ဖိုးစိန်ငကြွား

ဖိုးစိန်ဆိုတာ ….

ကိုယ့်ကို ကိုယ်တင်စားတာနော်..

မွေးတုန်းက သကြားလုံးလေးလို…..

နည်းနည်းကြီးလာတော့ သံပုရာသီးသာသာ….

အရွယ်ရောက်လာတော့ ရှောက်သီးကြီးကြီး

အခုတော့ပြည်သူ့ ချဉ်ဖတ်…. ရောင်းစားရင်တောင် အမြတ်မထွက်တဲ့ လက်လုပ်ချဉ်ဖတ်လို့ အဖေနဲ့ အမေကို စိတ်ဆိုးတဲ့အခါ ကျနော်က ကိုယ့်ကိုယ်ကို ဟာသလုပ်ပြီး ပြောတယ်လေ… အဲဒီလို ပြောရင်တော့ သူတို့ ရယ်ပြီးစိတ်ဆိုးပြေလေ့ရှိတယ်…

ငယ်ငယ်ကပေါ့... ကျနော်တို့ ကျောင်းစဖွင့်တဲ့ အချိန်တိုင်းမှာ အမေက ဖိနပ်အသစ်ဝယ်ပေးတယ်… ကျောင်းရောက်လို့ ကျောင်းမှာ အတန်းဖော်တွေက ကျွန်တော်ဖိနပ်ထက် ပိုမိုက်တယ်… ပိုသားနားတယ်ဆိုရင် အိမ်ပြန်ရောက်တိုင်း အမေကို အသစ်ပြန်ဝယ်ခိုင်းတယ်..အမေက “သားစိန်ရယ်… ဒါလေးကို စီးလိုက်ပါ… ဒါလေးပျက်သွားရင်တော့ အသစ်ထပ်ဝယ်ပေးမယ်” ဆိုတော့ ဖိနပ်အသစ်လိုချင်တဲ့ ကျနော် အကြံထုတ်ရတာပေါ့… ကျောင်းဆင်းတဲ့ ညနေတိုင်းမှာ အိမ်မပြန်ခင် ဖိနပ်ကြိုးကို တစ်နေ့ နည်းနည်းဘရိတ်ဓားနဲ့လှီး မသိသာအောင် မြေကြီးနဲ့တိုက် ဖိနပ်ကို တမင်တကာ ရှပ်တိုက်စီးပေးတော့ မကြာပါဘူး… ဖိနပ် အသစ်က အဟောင်း ချက်ခြင်းဖြစ်သွားတဲ့အထိ စီးမရအောင်ပြတ်သွားတဲ့အထိ ဥာဏ်နီဥာဏ်နက်များစွာသုံးတယ်လေ…

အမျိုးနီးစပ်တွေက အဖေတို့ အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ ကျနော့်ကို မခံချင်အောင် “ဆိုးရွားလိုက်တဲ့ကလေး… မနိုင်ဘူး… မိမဆုံးမ ဖမဆုံးမ” လို့ခေါ်ရင် ကျနော်က ထော်နေတဲ့ နှုတ်ခမ်းကို ချွန်အောင်စူပြီး “ဟုတ်တယ်..င့ါမိဘတွေက ချစ်လို့ မဆုံးမတာ.. နင်တို့က နင်တို့ သားသမီးတွေကို ဆုံးမ ပေမယ့်ဆိုး တယ်ဆိုတော့ နင်တို့သားသမီးတွေကသာ မိမနိုင် ဖမနိုင်”လို့ ပြန်ပြောတတ်တယ်လို့ အမေက တော့အမြဲပြောတယ်…

မိဘလုပ်သူ ကတော့ကြားက အားနာရတာပေါ့… အဆိုးဆုံးက အကြွားသန်တာ… မိဘတွေက ဘယ်လောက် ဖုံးဖုံးဖိဖိ အိမ်တွင်းကိစ္စတွေက ကျွန်တော်နဲ့တွေ့ရင် အကုန်ပေါ်တာပဲ.. . မခံချင်စိတ်နဲ့ကို ကြွားတာ… လာမပြိုင်နဲ့ ပြန်ကြွားဖို့ စကားက အဆင်သင့်..

ကျနော် နှစ်တန်းတုန်းက ကျောင်းမှာ ကျနော်လို အကြွားသန်တဲ့ သူတစ်ယောက်နဲ့ဆုံဖူးတယ် .. သူက လဲ အကြွားသန်... ကျွန်တော်ကလဲမခံလေ… ကျောင်းမှာ ဆရာမက အလှူငွေကောက်ရင် “ချမ်းသာတဲ့ သားသမီးတွေ လက်ညှိုးထောင်စမ်း” ပြောရင် သူ့ထက်ဦးအောင် ထောင်ရတာအမောပဲလေ…

တစ်နေ့ အခန်းထဲမှာ ကျွန်တော်တို့ အကြွားပြိုင်ကြတယ်… သူ့ အိမ်မှာရှိတာနဲ့ ကျွန်တော့်အိမ်မှာရှိတာ… မေးခွန်းက ငါးခု ... စမေးတဲ့ မေးခွန်းတိုင်း သူမေးတာ ကျနော်အိမ်မှာရှိသလို ကျွန်တော်မေးတာလဲ သူအိမ်မှာရှိတယ်.. ဒါပေမယ့် နောက်ဆုံးမေးတဲ့မေးခွန်းမှာသူတို့ အိမ်က ကျနော့်အိမ်မှာ မရှိတဲ့ မီးချောင်းတစ်ချောင်းပိုတယ်ဆို တော့ သူက အောင်နိုင်သူအနေနဲ့ နင်တို့အိမ်က ငါတို့ အိမ်လောက် မချမ်းသာပါဘူးလို့လဲဆိုရော… ကျွန်တော်လဲအားနာနာနဲ့ ကျွေးလိုက်တယ်… မုန့်တော့မဟုတ်ဘူး… အိမ်အပြန် နှာခေါင်းရောင်ပြီး ပြန်သွားတော့ သူ့အမေက ကက်ကက်လန် ရန်လာတွေ့လို့ အမေ့ခမျာ ဆေးဖိုးရော်ပြီး တောင်းပန်လိုက်ရတယ်… အဲဒီလောက်ထိ ကြွားတာ..

(အခုတော့သူ့နဲ့ မပြိုင်ရဲတော့ပါဘူး.. သူ့မှာအခုမိန်းမနဲ့ ကလေးနဲ့ဆိုတော့.. အခုပြိုင်ရင်ရှုံးမှာ)

တစ်ခါ ငါးတန်းနှစ်မှာတော့ အဖေက အိမ်အတွက် (၂၄) လက်မ ရောင်စုံ တီဗွီ အပေါ်စက် အောက်စက် နဲ့အတူ ကက်ဆက် ဆောင်းဘောက် တစ်ဆင်စာဝယ်လာတာ… အဲဒီအချိန်တုန်းက အိမ်တိုင်းမှာ အပေါ်စက်အောက်စက် မပြောနဲ့ ရိုးရိုးရောင်စုံတီဗွီတောင် အိမ်တိုင်းမရှိဖူးလေ… ခုတော့အဖေဝယ်လာတာ အာ ပါးပါး… အကြီးကြီး ... အသစ်ကြီး... တစ်ညလုံးအိပ်မပျော်ဘူး… အိပ်မပျော်ဖြစ်တာက နောက်နေ့ ကျောင်းမှာဘယ်လို ကြွားလုံးထုတ်ရင် ကောင်းမလဲ စဉ်းစားနေတာ… ကြွားတယ်ဆိုတာလဲ လူမသိစေချင်ဘူး… ဒါပေမယ့်သူတို့ အားလုံးကိုလဲ အဖေဝယ်ခဲ့တဲ့ တီဗွီကို မြင်စေချင်တယ်…

ကျောင်းရောက်တော့

“ဆရာမ တနင်္ဂနွေကျရင် သားမွေးနေ့… အမေက အိမ်မှာ တစ်ခုခု ကျွေးချင်လို့ ဆရာမနဲ့အတူတကွ အတန်းထဲက သူ အားလုံး အိမ်ကိုလာဖို့ အမေက ဖိတ်လိုက်တယ်.. ”

“ဟုတ်ရဲ့ လားမောင်ဖိုးစိန်ရယ်… လူက အများကြီးကို”

“ဘာလဲ ဆရာမက ကျွန်တော်တို့ အိမ်က အမေတို့က မကျွေးနိုင်ဘူးထင်လို့လား”

“မဟုတ်ပါဘူး…အေး..အေး… ဆရာမတို့ လာခဲ့မယ်..အားလုံးကြားတယ်နော် မောင်ဖိုးစိန်မွေးနေ့ တနင်္ဂနွေ… အားလုံးသွားရမယ်..ကြားလား..”

အိမ်ပြန်ရောက်တော့ အမေကို “အမေရယ် ပြောကို မပြောချင်ဘူး…သားတို့ အတန်းပိုင်က တော်တော်ရှုတ်တယ်သိလား… ဒီလာမယ့်တနင်္ဂနွေနေ့ ကို အခန်းထဲ က သူ အားလုံးကို သားတို့ အိမ်က စတုဒီသာကျွေးရမယ်တဲ့ဗျ… သူ က အမေကို..သေချာအောင်ပြောလိုက်ပါတဲ့..”

”ဘုရားရေ..ဘယ်နှယောက်တောင်လာမှာလဲ”

”မများပါဘူးအမေရာ (၂၄)ယောက်တည်းပါ.. ”

”စိန်… သားလုပ်ကြံနေတာတော့ မဟုတ်ပါဘူးနော်”

”ပေါက်ပေါက်ရှာရှာအမေရာ အဖေကို လဲပြောထားဦး… အဲဒီနေ့ကျရင် ဗွီဒီယိုခွေဌားထားပါလို့ အမေနော်..ဒါနဲ့ ဘာကျွေးမှာလဲ..ထမင်းကျွေးနော်..”

”မလုပ်နိုင်ဘူး..သာကူပြုတ်ပဲရမယ်.”

”အင်းပါ..ဘာရရ ..ကြွားရဖို့ က အဓိက” (စိတ်ထဲကပြောခြင်းဖြစ်)

နောက်နေ့ ဆရာမကို

“ဆရာမရေ..အမေကအိမ်မှာ သာကူပြုတ်ကျွေးမှာတဲ့… (၂၄)ယောက်စာကို အုန်းသီးအလုံးနှစ်ဆယ်… သကြားဆယ်ပိဿာတဲ့ဗျ… အဝလာစားပေတော့ ဆရာမရေ” လို့ပြောတော့ ဆရာမက “ဘုရား..ဘုရား… အကုန်ကြွမယ့်အပေါက်”ဆိုပြီးဘုရားတနေလေရဲ့ ..

တနင်္ဂနွေ ကျတော့ ဆရာမနဲ့ အခန်းထဲကသူငယ်ချင်းတွေလာကျတာပေါ့..

ဟား..ဟား..ငါကွ… တွေ့ လား..ငါတို့အိမ်က အကုန်ရှိတယ်ဆိုတဲ့မျက်နှာပေးနဲ့ ဆက်ဆံတာပေါ့..

ပြန်သွားကျတော့ ဆရာမကြောင့် အကြောင်းစုံသိလိုက်ရတဲ့အမေ နဲ့ အဖေက ရယ်ကြတာအူကိုတက်လို့.. ပြောလို့ ဆိုလို့ မရတဲ့သားဆိုတော့ စိတ်ကုန်သွားတယ်ထင်ပါတယ်.. ကြာတော့လဲ မပြောတော့ဘူး..

တက္ကသိုလ်တက်တော့လဲ မွန်ပြည်နယ်သားဆိုတော့ ရွှေတွေ ရွဲအောင် ဝတ်လို့ သူငယ်ချင်းတွေကစကျတယ်… နောက်ပိုင်းတော့ မဝတ်ဖြစ်တော့ဘူး ... စတာများလာတော့ ရှက်ရှက်နဲ့ ချွတ်ထားတယ် အိမ်မှာလဲ ထားလို့က ပျောက်မှာစိုးတာနဲ့ စိတ်ချရအောင် အပေါင်ဆိုင်မှာသွားသိမ်းထားတယ်လေ.. အမေလာရင် သွားယူရလွယ်အောင် ဘောင်ချာကိုတော့ ဘုရားစင်မှာသိမ်းထားပေးတယ်… အဲဒီလောက်ပါပဲ… မရောင်းစားပါဘူး... နောက်ထပ်မရတော့ မှာကြောက်လို့ ... ဒါဆိုးတယ်မခေါ်ဘူးနော်...


နောက်ဆုံး ဒီမလာခင်လေးမှာလဲ အမှတ်တရတစ်ခု

မခံချင်စိတ်နဲ့ ကြွားခဲ့သေးတယ်..

ဖြစ်ပုံ က ဒီိကို ထွက်လာခါ နီးဆိုတော့ အဝတ်အစားတွေက မလာခင် ခြောက်လလောက်ကတည်းက ထည့်ပြီးနေပြီး.. (အပိုင်တွက်ထားတာ.. ပတ်စပိုစ့်တောင်မရသေးဘူး) အပြင်ထွက်ရင်တောင် ရှိတာလေးဘဲ ကောက်ဝတ်သွားတယ်..

တစ်နေ့ သူငယ်ချင်းနေတဲ့ မြောက်ဒဂုံကိုညအိပ်သွားမယ်ဆိုတော့ နေ့ လည် လောက်မှာ လိုင်းကားစီးမိတယ်.. သူငယ်ချင်းအိမ်မှာလဲ ဝတ်စရာကျွန်တော့်အင်္ကျီက အဆင်သင့်ရှိပြီးသား ဆိုတော့ ဝတ်သွားတော့လဲ ဘောင်းဘီတိုတို နဲ့ စွပ်ကျယ်အစုတ်လေး… ရာသီဥတုကပူတယ် ရုပ်က ကော်ဖီမသောက်ရသေးလို့ ငိုင်နေတဲ့ရုပ် ဆိုတော့နေ့ခင်း အချိန် ချွေတာရေးအနေနဲ့ လိုင်းကားစီးဖို့ ဆုံးဖြတ်လိုက်တယ်
လိုင်းကားက ချောင်ပေမယ့်နေရာမရဘူး… ဒါနဲ့ ရပ်မိရပ်ရာ ရပ်လိုက်တာ ဈေးသိမ်းလို့ ပြန်လာတဲ့ ငါးရောင်းတဲ့ အဒေါ်ကြီး တစ်ယောက်နား ရပ်မိတယ်… ငါးရောင်းတယ်တာဆိုတယ်.. အဒေါ်ကြီး ဝတ်ထားတာ ရွှေဆိုင်တစ်ဆိုင် အသာလေး ဖွင့်လို့ရတယ်… အတုအစစ်တော့ မသိ… ဝတ်ထားတာကလဲ မင်္ဂလာဆောင်သွားဖို့ လောက်ထင်ရတယ်... ဒါပေမယ့် ငါးအနံ့က နံနေတယ်.. ငါးရောင်းတာ နေ့တိုင်းဆိုတော့လဲ နံတဲ့အနံ့ကတော့ မပျောက်ဘူးလေ… ခေါင်းကိုက်တတ်တဲ့ ကျွန်တော်လည်း အနံ့ ရရင် ခေါင်းကိုက်မှာ ကြောက်လို့ နေရာပြောင်းတော့... အဒေါ်ကြီးက “အောင်မလေးရုပ်ကြည့်တော့ စုတ်စုတ်ပြတ်ပြတ်… ကြီးကြီးကျယ်ကျယ်လုပ်နေတာ… ငါးကိုများ နံသလေ ဘာလေးမျက်နှာနဲ့ လူနေခြုံကြား စိတ်နေဘုံဖျားဆိုတာဒါမျိုးထင်ပ..”

ဒီစကားကြားမိတဲ့ ကျနော်လဲ “အဒေါ်ကြီး..ခင်ဗျားဘယ်သူ့ကို ပြောတာလဲ..တည့်ပြော”

“အေးဟဲ့ နင့်ကိုပြောတာ… နင်က ငါ့အနားမကပ်ချင်ရအောင် နင်ကကြီးကျယ်တာကိုး အဆင့်မြင့်ချင်မနေနဲ့ တန်ရာတန်ရာပေါ့အေ… ကိုယ်နေတဲ့ရပ်ကွက် ကိုယ့်အဝတ်အစားကိုလဲ ကိုယ်ပြန်ကြည့်အုံး”

“ခင်ဗျားနော် ကျုပ်အကြောင်းမသိဘဲ ရမ်းမပြောနဲ့...ကျွန်တော်က ပိုက်ဆံရှိတယ် ချမ်းသာတယ်ဆိုတာ မကြွားချင်လို့… ကျနော့် အဝတ်အစားကအိမ်မှာဗီဒိုနဲ့ အပြည့်… နေတာက တာမွေမှာ ခင်ဗျား အခုပြန်မယ့် အနုတ်စုတ် ဂုတ်စုတ် ရပ်ကွက်မဟုတ်ဘူး… မယုံရင် ခုကားပေါ်ကဆင်း… တက္ကစီဌားပီးအိမ်လိုက်ကြည့်… အားမရရင် မော်လမြိုင်လိုက်လို့ ရတယ်..ခင်ဗျားရှိတာလောက်ကတော့ အသာလေးသိလားဒေါ်စွာကျယ်”

ကဲမှတ်ပလား.. ငါကွ…. လို့ စိတ်ထဲမှာ ဒေါသဖြစ်ရက်နဲ့ ပြောလိုက်တာကို ကျေနပ်သွားတယ်…

တစ်လမ်းလုံးပါးစပ်ပိတ်လာတဲ့ အဒေါ်ကြီးက ကားပေါ်ကဆင်းခါနီးကျတော့ “အောင်မလေးးလေးးရပ်ကွက်ထဲမှာ ငါ့ကို အကြွားနံပတ်တစ်လို့ ပြောတာ အခုတော့ ဘာမဟုတ်တဲ့ ကလေကချေ က ပြန်ကြွားသွားတယ်.. ရင်နာလိုက်တာအေး..အခုမှ ရာထူးက ကျတော့တယ်” ဆိုပြီးခနဲ့တော့ ကားပေါ်က လူတွေ ကျနော်ပြောတုန်းကတော့ ပြုံးစိစိဆိုပေမယ့် ငါးစိမ်းသည်အဒေါ်ကြီးလဲ ပြောရော… ဝါးကနဲ ပေါ့….
ကျွန်တော်လဲ ပြန်ချေပချိန်မရလိုက်ဘူး.. သူမက ကားပေါ်ကနေဆင်းသွားရော…

အိမ်ပြန်ရောက်လို့ အမေတို့အဖေတို့ကို ပြန်ပြောတော့ ခွက်ထိုးခွက်လှံရယ်ကြတာပေါ့…

အမှတ်တရလေးပါဗျာ..

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

တာရာ said…
ဟားဟားဟား ... တော်တော်ရယ်ရတယ် ...ခုရောဘယ်လိုလဲ အကို ... ငယ်ကအကျင့် ကြီးအထိလား .... ဒါနဲ့ စကားမစပ်.. တစ်နော်...
တာရာ said…
တစ်က ရချင်လို့ရတာဟုတ်ဖူး... အကိုအမများ အကုန်အိပ်နေသော အချိန်မို့လို့ ... ဟေးဟေး.. ပျော်တော့ပျော်သား..တစ်ကွ
mgnge said…
လွန်ရော လွန်ရော
Anonymous said…
ကြွားစိန်ပေါ့
ဒီမွေးနေ့ ကစပြီးနာမည်ပြောင်းလိုက်
ကြွားစိန်ပေါ့နော်

း)
ခင်တဲ့
မြူးလေး
အခု ရုံးမှာ ဘော့စ်ဝင်လာမဲ့တံခါးပေါက်ကို ကြည့်လိုက် ရယ်လိုက်လုပ်နေရတယ်..မနက်စောစောစီးစီး ရယ်အောင် ရေးထားတာလေး ဖတ်ခွင့်ရတဲ့အတွက် ဘကြီးတော် ငကြွားကို ကျေးဇူးတင်ပါတယ်. သူပြောမှပဲ မွန်ပြည်နယ်သားတွေ.....

ခင်မင်ခြင်းနှင့်
တူရီးတော်
ကိုကိုကြွားစိန်
း)
ဒါတွေပရင့်အောက်ထုတ်ပြီး
မော်လမြိုင်ပို့ရမယ
း)
မေလေး said…
ဟားဟားဟား
လုပ်ရက်ပါပေ့။နောက်မှာသူဌေးကတော် ရှိတာမေ့ပြီး အကျယ်ကြီး ရယ်မိပြီ။လျှော်ပေးတော့။ သူဌေးကတော်က ဘာဖြစ်တာလဲတဲ့။ ရူးသွားပြီးထင်နေမှာ။တစ်ယောက်ထဲရယ်လို့။
ဒါနဲ့စကားမစပ် ကိုကြွား အဲလေ ကိုကြီးစိန် ခုရော ရွှေတွေ ပါလာသေးလား။ ပါလာရင် နည်းနည်းလောက် မျှပါလို့။ ဟိဟိ
ဖြစ်ပုံကတော့... ဆန်းပါပေ့..
သကြားလုံးနဲ့ ချဉ်ဖတ်ဆို..လက်လုပ်ချဉ်ကို ပိုကြိုက်သရှင့်..
MANORHARY said…
အော် ပါရမီ ထူးပါပေ့
ပါရမီထူးပါပေ့...း)
ဟဲ့...
ကောင်လေး ကောင်လေး...

သြော်...
မျောက်မျောက်ရယ် ကြွားချက်... :P

ခုလက်ရှိ အကြွားချင်ဆုံး တစ်ခု ထပ်ကြွားပြပါ။
ဒါဘဲ...

:D :P
kiki said…
ကြွား ချက်က​တော့ ကွယ်.....

ဒီနှစ် ​မွေး​နေ့ ​ရော..
သာကူ ​ကြွေးပါလားးးးးး

ခင်တဲ့ 
မကြီး ကိ
maung said…
:) very funny,,, very good :D
ကိုကြွားစိန်..း))
မော်လမြို်င် ကို လိုက်လည်မှ ပုန်းမနေနဲ့ နော်..း))
May Flower said…
်အမြဲလာဖတ်ဖြစ်ပေမယ့် မမန့် ဖြစ်ဘူး ဒီတခါဖတ်ရင်း မေ့ပြီး အသံထွက်ရီလိုက်လို့  မန်နေဂျာကြီးက What happened? တဲ့ ဟင့် အဲဒါ ကိုဖိုးစိန်ကြောင့်
JuneOne said…
ဟားဟားးး။ဟိုနေ့က ဘလော့မှာမသိမသာလာကြွားထားတယ်။
သူငယ်ချင်းကောင်မလေး တဲ့။
ပြော ဘယ်သူလဲ။
ဖတ်ပြီးတော့ရယ်လိုက်ရတာ...ပျော်စရာတွေ ဖန်တီးပေးတတ်တဲ့ ငါ့အကိုလဲ ပျော်ရွှင်ပါစေ...း-)
kaungkinpyar said…
စိန်ကြွား ကြွားစိန် အမရဲ့ သံဖြူဇရပ် သားကတော့ မကြွားတတ်ဘူးတော့
Anonymous said…
ကလေကချေလေး.. ;P

စာလဲ မရေးဘူး.. မအားဘူး မအားဘူး နဲ့ အသစ်လဲ မထွက်ဘူး.. မီးအိမ်ပြင်နေတာလား? ဟွန်း

ချစ်မ
း).. ကြွားစိန်...
စည်သူ said…
ကြွားချက်ကတော့ လန်ထွက်နေတာပဲ..။
ဒါနဲ့စားမစပ် ကိုဖိုးစိန်ရေ
ရွှေဆိုင်အသေးစားဖွင့်ထားတဲ့အဒေါ်ကြီးက
ဝဝ တုတ်တုတ်ကြီးလား...
ပြန်မှ တွေ့အုံးမယ်
ခင်မင်စွာဖြင့်
........စည်သူ။
ကြွားတဲ့အထဲမှာ ငါးရောင်းတဲ့ မိန်းမကြီးကို ကြွားတဲ့
ပုံလေးကြိုက်ပါ့ဗျာ...။ကြွားလည်းကြွား အဘွားကြီးကို
တက္ကစီနဲ့ 'မ' ဘို့ ပါဂွင်ဆင်လိုက်သေးတယ်..ဟဲဟဲ
နာမည် ပြောင်းမယ် နာမည်ပြောင်းခေါ်တော့မယ် အရင်က ကိုထောင်လို့ခေါ် တော့ အခု ကြွားထောင်လို့ခေါ်မယ် ထောင်ကြွားဆိုရင်ရော ကောင်းပါမလား အဲမကောင်းသေးဘူး ကြွားကြွားထောင်ဆိုရင်ရော .အဲ.ထောင်ထောင်ကြွားဆိုရင်ရော ဒါလဲကောင်း ဘူး အဲဒီ ထောင်နဲ့ ကြွားနဲ့ဆက်စပ်လို့ကိုမရဘူး တော်ပြီအရင်လိုထောင်ထောင်ပဲကောင်းတယ် နော် ထောင်ထောင်
Zephyr said…
ကြွားတတ်တာကိုပဲ မရှက်မကြောက်ပြန်ကြွားနေသေးတယ် ..
:p
Anonymous said…
ငကြွားလေး ....... ဒီနှစ်မွေ့နေ့ သာကူပြုတ်တောင် စားရမယ့်ပုံမပေါ်ဘူး။
:P

မကြီး
Mogok Thar said…
ကြွားချက်ကတော့
ပြောချင်တော့ဘူး။
တခါကြွား တခါ ရီရတယ်။တော်သေးရဲ့ အိမ်မှာမို့ အသံထွက် ရယ်နိုင်တာ။
အကြွားသန်ပီး ပိုက်ဆံအိတ် ကြီး ထုတ်ထုတ် မပြနဲ့။ ရိုက် လု ခံနေရမယ်။
သတိထား။

ချစ်ညီလေး
ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ။
ညလေး said…
ငကြွားလေး ဒီနှစ် ဘာကျွေးမှာလဲဟ ငါနဲ့ မွေးလ တူနေတယ်။ :P
Phyo Evergreen said…
ခွီးခွီး
ကြွားတတ်တယ်နော်...
ဒါပေမယ့် ကြွားစရာ တစ်ခုလိုနေသေးတယ်...
သေချာစဉ်းစားထား...
rose of sharon said…
အိုး... ဖတ်ပြီးရီလိုက်ရတာ... လူပါမြင်ဘူးချင်စိတ်ပေါက်သွားတယ်... :D
ကိုကြွားစိန်ရေ
ခုကောဘာကြွားစရာရှိလဲဗျို့ 

ခင်တဲ့
ညီငယ်ဝသန်
Rita said…
ကိုကိုကြွားစ်
khin oo may said…
တူတူဘဲ.။
ညီလေးဖိုးစိန်...

ကိုကြီးလူထွေးတို့အိမ်ကို ထမင်းလာစားပါလား...

ကိုလူထွေးလဲ ဖိုးစိန်လို အကျင့်ရှိလို့လေ... ဗေဒင်ဟောလို့ ရသမျှတွေကို ထုတ်ပြတာ တွေ့တယ် မဟုတ်လား...

ဖိုးစိတ်ကတော့ အများကြီး သာတာပေါ့.... ငါးစိမ်းသည် အဒေါ်ကြီးကတောင် ဆရာတင်ရတယ် ဆိုတော့ ဆလံတိုက်ပါတယ်...

ဆာလုပါ ဖိုးစိန်ရေ...

းဝ)
မငုံ said…
ဝါးးးးးးးးး ကိုဖိုးစိန်တို့ ကြွားချက်က
ဒီနေ့ မွေးနေ့မှာ သာကူကျွေးပြီး ကြွားမယ်ထင်တယ်။ :)) ရွှေတွေကို အပေါင်ဆိုင်ပို့မဲ့အစား ခဏငှားပါလား။ အလှူမှာ ကြွားချင် အဲ ၀တ်ချင်လို့။
ကြွားစိန်ရေ...အဲဖိုးစိန်ရေ..
Happy birthday နော်
မေဓာဝီ said…
ဖိုးစိန်၏ ကြွားချက်များပေါ့။
ရေးတတ်လိုက်တာ။ ဖတ်လို့လဲ ကောင်းတယ်။ ရယ်လဲ ရယ်ရတယ်။ :)
ဇော် said…
ဟားဟားဟား။ =))
Julian said…
ဖိုးစိန်

ကြွားတာကိုတောင် ကမ္ဘာနဲ့ချီသိအောင် ဘလောဂ်မှာ
ရေးနိုင်တဲ့ ဖိုးစိန်ကို အကြွားဘွဲ့ပေးမယ်


မဂျူ
Angel Shaper said…
ကိုကြွားစိန်ဆီလာလည်တာ တော်တော်ရယ်ရတယ်။ ပျော်ဖို့လဲ ကောင်းတယ်။ ငယ်ကအကျင့်တွေ ပျောက်ပလားအကိုကြွား။။ အဲ အကိုစိန်။။။။ ဟဲဟဲ
ကိုကြွားစိန်ရေ...
ဟက်ပီးဘတ်ဒေးလို့ နော်။
အခုလိုပဲ ထာဝရပျော်ရွှင်ပါစေ.။။။
Unknown said…
မွေးနေ့မှာ တစ်ခုထဲပြောချင်တရ် ။ ဒီနေ့ကစပြီး ပျော်ရွှင်မှုတွေပဲပြည့်စုံပါစေ ။ ခံစားနားလည်ပေးပါ ။

အရူးလေး
Ree Noe Mann said…
မနိုင် မနိုင် သယ်ရင်းတို့များ လုံးဝမနိုင်ပါကွာ။

ခုကောကြွားသေးလား သယ်ရင်း

ချစ်တဲ့
သယ်င်းရင်း
မကြွားတတ်ရှာဘူးနော်
ဟီး
တွေ့ရင်ရော
ကြွားဦးမှာလား :P

Popular Posts