Friday, 3 July 2009

ဖွဲ့သီခဲ့သော မိုးသံစဉ်


ရှေ့မျက်နှာ အဝေးအရပ်ဆီကနေ တလိမ့်လိမ့် မြင့်တက်လာတဲ့ တိမ်သားညိုညိုတွေ… လျှပ်စီးတွေ လျှပ်ကနဲပြက်လို့ မိုးချုန်းသံလိုလိုကြားမိပါရဲ… ဆေးနံ့မပြယ်သေးတဲ့ သံတိုင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တလိမ့်လိမ့် တက်လာတဲ့ မိုးသားများကို မျက်ရည်ဝဲစွာ စိုက်ငေးလို့ တင်းရိနေတဲ့ နှုတ်ခမ်းသားက ညွတ်နေအောင် ပြုံးရင်း…. ရွာတော့မှာပါလား… မိုးရယ်… အဝေးအရပ်ဆီကို မိုးတွေ ထွက်မပြေးသွားပါနဲ့လို့ နှုတ်ကနေ နာကျင်စွာ တီးတိုးမိနေတဲ့ ဒီအသံကို ကိုယ့်နှလုံးသားကပဲ ခြောက်သွေ့စွာ ကြားယောင်မိတယ်ဆိုရင်….



အခန်း(၁)

“မိုး”

“မိုး” ကို ကျနော်စတွေ့တာ ဇွန်လရဲ့ ဒုတိယအပတ်… မိုးတွေ မဖွဲတဖွဲ တဖျောက်ဖျောက် ရွာနေတဲ့ သာယာမှု မရှိသော မနက်ခင်းတစ်ခု… ထိုနေ့က ကျနော့်ဖေဖေ့ မမငယ် (ကျနော့်ကြီးငယ်) ဆုံးတဲ့ရက်ပတ်လည်ဆွမ်းကျွေး… ဧည့်သည်များနဲ့ စည်ကားဆူညံနေတဲ့ အိမ်ရှေ့ကို ဆန့်ကျင်ပြီး မီဖိုးချောင်းနားက ပြတင်းပေါက်မှာထိုင်လို့ မိုးသံတဖျောက်ဖျောက် ကို ငြီးငွေ့စွာ နားထောင်ရင်း အမှတ်မထင်တဲ့ အကြည့်က ပန်ကန်းတွေဆေးနေတဲ့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက်ဆီကို…


ကျစ်ဆံမြီး နှစ်ခွကျစ်ပြီး ငွေပန်းကို ပန်ထားတဲ့ ပါးကွက်ကြားနဲ့သူ့ကို စိတ်ဝင်စားလို့ အမဝမ်းကွဲ မငယ် ကို မသိသာ သွားမေးကြည့်တော့ မငယ်ယောကျာ်းရဲ့ ညီမ မငယ်ရဲ့ယောင်းမ ဖြစ်နေတယ်… ယောက်ဖဝမ်းကွဲမှာ ညီမနှစ်ယောက် ရှိတယ်ဆိုတာသိပေမယ့် တစ်ခါမှ မဆုံဖူးခဲ့ဘူး… ခုတော့ စစတွေ့ချင်းပဲ အသားဖြူဝင်းပြီး ဆံပင်ရှည်ရှည် မျက်လုံးနက်နက်ကို ပိုင်ဆိုင်တဲ့ သူမကို ရင်ခုန်မိခဲ့တယ်… နာမည်က

“မိုးမိုးဆွေ”


အဲဒီနေ့က ဧည့်သည်တွေ ပြန်တော့ ကျန်ခဲ့တဲ့ အမျိုးတွေ ထမင်းစုစားတယ်… မထင်မှတ်ပဲ မျက်နှာချင်း ဆိုင်ထိုင်မိတဲ့ မိုးနဲ့ကျနော့် ကို မငယ် ပြောလိုက်တဲ့ စကားတစ်ခွန်းက

“သားစိန်… ဒါငါ့အမေရက်လည်နော်… မျက်နှာချင်းဆိုင်ထိုင်ပြီး မင်္ဂလာဆွမ်းကျွေးမှတ် မနေနဲ့”

လို့ ပြောတော့ အားလုံးက ရိပ်မိပြီး ဟားကနဲရယ်ကြတယ်… ထမင်းကို ငုံ့စားနေရင်းနဲ့မှ ပိုရှက်ပြီး ခေါင်းတောင်မဖော်တော့တဲ့ မိုးကိုအားနာမိသွားတယ်.. ကျနော်လဲထူပူသွားရတယ်… အဖေလုပ်သူက ဟန့်လိုက်မှ ရီတာတွေရပ်တော့ မိုး ခေါင်းမော့လာတယ်… ရှက်သွေးနီနေတဲ့ မျက်နှာက ပါးကွက်နှစ်ဖက်ကြားမှာ အထင်းသာပေါ်လွင်နေတယ်… ရုတ်တရက် အကြည့်ချင်းဆုံစဉ် မိုးက ရပါတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ပြုံးပြတော့ ကျနော်ရင်ထဲ ဗလောင်တွေဆူလို့ ဒိန်းတလိန်းနတ်ဝင်ပူး သွားသလို ခံစားမိတယ်… မိုးရယ်… ခြောက်သွေ့နေတဲ့ ကျနော့်ရင်ဘတ်ထဲကို သဲသဲမဲမဲ ရွာချလိုက်စေ ချင်ပါတယ်ဗျာ…..


အခန်း(၂)


“ယနေ့ နေသာ သည်

လေမလာ၍ပူသည်

ရေအေးအေးပေးပါ”…..


“လေမလာလို့ ပူတာမဟုတ်ဘူးလေ… မိုးမလာလို့ရင်ပူနေတာပါ… ပြန်ဆို”


တူမလေး စာအံနေတာကို ပြုံးစိစိပြန်နဲ့လှမ်း ပြောတော့ တူမလေးက ကျနော့်ကို ကြောင်ကြည့်ကြည့်ရော… မငယ်က စက်ချုပ်တာကိုရပ် ကျနော့်ကို ကြည့်ပြီး “သူမအားဘူး… အပြင်သွားစရာရှိလို့ ပြောတာပဲ”… မိုးကျနော့်ကို ရှောင်နေတယ်လို့ စိတ်ထဲဝမ်းနည်းစွာ တွေးမိတယ်… မငယ်ဆီမှာ စက်ချုပ်လာသင် နေတဲ့ မိုးကို မငယ်ကနေတဆင့် စာပေးတာ မနေ့ကထိ(၉) စောင်ရှိပြီး… အားနာနာနဲ့ ယူရတယ်ထင်ပါရဲ့… အနေအေးတဲ့ မိုးက မငယ်ကို ဘာမှပြန်မပြောပဲ မငယ်ဆီမှာ စက်ချုပ်သင်တာကိုပါ နားလိုက်တာလား ဆိုပြီး ကြောက်တွေး တွေးပူမိနေတယ်… အကြောင်းမရှိ အကြောင်းရှာပြီး မိုး စက်ချုပ်သင်နေတဲ့ အချိန်ကို မှန်းလာတတ်တဲ့ ကျနော် နောက်တစ်ခါ မလာတော့ဖို့ ဆုံးဖြတ်ရင်းနဲ့ မိုးကို ပေးဖို့ဆယ်စောင်မြောက်က

“မိုး…
ကောင်းကင်းမှာ အလင်းတွေဖျာနေတယ်…

ရင်ခွင်မှာတော့ မိုးတွေရွာနေတယ်…

တွေးတိုင်းဆွေးမိတယ်…

ရင်ထဲမှာ ဟာနေတယ်…

တိမ်ညိုတွေဆိုင်းနေတယ်...

မိုး..ကို သတိရတယ်…

ဘာကြောင့်လဲ မမေးနဲ့…

ကျနော်အဖြေမသိဘူး…

ဒါပေမယ့်… မိုးကိုချစ်မိနေတယ်….”

အဲဒီနေ့က စပြီး မိုးကိုကျနော် မတွေ့တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်…


အခန်း(၃)


ဒီနေ့ညနေကားနဲ့ အမေ့အတွက် လိုအပ်တဲ့ဆေးတွေ သွားဝယ်ဖို့ ရန်ကုန်သွားရမယ် ဆိုတော့ လိုအပ်တဲ့အဝတ်အစားတွေ ပစ္စည်းတွေကိုထည့်ရင်း မိုးကို သတိရမိတယ်… သြော်… ဘယ်လိုသံယောဇဉ် ပါလိမ့်… ခြောက်လအတွင်း နေ့တိုင်း စာပေးမပျက်ပေမယ့် မိုးဆီက ဘာတုံ့ပြန်ချက်မှ မရ… စကားတခါမှ ပြောခွင့် မကြုံဖူးတဲ့ မိုးကို ကျနော်ဘာကြောင့်များစွဲလန်း နေမိတာလဲဗျာ… ဒီမနက်တော့ သွားရမယ့်ရက်ကို တွက်ပြီး မိုးကို တစ်နေ့တစ်စောင် စာပေး ပေးဖို့ စာတွေ တစ်ထပ်ကြီး မငယ်ဆီ သွားပေးခဲ့သေးတယ်… ဝမ်းနည်းမိတယ်… တုံ့ပြန်မှုမရှိတဲ့ ချစ်ခြင်းဆိုတာလား… တစ်ဖက်သတ် ဆိုတာများလား… မျက်ရည်ဝဲရင်း မငယ် မိုးမသိအောင် ခိုးပေးထားတဲ့ မိုးရဲ့ ပါးကွက်ကြားလေး နဲ့ အိမ်နေရင်း ရိုက်ထားတဲ့ ဓာတ်ပုံကို စာအုပ်ကြားထဲအထည့်….

“သားစိန်ရေ.. သားစိန်”

မငယ်အသံကိုကြားတော့ “ဗျာ”လို့ ပြန်ထူးရင်း အိမ်ရှေ့ထွက်အလာ “သားစိန် အိမ်ကိုခဏလာ… ရန်ကုန်ကို လူကြုံပေးချင်လို့ အမြန်လာခဲ့” ဆိုတော့ အံ့သြမိတယ်… မငယ်လူကြုံပေးစရာက ကျနော့်ကိုပေးပြီးသား ဘာများထပ်ပေးမှာလဲ ဆိုပြီး အိမ်လိုက်သွားတာ မထင်မှတ်ပဲ တံခါးနောက်ကွယ်မှာ ရပ်စောင့်နေတဲ့ မိုးကိုတွေ့လိုက်ရတယ်… ရင်ထဲမှာ ဒိန်းကနဲ ဆောက်ခုန်သွားသလို ပျော်လဲပျော်သွားခဲ့တယ်… တစ်ချက်တည်းမှာလဲ မျက်ရည်ဆို့တက်မတတ် ဝမ်းနည်းသွားမိတယ်… အကြည့်ချင်းဆုံတော့ မျက်နှာလွှဲမိတာ ကျနော်ပါ… ခံနိုင်ရည်မရှိပါဘူး မိုး ရယ်… မိုး က အမြဲတမ်း မပြုံးမရယ် တည်ငြိမ်နိုင်လွန်း ပါတယ်… မခံစားတတ်တာများလား မိုးရယ်…


“သူ ရန်ကုန်သွားမယ်ဆို”

.....................

မထင်မှတ်ပဲ မိုးဆီက ထွက်လာတဲ့ ပထမဆုံးသော နှုတ်ဆက်စကား … ရုတ်တရက်မို့ ကျနော် ခေါင်းပဲညိတ်မိတယ်…

“ဘယ်တော့ ပြန်လာမှာလဲ… ကြာမှလား”

လို့ထပ်မေးတော့ မိုးကို ကျနော်တည့်တည့်လေး ခိုးကြည့်မိတယ်…

မိုးကပြုံးတယ်… နှုတ်ခမ်းလေးကို ကွေးလို့… ဒီအပြုံးမှာ နွေးထွေးကြင်နာမှုပါတယ် လို့ကျနော် တစ်ဖက်သတ်တွေးလိုက်တော့ ကျနော့်ကိုယ် ကျနော် မလုံပဲ မိုးကို ပြန်ပြုံးမိတယ်…

“ပြန်လာရင် ဘာလက်ဆောင်ဝယ်လာမလဲ …ဟင် သူ ကလဲ ပြောအုံးလေ… မိုး ပဲပြောနေရတယ်”

မိုးကပြောတော့ ကျနော်ရော မိုးရော မထင်မှတ်ပဲ တူတူ ရယ်မိကြတယ်… စိတ်ထဲပေါ့သွားသလို ပျော်သွားခဲ့တယ်… ခုမှကြောက်စိတ်လဲ နည်းနည်းဝင်မိတယ် ထင်ပါရဲ့... မငယ်တို့ ဘယ်များရောက်နေပြီးလဲ… မောင်လုပ်သူ ကျနော့် ကိုချစ်လိုက်တာ… မိုးနဲ့ထားခဲ့တယ်... နှစ်ယောက်တည်း… ဘယ်တွေရောက်ကုန်ကြလဲမသိ….

…………

“မေးနေတာ ဖြေဦးလေ… တကယ်တည်း ခုမှရှက်နေတယ်… သူမဟုတ်တဲ့ အတိုင်းပဲ စာထဲကနဲ့ အပြင်က တခြားစီပဲ”

“အဲ..အို… မိုးဘာလိုချင်လဲ… မိုး လိုချင်တာ ကျနော်ဝယ်ခဲ့မယ်လေ…”

“ကောင်းပြီးလေ.. လိုချင်တာကို ဝယ်ပေးမယ်ဆိုရင်တော့ ဖြုတ်အသဲ တစ်စုံဝယ်ခဲ့ပေးပါ…
စောင့်နေမယ်နော်… ဖြုတ်အသဲ ရမှ စကားပြောမယ်.. ရော့ ..ဒါ သူ ဖတ်ဖို့… ကားပေါ်ရောက်မှဖတ်… မိုးပြန်တော့မယ်… အိမ်ကသိသွားရင်မကောင်းဘူး” ဆိုပြီး လက်ထဲကိုစာအိတ်တစ်လုံး ပေးရင်း ထွက်သွားတယ်…

မိုးနောက်ကျောကို ကြည့်ရင်း မိုးရဲ့ ဆံပင်ဖျော့ဖျော့လေးပေါ်က ကျန်နေခဲ့တဲ့ ငွေပန်းရနံ့လေးကို ရှုရှိုက်ရင်း မိုးပေးတဲ့ စာကို ရင်ခုန်မိပါရဲ…


အခန်း(၄)

“သူ… ဒီစာကို ကားပေါ်မှာ ဖတ်နေမယ်လို့ မိုးယုံတယ်… သူ ပေးတဲ့ စာတွေကို မိုးအမြဲဖတ်ပါတယ်… အမှန်တိုင်း ဝန်ခံရရင် သူ့ စာတွေကို မိုးအမြဲမျှော်လင့်နေမိတယ် ဆိုပေမယ့် ချစ်တယ်ဆိုတဲ့ စကားပြောဖို့က မိုးအတွက် စဉ်းစားရလိမ့်မယ်… စာရေးကောင်းတဲ့ သူ့ကို မိုး ယုံချင်ပေမယ့် မိုး မိသားစု နဲ့ပတ်သက်လာရင်တော့ ဝမ်းနည်းမိတယ်… မိုး မိသားစု အကြောင်းလဲ သူသိမှာပါ… မငယ်ပြောပြမယ် ဆိုတာ မိုးယုံပြီးသားပါ… ခု သူ သွားနေတဲ့ အချိန် မိုး သူ့ ကိုလွမ်း မလွမ်းနေကြည့်မယ်… သူ ပြန်လာတဲ့ အထိမလွမ်းခဲ့ဘူးဆိုရင်တော့ သူ့ ကိုတို့ မချစ်တာသေချာတယ်… အကယ်၍ လွမ်းနေတယ်ဆို ရင်တော့ သူ ပြန်ရောက်ရင် မိုး လာတွေ့မယ်… သူလဲ သေချာစဉ်းစားပါ… အကယ်၍ မချစ်နိုင်ရင်တော့ မိုးကို ဒီအတိုင်းလေးပဲ နေခွင့်ပေးပါ … ခု မိုးကိုပေးတဲ့ စာဘယ်နှစောင်ရှိပြီးလဲ မှတ်မိလား…. ပြန်စဉ်းစား”

မိုး ”

သူဆိုတဲ့ နာမ်စားသုံးပြီး မိုး ရေးထားတဲ့စာကို ဖတ်မိတာ ရန်ကုန်သွားတဲ့ ညကတည်းက ခု မော်လမြိုင်ပြန်လာတဲ့ အချိန်ထိ တပြုံးပြုံးနဲ့ ဖတ်လို့မဝနိုင်ခဲ့… မိုး ကျနော့်ကို လွမ်းနေမှာလား… မိုးကျနော့်ကို စဉ်းစားမှာလား… စတဲ့အတွေးများနဲ့ ရင်ခုန်လိုက်.. ဝမ်းနည်းလိုက်… ကြည်နူးလိုက်… ဖတ်တာများတဲ့ စာတောင် ကိုင်ပါများလို့ အရောင်ပြောင်းနေပါပြီးလေ…


အိမ်ပြန်ရောက်တဲ့ မနက်ပဲ ကျနော်အထုပ်အပိုးတွေ ချပြီးပြီးချင်း မငယ်ဆီကို ထွက်လာခဲ့တယ်… မငယ်ဆီရောက်တော့ မငယ်က “သားစိန်ရယ်… နင် အချိန်မှီ ပြန်ရောက်ပါ့မလားလို့ စိတ်ပူနေလိုက်ရတာ… မနက်ဖြန် “မိုးဆွေ” မွေးနေ့… အဲဒါ မနေ့က အိမ်လာတော့ နင် ပြန်ရောက်နိုင်လား မေးတယ်…ငါက ပြန်ရောက်မယ် ပြောတော့ နင့်ကိုပြောလိုက်ပါတဲ့… ဖြုတ်အသဲ ပါရင် သူ့ကို မနက် (၆) နာရီတိတိ လေးထပ်ဈေးက ကားဂိတ်မှာ စောင့်နေပါတဲ့လေ.. အဟိ… ငါ့မောင် စွံပြီးထင်တယ်နော်… သေချာသွားနော်… နင့်အမေကို ငါမြှောက်ပေးတယ် မပြောနဲ့နော်…ကြားထဲက ငါက တစ်စာခံ ဖြစ်မယ်.. နင့်ကို ငါအကြောင်းစုံ ပြောပြီးသား… နင်ဆုံးဖြတ်… နင်ခလေးမဟုတ်တော့ဘူး သားစိန်”


အခန်း (၅)

ဒီဇင်ဘာရဲ့ မနက်ခင်း ဆိုပေမယ့် ကျနော်ရင်မှာ ပူလောင်နေပါတယ်… မနက်(၆)နာရီ မိုးက ချိန်းထားပေမယ့် (၅)နာရီ မခွဲခင်ကတည်းက ကားဂိတ်မှာစောင့်နေမိတယ်… မိုးရောက်လာတော့ (၆)နာရီနဲ့ (၁၅)မိနစ်… မိုး (၆)နာရီကားနဲ့ ထွက်လာတာသိလိုက်တယ်…

“စောင့်နေတာ ကြာပြီးလား”

“ရပါတယ်… စောစောကပဲရောက်တာပါ…”

“ဘာလဲ မနက်စောစောလား… မငယ်နဲ့ ကားဂိတ်မှာ တွေ့ခဲ့ပြီးပြီး” ကျနော်စပ်ဖြီးဖြီးပြုံးတော့

“ခုဘယ်သွားကြမလဲ ”

“မိုး ကျနော့်နောက်က နေ ဆိုင်ကယ်လိုက်စီးရဲလား……”

မိုး တစ်ချက်တွေဝေသွားပြီးမှ

“အင်း…” ဆိုပြီး ခေါင်းညိတ်တော့ ကျနော်ဝမ်းသာသွားတယ်…

“ဒါဆို တောင်ဝိုင်းမှာ ကော်ဖီ သွားသောက်မယ်… မိုးကို ကျနော် မွေးနေ့လက်ဆောင်ပေးချင်နေတယ်”

မိုး ကျနော့် ဆိုင်ကယ်နောက်က ပထမဆုံးလိုက်စီး တဲ့အချိန် ရင်တွေခုန်နေလိုက်တာ ကိုယ့်ရင်ခုန်သံက ဆိုင်ကယ်စက်သံထက်ကျယ်နေမလားပဲ… ရင်ခုန်ကြည်နူး ရသော ပျော်ရွှင်မှု ဆိုတာ ဒါမျိုးထင်ပါတယ်… ကော်ဖီဆိုင်ရောက်တော့ စကားပြောဖို့ တွေဝေနေတဲ့ ကျနော့်ကို မိုးက

“ဘယ်မှာလဲ မိုး မှာတာ”

“ဘာလဲ”

“မေ့ပြီးပေါ့”....

“ဘယ်မေ့မလဲ… ”

“ဖြုတ်အသဲ ပါတယ်ပေါ့...”

“အင်း”

ကျနော်ပြုံးလိုက်ပြီး ရုတ်တရက် ဘယ်ဘက်အိပ်ကပ်ထဲကို လက်ခလေးနဲ့ဖိ မျက်လုံးမှိတ်လိုက်တော့ စမ်းထားမိတဲ့ လက်က ကျနော့် နှလုံသားရပ်ဝန်းဆီကနေ တဒုံးဒုံးနဲ့ မြည်သံကို ပြန်ကြားနေမိတယ်...

မိုးကနားမလည်စွာကြည့်ရင်း..

“ဟင်… ဘာလုပ်တာလဲ… ”

“လက်ဖြန့်ထား.. မိုး”

ကျနော်မျက်လုံးဖွင့်ပြီး အိပ်ကပ်ထဲက နှင်းဆီပွင့်ပေါ်မှာ အသဲ သေးသေးတစ်စုံပါတဲ့ ရင်ထိုးတစ်ခု ကို မိုးလက်ထဲ ထည့်ပေးရင်း....

“မိုး လိုချင်တဲ့ ဖြုတ်အသည်းတော့ မရှိဖူး… ဒီတော့ ကျနော့် အသဲနှလုံးကို ဖြုတ်ပြီး ဒီရင်ထိုးထဲ ထည့်ပေးလိုက်တယ်... အဲဒါမိုး အတွက် ကျနော့်ရဲ့ မွေးနေ့ လက်ဆောင် ဖြုတ်အသဲပေါ့”

မိုး ကျနော့်ကို ကြည့်ပြီး နှစ်လိုစွာသော အပြုံးလှလှ တစ်ခုနဲ့အတူ

“ကို…….

ကိုအရမ်းစကားတတ်တာပဲ…

ကို့ စာတွေကြောင့် မိုး ကို့ ကို မလွမ်းပဲလဲမနေနိုင်ဘူး…

ခုကို့ စကားကြောင့်လဲ မိုး…. မချစ်ပဲနဲ့ မနေနိုင်တော့ပါဘူး….


ကို့ ကိုမိုးချစ်တယ်”...........

“ဟောဗျာ”

ဒီစကားကို ဒီလိုအချိန်မှာ ရုတ်တရက် “ကို” ဆိုတဲ့ နာမ်စားနဲ့အတူ ကြားလိုက်ရတဲ့ မိုးစကားက ကျနော့်အဖို့ ရင်ထဲမှာ ကြည်နုးဝမ်းသာမှု… အံ့သြမှုတွေ… ရင်ခုန်သံတွေနဲ့အတူ မိုးလက်ကလေးကို ဆုပ်ကိုင်တော့… မိုးက ရှက်ပြီးခေါင်းငုံ့လို့… မိုးရယ်… မိုး ပါးပြင်ပေါ်က သနပ်ခါးနံ့လေးကို ညင်သာစွာ နမ်းရှိုက်ခွင့် ရချင်စမ်းပါတယ်….

အခန်း(၆)

“ အကို ”

“ဟေ….”

” ဟေ..မလုပ်နဲ့ ..အကို့ သား အကြောင်းပြောမလို့ ..”

ကျနော့် ခြေလှမ်းများ အမေ့အသံကြောင့် အိမ်အဝမှာတင်ရပ်တန့်ပြီး အမေက အဖေ့ကို ဘာတွေ ဆက်ပြောမှာလဲဆိုတာ နားစွင့်နေမိတယ်…….

“အကို့ သားက အကို့ တူမ မျိုးမျိုး ယောကျာ်းညီမနဲ့ ရီးစားဖြစ်နေတယ်”…

“အဲဒီတော့”……

“ကြည့်ပြောဦးလေ… ရီးစားဖြစ်တာ အရေးမကြီးဘူး… အရေးကြီးတာက ကောင်မလေးအဖေက ဘိန်းမှု့ နဲ့ ထောင်ထဲမှာလို့ ရပ်ကွက်ထဲမှာ… နောက်ပြီးပြောနေကြတယ်…”…

“ဘာဖြစ်လဲ….ဆက်ပြောလေ..ညီမ”…

“အကို့ သားကို ယူပြီးရင်… ကောင်မလေး အမေလုပ်သူက ဘိန်းရောင်းခိုင်းမယ် ဆိုပြီး ရပ်ကွက်ထဲမှာ စသလို နောက်သလိုနဲ့ ပြောနေကြပြီ”……

“မျိုးမျိုးကို မေးကြည့်ပါဦး….သူ့ ယောက်ခမဆိုတော့”………

“အင်း…ထောင်ကျနေတာ တော့ဟုတ်တယ်…ဒါပေမဲ့ ရပ်ကွက်ကပြောသလိုတော့ မဟုတ်ဘူးတဲ့… ကောင်မလေး အဖေက သူများထောင်ချောက်ဆင်တာတဲ့… ဘာဘဲဖြစ်ဖြစ်ပေါ့… မျိုးမျိုးက သူ့ယောက်ခမ ဆိုတော့ သူတို့မပတ်သက်ပေမယ့် ကာပြီးပြောတာလဲ ဖြစ်နိုင်တယ်… ညီမတော့ သဘော မတွေ့လှဘူး… သားကို ပြောထားမှ ဖြစ်မယ်ထင်တယ်”..

“မင်းကလဲ …. မင်း သားအကြောင်း ကိုသိသားနဲ့”….

“ရတယ်ဖေဖေ….သားအကုန်ကြားပြီးပြီ…. သား သဘောပေါက်တယ်”

စိတ်ချပါမေမေ…သားအမေတို့ မကြိုက်တာမျိုးရှောင်ပါမယ်… ဒါပေမယ့်…သား မိုးကိုချစ်တယ်… မိုးက အပြစ်ကင်းပါတယ်ဗျာ…..”

ကျနော်… စကားတွေနဲ့ အတူ လေထဲတိမ်ဝင်ဆွံအ ဝမ်းနည်းသွားရတယ်… ဒီလိုတွေ ဖြစ်မယ်မှန်းသိရက်နဲ့ မိုးကိုချစ်ခဲ့တာ ဘယ်လိုရှောင်ရမှာလဲဗျာ… ဘာတွေ ဘယ်လိုဆက်ဖြစ်မှာလဲ… ရှင်းပြလို့မရတဲ့ ပြဿနာ နဲ့ မရေရာတဲ့ မိုးနဲ့ ကျနော့်အနာဂတ်အတွက် နှစ်ယောက်သား စကားပြောတိုင်း ကျနော်ရင်မောရသလို မိုး မျက်ရည်ကျရတယ်…

“ကို့ကို မိုးအရမ်းချစ်တယ်…ကို… မိုးကို ထားသွားလဲ မိုးက ချစ်နေမှာ… မိုးသေသွားရင်လဲ မိုးကို့ ကိုချစ်နေမှာ… မိုးဘဝမှာ မိုးပိုင်ဆိုင်သမျှ အချစ်တွေက ကိုကဲလွဲပြီး ဘယ်သူ့ကိုမှ ထပ်မပေးတော့ဘူး ကို… ကိုဟာ မိုးအတွက် အချိန်တိုင်း မဖြစ်ချင်နေပါ… မိုးဟာ ကိုအတွက် အမြဲတမ်း ကို့ ရဲ့မိုး ဖြစ်စေရမယ်... မိုးအချစ်တွေအားလုံးက ကို့အတွက်ပါ” ဆိုတဲ့ မိုးရဲ့စကားကို ကျနော်နားထဲကြားယောင်ရင်း မျက်ရည်ကျရတယ်… မိုး ကို ကျနော်ချစ်တာထက် မိုးကျနော့်ကို ချစ်တဲ့ အချစ်က ပိုပါတယ်… ချစ်သူလိုအချစ်မျိုး… မောင်လိုကြင်နာမှုမျိုး… အမေတစ်ယောက်လို ဂရုစိုက်မှုမျိုး… ဒီလိုအချစ်တွေနဲ့ မိုးက ကျနော်ကိုချစ်တာ… ဒီလိုချစ်တဲ့ မိုးကို ကျနော်ဘယ်လို ခွဲထားရက်မှာလဲ… ကံကြမ္မာရယ်…

အခန်း(၇)

“မိုးဆွေ” တစ်ယောက် ယောကျားယူတော့မယ်ဆို… မင်းနဲ့ပြတ်သွားပြီးလား”

“ဟင်…. ငါဘာမှမသိရပါလား”

ရန်ကုန်ကနေ ပြန်ရောက်ရောက်ချင်း မနက်ကို သူငယ်ချင်းနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်တော့ သူငယ်ချင်းလုပ်သူက အစမရှိ အဆုံးမသိပဲ ပြောလိုက်တဲ့စကားက ကျနော့် နားနှစ်ဖက်ကို နှီးဖျားနဲ့ ခပ်ဆပ်ဆပ်လေး အရိုက်ခံလိုက်ရပြီး ကျနော့် နှလုံးသားကို ပွက်ပွက်ဆူနေတဲ့ ရေနွေးငွေ့အဟပ် ခံလိုက်ရသလို နာကျင်လွန်လှသည်။ကျောင်းကိစ္စတွေနဲ့ ရန်ကုန်ရောက်နေတဲ့ နှစ်ပတ်အတွင်း ဘာတွေ ဖြစ်ကုန်တာလဲ….

ဝေခွဲမရတဲ့စိတ် ဝမ်းနည်းနာကျည်းစိတ်တွေ နဲ့အတူ အိမ်ကိုပြန်ရောက်တော့ အဖေလုပ်သူက “မနေ့ညနေက သားကောင်မလေး အိမ်လာပြီး ဒါလေးပေးသွားတယ်”… ကြည့်လိုက်တော့ မင်္ဂလာဆောင်ဖိတ်စာနှင့် အတူ စာအိပ်မပါပဲ ရိုးရိုးခေါက်ထားတဲ့ စာတစ်စောင်… ဖွင့်ဖတ်ကြည့်လိုက်တော့
“ကို… ကို မိုးကို ချစ်သေးတယ်ဆိုရင် မိုးကို လာခိုးလှည့်ပါ… စဉ်းစားဆုံးဖြတ်ပါ… ခုဒီမင်္ဂလာဆောင်မယ့် နေ့မတိုင်ခင်ထိ မိုးကို ခိုးလို့ရပါတယ်… ကို ချစ်တဲ့ မိုး”

အဖေလုပ်သူကို စာပေးဖတ်တော့ “သားဆုံးဖြတ်ပါ… သားအသက်က မငယ်တော့ပေမယ့် သားကတက္ကသိုလ်တောင် မတက်ရသေးပါဘူး.. ဘဝမှာမရင့်ကျက်သေးပါဖူး… သားလုပ်နေသမျှ အဖေတို့ တစ်ခုမှ မတားခဲ့ဘူးနော်… သားဆုံးဖြတ်ပါ… ကောင်မလေး မိသားစုရဲ့ ရာဇဝင်ကိုလဲ သားသိနေတယ်လေ… သူ့အဖေက ဘာဖြစ်နေတာ… သူတို့မိသားစု ရပ်တည်နေတဲ့ စီးပွားရေးက ဘယ်လိုဆိုတာ… အင်း မင်းအမငယ် ယောက်ျားလို သီးသန့်နေတောင်မှ မိသားစု အရေးဆို မပတ်သက်လို့မရဖူး သား…. သား ဆုံးဖြတ်ပါ…. သားဘဝကို ရေရှည်ကြည့်ပါ… သား ဒီမိသားစုထဲဝင် သွားရင် သားခုလက်ရှိ အခြေအနေနဲ့ သားဘာဖြစ်သွားနိုင်လဲ ဆိုတာ သားတွေးပြီးသားပါ… သားကို အဖေယုံကြည် နေချင်ပါတယ်” ပြောတော့ အဖေ့ကို ပြန်ပြောနိုင်တာက
“ သား မိုးကို အဆုံးရှုံး မခံ နိုင်ဘူးဖေဖေ”
________________________________________

အခန်း(၈)

ဒီမနက် မိုးတွေ သဲသဲမဲမဲ ရွာနေတယ်… မိုးရာသီ ကုန်ခါစ သီတင်းကျွတ် ပြီးဖြစ်သော်လည်း စနေမှာရွာတော့ မိုးက ညကတည်းက လုံးဝကို မစဲခဲ့ဘူး…. မနေ့ညနေက စိတ်ကို ဇွတ်တိုက်ဆုံးဖြတ်ပြီး မိုးကို ခိုးဖို့ စာရေးခဲ့တယ်… မိုးနဲ့တွေ့နေကျ မဟာမြတ်မုနိ ဘုရားခြေရင်းနားမှာပေါ့… အဲဒီနေ့က မိုးရေထဲ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်… ဒါပေမယ့် မိုးရောက်မလာပါ… မိုးသည်းထန်စွာ ရွာနေပေမယ့် ရင်ထဲမှာ နာကျင်စွာ ပူလောင်နေတယ်… မိုးရေထဲ စောင့်ဆိုင်းရင်း နာကျည်းစွာ တောက်ခေါက်မိတယ်… မိုးကရွာနေပေမယ့် မိုးက မလာတာ ရင်ထဲ နာကျည်းလွန်းပါတယ်…

အိမ်ပြန်ရောက်တော့ မငယ်လာပေးသွားတဲ့ ယွန်းဘူးနီနီလေး နဲ့အတူ ကြားရတဲ့စကားက မိုးဆေးရုံ ရောက်နေတယ်တဲ့… ရင်ထဲ ဆို့နစ်ကြေကွဲ မိပြန်တယ် မိုး ဘာတွေ ဖြစ်နေတာလဲ… မိုးပြောဖူးတယ်… ယွန်းဘူးထဲမှာ ကျနော်ပေးသမျှစာတွေ ကိုသိမ်းထားတယ်… ခုဒီယွန်းဘူးကို ပြန်ပေးတယ်ဆိုတော့ ကျနော် ကို မိုး မချစ်တော့လို့ပေါ့… ကျနော်ကျိတ်ပြီး မျက်ရည်ကျမိတယ်… မိုးရယ်… ဘာကြောင့် မိုးကျနော့်ကို ရက်စက်တာလဲ… မိုး ကျနော့်ကို ချစ်တယ်ဆို… ချစ်ရင် ဒီလိုမလုပ်သင့်ဖူး… မိုး ကိုယ်တိုင် ဖျောက်ဖျက်လိုက် လို့ရတာပဲလေ… ကျနော်… ယွန်းဘူးလေးကို အခန်းထောင့်တနေရာမှာ နာကျင်စွာ သိမ်းဆည်းထားလိုက်ပေမယ့် မိုးကို မနာကျည်းမိ… မိုးကို ဆေးရုံမှာတွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားမိပြန်တယ်… ဒီဖြစ်ရပ်ကြောင့် မိသားစု နှစ်စု ဖြစ်တဲ့ မိုးမိသားစု နဲ့ ကျနော့်မိသားစု (အထူးသဖြင့် ကျနော့်အမမငယ်) နဲ့ အကြီးအကျယ် စကားများကြတယ်… ဒီလိုနဲ့ မိုးကိုတွေ့ခွင့်ရဖို့ တဖြည်းဖြည်းနဲ့ လျှော့နည်းသွားခဲ့သလို မိုး မင်္ဂလာဆောင်မယ့် နေ့မတိုင်ခင် ညမှာ ကျနော် ရန်ကုန်ကို အပြီးအပိုင် စွန့်ခွာထွက်လာခဲ့တယ်…

အခန်း(၉)

နှစ်နှစ်တာကာ လမှာ အရာရာက ပြောင်းလဲသွားနိုင်ပေမယ့်… မော်လမြိုင်မိုးဖွဲဖွဲနဲ့ အတူရတတ်တဲ့ မိုးနံ့ကတော့ ကျနော်ရင်ထဲ အမြဲလွမ်းနေတယ်ဆို တာ အဝေးပြေး ကားပေါ်ကနေ ဆင်းဆင်းချင်း အလွမ်း တစ်ခုကို သိသိသာသာ ခံစားလိုက်ရတယ်… ဖေဖေလာထားသွား တဲ့ကားကိုလိုက်ရှာရင်း စိတ်ထဲမှာ တစ်ခုခုကို ဝမ်းနည်းနေမိတယ်… ဒီအလွမ်း တွေကို မြေမြုပ်ထားတာ ကြာပေါ့ မိုးရယ်… ခုဆုံတုန်းလေး ရွာသာ ရွာလိုက်ပါ… ငါတစ်ကိုယ်လုံး ရွှဲစိုသွားပါစေ… ဒီလို တဖျောက်ဖျောက်နဲ့ မတောက်တစ်ခေါက် ရွာနေမဲ့ အစား စိုရွှဲအောင် ရွာလိုက်စမ်းပါကွာ လို့ ညည်းရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်စဉ် အနောက်ကနေ

“အကိုလေး… ငွေပန်းတွေဝယ်ပါအုံးလားး…”

ရင်းနှီးတဲ့ အနံ့ရလို့ လှည့်ကြည့်လိုက်တော့ မိုးရေတွေစိုရွှဲနေတဲ့ ကောင်လေး လက်မှာ ငွေပန်းကုံးတွေနဲ့… ရင်ထဲနာကျင်စွာ စူးကနဲ သတိရသွားမိပြန်တယ်…

“အကုန်လုံးဘယ်လောက်လဲ”

ကောင်လေးက အံ့သြစွာ ငေးရင် “နှစ်ရာပဲပေးပါ အကိုလေး”
နှစ်ရာတန်တစ်ရွက်ကို ကောင်လေးပေးပြီး ငွေပန်းကို ကားခေါင်းမှာ ချိတ်လို့ အိမ်ပြန်တော့ ကားရဲ့ဦးတည်ရာကလဲ ဒီလမ်းထဲကို…


ဒီလမ်း ဒီနေရာကို ရောက်ရင် ကားစက်ကပဲ ပျက်ချင်သလိုလို ကားကပဲ အလိုလိုနှေးသွားသလို ခံစားရတယ်… ခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် တည်းက ခံစားမှုက ခုချိန်ထိ ခံစားနေရတုန်းလို့ စိတ်ထဲ ကြိတ်တွေးရင် ရှက်ပြုံးပြုံးမိတယ်… ထုံးစံအတိုင်း ကားကို တမင်အရှိန်ပြန်လျှော့ရင် ညာဘက်ဦးတည်ရာ လမ်းကြားတည့်တည့်က အိမ်လေးကို လွမ်းမောစွာ ငေးကြည့်တော့ သစ်သားပွတ်လုံးကြဲကြဲတွေနဲ့ ကာရံထားတဲ့ ဝရံတာကို ကျောပေးပြီး တစ်စောင်းထိုင်နေတဲ့ ဆံပင်နှစ်ခွနဲ့ ကောင်မလေးကိုတွေ့တော့ ရင်ထဲမှာ ဆို့တက်သွားရပြန်တယ်… ရုတ်တရက် နောက်ကနေ…“သားစိန်… တကယ်လဲ သံယောဇဉ် မကုန်ပါလားနော်… ”ဆိုတဲ့အသံကြောင့် အလွမ်းတွေပျောက်ပြီး အမေတ မတတ်လန့်သွားရပြန်တယ်… မလုံမလဲ စိတ်နဲ့အတူ
မဟုတ်ပါဘူး မငယ်ရယ်… ခုပြန်ရောက်ရောက်ချင်း မငယ်မှာတဲ့ပစ္စည်းကို ပေးချင်တာနဲ့ အိမ်မဝင်သေးပဲ ဒီကိုအရင်လာတာပါ”

“သားစိန်… နင့်ဗိုက်ထဲမှာ အူဘယ်နှရစ်ခွေနေလဲဆိုတာ ငါသိတယ် ငါနင့်အမ… ငါ့နောက်လိုက်ခဲ့ .. မိုးဆီကိုခေါ်သွားမယ်”

“ဗျာ”

“မဗျာနဲ့…လိုက်ခဲ့”

ကျနော် မိုးအိမ်ပေါ်ကိုလှမ်းတက်တော့ မိုးက ဘာမှမသိတဲ့ ကလေးတစ်ယောက်လို အပြုံးမရှိ အမုန်းမရှိတဲ့ မျက်နှာနဲ့ ကျနော်ကိုကြည့်တော့ မငယ်က

“မိုး…ဧည့်သည်ပါလာတယ်… သူ့ကိုသိလား”

မိုး က ကျနော့်ကိုသေချာစိုက်ကြည့်ရင်း ခေါင်းခါချင်သလိုလို ခေါင်းညိတ်ချင်သလိုလို… နားမလည်သော မျက်လုံးများနဲ့ မငယ်ကိုကြည့်တော့ မငယ်က မိုးယောကျာ်း ကားမှောက်လို့ ဆုံးပြီးကတည်းက ဒီလိုဖြစ်သွားတာပဲ လို့ဖြေတယ်…စိတ်မကောင်းစွာ မိုး နားဝင်ထိုင်ရင်း…

“မိုး နေကောင်းလား”
………………………..
မိုး တစ်ယောက် ကျနော် မေးတဲ့မေးခွန်းကိုမဖြေပဲ

“သူကမိုးရေထဲက ပြန်လာတာလား… မိုးရေကြိုက်တာလား… ဘယ်က ပြန်လာတာလဲ”

“ကျနော် ရန်ကုန်က ပြန်လာတာလေ”

မိုးမျက်ရည်စို့တက်စွာ ခေါင်းညိတ်ရင်း ဖြေးဖြေးချင်း...

“သြော်… ဟုတ်လား… မိုး ချစ်သူလဲ ရန်ကုန်ကို ခဏခဏ သွားရတယ်… မိုး ယောက်ကျားကတော့ ပြန်မလာတော့ဘူး”

ဒီစကားကြားတော့ ကျနော်မျက်ရည်ကျမိတယ်… ပြီးတော့ ကျနော် ခုမှ သတိထားမိတဲ့ ညာဘက်ဘေးက ပစ္စည်းလေးတစ်ခု ကို မိုးကောက်ကိုင်လိုက်တော့ ကျနော် အံ့အားသင့်သွားရပြန်တယ်…

“ဟင်… မငယ်… ဒါ မငယ်ကျနော့်ကို မိုးပေးခဲ့တာ မဟုတ်လား… မိုးဆီ ဘယ်လိုပြန်ရောက်လာတာလဲ… ”

“ဟာ… သားစိန်ကလည်း… ဒီယွန်းဘူးလေးက နှစ်ခုရှိတယ်လေ… မသိဖူလား… မိုးမပြောဖူးလား”

“ဟင်… ကျနော်က မိုးကျနော့်ကို ပြန်ပေးတယ်ထင်နေတားးး ခုထိ လုံးဝမဖွင့်ကြည့်မိဘူးးး မငယ် ကျေးဇူးပြုပြီး ပြန်ယူပေးပါလား”

မငယ်ထွက်သွားတော့ မိုးကို ကြည့်ရင်း ...

“မိုးအဲဒီဗူးလေးကို ပြလို့ရမလား”

မိုးက ခေါင်းခါရင်း

“သူ ရန်ကုန်သွားတာ ဘာ လက်ဆောင်ပါလဲဟင်”

“ပါတာပေါ့… ခဏလေး ...”ဆိုပြီး ကျနော်ဝမ်းသာအားရ ကားထဲက မိုးကြိုက်တဲ့ ငွေပန်းတွေကို ယူပြီး

“ရော့… မိုးအတွက် ဝယ်လာတာ”

တောက်ပရွှန်းလဲတဲ့ မျက်လုံးများနဲ့ ငွေပန်းကို ကလေးငယ် တစ်ယောက်လို ဝမ်းသာအားရ လှမ်းယူပြီး ချက်ချင်းပဲ ကျစ်ဆံမြည်းဆံပင် နှစ်ခွမှာ ဝေနေအောင် ထိုးပန်လိုက်တော့ မိုးကိုကြည့်ရတာ အရင်တိုင်း လန်းဆန်းလာသလိုလို…. တခဏအတွင်း မှာပဲ မိုးမျက်နှာလေး က ညှိုးသွားပြီး

“မိုးချစ်သူလဲ ပြန်မလာတော့ပါဘူး… ဒီဗူးထဲမှာ မိုးချစ်သူပေးခဲ့တဲ့ စာတွေရယ်… ဒီလိုငွေပန်းခြောက်တွေရယ်… မိုးချစ်သူ ဝယ်ပေးခဲ့တဲ့ မိုးချစ်တဲ့ ဖြုတ်အသည်းတစ်စုံရယ်….. ပြီးတော့ ကို့ အချစ်တွေရယ်… မိုးအချစ်တွေရယ်… ဒီထဲမှာ…..”
ပြောရင်း အပြင်ဘက်က မိုးစက်တွေကို ငေးလို့ မိုးမျက်ရည်တွေ ကျလာတော့ ကျနော် လဲစိတ်မထိန်းနိုင်ပဲ ငိုမိပြန်တယ်… ဒီလိုနဲ့ စကားမပြောပဲ မိုးက မိုးကိုငေးး ကျနော်က မိုးကိုငေးးး နဲ့ နှစ်ယောက်ကြားမှာ တိတ်ဆိတ်လို့ ခေါင်မိုးပေါ်က တစ်စက်ခြင်း နာကျင်စွာ ကျလာတဲ့ မိုးသံတွေကသာ တဖျောက်ဖျောက်….

အခန်း(၁၀)

ဘယ်လောက်ထိ အချိန်ကြာသွားသလဲ မခန်းမှန်းတတ်ပါ…. ကျနော့်နောက်မှ မငယ်က “ရော့ ဒါသားစိန်အခန်းထဲက ယူလာတာ” ဆိုတော့မှ မငယ်လက်ထဲက ဘူးလေးကိုလှမ်းယူရင်း မိုးကိုကြည့်တော့ မိုးက တွေဝေစွာ ငေးမေားရင်း မိုးကိုမျှော်ကြည့်နေဆဲ….


မိုး ဆီကနေပြန်ရပြီးကတည်းက နာကျင်စွာ လုံးဝလှည့်မကြည့်ခဲ့တဲ့ ဘူးလေးကိုဖွင့်တော့ ဘူးက ကြပ်နေသေးတယ်… အားရပါးရ ဆွဲခွာလိုက်တော့… ကျလာတဲ့စာတွေက ဟိုတစ်စ ဒီတစ်စ
… ထိုစာတွေက ကျနော်ခေါက်နေတာ အချိုးအတိုင်း အသည်းပုံ ပုံစံ ချိုးထားတဲ့ ခေါက်ရိုးကျိုးနေတဲ့စာတွေ… ထူးခြားတာက စာခေါက်တိုင်း ပေါ်မှာ ကျနော့်လက်ရေးနဲ့ မိုး ဆိုတဲ့စာလုံးမဟုတ်ပဲ လက်ရေး ရှည်ရှည်မျောမျော မိုးလက်ရေးနဲ့ ရေးထားတဲ့ ကို ဆိုတဲ့ စာလုံးနဲ့တူ ရက်စွဲတောင်ပါရဲ့….

အံ့သြဝမ်းနည်းစွာ တစ်စောင်ကို ဖွင့်ဖတ်လိုက်တော့…

“ကို… ဒီနေ့ မိုးတို့ ကျိုက်မရောသွားတယ်… ကို ကမိုးဝယ်ထားပေးတဲ့ ကချင်လုံချည်အကွက်လေး ကိုဝတ်လာတယ်… မိုး သိပ်ချစ်တယ်….”

အငမ်းမရစွာ နောက်တစ်စောင်…

“ကို…. ဒီနေ့ ကို က အိမ်သာတက်ချင်လို့ အိမ်ပြန်ပြေးတယ်.. အရမ်းရယ်ရတယ်… ချစ်တယ်..ကို”

နောက်…

နောက်…

နောက်….
ကျနော် … ကျနော်…ဖတ်ရင်းနဲ့ မျက်ရည်များဆို့နစ် လို့ အရမ်းဝမ်းနည်းကြေကွဲရပါတယ်…

ဒီလိုနဲ့ ကျနော် မိုးကို ခိုးဖို့ ချိန်းခဲ့တဲ့ ရက်စွဲ ပါတဲ့စာကို ကောက်ကိုင်လိုက်တော့ တခြားစာတွေနဲ့မတူ… ရှည်လျားတဲ့ စာတစ်စောင်…

ကို

ကို့ စာကိုမိုးရခဲ့ပါတယ်… မိုးကိုယ်တိုင်လဲ ကို့ ကိုလာခိုးဖို့ စာပေးခဲ့ဖူးပါတယ်… ဒါပေမယ့် ကိုရယ်… မိုးက ကို့ ဘဝပျက်လောက်အောင်ထိ ချစ်ဖို့ မိုးမှာ သတ္တိမရှိဖူးကို… ကို့ ကိုမိုးချစ်ခဲ့တာ ဖြူစင်ပါတယ်.. ကို့ ကိုချစ်နေရတာနဲ့တင် မိုးကျေနပ်နေတာပါ… မိုးကို ကိုအရမ်းချစ်မှန်းလဲ မိုးသိပါတယ်လေ… ဒီလို မိုးကိုချစ်မှန်းသိလို့လဲ မိုးဘဝထဲကို ခေါ်ဖို့ မဝံ့ရဲတော့ဘူးလေ… မိုး ကို လာခိုးပါလို့ ပြောရင် ကို ကမိုးကိုလာခိုးမယ်ဆိုတာ မိုးယုံပြီးသားပါ… ဒါပေမယ့် မိုး ကို့နောက်ကိုလိုက်ဖို့ လုံးဝ မစဉ်းစားခဲ့ပါဖူး… မိုး ကို့ ကိုချစ်လွန်းလို့ပါ… ဒါပေမယ့် မိုးက ပြောလိုက်ရင် ကိုလာခိုးမယ်ဆိုတာ သိရရင် မိုးသေပျော်ပြီးမို့လို့ မိုးက လာခိုးပါလို့ပြောခဲ့တာပါ…

ကို မိုးတို့မိသားစု အကြောင်းကို အသိဆုံးပါ… မိုးဖေဖေက ဘိန်းကုန်ကူးမှုနဲ့ထောင်ကျနေတယ်… မိုး ကိုကြီး ကို့အမမငယ်ယောကျာ်းက ဒီအလုပ်လုပ်လို့ မိုးတို့ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတယ်… မိုး ရဲ့ ကိုငယ် ကခုဘိန်းစားဖြစ်နေတယ်… မိုးအမေတစ်ယောက်တည်းနဲ့ ရပ်တည်နိုင်ဖို့က အရင်အဖေ့ အလုပ်ရှင်ဆီမှာပဲလုပ်လို့ရမယ်… တခြားအလုပ်လဲ အမေက မလုပ်တတ်ဖူး… မိုးလဲ ဒီအလုပ်မလုပ်ချင်ဘူးလေး… ထောင်ကျနေတဲ့ အဖေနဲ့ ဒီအကိုဒီညီမ ဒီအမေကို ကြည့်ဖို့ မိုးမှာတာဝန်ရှိတယ်… မိုးသာ ကို့ ကိုယူလိုက်ရင် ဒီတာဝန်ကနေ ကိုယ်လွတ်ရုန်းနိုင်တယ်ဆိုပေမယ့် မိသားစုနဲ့ မကင်းတဲ့ မိုးနဲ့အတူ တာဝန်က ကို့အပေါ်တစ်နေ့ကျလာနိုင်တယ်… ကို တစ်နေ့ စိတ်ဆင်းရဲရလိမ့်မယ်… မိုးကြိုတင်တွေးထားပြီးသားပါ… ကို့ကို ဒီလိုအမှောင်ဘဝထဲကို မဆွဲသွင်းရက်ဖူး… မိုး အကိုကြီးတောင် မဝင်ချင်တဲ့ ဘဝကို မိုးကိုယ်တိုင်မဆွဲသွင်းရက်ပါဖူး ကို... ဒါကြောင့် ဒီစီပွားရေး ကို လုပ်နိုင်မယ့် မိုး မေမေသဘောတူတဲ့ သူကိုပဲ မိုးဘဝ အရှုံးခံပြီး မိုးမိသားစု ကိုစောင့်ရှောက်တော့မယ်… မိုးမှားပါတယ်... ဒီဘဝကိုပေးဆပ်လိုက်ပါ့မယ်…

ကို

မိုးကိုခွင့်လွှတ်ပါလို့ မတောင်းဆိုဖူး… မိုးကို ချစ်နေပေးပါလို့မတောင်းဆိုးဖူး… မိုးကိုသာ ဆက်ချစ်ခွင့်ပေးပါကို….
ကို့ကို အရမ်းချစ်တဲ့
မိုး

ဟောင်းနေတဲ့ စာရွက်ပေါ်ကို စွန်းထင် ကျဆင်းလာတဲ့ ကျနော့်မျက်ရည်စက်တွေက မိုးရေးတဲ့ စာသားတွေ အပေါ် ဟိုတကွက် ဒီတကွက်… မိုး ကိုလှည့်ကြည့်လိုက်တော့ တဖွဲဖွဲကျနေဆင်းနေတဲ့ မိုးရည်စက်တွေကို ရေတွက်နေသလို တစ်ခါတစ်ရံ လျှပ်စီးသံကြားရင် ခေါင်းကလေးငုံလို့ မျက်စိကိုမှိတ်ထားပြီး တစ်ခုခုကို ဆုတောင်းနေသလို…. ပါးပြင်ပေါ်မှာလဲ ပါးကွက်ကြား နှစ်ဖက်ကို ဖြတ်ပြီး အလွမ်းမျက်ရည် စီးကျနေတယ် ဆိုတာ သိလို့ ကျနော်ဝမ်းနည်းစွာ ခံစားရပါတယ်…

အခန်း(၁၁)


ဖျော့တော့နေတဲ့ အလင်းအောက်မှာ တစ်လိမ့်လိမ့် ထူထဲမဲနက်စွာတက်လာတဲ့ ညိုမှောင်းနေတဲ့ တိမ်ဆိုင်မဲမဲတွေ… လေပြင်း တစ်ချက်နဲ့ အတူ တရွေ့ရွေ့ ပုံသဏ္ဍန်ပြောင်း နိမ့်ဆင်းနေတဲ့ တိမ်တွေက ကျနော့်ဆီကို ပဲ ပြေးဝင်လာပြီး ရင်ထဲကို ထိုးဖောက် တော့မယောင်… တိမ်ညိုတိမ်မဲ တွေကြားက ဖျတ်ကနဲ လင်းလက်လာတဲ့ လျှပ်စစ်စီကြောင်းများက လဲ ကျနော့် ရင်ထဲ ပြစ်ခွင်းနေသလို… ရွာဖို့ စိတ်ထဲတောင်းဆိုမိပေမယ့်… လေနဲ့အတူ ရွေ့လျားနေတဲ့ ဒီတိမ်တွေကို ငေးရင်း...

“တောက်… ရွာရင်ရရက်သားနဲ့… မရွာဖူးကွာ”

“သား… ဘာမကျေမနပ် ဖြစ်နေတာလဲ… မရွာတော့ ပိုမကောင်းဘူးလား… ခုလေနဲ့အတူ လွင့်သွားပြီးလေ… ဒီနေ့ မိုးမရွာမှ မိုးအတွက် စည်းကာတဲ့နေ့လေး ဖြစ်မှာပေါ့… မိုးတွေ အရမ်းကြီးနေရင် လူတွေက အပြင်မထွက်ချင်ဖူးလေ… သားလဲ နောက်ကျနေလိမ့်မယ်… မိုးကို နောက်ဆုံးမြင်ခွင့် ရတဲ့ရက်မှာ မကျေနပ်ချက်တွေ မျက်ရည်တွေ မရှိသင့်တော့ဘူး… မိုးနဲ့အတူ ငြိမ်းချမ်းသင့်နေပြီး… ရော့ မိုးနဲ့အတူ ဒီဘူးလေးနှစ်ဘူးကိုပါ ထည့်ပေးလိုက်တော့”
မေမေပေးသော ဘူးနီနီလေး နှစ်လုံးကို ကိုင်ရင်း ဝမ်းနည်းကြေကွဲစွာ မကျေနပ်ချက်များစွာ တိမ်ညိုညိုမဲမဲတွေကို မျက်ရည်များနဲ့အတူ ငေးလို့....


မိုးရယ်..... သွားပါတော့......

အပြင်မှာ မိုး မရွာခဲ့ပါ…. ရင်ထဲမှာ ရွာနေတဲ့ မိုး ဘယ်တော့မှ စဲတော့မည် မဟုတ်ပါ….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

43 comments:

ကိုရဲ said...

တစ်တစ်တစ်တစ်တစ်တစ်

(mg ye)

ကျဲကျဲ said...

သွားပြီ 1ယူဖို့ လာတာ
သူများကိုယ့်ထက်ဦးနေတယ်

မငုံ said...

:( ကိုရဲ..အကြီးကို အနိုင်ကျင့်တယ်။ ဒီလောက်ပြေးတာတောင် တစ်ယူသွားသေးတယ်။
ဖတ်ပြီးမှမန့်တော့မယ်။။နှစ်..

မငုံ said...

အဲ..၃ ပါလားဟ

ကျဲကျဲ said...

မိုးရယ်
မိုးရေ
မိုးမိုးမိုးမိုး
ဒီမိုးဒီမိုးသည်းတဲ့နေ့ တွေ
ဒီမိုးဒီမိုးသည်းတဲ့ညတွေ ရှည်လွန်းတယ်
မသိတော့ပါဘူး သနားစရာကောင်းလိုက်တာ
ဒါကြောင့် လက်ကိုင်ပုဝါယူလာခိုင်းတာကိုး
အဖြစ်မှန်လား တကယ့်ကြေကွဲစရာပဲနော်

ခင်တဲ့
ကျဲကျဲ

ကိုရဲ said...

ရပါတရ် မိုးရယ် ။ ဒါပေမဲ့ နင့်ကိုငါတစ်ခုတော့ မှာချင်တရ် ။ နင်အဲကောင်ကျွေးတာတွေကို မစားပါနဲ့ ။ နင်သတိထားပါ ။

မိုးရေတွေ..... ကိုယ်တစ်ယောက်ထဲပါ တစ်ကယ်ကို တစ်ယောက်ထဲပါ ။ ဘယ်လိုမှခန့်မှန်းလို့မရဘူး မိုး ရယ် ။ ကိုယ့်ဆီကို ပြန်လာပါ မှောင်မဲအချိန်မှန် ရွာသွန်းပေးပါကွယ် ။ မင်းအတွက် အဆင်သင့် လိုသလိုအသုံးချ ဘယ်လိုနေရာတွေဝေးလည်း မိုး ရေပြန်လာခဲ့ဦး မျှော်နေသူ ငါ့ရဲ့ လွမ်းဆွတ်မှုတွေ နင်အသိအမှတ်ပြု မင်းမသိနိုင်ပါဘူး မင်းအကြောင်းတွေသာရူးနေ မိုး ထဲလေထဲမှာ ခုတော့တစ်ယောက်ထဲပါ ။ ဘယ်သူတွေဘယ်လိုပုံစံကာဆီးထားနေလည်း လိုအပ်ခြင်းက မိုး စက်များပဲ ... မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး .. အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုးးးးး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေမင်းကို မင်းကို ချစ်တရ် ။ အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့မိုး ။ ဘယ်အချိန်ရွာမှန်းမသိတဲ့ မိုး ကိုမခန့်မှန်းနိုင်တော့ပါ ။ ဆုံချိန်တွေရယ် လေနဲ့မျော အားလုံးအဝေးသို့ အလိုလိုလွင့်ပျောက်သွား ငါ့အနားမင်းရှိ ဒဏ်ရာများမင်းမသိသေးတာ လမ်းခွဲဖို့မတွေး မေ့ပစ်ဖို့အဝေး တကယ်မြတ်နိုးနေမယ် မိုး ရေတွေညှို့ကာစေ မည်းနေရင်လည်း မရက်စက်နဲ့ မိုး မမုန်းနဲ့ဦး မိုး အချစ်လေး မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ချစ်တရ် အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ။ မိုးနဲ့ရောတဲ့မျက်ရည်တွေကို မိုး သိမှာလား ။ ဝေးခဲ့ကြလို့ တစ်နေ့နေ့မှာ မိုး ရှိမှာလား ပြန်ပြီးလွမ်းမိနေတရ် ပြန်ပြီးအရူးထနေဆဲ အုံ့မှိုင်းထတဲ့ မိုး ကိုနှမြောမိနေခဲ့ ... အိုးဟို အိုးဟို အိုးဟို မိုး အမြဲတမ်းသည်းတော့ မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ရူးတရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး .... မိုး ကိုယ့်ရင်ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ရူးတရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ...ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ချစ်တရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ...မိုးစက်တွေကြား မိုးစက်တွေကြား မိုးစက်တွေကြား :(


ခံစားရပါတရ် ပျော်ရွှင်ပါစေ

(အရဲလေး)

ကိုလူထွေး said...

ဖိုးစိန်ရဲ့ မိုးက သူ့ဘဝကို သူမပိုင်ရရှာဘူး...

မိုးကိုလဲ သနားတယ်။ ဖိုးစိန်ကိုလဲ သနားတယ်...

"မိုးကရွာနေပေမယ့် မိုးက မလာတာ ရင်ထဲ နာကျည်းလွန်းပါတယ်…"

အဲလိုအရေမျိုးလေးတွေကိုလဲ ကြိုက်တယ်...

ဒီတခါ အရှည်ကြီးရေးပေမယ့် အစအဆုံး... ပြီးလို့ ပြီးသွားမှန်းမသိအောင် ကောင်းလွန်းတယ်...

ရင်ထဲကမိုးတွေ အမြန်တိတ်ပြီး
မေတ္တာမိုးတွေ အမြန်ရွာဖြိုးနိုင်ပါစေ....


ဖိုးစိန်ကို အရှင်ချစ်ချစ်တဲ့
ကိုလူထွေး

ဖြူ said...

မိုးက သေသွားတာလား. တကယ့် အဖြစ်အပျက်လား.
စိတ်ကူးယဉ်လား.. သနားပါတယ်.မိုးလေး..
ဆေးရုံကို ဘာလို့ သွားမတွေ့တာလဲ.. ဖိုးစိန်ရက်စက်တယ်.. မိုးကို အသဲပေးလိုက်လို့ ထင်တယ်. အသဲနှလုံးမရှိတော့လို့ ရက်စက်တာနေမယ်.

ကောင်မလေး said...

ရပါတရ် မိုးရယ် ။ ဒါပေမဲ့ နင့်ကိုငါတစ်ခုတော့ မှာချင်တရ် ။ နင်အဲကောင်ကျွေးတာတွေကို မစားပါနဲ့ ။ နင်သတိထားပါ ။

မိုးရေတွေ..... ကိုယ်တစ်ယောက်ထဲပါ တစ်ကယ်ကို တစ်ယောက်ထဲပါ ။ ဘယ်လိုမှခန့်မှန်းလို့မရဘူး မိုး ရယ် ။ ကိုယ့်ဆီကို ပြန်လာပါ မှောင်မဲအချိန်မှန် ရွာသွန်းပေးပါကွယ် ။ မင်းအတွက် အဆင်သင့် လိုသလိုအသုံးချ ဘယ်လိုနေရာတွေဝေးလည်း မိုး ရေပြန်လာခဲ့ဦး မျှော်နေသူ ငါ့ရဲ့ လွမ်းဆွတ်မှုတွေ နင်အသိအမှတ်ပြု မင်းမသိနိုင်ပါဘူး မင်းအကြောင်းတွေသာရူးနေ မိုး ထဲလေထဲမှာ ခုတော့တစ်ယောက်ထဲပါ ။ ဘယ်သူတွေဘယ်လိုပုံစံကာဆီးထားနေလည်း လိုအပ်ခြင်းက မိုး စက်များပဲ ... မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး .. အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုးးးးး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေမင်းကို မင်းကို ချစ်တရ် ။ အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့မိုး ။ ဘယ်အချိန်ရွာမှန်းမသိတဲ့ မိုး ကိုမခန့်မှန်းနိုင်တော့ပါ ။ ဆုံချိန်တွေရယ် လေနဲ့မျော အားလုံးအဝေးသို့ အလိုလိုလွင့်ပျောက်သွား ငါ့အနားမင်းရှိ ဒဏ်ရာများမင်းမသိသေးတာ လမ်းခွဲဖို့မတွေး မေ့ပစ်ဖို့အဝေး တကယ်မြတ်နိုးနေမယ် မိုး ရေတွေညှို့ကာစေ မည်းနေရင်လည်း မရက်စက်နဲ့ မိုး မမုန်းနဲ့ဦး မိုး အချစ်လေး မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ချစ်တရ် အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ။ မိုးနဲ့ရောတဲ့မျက်ရည်တွေကို မိုး သိမှာလား ။ ဝေးခဲ့ကြလို့ တစ်နေ့နေ့မှာ မိုး ရှိမှာလား ပြန်ပြီးလွမ်းမိနေတရ် ပြန်ပြီးအရူးထနေဆဲ အုံ့မှိုင်းထတဲ့ မိုး ကိုနှမြောမိနေခဲ့ ... အိုးဟို အိုးဟို အိုးဟို မိုး အမြဲတမ်းသည်းတော့ မိုး ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ရူးတရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး .... မိုး ကိုယ့်ရင်ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ရူးတရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ...ကိုယ့်ရင်ခွင်ကိုလာသည်းပေးပါကွယ် ဒီလိုမိုးထဲ ငါလေရူးတော့မယ် မင်းကြောင့်ပဲရူး ဘာမှမသိဘူး ... အကြောင်းမဲ့ချစ်ခဲ့ခြင်းလား မိုး မင်းအတွက်နဲ့ အရာရာကို ငါမမြင်နိုင်ခဲ့ဘူး ငါလေ မင်းကို မင်းကို ချစ်တရ် ... အရင်ကစကားတွေလည်း ငါတမ်းတနေဆဲ ရင်ကိုခွဲမဲ့ မိုး ...မိုးစက်တွေကြား မိုးစက်တွေကြား မိုးစက်တွေကြား :(


ခံစားရပါတရ် ပျော်ရွှင်ပါစေ
လွယ်လိုက်တာကူးယုံဘဲလေ

ကိုရဲဆီမှကူးယူဖော်ပြသည်
ဖော်ပြခွင့်ပေးသေားကိုရဲကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း
ဖိုးစိန်စာထက်ရှည်တယ်နော်မလုတ်နဲ့


ခင်မင်လေးစားစွာဖြင့်
ကောင်မလေး

bagotharlay(mgnge) said...

အရေးအသားရော.. အတွေး အခေါ်ပါညက် လာတယ်.။တကယ့် ဘ၀ချိုးတစ်ကွေ့ က အဖြစ်အပျက် မဟုတ်ခဲ့ဘူးဆိုရင်... စိတ်ကူး လေးနဲ့ ဖွဲ့ ပုံလေးပါ ကောင်းတယ် အကို...။ ဖတ်ရင်းနဲ့ မျောသွားတာ ဇါတ်လမ်းလေး ပြီးသွားမှာတောင် ကြောက်မိတယ်..။

ရင်ထဲက စကားပါ

ချစ်တဲ့
ညီငယ်(မောင်ငရ်)

ကျဲကျဲ said...

ဖြုတ်အသဲကဘာလဲဟင်
တကယ်မသိလို့ပါရှင့်
စဉ်းစားပြီးပြန်လိုက်လာတာ

ကျဲကျဲ

အိမ် said...

ဟား... အရှည်ကြီးဟ တယ်လဲ ရေးနိုင်ပါပေ့ဗျာ။
အလွန် ကြေကွဲစရာကောင်းသော ဇာတ်လမ်းလေးလို့ပဲ မှတ်ယူသွားပါတယ်ဗျာ။ တကယ်မဟုတ်ဘူး မှတ်လား။ ကိုယ့်ဆရာ အကြောင်း သိနေတော့ မဟုတ်ဘူးဆိုတာ သိပါတယ်ဗျာ...။ ဒါနဲ့ မရှင်းတာက ကိုစိန်ကြီး မိဘကို မိန်းကလေးက ခိုးဖို့စာနဲ့ မင်္ဂလာဆောင် ဖိတ်စာ ပေးသွားတယ်ဆိုတော့ မိန်းကလေးကပဲ ဂရုမစိုက်မိတာလား၊ ကိုစိန်ကြီး မိဘကပဲ ကိုယ့်သားအပေါ် ယုံကြည်နေလို့လား တော့ မသိဘူး။ ဒါပေမဲ့ တကယ်ကောင်းတာတော့ အမှန်ပဲ။ ဆက်ရေး.. ဆက်ရေ.... ကိုယ့်ဆရာက ငိုတဲ့စာတွေ မရေးပါနဲ့ပြောတာ ခုတော့ သူက သူများမျက်ရည်တွေ ချူနေပြန်ပါပေါ့လား။ ငါမငိုရရင် နင်တို့ ငိုလို့များ စိတ်ထဲတေးပြီးများ ရေးသလားဗျာ။

သက်ပိုင်သူ said...

ဟွန်း... သူရေးတာ အနော့်ထက်တောင်ရှည်သေးတယ်...
မိုးဆေးရုံရောက်နေတဲ့အချိန်မှာ ကိုင်ဇာရဲ့ မိုးနဲ့ပါတ်သက်တဲ့ သီချင်းလေးကို အမှတ်မထင် သတိရလိုက်တယ်....

မိုးရွာတာ ရပ်လိုက်စမ်းပါ့ အမ္ဓုန်ရှင်ဒေ၀ါမိုးရယ်..
ကိုယ့်ချစ်သူလေးချမ်းနေရှာရတော့မယ်....
သူ့ကိုလေ ပြောခဲ့တဲ့ ဒဏာရီလေးရှိတယ်.. ဆိုတာလေ...

မိုးကိုလည်း သနားတယ်
သားစိန်ကိုလည်း သနားတယ်......

အလွမ်းဇာတ်လမ်းလေး

ဂျပန်ကောင်လေး said...

း).. ဒီအလွမ်းဝတ္ထု (ဖြစ်ရပ်မှန်လေလားတော့ မသိ..) ကိုဖတ်၇တာ တမျိုးလေး လွမ်းမိသွားတယ်...မျက်ချေးတန်းလန်းနဲ့ အစအဆုံး ဖတ်ခဲ့တယ်.. ကိုဖိုးစိန်ရေ့...

kiki said...

မိုးရွာကြီးထဲ တညလုံးစောင့်နေပြီးမှ ရောက်မလာတဲ့ မိုးရယ်။
နာ့ မောင်လေး စိန် ကို ဘာလို့ ဒီလို ကျီစားခဲ့ ရတာလဲကွယ်။
ဒါပေမဲ့  မိုးကို တခုတော့ ကျေးဇူးတင် ရမယ် ။
ဒီလိုကျီစားခဲ့လို့ တမျိုးလည်းကောင်းသွားရတယ်။
နို့ မို့ ဆို စိန်လေးလည်း မော်လမြိုင်မှာ ဘိန်း( မုန့် ) ရောင်းနေရလောက်ပြီ ။
ခုလိုဆိုက်ပရပ်စ် မရောက်ဖြစ်ပဲ နာတို့လည်း
ယခုလို စာရှည်ရှည်တွေ ဖတ်ဖို့  မရှိဘဲ ဖြစ်နေရမှာ .. နော်။
ဒါဆိုရင် အခုလို ဖတ်တာတွေ မန့် တာတွေ လုပ်လို့ ရမှာ မဟုတ်ဖူး နော် ။

ကျေးဇူးတင်တယ် မိုးရယ် ။
မေးပါရစေအုံး မိုး ရေ။။

ဘာရောဂါ ဖြစ်တာလဲ ဟင် ..
ဒီလောက် မြန်မြန် ဆန်ဆန်ကြီး ။။

ဖြေရခက်လည်း မဖြေနဲ့တော့နော် ။
ညကျ အိပ်မက် ထဲ လာပြောပြနေမစိုးလို့။
သိချင်တော့ပါဘူး ။ သိလည်း ဘာမှ မထူးဘူး ဟုတ်...
လာမတွေ့ နဲ့ တော့နော် ။။
စိန့် ဆီသာ သွားပါ ...အချိန်မှန် ။

Mogok Thar said...

ငိုနေတယ် မိုး သည်းထဲမှာ ပေါ့။
စက်မကောင်း။ နက်ကျ.. ခဏရတုန်း ပြေးလာဖတ်ပါတယ်။
ပျော်ရွှင်ပါစေ။
ချစ်ခင်လျှက်

Git Tuu said...

ကိုကြီး
ကိုကြီး ၀တ္ထုလေးက တအားဆွဲဆောင်မှုရှိတယ်။
ဝတ္ထုဖတ်လေ့ မရှိတဲ့ ဂျစ်ကို ပြီးတဲ့အထိ ခေါ်သွားနိုင်တယ်.....ကိုကြီး အရေးအသား ကောင်းတယ်ဗျာ.....အဲ့ဒါမို့ ကိုကြီးဘလော့လေးကို
မလာပဲ မနေနိုင်ဘူး....။ဂျစ်က ကိုကြီးရဲ့ စာတွေကို
အားပေးနေတဲ့ စာဖတ်ပရိတ်သတ်ပါ.....။

“ယနေ့ နေသာ သည်

လေမလာ၍ပူသည်

ရေအေးအေးပေးပါ”…..


“လေမလာလို့ ပူတာမဟုတ်ဘူးလေ… မိုးမလာလို့ရင်ပူနေတာပါ… ပြန်ဆို”


ဟာသလေးပါအောင်ရေးတတ်တဲ့ ကိုကြီးရေ...
ဂျစ်တို့ကို ပျော်ရွှင်မှုပေးသလို....တို့ကိုကြီးလဲ
ဘ၀မှာ ပျော်ရွှင်စရာတွေ အမြဲပြည့်နေပါစေဗျာ။


အော်..မေ့လို့........ချစ်တဲ့သူနဲ့ ပေါင်းရပါစေ....။

ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်ဂျစ်

moekhar said...

စိတ်တောင်မကောင်းဘူး
သနားပါတယ်း(

khin oo may said...

ဇတ်လမ်းကလေးကတော့ရိုးပါတယ်ဒါပေမဲ့ အဖွဲ့ကောင်းတယ။်

တလနွန် said...

ဖတ်ရင်းနဲ့  ဝမ်းနည်းလာတယ်ဗျာ။ ကိုဖိုးစိန် တို့  သွားတဲ့
တောင်ဝိုင်း ဆိုတဲ့ နေရာလေးလည်း သတိရ သွားပြီး။
မိုးဇာတ်လမ်း ကောင်းလွန်းလှတယ်

ခင်မင်ခြင်းနှင့်
တူရီးတော်

မေဇင် said...

ဇတ်လမ်းလေး ကရိုးရိုးလေး ပေမယ့် အဆုံးထိ ထိုင်ရာမထ ဖတ်ချင်လောက်အောင် ဆွဲဆောင်သွားတယ်..။ တကယ့်ဖြစ်ရပ်မှန်လား.. စိတ်ကူးလား...ဘာလား ညာလား..း)။ တကယ့်အဖြစ်အပျက်လေး ဆိုရင်တော့ တကယ် စိတ်မကောင်းစရာပါပဲနော်..။ ၀မ်းနည်းစရာကောင်းတဲ့ မိုး အဖြစ်လေးပဲ..။ သနားပါတယ်..။

မြစ်ကျိုးအင်း said...

နားလည်မှုရှိရဲ့နဲ့ဝေးရတဲ့အချစ်ကို ကျွန်တော် ပုံပြင်ဖတ် ရင်တောင် နာကျင်တတ်တယ်...ကိုဖိုးစိန် ဇာတ်လမ်း လေးက တကယ့်အဖြစ်မဟုတ်ဘဲ စိတ်ကူးယဉ်တာလေး ဖြစ်စေချင်ပါတယ်....။သူငယ်ချင်း ဘ၀ကိုလည်း မနာစေကျင်ခဲ့စေချင်စိတ်ကြောင့်ပါ...။သေချာတာတော့ ဒီစာဖတ်ပြီး ခံစားချက်တမျိုးလေးရသွားပါတယ်...။
ဆက်ရေးပါအုံး ရသပါတဲ့ စာတွေမှန်သမျှ ဖတ်ရတာ မက်မောတယ်...။

အိုက်ခီလောက် said...

ငရဲကလည်းတစ်နေတယ် ချီးများတစ်နေလားမသိဖူး
တ တစ်တစ် နဲ့  တစ်နေပြီ
ညက်စိနောက်တယ် အလွန်ကိုမြင်ပြင်းကပ်လှတယ် ငရဲ
တစ်ကောင်တော့ လွန်လွန်းတယ် တစ်ပဲ တစ်နေတယ်
ဖတ်ပြီးမိုးဆိုသောကောင်မလေးကို တစ်ကယ်ပဲ စာနာမိတယ် အဆုံဖြစ်တဲ့ ဖူးစာကိုလည်း ကိုယ်ချင်းစာတယ်
ချစ်ကိုယောက်ဖရေ အတူတူပဲ ဖြစ်နေမှာဆိုးရတယ်
လွမ်းနေဆွေးနေတာကို မိုးတစ်ယောက်သိပါစေတော့
မမြင်နိုင်ပေမယ့်လည်း မိုးတစ်ယောက်ရဲ့ ချစ်ခြင်းတွေက
အစ်ကိုအပေါ်ကို လွမ်းခြုံနေမှာပါ
ထပ်တူခံစားမိပါတယ် အဖြစ်ခြင်းက လည်းမတိမ်းမယိမ်းဖြစ်နေတယ်လေ ချစ်ကိုရ

Dream said...

အူးအူးဖွတ်ချိန်....ချာရေးချရာဒွေ မန်မန်းငတ်ကုန်ပါဦးမယ်.....

စာရေးအရမ်းကောင်းတော့ မောင်ချစ်တဲ့ချစ်ချစ်က ချစ်ချစ်ချစ်တဲ့မောင်ရေးတဲ့ စာကို ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်သွားတယ်.....

:P

မီးမီးချစ် said...

ဘဝ ဆိုတာ လိုတာမရ ရတာမလို..
စိတ်မကောင်းဘူး.. နားလည်မှု့ ရှိရက်နဲ့ ...
ဆုတောင်း ပေးလို့ ရရင် ဒီတခါတော့ ဖိုးစိန် ဆန္ဒ အားလုံး ပြည့်ဝပါစေ..

reenoemann said...

သယ်ရင်းရေ ဖိုးချစ်

အရမ်းရမ်းကိုကောင်းပါတယ်ကွာ။
ပထမတော့ မဖတ်သေးဘူးလို့ ကျော်ကြည့်လိုက်တာ
မိုးေ၇းထားတဲ့ စာကိုတွေ့ပြီး ဖတ်ချင်လာတဲ့
စိတ်ဖြစ်သွားလို့ ခုပဲ ဖတ်ပြီး မန့်လိုက်တာသယ်ရင်း

ရင်ထဲမှာ ရှိတာလေးကို ခံစားပြန်တင်ပြတဲ့ အတွက် ကျေးဇူး သယ်ရင်းရေ

သယ်ရင်းက ရေးလည်း ရေးတက်တော့
ဇာတ်လမ်းက အရမ်းကောင်းသွားတယ်။

နောက်ထပ်ရှိရင် ဖတ်ချင်သေးတယ် ကွာ။

ဖြေးဖြေးရေးလည်းရပါတယ်။ မျှော်နေမယ်နော်။

ချစ်တဲ့
သယ်ရင်း ရီနို

ကောင်းကင်ပြာ said...

မိုးကို သနား စိန့်ကို သနား ညက်ရည်ကျသွားတယ်

တာရာ said...

အေ၇းအသားကောင်းပါတယ်.. နောက်ဆုံးပိုင်းက မိုးက ဘာရောဂါနဲ.သေတာလဲ... စိတ်ရောဂါကတော့ အဲ့လောက်မြန်မြန်မသေဘူးထင်တယ်နော်....
စာရေးဆရာကောင်းဖြစ်ပါစေ.... ခင်မင်လေးစားလျှက်...

နှင်းနဲ့မာယာ said...

မိုး မိုး မိုး မိုး
တော်သေးတယ် ဒီမှာ မိုးမရွာလို့
ဆိုက်ပရပ်စ်မှာတော့ မိုးကြီးပြီး ရေလျှံနေပီ......
ဝတ္တုလေးလား ဇာတ်လမ်းဟောင်းလေးလားတော့မသိဘူး...
ဖတ်လို့တော့ ကောင်းတယ် မိုးရဲ့...

Mechanical, Planning and Supply Chain said...

ဒီတခါတော တကယ်ချီးကျူးပါတယ်...ဇာတ်လမ်းဆင်ပုံ... တကယ့်အချက်အလက်နဲ့...စိတ်ကူးရင်ဇာတ်ကွက်ရောညှပ်တင်ပြပုံ...ပြေပြစ်သောဖွဲ့ထုန်းများနှင့် ၀တ္တုတိုကောင်းလေး တပုဒ်ဟုဆိုချင်ပါသည်။ ရသ ၀တ္တုတိုလေးများမှသည် ရေးသူ/ဖတ်သူ နှစ်ဦးနှစ်ဝအကျိုးရှိစေသော...သုတ/ရသ ဆောင်းပါများလည်းရေးသားနိုင်ပါစေကြောင်း...

သုဒြေ္န said...

'Dတခါရေးချက်သွက်သွက်လေး..စောင်.ရကျိုးနပ်ပြီ......၀တ္တုတိုစဆုံးရေးသွားပုံ့လေးကောင်း၏..ကောင်းတယ်ဆိုတဲ့ ...စကားလုံးထက်တောင်းသော......တင်စားမှုစကားရှာမရသောကြောင့် (ကောင်း၏)ဟုရေးမိပါသည်..ခံစားမှုမျိုးစုံကိုပေးနိုင်စွမ်းလဲပြည့် ပါသည်...ရီးစားစာပေးစဉ်ကာလရေးဖွဲ့ ပုံကား..စာဖတ်သူကို..ရီးစားထားစဉ်....်ခံစားမှုများသို့ ...ဆွဲယူ..ခေါ်ဆောင်သွားသည်...ရေးဖွဲ့ တင်ပြပုံညင်သာ၏........ဒီလိုဝတ္တုတိုမျိုး..စာဖတ်သူအတွက် .....တခုခုသောရသကို...ပေးနိုင်သည်ဟုယုံကြည်ပါသည်...ကောင်းသည်....ထက်ကောင်းသော.... ၀တ္တုတပုဒ်ဖြစ်ကြောင်း....မန့် လိုက်ပါသည်ခင်ဗျား.......ချစ်တဲ့ ...ကိုကြီး....သုဒြေ္န

chitpalone said...

အဲ့ဒါဖြစ်ရပ်မှန်လားဟင် အရမ်းရေးတတ်တာပဲ။ ပါးလုံးတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဘာပြောရမှန်းတောင်မသိဘူး။ သူများတွေ တစ်လုနေကြတယ်ဆိုတော့ ပါးလုံးလည်း အားကျမခံ ဘိတ်လုပြန်ပြီ ကိုဖိုးစိန်ရေ။ စာတွေများနေလို့ အိမ်လည်နောက်ကျတာ ခွင့်လွှတ်ပါ။
ဒီပို့စ်ကရင်ထဲမှာ ကျန်သွားတယ်။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး

သီဟသစ် said...

ချစ်စိန်ရေ

ဖတ်ပြီးလွမ်းလိုက်တာ
ခုလဲအပြင်မှာမိုးတွေရွာနေတယ်ကွ

ခင်မင်စွာဖြင့်
သီဟသစ်

တောင်ပေါ်သား said...

ဘ၀မှာ အရာရာတိုင်း မပြည့်စုံနိုင်သလို ချစ်တိုင်းလဲ မညားနိုင်ပါလားနော့် အကိုရေ ခံစားသွားတယ်ဗျား(


လေးစားလျက်
တောင်ပေါ်သား

ဇော် said...

ကိုဂျီး

ရင်ထဲမှာ ... မ... ကောင်း ... ဘူး...။
=(

ကိုရင်နော် said...

ဦးနော် နောက်ကျမှ လာလာဖတ်တာ တခြားကြောင့်မဟုတ်ဘူး First တွေ ခေတ်စားနေတော့ ဦးနော်က Last လုပ်ကြည့်တာပေါ့..း)

ဦးနော်က စာဖတ်ပြီးရင် ကော်မန့်တွေကိုပါ ဖတ်ချင်သေးတာ.. ဒါကြောင့် နောက်ကျမှ လာရေးတာပါ.. တကယ်တော့ အရင်ဆုံး လာဖတ်ထားပြီးသားပါ..း)

ထွေထွေထူးထူး မပြောတော့ဘူး..
အရမ်းကောင်းမွန်တဲ့ ဝထ္ထုတိုလေးပါပဲ..
ကြိုက်တယ်.. အားပေးနေတယ်.. များများရေး..

ချစ်ခင်စွာဖြင့်..

ဦးနော်

နေဒေးသစ် said...

ကိုဖိုးစိန် ....
အများကြီး ပြောချင်တယ် .. အများကြီး ရေးချင်တယ် .. ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ တကယ်ကို မိုးရွာနေတယ်ဗျာ .... ကျွန်တော် ဒီဇာတ်လမ်းလေး ကိုဖိုးစိန် အရိပ်လောက် ပြောပြကတည်းက သိချင်နေခဲ့တာ ... ကျွန်တော် ပြောတောင်ပြောဖြစ်ခဲ့သေးတယ် ... သေသေချာချာ ရေးဖြစ်ဖို့ အတွက်လေ ... မှတ်မိသေးလား .... အခု သေသေချာချာ ဖတ်ခဲ့ရပြီ ....

တကယ် မိုးပြောတာ မှန်ပါတယ် ....
ကိုဖိုးစိန် စာရေးတော်တော်ကောင်းတယ် ....
မဟုတ်ဘူး .... တကယ်တော့ စာရေးကောင်းတယ် ဆိုတာ ခံစားချက်နဲ့လည်း ဆိုင်တယ် ....
စာတစ်ပုဒ်လုံးမှာ ခံစားချက်အားလုံး နိမ့်လိုက် မြင့်လိုက် တွေ့ခဲ့ရတယ် ... စာဖတ်သူကို ခံစားသူ နှစ်ယောက်ကြား ရောက်သွားအောင် အနီးကပ်ဆုံး နေရာထိ ဆွဲခေါ်သွားတယ် .... ဖြည်းဖြည်းချင်းတဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်းတိုးဝင်တယ် ....

နောက်ဆုံးတော့ ဒီ နှလုံးသားတစ်စုံလုံး မိုး ကြောင့်
ပြုတ်သုန်းသွားခဲ့ရတယ် .....

မိုး
မိုး
မိုး
မိုး ......................

နေဒေးသစ်။

မ said...

အမြဲပဲ အဆွေးဇာတ်လမ်းတွေ ရေးတယ်.. အလွမ်းမင်းသား

ကဗျာမလေး said...

ဟိုးးးးးးးး တောင်ထိပ်မှာ
မိုးရိပ်ညို ညှို့
မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ
သတိရလျက်
ဖြေပြေခက်ပြီ.....
မျက်ဝန်းထဲမှာ မိုးရွာပြီ “စိန်” ... :P ဟီး။
အမှန်ကတော့ “ညို” ပါ :P

WWKM said...

ဇာတ်လမ်းလေးလည်းဖတ်သွားတယ်..
ကွန်မန့် ၃၉ ခုလည်း ဖတ်သွားတယ်.

မကြီးဝါက Last ပေါ့... :P

မငုံ said...

ကိုဖိုးစိန်ရေ ကောင်းတယ်။ အခုမှလာပြီး ဖတ်မန့်ရတာ စိတ်မဆိုးနဲပနော်ဟ။ အရှည်ကြီးပဲ ဘယ်လိုများရေးလိုက်ပါလိမ့်။မိုးမိုးမိုးနဲ့ အင်း မြန်မာပြည်မှာ မိုးတွေ တော်တော်သည်းပုံပေါ်တယ်။ မောင်ရဲတောင် အရှည်ကြီးပဲ မန့်သွားတယ်။

khin oo may said...

တိမ်တွေတောင် ငိုချသွားတယ်။ မိုးတွေ ကိုသည်းရော.

khin oo may said...

အေးချမ်းပါစေ