ပေါက်ဖော် နဲ့ ဟောက်ဖော်

အခုတစ်လော ရာသီဥတုက ပူတယ်… ညည အိပ်လို့ မရဘူးဗျာ.. အခုတစ်လောသာ ပြောလိုက်တယ် … အိပ်မပျော်တဲ့ ညတွေက လချီနေပြီး… အိပ်သာမပျော်တာ..ပုံမှန်နိုးချိန်က နှိုးစက်ထက်တိကျသေးတယ်… ညဘယ်အချိန်အိပ်အိပ် မနက်မိုးလင်း(၆) နာရီဆို မျက်စိနှစ်လုံးက အလိုလို ပွင့်နေတယ်…

တစ်ခါတစ်လေ အွန်လိုင်းပေါ်မှာ မိုးလင်းထိ ရှိနေတတ်လို့ သူငယ်ချင်းတွေ အကိုအမတွေရဲ့ အော်ငေါက် အိပ်ခိုင်းချင်းကို ခံရတတ်သေးတယ်… အိပ်မပျော်ရင်စာဖတ်ဆိုလို့ ဘလော့လေးတွေ လျှောက်လည်စာဖတ်တာ အိပ်မပျော်တဲ့အပြင် ရီစရာတွေ စိတ်ဝင်စားစရာတွေနဲ့ တိုးလို့ မိုးတောင်လင်းသွားတဲ့ နေ့တွေ ရှိသေးတယ်… တရားမှတ်ဆိုလို့ မှတ်ပါတယ်… တရားကျပြီး နတ်ပြည်တစ်ခေါက် အလည်ရောက်ပြီး ပြန်ဆင်းလာတာတောင် မျက်လုံးလေး ကလည်ကလည်နဲ့ အိပ်မပျော်ဘူး… နောက်ထပ် အိပ်ဆေးနဲ့ ကူသေးတယ်... ကိုယ်ကပဲစွမ်း နေလားတော့မသိ... ပိုလို့တောင် မျက်စိကြောင် နေသေးတယ်… (တစ်ချို့ကတော့ မင်းကော်ဖီသောက်များလို့တဲ့...ဖြစ်နိုင်လား... မသောက်တဲ့နေ့လဲ ဒီလိုပဲ အိပ်မရတာ)

အဲဒီလိုဆိုတော့လဲ ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့အဖေ့ကို သတိရမိပြန်ရော.. အဖေက ညညဆို အလုပ်ပင်ပန်းတာရယ်..ကျန်းမာရေး အရ သောက်ထားတဲ့အရှိန်ရယ်ဆိုတော့ ခေါင်းချတာနဲ့ အိပ်ပျော်တာပဲ.. အိပ်ရင်လဲ ကောင်းကောင်း မအိပ်ပြန်ဘူး..သူအိပ်နေပါတယ် ဆိုတာ လူသိရှင်ကြား ဖြစ်ချင်သေးတယ်လေ…တစ်အိမ်လုံးက ဖေဖေ့ ဟောက်သံကြီးပဲ… ဟောက်သံကြားလို့ အဖေက အရမ်းဟောက်တာပဲ ပြောရင် ကမန်းကတန်း မျက်လုံးလေးပြူးပြပြီး “အဖေအိပ်နေပေမယ့် အားလုံးကိုသိပါတယ်”တဲ့… ခဏနေ ကြည့်လိုက် အဖေပြန်ဟောက်နေပြန်တယ်…

အဖေနဲ့ အမေက တခန်းတည်း တူတူ အိပ်တယ်ဆိုတော့ ဟောက်သံကို မခံနိုင်တဲ့ အမေကလည်း အဖေ့ကို စစ်ဆင်ရေးဆင်းလေ့ ရှိပါတယ်… အဖေလုပ်သူက ဟောက်တာနဲ့ တိုက်စစ်ဆင်တော့ အမေက အခန်းထဲမှာ ဗုံးကျဲပြီး ထိုးစစ် ပြန်ခင်းတယ်… အမေကျဲတဲ့ဗုံးက အနုမြူဗုံးအလုံး တစ်ထောင်နဲ့ ညီမျှနိုင်တယ်… ဒါတောင်ပိုမပြောထားဘူး… (ကျမ်းမာရေး အတွက် အမေညတိုင်း သောက်တဲ့ဆေးက အာယုဒီဃ သက်စောင့်ဆေး)

ပန်ကာလက်မှိုင်ချလို့ အဲယားကွန်း လင်နောက်လိုက်တာ အမေ့ဗုံးကြောင့်… အဖေ ဘယ်လောက်ဟောက်ဟောက် အမေ့ဗုံးမိရင်ချက်ချင်း တပ်ဆုတ်ရတယ်..ညည သန်ခေါင်း ကျော် ယောင်လို့များအဖေတို့ အခန်းထဲ မဝင်မိစေနဲ့... ဝင်မိလို့က နှစ်ရက်လောက် ထမင်းမစားနိုင်ဖြစ်သွားမယ်…
ညညဆို အဖေတို့ အခန်းထဲကနေ မကျေမနပ် ထွက်လာတဲ့ အသံတွေက

“ညီမကလဲကွာ… ဒီလောက် နံနေတာ… ပေါက်ခါနီးသတိပေးပါလား.. ”

အမေလုပ်သူက “ ရှင်ကလည်းလေ… ကျမ ပေးတယ်... အနံ့လေးနဲ့”ဆို ပြီးစကားများ တတ်သေးတယ်...

ဒီလိုညတွေ ဖြတ်သန်းပါများ တော့လည်း အဖေ မခံမရပ်နိုင်တဲ့ ညတွေဆို အဖေအခန်းပြောင်းရတော့တယ်… ညီ အငယ်ကောင်နဲ့ အိပ်ဖို့ ကျတော့ အငယ်ကောင်က ညညရှူးရှူး ပန်းတတ်တဲ့အကျင့်ရှိတော့ ညီလုပ်သူနဲ့များ သွားအိပ်ရင် တော်ကြာညသန်းခေါင်ကျော် အဖေ ဘီယာတွေ ထပ်ပြီး လှိမ့်သောက်နေ ရမှာကြောက်ပြီး မအိပ်ရဲဘူး… အငယ်မလေးနဲ့ ကျတော့ အဖွားနဲ့ အိပ်တာဆိုတော့ သူတို့ အခန်းထဲ သွားအိပ်လို့ က မဖြစ်… ဒီလိုဆိုတော့ ကျွန်တော်လဲ အဖေကိုသနားတာနဲ့ အဖေကို ကျွန်တော်နဲ့ အိပ်ဖို့ ခေါ်တယ်..အလကားတော့ မရဘူးပေါ့…

တစ်ညကို (၁၀၀)ကျပ်… ပေးနိုင်ရင်အိပ် မပေးနိုင်ရင်မအိပ်နဲ့… ဟောက်လို့ က ပေတံနဲ့ ရိုက်မယ်ဆိုတာ ပြောပြီးသား… ဗုံးထက်စာရင် ကျွန်တော့်တောင်းဆို ချက်က မများဘူးဆိုတော့ သူ လဲ လာအိပ်တာပေါ့ဗျာ… မိုးလင်းရင် ”ငါ့သားကြီးက တကယ်ဆော်တယ်ဟ..လက်မောင်းကိုစပ်လို့ ညကျရင်တော့ ဖြေးဖြေးရိုက် တစ်ကျပ်ပိုပေးမယ်” လို့ ဆိုသေးတယ်…

တစ်ည ကျွန်တော်က အဖေနဲ့ စကားများပြီး အဖေ ကိုစကားမပြောဘူး… အမေကလည်း ဒီနေ့ သက်စောင့်ဝမ်းနှုတ်ဆေး စားထားကြောင်းကို တရားဝင်စစ်ကြေညာထားတယ်… ချက်တဲ့ဟင်းက ကြက်သားပဲကုလားဟင်း… စစ်ကြေညာပြီးကတည်းက ဟို တစ်စ ဒီတစ်စ ဗုံးလိုက်ကျဲနေတာဆို တော့ အဖေခမျာ ည အတွက်ရတက်မအေးရှာဘူးဖြစ်နေတယ်…

အဲဒီမှာအခွင့်ကောင်းစောင့်နေတဲ့ ကျွန်တော့်ညီမ ကအဖေ လုပ်သူကို “အဖေ ကိုကြီးကိုပေးတာ ထက်ငါးဆယ်ပိုပေးရင် အဖေဒီည အဆင်ပြေစေရမယ် ငွေကို အခုပေးရမယ်… ညကျလို့ သမီး အချက်ပြရင် အဖေအိပ်လို့ ရပြီ”ဆို ပြီး အဖေနဲ့ အပေးအယူလုပ်နေတာကြားနေရတယ်…

ဒီလိုနဲ့ ညသန်းခေါင်လဲကျော်ရော … ကြွားကြွားဝင့်ဝင့် ထွက်ပေါ်လာတဲ့ အဖေဟောက်သံနဲ့ အတူ အဖွားက အဖေ့ကို မောင်းထုတ်သံကိုပါ ကြားလိုက်ရတယ်… ကျနော်တို့ ညီအကိုရော အမေရော အိပ်ယာထဲကနေ တခွီးခွီးနဲ့ပေါ့… ဘာပဲဖြစ်ဖြစ် ညီမလုပ်သူက ပိုက်ဆံကို ကြိုရထားတဲ့ အတွက် အိပ်ပျော်ချင်ယောင် ဆောင်နေတာများ တုတ်တုတ်မျှမလှုပ်… သွားအိပ်တာကလည်း ညီမလေးတို့ ကုတင်ဘေးမှာ သွားအိပ်တာကိုး… အဖွားက ဟောက်သံကြောင့် လန့်နိုးလာတော့ ဒေါသထွက်ပြီး အဖေ့ ကိုအော်တာပေါ့..

အဖေ့ခမျာ ညကြီး သန်းခေါင် ခေါင်းအုံးလေးပိုက်ပြီး ယောင်လည်လည်နဲ့ အမေ့ အခန်းကို သွားချောင်းလိုက် ကျနော့်နားကို လာလိုက် ခေါင်းကုတ်လိုက်နဲ့ တီဗွီရှေ့မှာ ငုတ်တုတ်ငိုက်နေတာမို့ ကျွန်တော်လဲ သနားပြီးခေါ်အိပ်လိုက်တယ်… ဒါပေမယ့် ဈေးတက်သွားတယ်… တူတူလာအိပ်ခ က (၂၀၀) နဲ့ဈေးဖြတ် လိုက်တယ်… တကယ် အဖေ့ကို သနားသွားလို့ပါဗျာ…..

သြော်……အဖေ ..အဖေ ..တစ်အိမ်လုံးကို လုပ်ကျွေး နေပေမယ့် အိမ်မှာ အဖေ့အတွက် အိပ်စရာနေရာ မရှိဘူးဖြစ်နေတယ် ဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်… စိတ်မပူပါနဲ့ အဖေရေ … သားမိန်းမရပြီးရင်တော့ သားတို့နဲ့ လာအိပ်ဗျာ… ဒါပေမယ့် တိုက်တစ်လုံး ကားတစ်စီး လက်ဖွဲ့….. အားးးးးး ..နေဦး….မဖြစ်သေးပါဘူး… (စဉ်းစားကြည့်... တောင်းရင်သူကပေးမှာ အရင်တုန်းကတော့ သားတစ်ယောက်တည်းနဲ့ အိပ်ရတာ... အခုတော့ ကံစမ်းမဲ ပါတယ်လုပ်နေဦးမယ်..တော်ပြီ… မဖြစ်ပါဘူး... အဖေ့ ချစ်ချစ် ရဲ့ နံ့သာမြိုင်စံနန်း မှာပဲ အိပ်ပါတော့ ဗျာ... )

ညီမလေးရေ … ဒီပိုစ့်ကို မေမေကို မဖတ်ပြလိုက်ပါနဲ့ကွာ… မေမေက သူ့ရဲ့ လှတပတ ငယ်ဘဝ အကြောင်းလေးကို စီကာပတ်ကုံး ရေးစေချင်တာ..အခုဟာက သူ ညည ဗုံးကျဲ တဲ့ အကြောင်းဆို တော့ သူ အမြင်ကတ် စိတ်နာပြီး ပေးမယ်အမွေတွေကို လျှော့လိုက်မှဖြင့်… ခွဲတမ်းပေးမယ်... ထုံးစံအတိုင်းပေါ့

အဖေ့အိမ်ကိုလွမ်းဆွတ်ခြင်း များစွာဖြင့်...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
၁ကွ..ဟားဟားဟား
Anonymous said…
သွားးးးးးးးးးးးးးးးးးးးး
မရဘူးးးးးးးးးးးးးးးးးးးးးးးးးးး ၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂
Anonymous said…
အပေါ်ကလူကြီးရီနဲ့းးးးးးးးးးးးးးးးးးးး
Anonymous said…
ဘာအထာလဲတော့ မသိဘူး ခုတလော ဘလော့တွေမှာ ၁ယူတာ စတိုင်ဖြစ်နေတော့ ကိုယ်လဲ ရူးကြောင်၊မူးကြောင်နဲ့၁လာယူတာ..။
ဘာမှသာမဟုတ်တာ မသိရင်တော့ အရူးလိုလို အပေါလိုလိုနဲ့ အဟေဟေ... မိုက်တော့ မိုက်တယ်ဟ....။
Unknown said…
၃၃၃၃၃၃၃၃၃၃၃၃၃ တဲ့

အရူးလေး
Anonymous said…
ဟားဟားဟားဟား..... နာတွနာတွ.....။
Anonymous said…
စာတွေဖတ်ပြီရီသွားတယ်ဗျို့။ ဘာမှသာမဟုတ်တာ ခဏလေးနဲ့ ၆ခါ ကွန်မန့်ဟ... မဆိုးဘူးပဲ...။ အဟေဟေဟေ ဒါေ၇းတာနဲ့တင် စာတွေက ဘာရေးမှန်းတောင် မသိတော့ဘူး.....ပြန်ပြီဗျာ။
Anonymous said…
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး

တအိမ်သားလုံးကိုပြေားပြီး
သူကျအကောင်းကြီးပဲ ဖြစ်နိုင်မလား
သူလဲဒီမိဘ ၂ယောက်ကနေမွေးလာတာပဲလေ
မဟုတ်ဖူးလားလျှိုထားတယ်ပေါ့ဟွန့် တွေ့ မယ်

ချစ်ခင်တဲ့
ပိတိတုန်းလေး
Unknown said…
ခွိခွိခွိ

အရူးလေး
Anonymous said…
အပေါ်က သုံးပိုဒ်လောက်ပဲ အသစ်နော်? စိန်ရေးထားတာ ဖတ်ပြီး ရယ်မိတယ်......

း)

ငိုအောင်လုပ်လိုက် ရယ်အောင်လုပ်လိုက်နဲ့ တော်တော်တတ်နိုင်တယ်
mysterysnow said…
ပေါက်ဖော်ကြီးကို လာဖတ်ပါတယ်နော်။
ပေါက်တာမိပြီး မူးမေ့သွားတုန်း
ဟောက်တာကြားလို့ အိပ်မရ...
ဒုက္ခပါပဲ ငါ့ညီရ...

ဟားဟားဟား....

ဂုဏ်ယူစရာတွေ သိပ်မရေးနဲ့လေ...

းဝ)
mgnge said…
ဟဟဟ
တော်တော်မလွယ်ပါလားနော်..
အဖေကိုများ စိးပွားတွက်လိုက်တွက်သေးတယ် ...။

:P
Ree Noe Mann said…
သယ်ရင်းရေ
မဖတ်ရသေးဘူး။ ည ပြန်လာမှ ဖတ်တော့မယ်။
ခုတော့ ဝင်နှုတ်ဆက်သွားတယ်။
အလုပ်သွားရတော့မယ်။

ချစ်တဲ့ ရီနို
MANORHARY said…
ဖတ်သွားပါသည်။
ပေါက်ဖော် နှင့် ဟောက်ဖော် အကြောင်းဖတ်ပြီး တော်တော်ရယ်ရတယ် ဟားဟား

ခင်မင်ခြင်းနှင့်
တူရီးတော်
kiki said…
သားကြီး သြကာသ ... အဲ ၊သြသရ ဆိုတော့
မိဘ အမွေ ပိုရမယ် ဆို သိပါတယ်
အပေါက်ရော အဟောက်ရော ...

မပျောက်မပျက်အောင် ဆက်ထိန်းပေရော့
မောင်ဖိုးစိန် ရေ...
မေဇင် said…
အရမ်း ရီရတဲ့ ပိုစ့်လေး ပါပဲ...အိမ်မှာ ကတော့ ဖေဖေ ကဗုံးကြဲတာလဲ သူ ၊ ဟောက်တာလဲ သူ ပါပဲ...။ ပျော်စရာ မိသားစု ဘ၀လေးတွေပဲနော်..။ မြန်မှ ရနိုင်ပါဦးမလား မသိတော့ပါဘူး...။
ဖတ်ရင်းတောင် နံလာသလိုလိုပဲ
း)
အင်း ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ကမ္ဘာလေးထဲ ရောက်ဖူးချင်တယ် အကိုရေ.. အစစအရာရာ အဆင်ပြေပြီး ချစ်သော မိသားစုနဲ့ အမြန်ဆုံး တွေ့ပါစေဗျာ..

လေးစားလျက်
တောင်ပေါ်သား
ဖိုးစိန်တို့ မိသားစုလေးက ပျော်စရာ ကောင်းလိုက်တာ။ ကြံကြံဖန်ဖန် အဖေ့ တူတူလာအိပ်ခရယ်လို့ ...
Mogok Thar said…
ပေါက်ဖော်နဲ့ ဟောက်ဖော် ရဲ့ သားကြီး မဟာစိန်ပေါက်ပေါက်
ဟောက်နိုင်ပေါက်နိုင်ပါစေ လို့တော့ ဆုတောင်းပေးလို့ မဖြစ်ချေဘူး။
Danger Zone တွေ အကုန် ပိတ်ထားပေးမှ ဖြစ်မယ်။

(အိပ်မပျော်သောညများ၊ ခေါင်းကိုက်သော ရက်စွဲများ ကုန်ဆုံးပါစေ)

ညိလေးဖိုးစိန်ကိုချစ်သော
ကိုမောင်ဟန်
စာလာဖတ်သွားတယ် ကိုစိန်

ခင်မင်လျှက်
အဆိပ်ခွက်
အိမ် က အဖေ ကတော့ သူ အီးပေါက် ပြီးရင် မနံ ပါဘူး ဆိုပြီး ဇွတ်ငြင်းတယ်.. ဟားဟား
အရမ်း ရယ်ရတယ်.. ဖိုးစိန်က ရော ဘယ်သူနဲ့ တူလဲ..
ဒီလိုနည်းနဲ့ ကျေးဇူးဆပ်လိုက်တယ်ပေါ့လေ :P
အမေက လှတပတအကြောင်းလေးရေးစေချင်မှန်းလည်း သိသိကြီးနဲ့
လုပ်ရက်ပ :P
အဖေအမေကို သိက္ခာချလိုက်တာ.. ဟင်း..း)
ကိုကြီးရဲ့..ဖေဖေနဲ့မေမေ သိလို့ကတော့
ခေါင်းမှာ အာလူးသီးလောက်တယ် ...။

ဒီပို့စ်လေးက တော်တော်ရယ်ရတယ်....ကိုကြီး ။

ဒီလိုအမြဲ ပျော်ရွှင်ပါစေ.....။

ချစ်ခင်လေးစားစွာဖြင့်
ညီမဂျစ်
“အီးစိန်” ... “အီ” ကမျိုးရိုးနံမည်...“စိန်” ကမင်းနာမည်... “စိန်လျှံအီး”....:D
ပေါက်ဖော်နဲ့ ဟောက်ဖော်ဆိုပြီး လာဖတ်တာ :P
ကိုကြီးဖိုးစိန် က နှစ်ခုလုံးအမွေရနိုင်တယ် အစ်ကိုကြီး အဖရာတဲ့
ဘမျိုးဘိုးတူတဲ့ :P
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး
တူတော်မောင် မောင်ဖိုးစိန်..
မိဘကိုချစ်လိုက်ပုံများ ပြုံးရယ်စရာဖြစ်အောင် ရေးတတ်ပါပေ့..း)
တူမောင် မိသားစုကို ချစ်ခင်တာ ဒီပိုစ့်လေးက ပေါ်လွင်ပါတယ်..

တူမောင်ပုံကလည်း အဖေနဲ့လည်းတူ အမေနဲ့လည်းတူ ဆိုတော့ ဖေတူမေတူလေး..
ဒီတော့ အမွေရရင်လည်း.. ဖေ့ရဲ့ ဟောက်သံနဲ့ မေ့ရဲ့ ပေါက်သံပါ ရလိမ့်မကွ.. မယုံမရှိနဲ့..

ဒီတော့ နှမငယ်တို့ရေ.. မောင်ဖိုးစိန်ကိုသာ စဉ်းစားလို့ကတော့.. ပေါက်သံ ဟောက်သံကြားမှာ မတွေးရဲစရာ “ဘူခလော ဘူခလော” ညတွေကို ကျော်ဖြတ်ရပေမယ်.. (သတိထားကြပါကုန်)

ချစ်ခင်စွာဖြင့်

ဦးနော်
chitpalone said…
အသေ ရယ်ရတယ်။ စာရေးတာကလည်း တတ်လိုက်တာ။ လူကိုရယ်ခိုင်းလိုက် ငိုခိုင်းလိုက်နဲ့ ဈေးညှိတာများ တပုဒ်လုံးညှိမဝဘူး။ အဆုံးပိတ်ထိ ညှိလိုက်သေးတယ်။ ရေးထားတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင်ကို ရေးတတ်တယ်။ အိပ်စရာမရှိလို့ ခေါင်းအုံးလေးကိုင်ပြီး ဒုက္ခများနေတဲ့ ကိုဖိုးစိန်အဖေကိုလည်း မြင်ယောင်မိတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ရနေကျ အနံ့မရလို့များ ကိုဖိုးစိန် အိပ်မရတာများလား?

ဖြစ်နိင်တာလေး ၀ိုင်းစဉ်းစားပေးတာပါ...။

စာရေးကောင်းသလို တကယ့်ပျော်ရွှင်စရာ မိသားစု ဘဝ
လေး ရှိခဲ့တာကို လည်း မြင်ရပါတယ်...။

အခုချိန်မှာ ပေါက်ချင်ပေါက် ဟောက်ချင်ဟောက် မိသားစု အတူတူပြန်နေရမယ်လို့ လက်ခံမယ်ဆိုတာ
ရင်ဘတ်ချင်းတူလို့ ယုံကြည်မိတယ်...။

...ခင်မင်သောအားဖြင့်...
စိန်စိန်ရေ

နောက်ပါ့ကွယ်


ခင်မင်စွာဖြင့်
သီဟသစ်
ကိုစိန် လာဖတ်သွားပါတယ်။
ကိုစိန် လာဖတ်သွားပါတယ်။
မကျေနပ်ပါလုံးဝကိုမကျေနပ်ပါ ချစ်ကိုယောက်ဖကိုမကျေနပ်ပါ
ပိုစ့်အသစ်တင်ရင် ညီလေးချစ်ယောက်ဖရှိနေချိန်တင်မယ်လို့ ပြောထားပြီးခုတော့ လုပ်ချင်တိုင်းလုပ်နေတယ်
ဂတိစကားမတည်ဘူး အကြီးလုပ်ပြီးလုပ်ချင်တိုင်းလုပ်နေတယ်
မတရားပါ မကျေနပ်ပါ ညီမကိုပေးမယ်ဆိုတာလည်းမယုံကြည်ပါ လုံးဝကိုအယုံအကြည်မရှိပါ
မှတ်သွားပြီ မလာဘူးဗျာ စလုံးလာရင်လည်း ခီများဆီကိုမလာဖူးဗျာ ရင်နာတယ် စိတ်နာတယ်
အဟင့်ဟင့် အရက်တူတူသောက်ဖူးဗျာ
ချီးယားလည်းမလုပ်ဖူးဗျာ ကမ်းပိန်းလည်းမချဘူးဗျာ
Anonymous said…
သြော်...ဘလော့..ဘလော့..ဘလော့တွေပေါ်မှဘဲ အဖေတို့ အမေတို့လည်းမနေရပါလားနော်...

mie nge
:P said…
နှာခေါင်းပိတ်ပြီး ရယ်သွားသည်။
JuneOne said…
အခု မဟောက်အောင် နှာခေါင်းပေါ်မှာကပ်တဲ့
ပလာစတာလိုဟာမျိုးရှိတယ်။ဝယ်ပြီး လက်ဆောင်ပေးပါလား။
စိန်စိန့်ဖေဖေကို။
နေဒေးသစ် said…
စာတွေ မဖတ်ဖြစ်တာ ကြာလို့ ..
နေကောင်းလား ..

အရွယ်လေးလည်း ရလာပြီဆိုတော့ အဖေကို ခေါ်သိပ်ဖို့ဆိုတာထက် ကိုယ့်နားလာအိပ်မယ့် သူတစ်ယောက် ရှာဖို့တော့ သင့်ပြီထင်တယ်နော် ..

ဟဟ
နေဒေးသစ်.
Anonymous said…
WTH?
khin oo may said…
11 Jul 09, 13:09
kom: လွမ်းတယ်အဖေ

11 Jul 09, 13:09
kom: တယ်ဆိုးတဲ့သားဘဲ ဟိုတုံးက ဘယ်သူပါလိမ့်မင်းလူရေးတာထင်တယ် အဲဒီလင်မယားရဲ့သား ရပ်ကွက် အော်ကျော့်လန်ကလေး ကို သတိရမိသေးတော့တယ။် အဲ။ အဖေရယ်။
ဟုတ်ပေသားပဲ ... အနံလေးနဲ့ သတိပေးရက်သားနဲ့..ဟိဟိ

Popular Posts