ကျနော်မကြွားချင်ပါ

အခုတစ်လော ကျနော် ကျမ်းမာရေးက မကောင်းတော့ အွန်လိုင်းကို နေ့တိုင်းမတက်ဖြစ်ဘူး… ဖုန်းလဲပိတ်ထားရတယ်… ဘလော့လဲ မလည်ဖြစ်… စာလဲမရေးဖြစ်ဘူးလေ… အကြောင်းတွေက စုံတာကို… ခုချိန်မှာ စာရေးဖို့က မနည်းစဉ်းစားနေရတယ်… ကိုယ်ရေးလိုက်တဲ့စာ တစ်ကြောင်း ခေါင်းစဉ်တစ်ခုလေးကိုတင် ကြိုက်နှစ်သက်လို့ ဆိုပြီး ထုတ်ဝေသူတွေက ဖုန်းတွေဆက် မေးလ်တွေပို့ဆိုတော့ စိတ်ညစ်ရတယ်… ကျနော်က ဒါတွေ မက်လို့ရေးတာမဟုတ်ဘူးလေ… စာရေးချင်တာ သက်သက်ပါ… ဒါပေမယ့် ကံကိုက ဆိုးပါတယ်… ကျနော်ရေးတဲ့စာလုံးတစ်လုံး ကိုတင် အဝယ်လိုက်နေတာ ဆိုတော့ သတိထားရတယ်… သူတို့ဘယ်လောက်ကြိုက်ကြိုက် စာဖတ်သူကို ကျနော် က လေးစားရမယ်မဟုတ်လား…

ကျနော့်နာမည် အသုံးချချင်တာကြောင့် ထုတ်ဝေသူတွေက ကျနော့်နောက်လိုက်နေတာ.. ကျနော်ရေးတဲ့စာတစ်ကြောင်းကိုပဲ သောင်းချီပေးနေကြတာ အဲဒါကြောင့် ခုနောက်ပိုင်း ပိုစ့်တင်ရင် တော်တော်လေး စဉ်းစားယူရတယ်သလို စဉ်းစားချင့်ချိန်ပြီးရေးရတယ်လေ... မကောင်းဘူးလေ.. ထုတ်ဝေသူပေးတဲ့ ပိုက်ဆံက ဘယ်လောက်မှမဟုတ်ပါဘူး... ကျနော်ရေးတဲ့ စာတစ်ကြောင်းက စာဖတ်သူအတုယူ မမှာစေချင်ဘူးလေ... ဒါကစေတနာပါ… ဒါကြောင့် ဖုန်းပိတ် မေးလ်ပိတ်ပြီး စိတ်မကောင်းစွာ ငြင်းလွှတ်နေရတယ်…

ဘလော့ပေါ်မှာလဲ ဒီလိုပါပဲလေ… ဒီလောက်ကောင်းတဲ့ ကဗျာ ဆရာ ဆရာမကြီးတွေရဲ့ ကဗျာတွေရှိနေတာတောင် ကျနော်ကဗျာလေးက ရင်ထဲထိတယ်ဆိုတဲ့ ကောင်မလေးတွေ… ကျနော်ရေးတာကိုမှ သဘောကျတယ်ဆိုတဲ့ အကိုတွေ အမတွေ… ဥပမာပေါ့… ဘလော့သက်ရင့်နေတဲ့ ကိုအိမ်တို့ ကိုမြစ်ကျိုးအင်းတို့လို စာရေးကောင်းသူတွေ ရေးတဲ့ အငြိမ့်ကို ဖတ်ရတာ အားမရလို့ ဖိုးစိန်ရေးတဲ့ အငြိမ့်ကို ဖတ်ချင်ပါတယ်လို့ နေတိုင်းတောင်းဆိုနေတဲ့ ညီငယ်ဝသန်မိုးတို့လို အငယ်လေးတွေကလဲ ရှိတယ်မဟုတ်လား… အမှန်တော့ ကျနော် အောင်မြင်ကျော်ကြားနေမှုကို ကိုယ်တိုင်သိနေတဲ့အတွက် ပြောချင်တာမဟုတ်ပါဘူး… စာဖတ်သူတွေကို စေတနာထားတတ်တဲ့အကြောင်းကို ပြောချင်တာပါ…

မနေ့ညက ကိုအိမ်က အကြိမ်ပေါင်းမနည်း သူ့ဘလော့ကိုလာပြီး အကြွားပြိုင်ပွဲ ဝင်ဖို့ အနူးအညွတ် ပြောဆိုလာတယ်လေ… အကြွားပြိုင်ပွဲ ဝင်ဖို့ ခဏခဏ ဖိတ်ခေါ်လာတော့ ဘလော့ဂါညီအကို ချင်း အားနာတယ်ဗျာ... ကျနော် က မနက်ည အလုပ်လုပ်နေရတယ်လေ... ကိုယ်တိုင်က ခုနေတဲ့ နိုင်ငံမှာ လုပ်နေတဲ့ စားသောက်ဆိုင်မှာ ရှယ်ယာဝင်ပြီး ကိုယ်တိုင် လုပ်ကိုင်နေရသလို လုပ်ငန်းကြီးတစ်ခုကို ထူထောင်ထားသေးတယ်ဆိုတော့ကာ အကိုအိမ်လို အားအားယားယား အကြံအဖန် ပိုစ့်တင်ဖို့ အချိန်မရှိတာ အမှန်ဗျ... မိုးလင်းရင် ကော်ဖီသောက်ချိန်တောင်ရတာ မဟုတ်ဘူး ... ကျနော့်လက်မှတ်ယူဖို့ စောင့်နေကြတာဗျာ... ကျနော်လက်မှတ်ရမှ ဘဏ်ပြေးသူက ပြေး.. ငွေထုတ်သူက ထုတ်လေ.. အဲလေ.. ဒါတွေ ထားပါ… ပြောရင်ရှည်လွန်းလို့ ပြောဖို့အချိန်မရှိပါဘူးဗျာ..

အခု အကိုအိမ် တောင်းဆိုလာတာကို အားနာလို့ ပို့စ်လေးဖတ်လိုက်တော့ အကြွားပြိုင်ပွဲကို တက်ကြွစွာ ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ထားတဲ့ ပိုစ့်လေးဖြစ်နေပြန်တယ်.. ဖတ်ပြီးတော့ဗျာ... ရင်ထဲအောက်သွားတယ်… အကိုအိမ်ကိုလဲ အရမ်းသနားတယ်.. ဒီပိုစ့်လေးဖြစ်မြောက်လာဖို့ အနှစ်နှစ် အလလ အချိန်ယူပြီး ယူရို တစ်ရာကို နေ့စု ညစုနဲ့ ကိုအိမ့်ဘဝလေးကို တော်တော်လေး သနားမိတယ်ဗျာ.. ဘလော့ ညီအကိုအချင်းချင်းပဲ.. ကိုဖိုးစိန် ကျနော့်ကို ငွေလေးမစပါ ဆိုရင် ကျနော် က အချိန်မရွေးပါဗျာ.. ဟုတ်ဖူးလား.. ကဲပါလေ... ထားပါ... ဒါကလဲ အဓိက အကြောင်းအရင်းမဟုတ်သေးပါဘူးလေ…

ကျနော်ကိုကြွားခိုင်းတယ်ဆိုတော့ စဉ်းစားကြည့်ဗျာ… ကျနော် နိုင်ရင် ရမယ့်ပိုက်ဆံနဲ့ ကျနော့် ရှိတဲ့စည်းစိမ်တွေကို ကြွားရတာ မတန်ဘူးဗျာ.. ရမှာက ယူရိုတစ်ရာဗျာ.. ကျနော့် ဘိုးဘွားမိဘ လက်ထက်က အိမ်ကြီးတွေ လယ်ကြီးတွေ အောက်မြန်မာပြည် အနှံ့ ရှိတာ... မိဘ လက်ထက်ပွားမှာ မောင်နှမသုံးယောက်ရှိတော့ တစ်ယောက်တစ်လုံးကျစီ မိဘက စီမံထားပေးတာ… အလုပ်အကိုင်က အိမ်မှာဗျာ ဆယ်ဘီးကား ၉ စီးက အထက်အောက် ကုန်ကူးရင်းစီးပွားရှာနေတာ... မော်လမြိုင်က စီးပွားရေးတော်တော်များများကို ထိန်းချုပ်ထားတဲ့ ကျနော့်အဖေကဘယ်သူ ကျနော်ဘယ်သူဆိုတာ မော်လမြိုင်တခွင် .. ရန်ကုန်တခွင်..အကုန်သိနေတော့ ဒီကိုပဲ ကြွားလုံးထုတ်ရင် ကျနော်သိက္ခာ ကျရာရောက်မှာပေါ့ဗျာ.. ရမှာက ယူရိုတစ်ရာလေ..

နောက်ပြီး ရှိတဲ့ ဘဏ်တွေ သာမက နိုင်ငံခြားက ဘဏ်တော်တော်များများမှာ ပိုက်ဆံတွေ ကိုသိန်းချီပြီး အပ်ထားတာ လဲ လူသိခံလို့ မရပြန်ဘူးလေး… ဒါတွေကို ထုတ်ပြီးကြွားနေရင် ဘယ်ဖြစ်မလဲ… ကျနော်ပိုင်ဆိုင်သမျှ ငွေကြေးနဲ့နှိုင်းယှဉ်ရင် ဒီပိုက်ဆံလေးက မနက်လက်ဘက်ရည်ဖိုးတောင်မရှိဘူးဖြစ်နေတော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆိုတာ ကျနော့်သိက္ခာ တရားအရ စဉ်းစားရမယ်...

ဒါကြောင့် အစစအရာရာ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ ကိုအိမ့် ပြိုင်ပွဲဝင်ဖို့ စဉ်းစားရတယ်လေ… ဒါကြောင့် ကျနော်မကြွားတတ်သလို ကြွားချင်တဲ့ စိတ်မရှိကြောင်း ကိုအိမ့်ကိုဝန်ခံရင် ဒီပိုစ့်လေးကို ညီအကိုလို ခင်မင်မှုအရ ခင်ဗျားရဲ့ တောင်းဆိုမှုတွေကို လိုက်လျှော လိုက်ပါတယ်… နောက်ပြီး စာဖတ်သူတွေကိုလဲ သိစေချင်တယ်… ကျနော် မကြွားတတ်တဲ့အကြောင်းတွေ မကြွားချင်တဲ့အကြောင်းတွေ ကျနော်ဘာကြောင့် အွန်လိုင်းနဲ့ ဘလော့မှာ ပျောက်နေရတဲ့ အကြောင်းတွေကို စာဖတ်သူတွေ သိစေအောင် ရေးလိုက်တာပါပဲ…

ဒါကြောင့် ဒီပိုစ့်လေးကို ဖတ်ပြီး အကိုအိမ် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… နောက်ဆိုလိုတာရှိ ဖုန်းခေါ်လိုက်လေ... အကူအညီဆိုတာ ကျနော်အဖို့ အချိန်မရွေးပေးနိုင်ပါတယ်... ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်…
ကိုအိမ်ကျေနပ်အောင် တစ်ခုတော့ လုပ်ပေးနိုင်ပါတယ်… ကျနော် အရင်တုန်းက ပိုစ့်တစ်ခုကို ရေးဖူးတယ် အရမ်းပေါက်တယ်ဗျာ... အဲဒါအကိုအိမ် သိအောင်ဖတ်လိုက်ပါအုံးလေ... ကြွားတတ်တာမဟုတ်ပေမယ့် ကြွားခဲ့ဖူးတာလေးပါဗျာ... အကိုအိမ်ဖတ်ပြီး ကျေနပ်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်… ဒီပိုစ့်လေးရေးဖူးပါတယ်..

ဒီပိုစ့်တုန်းကလဲ ထုတ်ဝေသူတွေ အငမ်းမရ လိုက်ပေမယ့် မရောင်းခဲ့ပါဘူး.. ဘလော့စာဖတ်သူတွေကို အမှတ်တရ အဖြစ် စေတနာထားလိုက်တာပါ...

အကြွားပြိုင်ပွဲ ဝင်ဖို့ဆိုတာက ကျနော်မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေး ကြွားသွားပါတယ်။

အခုတစ်လော ဖိုးစိန်တစ်ယောက် အလွမ်းဇာတ်တွေ ခင်းနေတယ်လို့ ပြောနေကြလို့ အကြွားဇာတ်ခင်း (အဲလေ) မှားလို့ မကြွားတတ်တဲ့အကြောင်းကို မအားလပ်တဲ့ ကြားက ရှင်းပြလိုက်ပါတယ်။

ကိုအိမ်နဲ့အတူ ကျနော်ချစ်တဲ့ ဘလော့ညီအကိုမောင်နှမတွေ တစ်ချက်ပြုံးရင် ကျေနပ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

စာဖတ်လိုက်ဦးမယ် ပြီးမှဆက်မန့် မယ်
MANORHARY said…
ဒီဘဝတော့ မှီစရာအကြောင်းမရှိပါ
ကြွားတဲ့နေရာပြောပါတယ်
ယူစေ ပထမး))
တစ်ကွ

ငါတစ်ကွ

ဖိုးစိန်အိမ်မှာ ဒီတကြိမ်တော့ တစ်ရပြီကွ...

းဝ)
Anonymous said…
အော် လုပ်ထားအုံးပေါ့ ကြွားနိုင်သူများ
ဟင် အပေါ်က သန်သန်နဲ့ မနော်တို့က ဘယ်တုန်းကရောက်နေတာလဲ

း(
တကယ်ပဲပြုံးပြုံးကြီးနဲ့ ဖတ်ရပါတယ် ချစ်ညီဖိုးစိန်ရယ်...

အင်းဘယ်အချိန် ဓားပြတိုက်ရင် အခွင့်ကောင်းရမလဲပေါ့...

ဒီတချီတော့ ငါတကယ်ပွပေါက်တွေ့ထားပြီပေါ့...

တသက်စာမပူရတော့ဘူးပေါ့...

တကယ့်ကို ပြုံးပြုံးကြီးနဲ့ ဖတ်သွားပါတယ်...

ဖိုးစိန်ကို အသေချစ် အသက်မကချစ် နှစ်နှစ်ကာကာ ချစ် ပစ်ပစ်ခွာခွာ ချစ်တဲ့

ချစ်ကိုကြီး
ကိုလူထွေး
ရေးထားတဲ့ "ဒီပိုစ့်" ဆိုတာလည်း ကြွားထားတာပဲပေါ့...

အဆံလည်းမရှိဘူး...

းဝ)
မကြွားချင်ပဲ ကြွားလိုက်ရတယ်လို့ ဆိုပဲ.......မော်လမြိုင် ရန်ကုန်တစ်ခွင် ပြဲပြဲစင်အောင် ဘော့စနီးယား ဘကြီးဖိုးစိန်နဲ့ ဆွေမျိုးတော်ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းပါ...:) :)
ငါတို့  ဘကြီးဖိုးစိန် အကြွားပြိုင်ပွဲ မှာ ပထမ ရစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒေါ်လာတစ်ဝက် ယူရိုတစ်ဝက် တည်တံခိုင်မြဲ မျှော်နေပါသော်

ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
:P said…
6 ခါတိတိ ပြုံးပြီးဖတ်သွားပါတယ်... သထိန်းကြီးရေ
(အကြွားသထိန်း)
စည်သူ said…
ဟုတ်တယ် ကိုဖိုးစိန်ရေ..

ဆယ်ဘီးကးရှစ်စီးပိုင်တာတွေ
နိုင်ငံခြးဘဏ် အတော်များများမှာ ငွေစုထားတာတွေ
မော်လမြိုင် ရန်ကုန် ကုန်သွယ်မှု လုပ်ငန်းတွေ..

ဘိုးဘွား အမွေအနှစ်တွေ..
ညီကိုမောင်နှမ တစ်ယောက်စီကို အိမ်တစ်လုံးစီ ပေးထားတာတွေ..

ဒါတွေကို ဘာလို့ ပြောရမှာလဲဗျ..
ဟုတ်တယ်.. မပြောနဲ့ဗျ..
မပြောဖို့ အပြည့်အဝ ထောက်ခ့တယ်ဗျာ..
Vista said…
အကြွားတော်ထှာ ဘယ်လိုတော်မှန်းမသိဘူး
kiki said…
ကြွားစိန်လေး ရဲ့  မကြွားတတ်တာကို
ဝင့်ကြွားစွာ နဲ့  ဖတ်လိုက်တာ ...
ကြွားရမှာတောင် ကျွတ်သွားတယ် ...
ဘီလ်ဂိတ် က မှာလိုက်တယ်.. ပိုက်ပိုက်ချေး ပေးလိုက်ပါအုံးတဲ့  ....လယ်သထိန်းဂျီး ရေ ...
ပြုံးသွားပါတယ်ရှင်။ ကြွားနိုင်တဲ့သူတွေ ကြွားကြပါ =)
ကြွားနိုင်သူများကျတော့
ကြွားနိုင်ပါပေတယ်
အလွမ်းဇာတ်ခင်းတာလည်း
ခင်းတာပေါ့
ပျော်ပျော်သာနေပါ ကိုကိုစိန် ရယ်
ဟုတ်ပီလား

ခင်တဲ့
ညီဝသန်
Anonymous said…
16 . :D
နေရာဦးသွားတယ်ဖိုးစိန်ရေ. ယူရို ၁၀၀တော့
မျပ်ခုံးလှုတ်နေလောက်ပြီ။
yangonthar said…
တစ်ချက်မဟုတ်ဘူး အစ်ကိုရေ အချက် သုံးဆယ် လောက်ပြုံးသွားပါတယ် ..... ပါးပါးလေးနဲ့  ကြွားသွားတာလေးက အင်မတန် ကောင်းတယ်ဗျ ..... :)))) ပြုံးပြုံးကြီးနဲ့  မန့်  သွားတယ်အစ်ကိုရေ .... ဆက်လက်အောင် ပွဲ ဆင်နိုင်ပါစေ ..... :))))
လေးစားလျှက်
ညီငယ် ရန်ကုန်သား
Yu Ya said…
ကိုဖိုးစိန်ရေ.. ပြုံးရုံတင်မကဘူး ရီရတယ်ဗျ.. ကောင်းတယ်ဗျာ..

yu ya
တယ်လည်း အကြွားသန်..
မကြွား မကြွားနဲ့ ကြွားလိုက်တာကလည်း လွန်ရော..
မလွယ်ရေးချ မလွယ်..
မနိုင်ရေးချ မနိုင်...

(း ပြုံးရွှင်စွာ ဖတ်တော်မူလိုက်တယ်..း)

ချစ်ခင်စွာဖြင့်

ဦးနော်၊ တီငယ်
PAUK said…
နားမလည်ဘူး..
မမ အိမ်မှာ အော်နေတာတွေ့လို့ လာဖတ်တယ်ဟေးး..
ထုပ်ဝေသူရော..ကြွားတာရော..
အချိန်မရှိတာရော..
ယူရို ၁၀၀ ရော..
ဖုန်းပိတ်တာရော..
စုံစေ့နေတာပဲ..
သုဒြေ္န said…
မကြွားတတ်တဲ့  ဖိုးစိန်ကြောင့် ခက်ပြီ တကယ်တော့  ဖိုးစိန်ကသူ့ အခက်ခဲတွေ ကို သူချစ်တဲ့ စာဖတ်သူတွေသိအောင် ရေးပြတာ ဖြစ်ပါလိမ့် မယ် သူကနဲနဲလေးတောင်ကြွားချင်ပုံမရပါဘူး ဒါကြောင့်  သူ့ ရဲ့ ခေါင်းစဉ်မှာတောင် တောင်းတောင်းပန်ပန်နဲ့  ကျနော်မကြွားချင်ပါ လို့ ရေးထားတာပေါ့  ရီရတယ်ဟေးးးးးးးးးးးးးးး မကြွားချင်လို့ တော်သေးတယ် ကြွားချင်ရင်တော့  မလွယ်ဘူးနော် သူ့ အကြွားတွေ ကွန်ပူတာနဲ့ တောင်ဆန့် မှာမဟုတ်ဘူး ညီလေးကိုချစ်တဲ့ ကိုကြီး သုဒြေ္န
haha
ငါ့အကိုက မကြွားတတ်ဘူးပဲ
ကောင်းဒယ် ကောင်းဒယ် :P
နေကောင်း ပျော်ရွှင်ပါစေနော် ..း))))))))))
အေးလဟယ်... မသိတဲ့လူတွေက ကြွားတယ်ထင်ဦးမယ်... ခက်တာပဲ နော့... ? :P
JuneOne said…
အယ် စဖတ်ခါစက ကြွားတယ်တောင် မထငိမိဘူး။
တကယ်မှတ်နေတာ။
Anonymous said…
ဟဲဟဲဟဲ.... ကိုယ့်စကား ကိုယ်မှတ်ထားနော်...
Mogok Thar said…
အင်းးး
စလုံးလာတုန်း သထေးမင်းကို နှိပ်စက်ဖို့ လူစုထားအုံးမှ။ ယာဉ်ပျံ စီးလုံး ငှားပီး ဒီက ဘလော့ဂါ ညီအကို မောင်နှမတွေကို ကမ္ဘာအနှံ့ စားရိတ်ငြိမ်း လိုက်ပို့ ခိုင်းလိုက်မယ်။ လိုက်ချင်သူတွေ စာရင်းပေးကြပါဗျို့။

(မပြုံးမရယ်၊ ခပ်တည်တည်နဲ့ တင်းကာ ဖတ်သော်လဲ မကြွားချင်တဲ့ စာတွေ ဖတ်ရင်း မနေနိုင်စွာ ပြုံးမိပါကြောင်း)

ချစ်ခင်လျက်

ကိုမောင်ဟန်
Anonymous said…
ကိုအိမ်နဲ့ ကိုမိုးကုတ်သားတော့
ကြိမ်းဝါးသွားပီ
စလုံးရောက်ရင်တော့
ဟီးးးးးးးး
ဆက်ပြောတော့ဘူး
ပြန်ပြီ


ဝသန်
mae said…
အော်.. အဲ့လောက် ချမ်းသာမှန်း အစက မသိလို့၊ euro ၁၀၀၀၀ လောက် မစပါလား?.. ၁၀၀ က လက်ဖက်ရည်ဖိုးဆို ၁၀၀၀၀ လောက်က တစ်ပါတ်သုံးဈေးစရိတ်လောက်နေမှာပါ၊

bank account နံပါတ်ကို email ထဲ ပို့လိုက်မယ်၊
Anonymous said…
ကြွားစေ... ကြွားစေ ကြွားချင်သူတွေ
မျောက်အုန်းသီး ပေးကိုင်လိုက်တာကိုး
သန်သန် ဘာဖြစ်နေတာတုန်း နေရာတကာနော် ပြေားချင်တော့ဖူးဂယ်ပဲသိလား
ဦးလူထွေးကြီး ကလေးလိုလို ဘာလိုလို စေားသေးတယ် ပြန်ဖို့ ပြေားပါတယ်
ဒါကြောင့်နေခဲ့ သန်သ်န ဒီမှာပဲထိုင်စောင့်နေတာလားမသိဖူး
နေခဲ့ကြတော့ သွားပြီတ့ာတာ
khin oo may said…
ကိုကိုကြွားဆီလာလည်တယ်
အကိုစိန်ရေ.. ကြွားချက်ကတော့ လက်လန်ရုံ မကလို့ ခြေပါခွင်သွားပြီ။ ဖတ်ရင်းနဲ့ ရယ်နေရတာလည်း အကြိမ်ပေါင်းမနည်းဘူး..။ ကျိန်းသေတယ်.. ပထမမှ ပထမ....ယူရို ၁၀၀ လေးတော့ အိတ်ထဲကနေ ခုန်စွခုန်စွ ဖြစ်နေလောက်ပြီ...။ အကိုကြီး ယနေ့မှ စ၍ ယခုထက်ပို ကြွားနိုင်ပါစေကြောင်း... အကြွားပထမ ဖိုးစိန်က ဖြစ်ပါစေကြောင်း...
chitpalone said…
ကိုလူထွေးကြီးကလည်း လက်သီးလက်မောင်းတန်းပီး ရယ်၇တယ်။ ကြွားနိုင်သူတွေ ကြွားကြပါဗျာ။
ခင်မင်လျှက်
ညီမလေး ပါးလုံး
(ပထမရပါစေဗျာ။ ဆုတောင်းပေးခဲ့တယ်နော်။ ရရင် ဂျယ်လီဝယ်ကျွေးနော် ကိုကြီးဖိုးစိန် အဟိ အခုတည်းက ကပ်ထားတာ။ ဆယ်ဘီးကားကြီးကိုးစီးတောင်ဆိုတော့ ယူရိုတရာက မနက်လက်ဘက်ရည်ဖိုးတောင်မရှိဘူးတဲ့။ တကယ်အူတက်ရပါတယ်။ ပထမရမှာပါ မမေ့နဲ့နော်ဂျယ်လီ အဟိ)
Angel Shaper said…
အယ် ပါးလုံးကို ဂျယ်လီဝယ်ကျွေးရင် သမီးကိုလဲ ရေခဲမုန့် ၀ယ်ကျွေးရမယ်လေ။ ဒါပဲနော်။
ကိုကြီးစိန်ရေ.... အားရပါးရ ရယ်သွားတယ်ဗျာ။
အကို့ ကို ဓားပြတိုက်ဖို့ လူစု လိုက်ဦးမယ်။ ဟိဟိ
မကြွားတတ်ဘူးနော်။ ဟိဟိ
သေချာပြီ အကြွားဆရာ မောင်ဖိုးစိန် ပထမဆုး)
မရပါ.........း) တော်တော်လေး မကြွားတတ်လို့ပဲး) မပြောချင်ဘူး


အစစအရာရာ အဆင်ပြေပါစေ..


လေးစားလျက်
တောင်ပေါ်သား
သူမကြွားချင်တာကို ဇွတ်မကြွားခိုင်းကြနဲ့လေ..။ငါ့ဆရာကိုများ..။

ဒီတစ်ခါ ရုပ်ချောတာ ထည့်ကြွားဖို့မေ့သွားတယ်ထင်တယ်နော်..ခွိခွိ
sweetpeony said…
ကိုကြီးစိန်တို့ကတော့...........
မနိုင်ပါဘူးးးးး
ဘယ်လိုမှ မယှဉ်နိုင်ပါဘူးးးးးးးးးးး
း)))
မင်းသား ကြွားစိန်..ဇတ်အဖွဲ့ကြည့်ပြီး..
အိပ်ချင်ပြေသွားတယ်
မှန်တယ်.. လုံးဝမကြွားနဲ့  သိလား ဖိုးစိန်..
ပြည့်တဲ့ အိုးဆိုတာ က ဘောင်ဘင်မခတ်ဘူး...မီးချစ် ဆိုလဲ ဖိုးစိန် လာလည်ရင် လိုက်ပို့ ဖို့  ဟယ်ရီကော်ပတာ တစီး ရယ် ... ဟိုနားဒီနား ပေးစီးဖို့  မာစီဒီး နောက်ဆုံးပေါ်တစီးရယ်.. ဖိုးစိန်ကို လာရင် ပေးနေဖို့  သုံးထပ်လုံးချင်အိမ်တလုံးရယ် စကာင်္ပူမှာ ဝယ်ထားတာ ဘယ်သူ့ မှ ပြောဘူး သိလား..း))
အိမ်တွေဝယ်... ကားတွေဝယ်ဖို့ထုတ်ပေးထားတဲ့ ပိုက်ဆံတွေလာပေးဦးလေ.... ပထမဆုံးစာအုပ်ကို ထုတ်ပေးထားတဲ့ ကျေးဇူးလည်း ဆပ်ဖို့မေ့မနေ့နဲ့ဦး
ksanchaung said…
အေးဗျာ။ အရှိကို အရှိအတိုင်း ပြောတော့လည်း ကြွားတယ် ထင်ကြဦးမယ်။ ကျွန်တော်လည်း ခင်ဗျားလိုပဲဗျ။ ဟဲဟဲဟဲ။
Julian said…
မောင်ဖိုးစိန်

ဘာလို့ချမ်းသာသမျှအကုန်မပြောဘဲ အနားသတ်ကလေးဘဲပြောရတာလဲ......
အော် ဟုတ်ဘီ မကြွားချင်လို့ကိုး......
အင်း စကာင်္ပူကိုလာဘို့ နည်းနည်းစဥ်းစားရမယ်
ဖိုးစိန်ရဲ့ချမ်းသာမှုဝဲဂယက်ကြီးမှာ အမတို့ယက်ကန်ယက်ကန်ဖြစ်နေမှာစိုးတာပါ

မဂျူ
မငုံ said…
ကိုဖိုးစိန်. မငုံကြွားဖို့ ချန်ဦးလေ။ :)
တာရာ said…
ကိုကြီးစိန် ပိုစ့်ဖတ်ပြီး ဘာမှကိုမပြောနိုင်တော့ဘူး ..လေးစားလွန်းလို့..ဟီးဟီး .ရန်ကုန်သားအကြွားလို့ပြောတဲ့စကားပြန်ပြင်ရမလိုဖြစ်နေပြီ..မော်လမြိုင်သားအကြွားလို့လေ..:D :P
အိန္ဒြာ said…
အောင်မယ်လေးရယ်တဲ့မှမင်းးးး

ပြောမပြောချင်တော့ပါဘူး..ဖိုးစိန်ရယ်....

ရေးပဲရေးတတ်နိုင်လွန်းတယ်.....
emayarKhin said…
ကြွားချက်က..လန်ထွက်နေတယ်...
မရောက်တာကြာလို့ဗျာ။ ကျွန်တော်လဲ ခင်ဗျားလိုပဲ စာရေးရမှာ လမိုင်းမကပ်ဘူးဖြစ်နေတယ်။
မကြွားချင်တာပဲကောင်းပါတယ် ကြွားစိန်ရယ်၊
အဲ..ဖိုးစိန်ရယ်၊ အဲဒါတွေရှိကြောင်းဘယ်သူကိုမှမကြွားမိ စေနဲ့ နော် သတိပေးထားမယ်။း))

Popular Posts