အတူတူ လှည့်ကြည့်လိုက်တော့ ကွေးညွတ်အောင် ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ အတူ ပုခုံးကျော်ကျော် ပျော့စင်းတွဲကျနေတဲ့ ဆံပင်လေးတွေနဲ့ ရိုးရိုးလေးလှနေတဲ့ မကိုကျနော် စတွေ့မိတယ်… မ က မထင်မှတ်ပဲ “မင်းလဲ မြန်မာမဟုတ်လား ”လို့ ပြုံးပြီးမေးတော့ အံ့အားသင့်ရပြန်တယ်… ဒီလောက်လူပေါင်းစုံတဲ့ လန်ဒန်မြို့တော်ကြီးမှာ ကျနော် မြန်မာမှန်း ဘယ်လိုသိလဲ မေးတော့… မ က မင်းရဲ့ မြန်မာပြည် မြေပုံပါတဲ့ တီရှပ်ကြောင့်တဲ့… ကျနော်ကိုယ်တိုင်တောင် ဝတ်ထားပြီး သတိမထားမိတဲ့ အတွက် ဥာဏ်ပြေးတဲ့ မ ကို သဘောကျစွာ ပြုံးမိတယ်… အဲဒီနေ့က စီးကရက်ဖိုး ပြန်ပေးတော့ မယူတဲ့ အပြင် ချောကလက်တစ်ခုကိုတောင် ကျွေးခဲ့သေးတယ်… ဒီလိုနဲ့ နောက်ရက်တွေမှာ ကျနော့်ရဲ့ ခြောက်သွေ့ အထီးကျန်နေတဲ့ ဘဝလေးကို မ ဝင်လာခဲ့တယ်… ခုတော့ ဒီနေရာမှာပဲ ကိုထားသွားရတော့ မယ်ဆိုတဲ့ အတွေးက ကျနော့်ရင်ကို နာကျင်ပူလောင်စေတယ်...

သက်ပြင်းလေးချ နာရီလေးကိုငုံ့ကြည့်စဉ် နောက်ဖက် ခြေသံတွေကြားထဲက ထူးခြားစွာ သိသာတဲ့ ခြေသံတစ်စုံ နဲ့အတူ(GIVENCY) ရေမွှေးနံ့လေး ကိုပါညင်သာစွာ ရလိုက်တဲ့အတွက် ကျနော်လှည့်မကြည်ပဲ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်… ခြေသံတိတ်လို့ ရပ်သွားပေမယ့် ရင်ထဲမှာထာဝရ စွဲကျန်နေမယ့် ဒီရေမွှေးနံ့ကြောင့် အလိုလိုနေရင်း ဝမ်းနည်းလို့ ကျနော် မျက်ရည်ကျချင် နေမိတယ်….

“ဟိတ်” “ကောင်လေး”…..
……….
ကျမနှစ်သက်စွာ ပြုံးမိတယ်… ဒီလို ခေါ်လို့ကတော့ ကျမကို မောင် တစ်သက်လှည့် ကြည့်မှာ မဟုတ်မှန်း သိရက်နဲ့ မောင် စိတ်ဆိုး စိတ်ကောက်တာ ကိုမြင်ချင်လို့ တမင်တကာခေါ်လိုက်တာ
မောင် ကိုပြန်မထူးဘူးလား စိတ်ကောက်နေတာလား” လို့ လှမ်းမေးမှ ကျမဘက်ကို လှည့်ပြီး ပြုံးပြတဲ့ မောင့်ရဲ့ဖျော့တော့တဲ့ အပြုံးလေးကို မြင်တော့လဲ ကျမငိုချင်ရက် လက်တို့  ဖြစ်သွားတယ်…

ညှိုးငယ်စွာ ပိန်သွယ်ကျဆင်း နေတဲ့ ဖြူရော်ရော် မောင့်ရဲ့မျက်နှာပေါ်က ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံ… ထူထည်နက်မှောင်နေတဲ့ မျက်ခုံးတစ်စုံရဲ့အောက်က စူးရှတဲ့ မျက်ဝန်းတစ်စုံ…. ဒါတွေမှလွဲလို့ ကျမတောင်မှတ်မိနိုင်မှာ မဟုတ်အောင် နှစ်လကျော် သုံးလ အတွင်း ပြောင်းလဲနေတဲ့ မောင့်မျက်နှာလေးကို ငေးရင်း ရင်ထဲဆို့နစ်သွားမိတယ်…

မောင်” “ဒီနေ့ရော နေရတာ သက်သာလား… ခေါင်းရောကိုက်သေးလား”

ပြုံးစိစိနဲ့ ခေါင်းညိတ် ခေါင်းခါလုပ်တဲ့ မောင့်ကိုအားမရစွာ ခပ်တည်တည် စူးစိုက်ကြည့်ရင်း

“ဆေးရော သောက်ပီးပီးလား”
…………….
မောင်ထိုင်နေတဲ့ ခုံတန်းဘေးမှာ အတင်းတိုးကပ်ထိုင်ရင်း ဆက်မေးတော့..မညိတ်ချင် ညိတ်ချင် နဲ့မောင့်ပုံစံလေး ... ကြည့်… မောင် ကျမ အသည်းယားအောင် လုပ်နေတယ်….
………..
ကျမ မျက်စောင်းလေး ထိုးပြီး “ဒီနေ့ရော ဘာစားပြီးပြီးလဲ” မေးတော့ မောင့်ရဲ့ ဖျော့တော့တော့ မိုးပြာရောင် ဂျာကင်အိတ်ထဲက ကြေမွ တွန့်လိန်နေတဲ့ ချောကလက် အခွံလေးကို ထုတ်ပြတော့ ကျမမရယ်ဘဲနဲ့ မနေနိုင်… မေးတိုင်း ဒီဂျာကင်အိတ်ထဲက ဒီချောကလက် အခွံလေးကို ထုတ်ပြနေကျ (ကျမ မောင့်ကို စတွေ့တုန်းက အမှတ်မထင် ကျွေးမိတဲ့ ချောကလက်ခွံလေးကို မောင်က သူအမြဲဝတ်တဲ့ ဂျာကင် အိတ်လေးထဲကို ထည့်ထားတာ အမှတ်တရတဲ့… )

မောင် ကျမကိုကြည့်ပြီး “မေးခွန်းတွေက များလိုက်တာ ရယ်… မပါဘဲ မောင်ဘာမှ စားချင်စိတ် မရှိဘူး ဆိုတာ သိရက်သားနဲ့” ဆိုပြီး မျက်နှာလေးကို လွှဲလိုက်တော့ ကျမ မောင့် နောက်ကနေ မောင့်ရဲ့ခါးကိုတင်းကျပ်စွာ တိုးဖက်လို့ မောင့်ပုခုံးပေါ် ခေါင်းအပ်ပြီး ခေါင်းလျှော်ရည်နံ့ သင်းနေတဲ့ မောင့်ဆံပင်တွေကို နှစ်ခြိုက်စွာ ခိုးနမ်းလို့ ကျမငိုချင်နေမိတယ်…..

ရယ် ကျနော့်ကို ဖက်ထားစမ်းပါ အားနဲ့ဖက်ထားစမ်းပါဗျာ… ကျနော် မနဲ့ တစက္ကန့် လေးတောင် မဝေးချင်ဘူး ရယ်… ကိုကျနော်အရမ်းချစ်တယ် မ ကိုအရမ်းမြတ်နိုးတယ် မရယ်… နဲ့ ကျနော်မခွဲနိုင်ဘူးဗျာ.. စိတ်ထဲက ရေရွတ်ရင်း ကျနော်လိမ့်ကျလာတဲ့ မျက်ရည်များကို အံကြိတ်လို့ (Escape Club)ရဲ့  Just think of me(I’ll be there) သီချင်းလေးကို ညည်းမိတယ်…….

သီချင်းလေးကိုစညည်းတော့ ကျနော့်ရဲ့ ညာဘက်နောက်နားလေးမှာ နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံထိကပ်တာကို ခံလိုက်ရတယ်… ကျနော့် ပခုံးပေါ်ကို ကျဆင်းလာတဲ့ ပူနွေးတဲ့ မျက်ရည်တစ်ပေါက်ကြောင့်လဲ ကျနော် လှည့်မကြည့်ပဲ “ ငိုနေလား မောင့် ကိုချစ်ရင်မငိုနဲ့နော်… မောင် မရှိတော့တဲ့ တနေ့မှာလဲ မငိုရဘူး… တကယ်လို့ ငိုရင် မျက်ရည်နဲ့အတူ မောင် လွင့်ပျောက်သွားလိမ့်မယ်… ပြုံးနေလိုက်စမ်းပါ ရယ် နူးညံ့လွန်းတဲ့ အပြုံးတွေမှာ မောင်ထာဝရ တွဲလွဲလေး ခိုပါရစေ… မောင့်ကို ချစ်တယ်ဆိုရင် မငိုပါနဲ့…”

အရင်က (Escape Club) ရဲ့ ဒီသီချင်းကို နားထောင်ဖူးပေမယ့် အကြိုက်ကြီးမဟုတ်ခဲ့တဲ့ကျမ… မောင်နဲ့တွေ့တိုင်း မောင်ညည်းညည်းပြနေတဲ့ လွမ်းစရာကောင်းတဲ့ ဒီသီချင်းကို ကျမ နှစ်သက်လာတယ် မောင့်ကိုပြောပြတော့ “မောင်ဆိုလို့ ကြိုက်တာမဟုတ်လား မငြင်းနဲ့ ကြီးဒေါ်”လို့ ခပ်ရွှတ်ရွှတ်လေးပြောတတ်တဲ့ မောင့်ကို မျက်စောင်းထိုး အရှုံးပေးရတယ်… မောင်က ကျမကို ချစ်မြတ်နိုးစွာ ကျမနာမည်တစ်လုံးမှ မပါတဲ့ “”လို့ခေါ်သလို အသက်(၃)နှစ်ကျော်ကျော်သာကြီးတဲ့ ကျမကို “အဖွားကြီး” “ကြီးဒေါ်” ဆိုပြီး နာမည်အမျိုးမျိုးနဲ့ သဘောကျစွာ ခေါ်တတ်ပေမယ့် မောင့်ကို “သူငယ်နှပ်စားလေး”လို့ ခေါ်တော့ မောင်က စိတ်ကောက်တတ် သေးတယ်… ကျမကိုလဲပွစိပွစိ နဲ့ တကယ့်အဖွားကြီးအတိုင်းပဲတဲ့… ကျမ မောင့်ကို ဆေးသောက်ဖို့ ညဘက် စောစောအိပ်ဖို့ ဆေးလိပ်မသောက်ဖို့ မှာတာတွေ… ပြန်မပြော နားမထောင်လုပ်တာတွေအတွက် ပွစိပွစိလုပ်တတ်လွန်းတဲ့ ကျမကို မောင်စိတ်မရှည်တဲ့ အခါ ကျမဘက်လှည့်ကြည့်ပြီး ကျမ နှုတ်ခမ်းတွေကို ဖိကိုက် နမ်းတတ်တဲ့ မောင့်အနမ်းတွေမှာ ကျမ မိန်းမောခဲ့ရပါတယ်… ဒီအနမ်းတွေကို မောင့်အနား ထိုင်ရင်း ကျမ လွမ်းနေမိတယ်လို့ ပြောရင် လွန်မလားမောင်…

နေလုံးကြီးဝင်သွားလို့ မီးရောင်များနဲ့ မှောင်အတိ ကျလာတာမို့ အေးလာတဲ့ ကျမ လက်ကလေးတွေကို မောင်က နွေးထွေးစွာ ဆုပ်ကိုင်ထားပြီး မောင့်ပါးကိုအပ်ကာ
မောင့်ကို ချစ်လားဟင်”….

မောင့်ကိုလွမ်းနေမှာလား” ….

မောင် ကိုအရမ်းချစ်တယ် မောင့်ဘဝမှာ ကလွဲပြီး ဘယ်သူ့ကိုမှ မစွဲလမ်းခဲ့ဖူးဘူး… မောင်နေကောင်းသွားမှာပါဗျာ… မောင့်မွေးနေ့မတိုင်ခင် မောင်ပြန်လာမှာပါ… ဒီနေရာလေးမှာ ခုလိုထိုင်ပြီး မောင့်ကိုမွေးနေ့လက်ဆောင်အဖြစ် နမ်းရမယ်နော်… မောင့်မွေးနေ့ကိုဆက်ဆက်ပြန်လာခဲ့မယ် သာ သစ္စာရှိရှိစောင့်နေပါနော်”….

ကျမ ခေါင်းညိတ်ရုံမှ တပါး ငိုနေမိတယ်… “မောင်” ကျမကို တတွတ်တွတ် ပြောနေတာကို ကြားနေရတာ ကျမခံနိုင်ရည် မရှိတော့ဘူး မောင်ရယ်… မနက်ဖြန် မောင်ရန်ကုန် ကိုပြန်ရတော့မယ် ဆိုတဲ့အသိတစ်ခုနဲ့ အတူ လွန်ခဲ့တဲ့ လက ဆရာဝန်က“လူနာက ဦးနှောက် အမြှေးပါးရောင်နေတယ် စိတ်ချမ်းသာအောင်ထားပါ ဒါမှမဟုတ် သူ့မိသားစု နဲ့ အနီးဆုံးနေရာကို ပြန်ပို့ပါ လူနာစိတ်ချမ်းသာပါစေ” ဆိုတဲ့စကားတွေ … မောင့်ကို သေသည်အထိ ကျမအနားမှာ ခေါ်ထားချင်ပေမယ့် တကိုယ်ကောင်းဆန်လွန်းတဲ့ အတွေးတွေကို ဖြတ် မောင့်မိဘကို ဖုန်းခေါ်ပြီး မောင့်ကို မြန်မာပြည် ပြန်ပို့ဖို့ ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတယ်…

မောင် ကိုယ်တိုင်ကလဲ ကျမကို မခွဲချင်ပေးမယ့် “မောင် မကိုချစ်တယ် ဆိုတာ သက်သေပြချင်ရင် မောင် ပြန်သွားလိုက်ပါ… မောင့်ကို စောင့်နေမှာပါ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားချိန်ထိ မောင် တစ်ယောက်ပဲ မကို ပိုင်ဆိုင်စေရမှာပါ”ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ မောင် ပြန်ဖို့သဘောတူခဲ့ ပေမယ့် ကျမရင်ထဲ ဘယ်လောက်နာကျင် ခံစားနေရမလဲ ဆိုတာမောင်သိပါတယ်… ကျမအပေါ် အခွင့်အရေး မယူပဲ မြတ်နိုးစွာ ချစ်တတ်တဲ့ မောင့်ကို ကျမ အရမ်းချစ်တယ် ကျမအရမ်းလေးစားမြတ်နိုးပါတယ် မောင်ရယ်… ဒီတစ်ညတာ ဆုံဆည်းပြီး မောင့်နဲ့ ထာဝရ ခွဲရတော့မယ်ဆိုတဲ့ အသိကြောင့်လားမသိ ကျမတတွတ်တွတ် ပြောနေတာကို မောင် ဘာတစ်ခွန်းမှ ပြန်မပြောပဲ ခေါင်းသာတွင်တွင် ညိတ်နေတော့လည်း မောင့်ကို အားမလို အားမရ ဖြစ်ရပြန်တယ်…

ဒီလိုနဲ့ မိုးချုပ်မှောင်လို့ ရထားစီး ပြန်တော့လဲ မောင်က ကျမအိမ်ရောက်တဲ့ အထိ စကားတစ်လုံးမျှမပြော ကျမကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်လို့…

“မောင် ကျမ်းမာရေးဂရုစိုက်ပါ မောင့်ကို ထာဝရချစ်နေမှာပါ”လို့ပြောရင်း ငိုတော့ မောင် ကျမ မေးစေ့လေးကို အသာကိုင်ပြီး ကျမနှုတ်ခမ်းအစုံကို မလွတ်တမ်း ငုံနမ်းတယ်… ပြီးတော့ နှုတ်မဆက်ပဲ ကျမရှေ့က ထွက်သွားတယ် … ဒါနောက်ဆုံးအနမ်း များလား မောင်ရယ်… နောင်လာမယ့် ရက်တွေကို မောင်မရှိဘဲ ကျမဘယ်လို ရင်ဆိုင်ရမလဲမောင်…

ကျနော် တစ်သက်လုံး ပြန်မရနိုင်တော့မယ့် ဆီက ဒီအနမ်းကို ယူပြီးတဲ့နောက် ကျနော် ထာဝရ ကျေနပ်နေမှာပါ… ကျနော် မကိုချစ်တယ်… ငိုနေတာမကြည့်ရက်ဘူး… မကိုထာဝရ နှုတ်ဆက်ခဲ့ပါတယ်… ဆီကကျဆင်းလာမဲ့ မျက်ရည်တွေကို ကျနော် မကြည့်ရက်သလို ကျနော့်မျက်ရည်တွေကို လဲ မမြင်စေရပါဘူး… ထာဝရ အတွက် နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့ပါတယ်… ဒါပေမယ့် အနား မောင် ဆိုတဲ့ကျနော် ထာဝရ ရှင်သန်နေမှာပါ….

22.7.2007

ဒီမနက် ကျမ အစောကြီး ထတယ်… မောင့်မွေးနေ့ ဆိုတဲ့ အသိနဲ့ ဆွမ်းကပ်ဆီးမီးကပ်ဖို့ အတွက်ပေါ့… မောင်ပြန်သွားပြီး ကတည်းက မောင့် မိသားစု ဆီက မောင် တစ်ယောက် ကောင်းတစ်နေ့ ဆိုးတစ်နေ့ သတင်းတွေကို ကြားနေရပေမယ့် မောင်ပြောခဲ့တဲ့ စကားအတိုင်း မောင့်မွေးနေ့မှာ မောင့်ကိုတွေ့ချင်နေမိတယ်… မောင် လူ့လောကကြီးမှာ သက်ရှိထင်ရှား ရှိနေတယ် ဆိုတဲ့အသိက ကျမအတွက် အားဖြစ်စေခဲ့သလို မောင် ခံစားနေရမယ့် ဝေဒနာကိုတွေးကြည့်ရင်း စိတ်မကောင်းဖြစ်ရပါတယ်… ဒီနေ့တော့ အလုပ်နေ့တစ်ဝက် ခွင့်ယူပြီး မောင်နဲ့တူတူ ထိုင်ခဲ့ဖူးတဲ့ လန်ဒန်တံတားနားက ခုံတန်းလေးမှာ ရူးသွပ်စွာ မောင့်ကိုစောင့်နေခဲ့မိတယ်…

မောင့်ကို နေ့တိုင်းလွမ်းတယ် မောင့်ရဲ့အပြုံးလေးတွေ မောင့်ရဲ့ အနမ်းလေးတွေ မောင်စိတ်ကောက် တာလေးတွေ ကို အရမ်းလွမ်းတယ်… မောင်ပေးထားခဲ့တဲ့ ဓာတ်ပုံကိုကြည့်ပြီး မောင်ခုနေ ဘယ်လိုရုပ်မျိုး ဖြစ်နေမလဲလို့တွေးရင် ရင်မောစွာ လွမ်းရပါတယ်မောင်….

ကျမဘယ်လောက် ကြာကြာ ထိုင်မိတယ်တော့ မသိ… အေးစက်လာတဲ့ လက်ဖျားတွေကြောင့် ပတ်ဝန်းကျင်ကို သတိပြုလိုက်မိတော့ အမှောင်ရိပ်တွေကြောင့် ကျမအိမ်ပြန်ချိန်ရောက်ပြီး ဆိုတာ သိရက်နဲ့ မောင့်ကို ဆက်ပြီး စောင့်နေမိချင်တယ်… မောင်လိုချင်ခဲ့တဲ့ မွေးနေ့လက်ဆောင် အနမ်းလေးကို ကျမပေးချင်ခဲ့တယ်…

ခုတော့ ..ခုတော့.. ကျမ မျက်ဝန်းမှာ မျက်ရည်များ ကျဆင်းလာခါနီးမှ

“မငိုပါနဲ့... ရယ်… ငိုလိုက်တဲ့အခါ မ မျက်ရည်နဲ့အတူ မောင်လွင့်ပျောက်သွားလိမ့်မယ်… ပြုံးနေလိုက်စမ်းပါ ရယ် နူးညံ့နွေးထွေးလှပလွန်းတဲ့ အပြုံးတွေမှာ မောင်ထာဝရ တွဲလွဲလေး ခိုပါရစေ မောင့်ကို ချစ်တယ်ဆိုရင် မငိုပါနဲ့…”
ကြားယောင်လာတဲ့ မောင်စကားကြောင့် ကျမကျဆင်းလာမယ့် မျက်ရည်တွေကို ပြန်သိမ်းလို့  အိမ်ပြန်ဖို့အထ ကျမ နှာခေါင်းထဲ တိုးဝင်လာတဲ့ ကျမရင်ခုန်ရတဲ့ မောင့်ရဲ့ ခေါင်းလျှော်ရည်အနံ့နဲ့ အတူ…

”....

လေးတွဲစွာခေါ်လိုက်တဲ့ မောင့်ရဲ့ အသံ… ကျမ မယုံသကာင်္ မျက်လုံးများနဲ့လှည့်ကြည့်လိုက်တော့…
ဘုရားရေ… မောင်မှ မောင်အစစ်… ကျမ ဟန်မဆောင် နိုင်ပဲ မောင့်ဆီကို အပြေးသွားပြီး ဖက်ထားလိုက်တော့ မောင်ကထုံးစံအတိုင်း ပြုံးပြုံးလေး လက်ကမ်းဆီးကြိုလို့ ကျမမေးစေ့လေးကိုကိုင် ပြီး ကျမရဲ့ နှုတ်ခမ်းကို မလွှတ်တမ်း ဖိကပ်လို့….

ကို မောင် အရမ်းချစ်တယ်… နဲ့ ဝေးနေရတဲ့ အချိန်တိုင်း ကိုအရမ်းလွမ်းမိတယ်… ဒါကြောင့် မောင့်မွေးနေ့မှာ ကိုပေးထားတဲ့ ကတိအတိုင်း မောင်အရောက် ပြန်လာတာ… မောင်သေမယ် ဆိုရင်တောင် ရဲ့ ထာဝရ ရင်ခွင်မှာပဲ ခေါင်းချပါရစေ ရယ်… မောင် ကတိတည်တယ်နော်.. မွေးနေ့ကို အရောက်ပြန်လာတယ်”

ဘာပဲပြောပြော လောကကြီးက ကျမကို ကျေနပ်မှု တစ်ခု ပေးခဲ့ပါတယ်… ခုချိန်မှာ မောင့်ရင်ခွင်ထဲ ခေါင်းလေးတိုး မောင့်ခါးကိုဖက်… မောင်ကကျမ ပုခုံးလေးကို ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ပြီး လမ်းလျှောက်ရင်း မောင်ကဆိုနေကျ သီချင်းလေးကိုတိုးတိုးညည်းလို့…

....Don't be afraid,
oh my love
I'll be watching you from above
And I'd give all the world tonight, To be with you
Because I'm on your side,
And I still care I may have died,

But I've gone nowhere
Just think of me, And I'll be there
In the breath of a wind that sighs Oh, there's no need to cry
Just think of me, And I'll be there.......


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

(၂၀၀၄) လောက်တုန်းကပေါ့.... အင်္ဂလန် ရောက်ရင် အဲဒီနေရာလေးမှာထိုင်ပြီး စာရေးမယ်လို့စိတ်ကူးခဲ့ဖူးပါတယ်.. ခုတော့ မရောက်သေးတဲ့ အတွက် ဒီလန်ဒန်တံတားနားက နေရာလေးကို ဓာတ်ပုံကြည့် ခံစားရေးမိတာပါ... ကျနော့် ခံစားမှုနဲ့ တထပ်တည်းကျအောင် ပုံ ပို့ပေးတဲ့ Mae ကို ဒီနေရာကနေကျေးဇူးတင်ပါတယ်။

41 comments:

ကြယ်ဖြူစင် said...

ပထမမန့်ရပြီ.ဝေးးးးးးးးး ဘာတွေရေးထားတာလဲဟင်.. ခေါင်းကိုမူးသွားတာဘဲ..နားလည်ဘူး..ဟိဟိ.. ပြန်ရှင်းပြ..
ခင်တဲ့
ကြယ်ဖြူစင်...

ကိုရဲ said...

အားးးးးးးးး မကြယ် ကျေနပ်ဖူး ကျေနပ်ဖူး ထပ်ဆုံးစောင့်နေတာကို ရအောင်လုပ်သွားတရ် ။ မရဘူးး(

mysterysnow said...

လန်ဒန်တံတားကြီးရယ်
မရယ်
ဖိုးစိန်ရယ်...
သီချင်းလေးရယ်
ချောကလက်လေးရယ်...
ခံစားသွားပါတယ်ရှင့်..

နွေးနွေးသဲမွန် said...

အို... ငါ့ကိုကြီးက မျက်ရည်ကျအောင်လဲရေးတတ်တယ်... မင်းတားက တေခါနီးလေး ချစ်တဲ့ မဆီပြန်လာတာလား... မ က အိပ်မက်မက်နေတာလား....

ခင်မင်လျှက်

ညီမလေးနွေး

ကိုရဲ said...

အင်းးးးး ။ ဘာပဲပြောပြော အဲဒီ့ဇာတ်ကောင်ထဲက မ ကိုကော မောင့် ကိုကော မြင်ဖူးပါတရ် ။ မောင်ရယ် မရယ် ချောကလက်လေးရယ် သီချင်းလေးရယ် နောက်ဆေးလိပ်လေးနဲ့ ...... ဘာများလိုသေးလို့လည်း ဒီကမ္ဘာကြီးထဲမှာလေ ....

(ကိုရဲ)

မငုံ said...

လာေ၇ာက်ခံစားသွားပါတယ်။ ဖြစ်ရပ်မှန်တချို့ပါဝင်တယ် ထင်ပ။ :))

Anonymous said...

မျှော်လင့်ချက်တွေနဲ့ ဇာတ်သိမ်းပေးတာ ကျေးဇူးတင်ပါတယ်...ဒီလို အဖြစ်မျိုးမကြုံရပါစေနဲ့လို့ ဆုတောင်းပေးမယ်နော်

MANORHARY said...

အော် ဒါကြောင့်လည်း မြန်မာပြည်မပြန်ရဲတာကိုး
ပြန်ရင် ထုတ်ဝေသူတွေက ငွေထုတ်ပိုက်လိုက်နေကြ
တယ်ဆိုလား..း)း)

မိုးခါး said...

မရယ် မောင်ရယ် ဟုတ်နေတာ ..
လက်တွေ့မှာ ဘယ်တော့မှမဝေးဘဲ နီးနီးလေးနေနိုင်ပါစေဗျို့း)
ချစ်တဲ့သူနဲ့ ထာဝရလက်တွဲသွားနိုင်ပါစေ

Anonymous said...

ကိုကြီးဖိုးစိန်းးးးးးးးးးးးး
မရယ်ဆိုတဲ့အသံကဟင်းးးးးးးးး
ဖွလိုက်ရမလား????????????
သိနေတယ်နော်ဟီးးးးးးးးး

Anonymous said...

ဒီဇတ်လမ်းလေးကို လာဖတ်ဖို့ မောင်လေး မရေးခင်ကတည်းက လာပြောတယ်နော်။ မကြီး ပထမဆုံး မမန့်လိုက်ရတာ စိတ်တောင်မကောင်းဘူး။ အဲဒီဇတ်လမ်းလေး အတိုင်း တကယ်ဆိုရင် ကောင်းမယ်နော်။ သေသေချာချာ ဖတ်ပြီး ခံစားသွားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ သေချာ မသိပေမယ့် ရင်းရင်းနှီးနှီး ခံစားရသလိုပဲ။ မောင်လေးလည်း ကျန်းမာရေးကောင်းပြီး ပျော်ရွှင်ပါစေနော်။

ခင်မင်လျှက်
မကြီး

မေလေး said...

ကိုဖိုးစိန်...
အရမ်းကောင်းတာဘဲ....
အခုဖတ်ရင်းနဲ့မျက်ရည်ကျလာပြီ.........
“ မောင် လူ့လောကကြီးမှာ သက်ရှိထင်ရှား ရှိနေတယ် ဆိုတဲ့အသိက ကျမအတွက် အားဖြစ်စေခဲ့သလို မောင် ခံစားနေရမယ့် ဝေဒနာကိုတွေးကြည့်ရင်း စိတ်မကောင်းဖြစ်ရပါတယ်”
အဲဒီစာသားလေးအရမ်းကြိုက်တယ်..သိလား
မေလေးလဲချစ်သူလောကကြီးထဲမှာကျမ်းမာပျော်ရွှင်နေရင်ကျေနပ်နိုင်သူလေ..
ကိုဖိုးစိန်မေလေးဆီလာမလည်တာကြာပြီနော်
လာလည်ပါအုန်းနော့်
ခင်တဲ့
မေလေး

ဂျပန်ကောင်လေး said...

ကိုဖိုးစိန်ရေ.. အရမ်းကောင်းတယ်ဗျာ. ဖတ်ရတာ.. အဲလိုမျိုးဖြစ်ပါစေ.. လန်ဒန်တံတားနားမှာ စာရေး
နိုင်ပါစေလို့ပြောတာ.. ဟီး..ရောဂါဖြစ်ခိုင်းတာ ဟုတ်ဝူး...

ကဗျာမလေး said...

ရင်နင့်စွာနဲ့ ခံစားသွားပါတယ် ... မျက်ရည်လည်ရပါတယ် ...

Dream said...

အိမ်ကိုလာရင် တစ်ရှုးနဲ့ လာဆိုတော့ အခုလာတာ...
တစ်ရှုးကုန်သွားပြီ.. ပြန်ဝယ်ပေး... ဟင့်

လန်ဒန်ကို ရောက်ပီး နောက်တစ်ပုဒ် ဆက်ရေးနိုင်ပါစေနော်...

ဒီဝတ္တုကို ရုပ်ရှင်ရိုက်မယ်...အဟဲ...

စာရေးကောင်းတဲ့ ဦးဦးဖွတ်ချိန်....း))

Mogok Thar said...

အိပ်မက်တွေ အကောင်အထည် တကယ် ဖြစ်လာပါစေဗျာ။

Anonymous said...

သိပ်မပြောတော့ပါဘူးလေ .. နူးနူးညံ့ညံ့မရေးတတ်လို့ စိတ်ညစ်တယ် ဆိုသူကြီး .. အခုတော့လည်း နူးညံ့ပြတတ်လိုက်တာ .. :D စိတ်ကူးထားတဲ့ ဇာတ်ကောင်တွေ မို့လို့သာပဲ .. တကယ်များသာ ဆိုလို့ကတော့ " မ " နှုတ်ခမ်းတွေ ရှိတောင် ရှိပါတော့မလား မသိ .. :D

နေညိုရင့် said...

စာရေးကောင်းသဗျ..။ ဆက်လက် အားပေးနေပါတယ်ဗျာ။ မနဲ့ မောင် ManU ပွဲလေး ကြည့်ခဲ့တဲ့အကြောင်းတော့ အဆင်ပြေရင် ထည့်ရေးပါဦးလို့ လေ...။

ဘောပွဲ ၀ါသနာပါသူတဦး..

မြစ်ကျိုးအင်း said...

အနမ်းသန်သူကြီးရဲ့ ခုတော့ပစ်သွားပြီလား...။
စိတ်ကူးလေးကလည်း အသက်ဝင်ပါလားဗျ
တခုခုပဲလို့တော့ထင်တယ်..အဖြစ်မှန်တချို့တ၀က်များ
ပါနေလေရော့သလား...။

Mae said...

ဓာတ်ပုံကြည့်ယုံနဲ့ ရှုခင်းကို ဖွဲ့နွဲ့တတ်တာ ချီးကျူးပါတယ်၊

မ သနားပါတယ်၊ ကျန်ခဲ့တဲ့လူက အရမ်းခံစားရမှာ၊

ကိုတိးလေး said...

ဓာတ်ပုံလေးကိုကြည့်ပြီးဖွဲ့နွဲ့ထားတာတော်တော်လေးကောင်းပါတယ်ကိုဖိုးစိန်။ မ ရယ်လန်ဒန်ကတံတားကြီးရယ် ကိုကြီးဖိုးစိန်ရယ် ချောကလက်လေးရယ်ဆိုပြီးတော့ ခံစားသွားပါတယ်ဗျာ။

ကိုရင်နော်ခင်လေးငယ် said...

“မောင်” အဟင့် အဟင့်.. ဟင့်
“မ” အဟင့်ဟင့်ဟင့်.. ဟင့်

တူမောင်ရေ.. အချစ်ဇာတ်လမ်းလေးပါလား..
ဂွတ်တယ်ကွ..

ဦးနော်

သုဒြေ္န said...

ဖွဲ့ နွဲ့ ပုံလေးကဆန်းသစ်နေပါတယ် လိုင်းကြောင်းပြောင်းရေးသွားတာတွေ့ လိုက်ရတယ် င်္ခစားမှုတခုနဲ့ စာဖတ်သူကိုဆွဲခေါ်သွားပုံလေးညင်သာ၏ အ၇းသားလဲညက်ညောပါတယ် င်္ခစားမှု၇သပေါ်လွင်သည်သို့ သော် အနန်းများကကြမ်းလွန်းသည် ဟု ပြောသော်ရ၏ ချစ်ခင်မှုများစွာဖြင့်  သုဒြေ္န

တလနွန် said...

လန်ဒန် မှာ ကြဲခဲ့တဲ့ အနမ်းတွေ အကြောင်းရော
လန်ဒန်တံတားရော
မ ဆိုတဲ့သူတစ်ယောက်ရော
လန်ဒန် ဆေးလိပ်ရော
ဘကြီးတော်ရော
အသက်ဝင်နေတဲ့ လန်ဒန် ပုံပြင်လေးတစ်ပုဒ် လာဖတ်သွားပါတယ်ဗျာ။

ခင်မင်ခြင်းနှင့်
တူရီးတော်

ဝသန်မိုး said...

မနဲ့ မောင် အကြောင်းတွေကို လူတိုင်းက မေးပြီ
လန် ဒန် တံတားကြီးအနားမှာ
မောင် ဘာတွေ လုပ် သလည်း မ အသိပါ

ဟန်ဆောင်မရတဲ့ မောင့်ရဲ့ အကျင့်ကြောင့်
မလည်း တော်တော်ပဲ စိတ်ညစ်တာ

မောင်ရယ် ပြေးဝင် တာ
ဒီ မှာ မ အိမ်သာ
မျက်လုံး များမှောက်နေသလား ။။


ဟီး ဘာရယ်မ ဟုတ်
သီချင်းလာဆို သွားတယ်
ခင်တဲ့
ချစ်ညီ ၀သန်

reenoemann said...

သယ်ရင်းရေ ဖတ်တာတော့ မနက်ကတည်းက
ဖတ်ပြီးသာပါ။ ခုမှ အားလို့ ကော့မန့် လာပေးရ
တာပါ။ မနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေရှိ နေတယ်
ဆိုတာကို ဖေါ်ပြလိုက်သလိုပါပဲကွာ။

ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။
နောက်ကို ဒီထက်ကောင်းတဲ့ ဇာတ်လမ်းလေးတွေ
ဖန်းတီးနိုင်ပါစေလို့ ချစ်သယ်ရင်ကြီးရီနိုက
ဆန္ဒပြုလိုက်ပါတယ်ကွာ ။။။။။။။။။။

သယ်ရင်းရဲ့ သယ်ရင်း
ရီနို

ကိုလူထွေး said...

ကိုလူထွေးကတော့ "မောင်" တွေ "မ" တွေနဲ့ ရေးတတ်တဲ့ စာရေးဆရာမတွေရဲ့ ဝတ္ထုတွေကို မဖတ်တတ်ဘူး... ဖတ်လေ့လဲမရှိဘူး...

အခုတော့ ဖိုးစိန်ရေးထားလို့ ဖတ်လိုက်တော့မှ တစ်ခုခုကို သွားတွေ့လိုက်ရတယ်...

သိပ်မတွေးပါနဲ့ ငါ့လူရာ...



ချစ်ညီဖိုးစိန် အရှင်ချစ်... အလတ်ကြီးချစ်... ကျန်းကျန်းမာမာနဲ့ ချစ်တဲ့...


အကိုလူထွေးးဝ)

ဂျူနို said...

ဖိုးစိန် ဒီခေါင်းကိုက်တာက ၀တ္တုထဲလည်းပါတယ်။ဒီလောက်ခံစားနေရတာကို
ကိုယ့်ကိုကိုယ် မညှင်းဆဲပါနဲ့ ။
ကုပါ ဖိုးစိန်ရယ်။ စိတ်မကောင်းဘူး။
ဘာဖြစ်တာတဲ့တုန်း။
ပြောပါ ပြောပါ။ မအယ်ကိုပြောပါ။

စာက တော့ဖတ်လို့ အရမ်းကောင်းတယ်။
ဒါပေမဲ့ မကြိုက်ဘူး။
ငယ်ငယ်လေးတွေကို ရောဂါတွေ ပေးဖြစ်ပြီး ငိုခိုင်းတယ်။
ကိုးရီးယားကားလိုပဲ။
တော်သေးတယ် ဖိုးစိန်က နှာခေါင်းသွေးပေးမလျှံဘူး။

ဖြူ said...

မောင် နှာဘူးကြီး..

Anonymous said...

မနဲ့မောင်ဇာတ်လမ်းလေးဖတ်ပြီး တယောက်သောသူ သတိရတယ်ဗျာ.........။
အနာဟောင်းကိုလာဆွပေးနေသလိုပဲ ခံစားလိုက်၇ပြီဗျာ။

khin oo may said...

ဖတ်သွားပါသည် ဖိုးစိန်

WWKM said...

မောင်နဲ့ မရဲ့ဇာတ်လမ်းလေး ဖတ်သွားပါတယ် ဖိုးစိန်ရေ.
မောင် နဲ့ မ နဲ့ ဖြူ နဲ့ ချစ် နဲ့ ပေါပါ့ကွယ်.း)

မြရေလျဉ် said...

မထိတ်သာ မလန့်သာနော်။ ကိုဖိုးစိန်ဘ၀ ကနေ မငွေစိန် ဖြစ်သွားပြီလားလို့ ..စိတ်ပူသွားတာ

ဇော် said...

အားပါး
မောင်တဲ့။ မတဲ့။
ကိုဂျီး မှန်မှန်ပြော အဲ့ဒါ ကိုဂျီးမို့လား။ ဟွင်းဟွင်း။
မသိရင်ခက်မယ်။ ဘာတဲ့ နမ်းတယ်တဲ့။ အဟိဟိ။ တားက ခေးပဲရှိတေးရာနော်။ ရှက်ရယ်။ ဒီလူဂျီး ခေးတွေရှေ့လဲ ရှောင်ဝူး။ တိတ်ကဲဒါဘဲ။ ဟွင်း။ အဟီး။

မသက်ဇင် said...

ဖိုးစိန်ရေ
မောင်မသေပဲမဆီရောက်လာလို့တော်ပါသေးရဲ့နော်
ခင်မင်လျက်

အချစ်မဲ့ဂစ်တာ said...

လွမ်းမောစရာလေးပဲနော်...

flowerworld said...

ဖတ်ပြီးလွမ်းသွားတယ် နွေးပြောသလို မ ကအိမ်မက် မက်နေတာလားမသိး)
အရေးအသားက သကြားလိုပဲ ဖတ်ရင်းနဲ့ ပုရွက်ဆိတ်ပါ တတ်တယ်

အိုက်ခီလောက် said...

မရယ် ကျနော့်ကို ဖက်ထားစမ်းပါ အားနဲ့ဖက်ထားစမ်းပါဗျာ…

အတင်းကိုဖက်ခိုင်းနေတယ်
မ ကဖက်ရင် ချစ်ကိုယောက်ဖကဘာလုပ်မှာလည်း
အစမလုပ်တာပိုကောင်းတယ် သိလား
အစလုပ်မိမှ နောက်ဆို အတင်းပဲဖက်ခိုင်းနေမှာစိုးရတယ်
ဖက်ခိုင်းတာအကြောင်းရှိရမယ် ဟုတ်တယ်ဟုတ်

mgnge said...

စိတ်ကူးလား တကယ် လားတော့မသိဘူး...
ဖတ်ရတာတော့ရင်ထဲနင့်သွားတာပဲ

မိုးခါး said...

တိဒယ်လေ
ဖတ်ဘူးတယ်
ခု ထပ်နွေးသွားတယ်
တယောက်သောတူက ဘူလဲ :D

မမ said...

မောင် နဲ့ မ ကို ဖတ်လိုက်တာ...

မူး သွားတယ်..

နောက်တခေါက် ပြန်ဖတ်လိုက်ဦးမယ်...