စိတ်ထဲရှိတာက

ခုတလော ဖိုးစိန် ငြိမ်နေတယ်… အွန်လိုင်းမှာလဲ ပျောက်နေတယ်… စိတ်ပူတဲ့ ညီတွေ အကိုတွေ အမတွေ ရှိတယ်… မေးလ်ပို့ကြတယ်… အားပေးကြတယ်… နေကောင်းလား… ခေါင်းကိုက်သေးလား အလုပ်အဆင်ပြေလားပေါ့…

တကယ်တော့ နေကောင်းသလိုပါ… စိတ်က မကောင်းတကောင်း... ရူးကြောင်ကြောင်ပေါ့... အလုပ်တွေ တအားလုပ်နေရတာကြောင့် ဘလော့ထဲကို မဝင်ဖြစ်တာရယ်… အွန်လိုင်းပေါ်မတက်ဖြစ်တာရယ် ကြောင့်ပါ… စာရေးချင်ပါတယ်… စာတွေလဲ ရေးပါတယ်… အဆုံးမသတ်နိုင်တာ ခက်တာပါ… စာရေးရင်း တခြားအကြောင်း စဉ်းစားလိုက်ရင် ရေးလက်စ တပိုင်းတစက ပျောက်သွားတယ်… ဆက်ရေးလို့ မရတော့ပြန်ဘူး… ရေးလိုက်… ဖတ်လိုက်… စိတ်ပျက်သွားလိုက်နဲ့ ရေးနေတဲ့ ရေးလက်စတွေ တသီတသန်းကြီးပါ… ကျနော်ကိုယ်တိုင် ရေးတဲ့စာကို ကျနော် မကြိုက်တဲ့နောက်တော့… အားလုံးလဲ သိကြလောက်ရောပေါ့လေ… ဖိုးစိန်ကလောင်စွမ်း ထက်တယ်ဆိုတာ…

နောက်တစ်ခုက အားနာစရာ… ခုနောက်ပိုင်း ဘလော့လည်ပြီး ကော့မန့် မပေးဖြစ်ဘူး… မပေးချင်တာမဟုတ်ပါဘူး… မပေးဖြစ်တာပါ… ဒါပေမယ့် ဖိုးစိန်ဆီလာပြီး ကော့မန့်တွေ ချခဲ့တာ မြင်ရင် မျက်ရည်ကျမတတ် ဝမ်းသာမိပါတယ်…“ သြော် ငါ့ကိုနားလည်ကြသား”ဆိုပြီး ဝမ်းသာတာပါ….

ကျနော် ပျောက်ရင်းနဲ့ တင်ဖြစ်တဲ့ပိုစ့်တွေကို လာဖတ်ကြတဲ့ ညီအကို မောင်နှမတွေကိုပါ… ဘလော့ လောက ကို ကျီးနဲ့ဘုတ်လို့ ပြောကြတယ် မဟုတ်လား... ခု ကျနော်က ကျီးမဲ ကျီးအ လို့ သဘောထား… ဘုတ် လို့ ခေါ်ဆိုတဲ့ ညီအကိုမောင်နှမ တွေက ကျီးမဲ ဘာဖြစ်နေ ဘာလုပ်နေလဲဆိုတာ စိုးရိမ်စိတ် မေတ္တာစိတ်တွေနဲ့ အမြဲတမ်း ကြည့်ရှု့နေတယ်လို့ခံစားရတယ်… ဒါကြောင့် ကျီးနဲ့ ဘုတ်လို့ အပြောခံရ ရင်တောင် မေတ္တာစေတနာရတဲ့ အတွက် ဝမ်းသာပါတယ်… ဘာဖြစ်ဖြစ် ကျနော်လာလာ မလာလာ ကျနော်စာတွေကို အစဉ်လာဖတ်ပေးတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူးတင်ကြောင်းနဲ့ လေးစားခင်မင် အားကျကြောင်းပြောချင်ပါတယ်…

နောက်တစ်ခုက ကျနော်စာရေးမကောင်းပါဘူး… ရေးလိုက်တဲ့စာကို ဖတ်လိုက်ရင်လဲ ကျနော် ရခဲ့တဲ့ မိသားစု နဲ့ ကျနော်ကျင်လည်ခဲ့ရတဲ့ အကြောင်းတွေကို အမှတ်တရ ပုံပြောပြ သလိုပြန်ရေးမိတာပါ… ဒါပေမယ့် စာထဲမှာ တစ်ခုခုကို ရစေချင်တဲ့ စေတနာတော့ပါပါတယ်… ကျနော့်ကိုနားလည်တယ်… ခံစားပေးတယ်… ကျနော် မျက်ရည်ကျရင် အားပေးတယ်… ကျနော် ဝမ်းသာရင် ပြုံးကြတယ်… ပျော်ကြတယ်… အဲဒီအရသာကို ကျနော်နှစ်သက်ပါတယ်..

တကယ်ဆိုရင် ကျနော် မိသားစုနဲ့ ဝေးတဲ့ နေရာမှာ တစ်ယောက်တည်း ရပ်တည်နေရတာပါ… ညီအကိုတွေ မောင်နှမတွေကို ဒီဘလော့ပေါ်ကနေရတော့ ဒီဘလော့လေးကို အရမ်း ချစ်ပါတယ်… ဒီဘလော့လေးကြောင့် ကျနော့်ကို နားလည်နိုင်မယ့် မောင်နှမတွေ အများကြီးရတာပါလို့ တွေးတိုင်း မျက်ရည်လည်ရပါတယ်… ဒါကြောင့် ဘလော့ပေါ်က ညီအကို ညီမ အမတွေကို လေးစားချစ်ခင်ရပါတယ်…

နောက်တစ်ခုက ကျနော် ဒီဇင်ဘာကို စကာင်္ပူ သွားလည်မယ်… အဲဒီအတွက် အလုပ်ပိုလုပ်မိတာကြောင့် အွန်လိုင်းမတက်ဖြစ်တာလဲ ပါတယ်… တက်လာရင် လဲ ကိုဖိုးစိန် လာရင် လာကြိုမှာ… ဖိုးစိန်လာရင် ဘယ်သွားမှာ… ဖိုးစိန် လာရင် ဘာလုပ်မှာ… စသဖြင့် အကိုတွေ အမတွေ ညီ ညီမတွေ သူငယ်ချင်းတွေက ပြောကျတဲ့အတွက် ဖိုးစိန် အရမ်းပျော်ရပါတယ်… အရမ်းလဲ လာချင်တွေ့ချင်ပါတယ်… အကြောင်းသိတဲ့သူတွေက သိတယ်… ခုဆိုရင် အထုပ်အပိုးပြင်ပြီးလို့ လေဆိပ်ဆင်းမယ့် ရက်ကို စောင့်နေရတယ်ဆိုတာကိုပေါ့ … ငါးနှစ်ရှိခဲ့ပြီး… အပျော်ဆိုတာ အဝေးဆုံးမှာ… အခုတော့ ကျနော် ခင်တွယ်မိတဲ့ အကိုတွေ အမတွေ ညီ ညီမ သူငယ်ချင်းတွေနဲ့ ဆုံရမယ့် နေရာကိုလာ ရမယ်ဆိုတော့ အရမ်းကို ဝမ်းသာနေမိတယ်… ည ညဆို အိပ်မပျော်ဘူး… မိုးလင်းတိုင်း လုပ်မိတာ ပြက္ခဒိန် စာရွက်ကို ဆွဲဆုတ်ပြစ်လိုက်တာပဲလေ… ကျနော် စကာင်္ပူရောက်ရင်သာ ကျနော်နဲ့ အွန်လိုင်းမှာ ခင်တဲ့သူတွေရော မခင်တဲ့သူတွေရော အားလုံးကို ရင်းရင်းနှီးနှီးတွေ့ချင်ပါတယ်… ငါးပတ်နေမယ် ဆုံးဖြတ်ထားပါတယ်… အဲဒီအတွက် ပြင်ဆင်နေရလို့ အိပ်မပျော် စားမဝင် ဘလော့ မရေးနိုင်ရခြင်း အကြောင်းတွေ ပါဝင်ပါတယ်… ကျနော် ဒီဇင်ဘာ(၄)ရက် သော ကြာနေ့ ည လေယာဉ်နဲ့ရောက်မှာပါ… ကြိုပြောထားတာ… ရှောင်ပြေးမယ့် သူတွေ လွတ်အောင်လို့ပေါ့… ညီလေး ဝသန်နဲ့ ကိုအိမ်နဲ့ကိုလဲ စကာင်္ပူ မှာ မူးကြဖို့ ချိန်းထားပြီးပါပြီး... လောလောဆယ်လိုနေတာက ငါးပတ်အတွင်း ထမင်းကျွေးမယ် အလှူ့ဒါယိကာ ဒါယိကာမ တွေပါ… ကော့မန့်မှာ စေတနာတရားထက်သန်စွာ စာရင်းပေးသွားနိုင်ပါတယ်…း)))

ဘာဖြစ်ဖြစ် ခုကတည်းက ကျနော်ဆုတောင်းမိတာက အပျော်တွေနဲ့ပဲတွေ့ပါစေလို့… ခုကတည်းက စကားနဲ့ အပျော်တွေပေးတဲ့ ညီအကိုတွေ အမ ညီမတွေ ကိုကျေးဇူးတင်ပါတယ်… ခုကတည်းက စားမဝင် အိပ်မပျော်နဲ့ အပျော်လုံးဆို့နေတာ စာမရေးနိုင်ဘူး ဖြစ်နေတယ်… ဒါပေမယ့် ပိုစ့်တစ်ခု ရေးထားပါတယ်… တက်ဂ်ပို့ စ်ပါ… ကျနော်သိသိမသိသိ တက်ဂ်ပါမယ်… များသောအားဖြင့် စကာင်္ပူ တနိုင်ငံလုံးက ဘလော့ဂါတွေကို တက်ဂ်ပါမယ်…
အခုတစ်လော ဘလော့တွေ ခြောက်သွေ့နေပြီး… အရင်လို စလိုက်နောက်လိုက် ပျော်စရာမကောင်းသလိုပဲ… အဲဒါကြောင့်လည်း အိမ်တအိမ်သွားလည်ရင် မမန့်ဖြစ် ကော့မန့်မပေးဖြစ်တော့ဘူး… ဒီစိတ်ကူးလေးနဲ့ ဘလော့ဂါမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် ပျော်စရာ နောက်စရာတွေ ရအောင် တက်ဂ်ပိုစ့်လေးတစ်ခုနဲ့ ပျော်စေချင်ပါတယ်… လာပါတော့မယ်… စောင့်ပါ… ဖိုးစိန်အားရင် အကုန်လုံးကို ပတ်ပြီးတက်ဂ်ပါမယ်…

နောက်တစ်ခုပြောချင်ပါတယ်…
ဒီလက ကျနော်ချစ်တဲ့ သူငယ်ချင်းတွေရော… ကျနော်ချစ်တဲ့ ဘလော့ဂါမောင်နှမတွေ တော်တော်များများမွေးတဲ့လပါ…
လစကတည်းက ကျနော်ချစ်သူငယ်ချင်းမွေးနေ့ကနေ ညီလေးအရဲ ခုမွေးနေ့ ရောက်တော့မယ့် ချစ်ပေါ်ပေါ် (တောင်ပေါ်သား)၊ မရောင်၊ မေလေး၊ မယ်ကိုး၊ သံလွင်ဟီးရိုး ၊ တလနွန် စတဲ့ ကျနော်ချစ်တဲ့ ခင်တဲ့သူတွေရဲ့မွေးလဖြစ်နေတဲ့ဆိုတော့ အားလုံးအတွက် ပျော်စရာကောင်းသော မွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းရင်း ကျနော်ရေးချင်တာ ပြောချင်တာများကို ချရေးလိုက်ပါတယ်….

နားလည်ကျမယ့် ညီအကိုမောင်နှမတွေလဲ ပြောချင်တာများကို ပြစ်ပြစ်နှစ်နှစ်ပြောခဲ့ကြပါ…

ကျေးဇူးတသက်မမေ့ပါဘူး… စကာင်္ပူလာရင်လဲ ကျွေးမွေးပြုစုတာခံချင်ပါတယ်လို့ အားမနာတမ်း မရှက်တမ်း ဝန်ခံရင်း …..

ဖိုးစိန်တစ်ယောက် ခုလက်ရှိအခြေအနေများကို တင်ပြအပ်ပါတယ်ခင်ဗျားးးးးးး

ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေခင်ဗျားးး

ခုချိန်သတင်းများကို ကြေငြာလို့ ပြီးပါပြီး… ကြော်ငြာ ဝင်သူများ ဝင်နိုင်ပြီး ဖြစ်ပါကြောင်း တင်ပြရင်းး သတင်းများ ဤတွင် ပြီးဆုံးပါပီး….


နောက်တင်မယ့် ပိုစ့်လေးကို အမြည်းလေးပေးမယ်နော်... မကြိုက်ရင် မရေးဘူး... ပြတ်ပြတ်ပဲ... ဟဲဟဲ...

ဖိုးစိန်တို့နောက်ဖေးက ခြံက ဘေးခြံနဲ့ ကပ်ရက် သရက်ပင်တစ်ပင်ရှိတယ်… မချစ်စုသရက်… အလုံးကြီး ပြီး အရမ်းချိုတယ်… သရက်သီး သီးချိန်ဆို သရက်ကိုင်းတွေက ဖိုးစိန်တို့ ခြံဘက် ကိုထိုးကျနေပြီး ဖိုးစိန်တို့ ခြံက မာလကာသီးပင်ပေါ်က ခူးစားရင်ရတယ်… သရက်သီးသီးချိန်ဆို ဖိုးစိန်တို့ မောင်နှမသုံးယောက် မနေနိုင်ဘူး… ခိုးစားချင်တယ်… အဲဒီအခါကျရင် အိမ်က လူကြီးတွေ မသိအောင် ခြံထဲဆင်းရင်း မာလကာပင်ပေါ်တက်ပြီး အငယ်ကောင်က ခူးတယ်… ညီမက လူရိပ်လူခြေစောင့်တယ်… ဖိုးစိန်က အပင်အောက်ကနေ ဟိုအလုံး ဒီအလုံး ညွှန်ပြီး ခြွေချသမျှကို လိုက်ကောက်တယ်… ပြီးရင် မောင်နှမသုံးယောက် ခိုးစားကြတယ်… တနေ့ ခိုးစားနေတာကို ဖိုးစိန်အမေက လက်ပူလက်ကျပ်မိတော့ ဖိုးစိန်အဖေကိုတိုင်တယ်…
ညနေကျတော့ ဖိုးစိန်တို့ မောင်နှမသုံးယောက် “နောက်တစ်ခါ သားတို့ မခိုးတော့ပါ” လို့ အဖေရေးပေးတဲ့ စာတန်းလေးကို လည်ပင်းမှာဆွဲလို့ ဘေးအိမ်က အိမ်ရှေ့မှာ စာသားအတိုင်း အသံကျယ်ကျယ်နဲ့ အခါ ငါးဆယ်ပြည့်အောင် အော်ခိုင်းတယ်… အဲဒီတုန်းက ရှက်ရမှန်းမသိဘူး… အောက်ဆင်းရလို့တောင်ပျော်နေခဲ့သေးတယ်… မောင်နှမသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ပြုံးစိစိနဲ့ အငယ်ကောင်ကစပြီ နောက်တစ်ခါလို့ အော်ရင် ဖိုးစိန် က သားတို့တွေ အငယ်မက သရက်သီးကို မခိုးစားတော့ပါဘူးရှင့် လို့အော် ပြီးရင် ရယ်လိုက်နဲ့ အကြိမ်ငါးဆယ် အော်ရင်း....

အင်း... မဖတ်ချင်လောက်ပါဘူးလေ... ကျနော်က စာရေးမှမကောင်းတာလေနော်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်(မျောက်မျောက်)

Comments

chit palone said…
အယ် ဒီမှာလည်း တစ်ပဲကွ ကိုဖိုးစိန်ဆီမှာ တစ်ရဖို့က လွယ်တာမဟုတ်ဘူး အိပ်ချင်မူးတူးနဲ့ ရပြန်ပဟ တစ် အဟိ။ ဖတ်ပြီးမှ မန့်တော့မယ် အဟဲ
ခင်မင်လျှက်
ညီမလေး ပါးလုံး
chit palone said…
ကိုကြီးဖိုးစိန်ရေ ညီမလေး ရတော့ဘူး မနက်ကျောင်းသွားရမယ်ဆိုတော့ နှစ်ပါယူပီး ပြန်ပီနော် ကျောင်းကပြန်လာမှ ဖတ်ပြီး မန့်တော့မယ်။ ကိုမြစ်ဆိမှာဝက်ရဲ့ ဘူသိုင်းမိထားလို့ မူးနေတယ် အဟိ။ မနက် အဆိပ်ဖြေပီးမှ ပြန်လာတော့မယ်နော် အဟင့်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
'သုံး' ပါခင်ဗျာ...

ပါးလုံးလေးလိုပဲ မနက်ဖြန်မှ ဖတ်တော့မယ်...

အိပ်ပြီ...

ဖိုးစိန်ကို အသေချစ် အရှင်ချစ် အပြတ်အသတ်ချစ် လှပ်လှပ်လှပ်လှပ် ချစ်ရပါတဲ့

ချစ်ကိုကြီး
ကိုလူထွေး
Unknown said…
အသစ်တင်တိုင်းတော.လာဖတ်ဖြစ်တယ်မရေးတက်တာနဲ.ဘာမှမရေးဘဲတိတ်တိတ်လေးပြန်သွားတာ။မှန်တာပြောရရင်လာတိုင်းအသစ်ရေးထားတာမတွေ.တောသိပ်မရောက်ြဖစ်တော.တာအရင်ဆိုနေ.တိုင်းဒါမှမဟုတ်တစ်ရက်ခြားလောက်မှန်မှန်ရောက်တယ်တကယ်တော.အလုပ်တဖက်နဲ.စာရေးရတာဆိုတော.မလွယ်ကြဘူးပေါ.။မအားတဲ.ကြားကရေးနေတဲ.အတွက်အမတို.လိုစာဖတ်သူတွေကကျေးဇူးတင်ပါတယ်။တခြားစာရေးသူတွေကိုလဲအမြဲအားပေးနေတယ်၊ကျေဇူးတင်ပါတယ်လို.။စာတွေဖတ်ြပီးတခါတလေစာရေးချင်လာတယ်(bloggerတွေဘယ်လောက်တော်လဲလို.စာလာဖတ်တဲ.သူတောင်စာရေးချင်စိတ်ပေါက်လာတယ်)
ဖြူတုတ် လာလာဖတ်နေတာတော့ကြာနေပြီ။ ဖတ်တိုင်း မမန့်ဖြစ်လို့သာ။ ကိုဖိုးစိန်က စာရေးတော်တော်ကောင်းတယ်။ အားပေးလျှက်...
မွေးနေ့ဆုတောင်းပေးတဲ့အတွက် အထူးအထူးကျေးဇူးပါ။
အလုပ်တွေ အများကြီးလုပ်နေရတယ်ဆိုလို့ စိတ်မကောင်းဘူး။
ဒါပေမယ့် စိုတဲ့လက် မခြောက်စေချင်လို့ စလုံးမလာဖို့ အကြံပေးချင်ပါတယ် ။
(ဈေးအပေါဆုံး ရေခဲမုန့်ပဲ ဝယ်ကျွေးမည် ဖြစ်ပါသဖြင့် :P )

နောက်တင်မယ့် ပိုစ်လေးက ချစ်စရာလေး။ပြုံးရတယ်။ဆက်ရေးပေးပါ။

ခင်မင်စွာဖြင့်...
Angel Shaper said…
အားးးးးးပါးးးးးးးးးးးးးး
ဒီဇင်ဘာ စလုံးလည်မယ်ပေါ့ အားကျလိုက်တာဗျာာာာာ
မွေးနေ့ကျတဲ့ သူငယ်ချင်းအကို အမ များအားလုံးကို ကိုဖိုးစိန်နဲ့ ထပ်တူ ဆုမွန်ချွေပေးလိုက်ပါတယ်။ အားလုံးပဲ ဒီမွေးနေ့မှ နောင်နှစ်များတိုင် အောင်မြင်ပျော်ရွှင်ပါစေလို့ ။
နောက်တင်မဲ့ သရက်သီး ဇာတ်လမ်းလေးလဲ စိတ်ဝင်စားတယ်။ ဟိဟိ စောင့်မျှော်နေပါတယ်။
မြန်မြန်တော့တင်ပေါ့ဗျာ။ တစ်တော့ပေးနော်။ အဟီးးးး
ကျန်းမာရေးတော့ ဂရုစိုက်ပါအကိုရေ...
ကျန်းမာပျော်ရွှင်ပါစေဗျာ။။။
Anonymous said…
အေးပေါ့ဗျာ ...မီလျံနာတွေဆိုတော့ စလုံး သွားလည်ရတာနဲ့ ဆလိမ်ကိုသွားလည်ရတာနဲ့ ဟုတ်နေတာပဲ.... အဖေဗိုလ်ချုပ်၊ အမေမိုးကုတ်သူ ဆိုတော့လဲ ပိုက်ဆံကိုရေလို သုံးနိုင်တာ မဆန်းပါဘူးဗျာ..။ ကျနော်တော့ မသေချာဘူး စလုံးကိုလာဖို့ ပိုက်ဆံက မရှိဘူးဆရာရေ.....။
မ said…
မအိပ်ပြန်ဘူးလား .. မျက်တွင်းဟောက်ပက်နဲ့ ဆို မလှပါဘူး. များများအိပ် များများစား. လိမ္မာတယ်

စင်္ကာပူရောက်ရင် တွေ့မယ်.. သီတင်းကျွတ်ကန်တော့တာအတွက် မုန့်ဖိုးပေးမယ်.. မလှရင် မုန့်ဖိုးမပေးဘူး

(မျက်နှာတောင်မသစ်ရသေးဘူး.. လာတယ်နော်)
Anonymous said…
ကဲ အပေါ်က...မ..ကပြေားသွားတဲ့အတိုင်းပဲနော်
မအိပ်ရင်မလှဖူးတဲ့
လှအောင်အိပ်လိုက်အုံးသိလား
တ့ာတာ


ကျဲကျဲ
စိန်လေးရေ ကိုယ်ကတော့ ရှင်းတယ်နော့် စိန်လေးနဲ့ တူတူမလည်ဘူး လျှောက်မပို့ဘူး ဟွန်းးးးးး) ဘာပြောပြော ဘယ်လောက်ချော့ချော့ တောင်ပေါ်သားပဲ လာမပြောနဲ့ လိုက်မပို့ဘူး...

ကျနော့်မွေးနေ့လေးကို အသိအမှတ်ပြုပေးတာ ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်မိပါတယ်။ အစစအရာရာ အဆင်ပြေပါစေ။ စိတ်ကို ပေါ့ပေါ့ထား ညစ်မနေနဲ့ဗျို့ စိန်လာမှ ပေါ်နဲ့ တွေ့မယ် အဟေးဟေးးးး ခုကတည်းက စိတ်ကူးလေးနဲ့ အဟားဟားးးးးးးးးးးး

လေးစားလျက်
တောင်ပေါ်သား
MANORHARY said…
အော် ဒါလည်း အတတ်ပညာတစ်မျိုးပါပဲလား
မှတ်သားသွားပါတယ်။ ..း))
ဒါထက် စကားမစပ် ခုတလောအိပ်နေတယ်ဆို
ဘယ်သူပေးတဲ့အိပ်ဆေးနဲ့အိပ်နေလဲမသိ ...
သိပ်တော့မထူးပါဘူး အိပ်လည်း နဂိုရှိမှာ နဂိုင်းထွက်တာ
နော့ craton ရယ် ..(အမြန်လာထောက်ခံလိမ့်မယ်)
း))
လာပါတယ် ဘကြီးတော်ရာ။ မွေးနေ့  ကြိုဆုတောင်းပေးအတွက်ရော အတိုင်းထက်အလွန်(နောနော်) ဝမ်းသာမိပါတယ်။ တလနွန် ဘေးနားမှာ တူးရီးတော် လို့  မတတ်ပေးတဲ့အတွက် စိတ်ဆိုးတယ်း( စင်ကာပူလာရင် ရှောင်မှာ ။

ငါးပတ်တောင် နေမှာဆိုတော့ ပျော်စရာကြီးရယ်။ စင်ကာပူဘလော့ကာတွေအားလုံးက ကိုဖိုးစိန် ကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပို့ ပေးမှာ :)))))))
စင်ကာပူမှာ ရွှေမျိုးများတယ်ဆိုတော့......

ကဲလာရော့ .......ဒီဇင်ဘာာာာာာာာာာာာာာာာ


ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
မေလေး said…
အော် ပျောက်လှမှတ်တယ် ဂလိုကိုးးး
ဂျီပုန်းလုပ်နေဒယ်ထင်တာ

ဂယ်ကြီးလာမှာပေါ့နော်။ (ခုထဲက အိမ်ကြိုပြောင်းထားတယ် ဘူမှမသိအောင် ဖုန်းနံပါတ်လဲ ပြောင်းလိုက်ပြီ။ အဟီးးးး)
နောက်တာနော်

လာပါ လာပါ တရုတ်စာ ခေါက်ဆွဲကြော်၊ကြာဇံကြော်၊ ကော်ရည်ခေါက်ဆွဲ၊ထမင်းပေါင်း၊ဝက်သားပေါင်း...... စားမလားးးးးးးး
မြန်မာစာ ငါးသလောက်ပေါင်း၊ငါးချဉ်၊ ကြက်သားကာလသမီးချက်၊ ချဉ်ပေါင်ကြော်၊ ဝက်ပုန်းရည်၊မုန့်ဟင်းခါး၊အုန်းနို့်ခေါက်ဆွဲ......စားမလားးးးးးး
ကုလားစာ ချာပါတီ၊ဒံပေါက်........စားမလားးးးးး
စားချင်တာသာပြော
(ကိုယ်ဘာသာဝယ်စားလို့။ အဟီးးးးးးးးး)
အဲလေ ချက်ကျွေးမယ်လို့.

မွေးနေ့ကိုသတိတရ ဆုတောင်းပေးတာကျေးဇူးးးးးးးးးးးးးးး
ဒါနဲ့ ဘူပြောတာတုန်း မွေးနေ့လို့
အင်တာနက်များ မြန်ချက်
kiki said…
အိုးဟိုးးးး ဒါကြောင့် ပျောက်နေတာကိုး လယ်သူထိန်းဖိုးစိန်က ....

အထုတ်အပိုး ပြင်တာကလည်း မစောလွန်းဖူးလားအေ ..လပျံ ဘယ်နှစ်စီးတိုက် သေတ္တာ ဘယ်နှစ်လုံးတောင် ပါမှာလဲ ...တော်သေးတာပေါ့ စလုံးပဲသွားလို့  ....
ကမ္ဘာပတ်ရင်တော့ ခါးပတ်ပါလာမှာ သေချာတယ် .. ဟိဟိ ။
စလုံး က အပြန် ထဆင်ထူး ဝင်လည်လေ ... ဟဲဟဲ ...ယပက်လက် ရောက်ရင်တော့ ဋ္ဋ (ဒရင်ကောက်) ဟင်း ချက်ကျွေးမယ် ......
ခဏလေးနော်
ဘယ်က စပြောရမလဲလို့ အရင်စဉ်းစားလိုက်ဦးမယ်... ပို့စ်တစ်ပုဒ်တည်းမှာ အကြောင်းအရာက အမျိုး ၂၀ လောက်ပါနေတဲ့ အစုံသုတ်လို့ဖြစ်နေတော့ :P
၁။ ခုတလော စိတ်က မကောင်းတကောင်း ရူးကြောင်ကြောင်...
>> ဒါကတော့ မွေးရာပါပဲဟာ သိပ်ပြဿနာမရှိပါဘူးလေ... နော့ :P
၂။ စာတွေရေးတယ် အဆုံးသတ်ခက်နေတယ်... ရေးလက်စ တပိုင်းတစနဲ့ တခြားအကြောင်းစဉ်းစားလိုက်ရင် ဆက်ရေးလို့ မရတော့ပြန်ဘူး..
>> မပူနဲ့ ဒါလည်း ဘ၀တူပဲ...
၃။ ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမတွေကို အသေချစ် အရှင်ချစ် အူယားဖားယားချစ် မယားဒယားချစ် ...
>> အင်း ပြောတာလည်း မင်းပါပဲ... ဟီး စတာ... :P
၎။ စားရေးမကောင်းပါဘူး ကိုယ်ရေးတတ်သလိုလေးရေးတာပါ ... ဘာညာ... ဘာညာ
>>အဲ့လိုတွေ ရေးရေးပြီး ကောမန့်တွေအများကြီးရအောင်ယူတယ်... လူနောက်... :P
၅။ ဘာာာာာာာာာာ......... ဒီဇင်ဘာ စလုံးလာမယ်... ဟုတ်လား... :O
>> အဲ့ဒီအချိန်ထိ စလုံးမှာ ရှိချင်ရင်လည်းရှိမယ်... ဒါမှမဟုတ် ရန်ကုန်မှာ အဖေနဲ့အမေကို ဒုက္ခပြန်ပေးရင်လည်း ပေးရမယ် ဒါတော့ မသေချာသေးဘူးပေါ့နော်... ရှိရင်တော့ prawn mee ၀ယ်ကျွေးမယ်... ဂယ် ပြောတာ... Promise.. :)
၆။ မွေးနေ့ရှိတဲ့လူတွေလည်းအများကြီးပါလား.
>> happy birthday to all of you...
ဖိုးစိန်ပြောတဲ့ ညီလေး အရဲ၊ ပေါ်ပေါ်၊ မရောင်၊ မမေလေး၊ မမယ်ကိုး၊ တလနွန်၊ သံလွင် ...
၇။ သူက အမြည်းတွေ ဘာတွေလုပ်လိုက်သေးတယ်...
>> ကြွားတာလား... သူများခြံထဲမှာဟုတ်ဘူးနော် ... နာတို့အိမ်မှာလည်း မချစ်စု သရက်ပင်ရှိတယ်... ချိုမှချို... အလုံးကလည်း အကြီးကြီး ... သူအသီးသီးရင် ခူးလို့တောင်မနိုင်ဘူး ... တောင်းကြီးနဲ့ လေးငါးတောင်းရတယ်... ပြိုင်မလား ... လာလေ ဆက်ရေးပါ ... ဆက်ရေးလိုက်စမ်းပါ.. ဟင်း ဟင်း ...

ပျော်ပါစေ ကိုဖိုးစိန်ရေ...
စိမ်းလည်း ပျော်လို့ စနောက်သွားတယ်...
ဒီနေ့ နားရက်မို့လို့... :P
ဒကာမတယောက် လာသွားတယ်လို့ မှတ် :P
sweetpeony said…
ကိုကြီးစိန် ပျောက်နေတာ ထုတ်ဝေသူတွေကို ပုန်းနေမှန်း သိပြီးသား....
sweetpeony said…
လယ်ထဲရောက်တိုင်း ရှာပါတယ်
ဟယ် ဖိုးစိန် လာလည်မဲ့ရက်က အမဒီမှာမရှိဘူး အမကဒီဇင်ဘာ၂၆မှ ဒီကိုပြန်ရောက်မှာ ဖိုးစိန်ကိုတွေ့ချင်ပါသေးတယ် တွေ့ခွင့်ကြုံရင်ပေါ့
chit palone said…
ဟား နောက်ပို့စ် မြန်မြန်တင်ဗျာ ရယ်ရတယ် သေအောင် နောက်တခါ သားတို့တွေ သရက်သီးကို မခိုးစားတော့ပါဘူးရှင့်တဲ့ အဟိ ကတိတည်တယ်နော် ကျောင်းကပြန်ရောက်တာ အဝတ်အစားမလည်းပဲ စာထိုင်ဖတ်နေတာ ရယ်ရတယ် ခရီးစဉ်ပျော်ရွှင်အစဉ်ပြေပါစေဗျာ
ခင်မင်လျှက်
ညီမလေး ပါးလုံး
Ree Noe Mann said…
သယ်ရင်းရယ်

စိတ်ထဲ ရှိတာလေးပြောလိုက်ရတော့ ပေါ့သွားတယ်ဟုတ်။

ကိုယ်လည်း ဘယ်မှကို ကောင်းကောင်း မရောက်ဖြစ်ဘူးလေ။

သယ်ရင်းကို လာကြိုမယ် စင်ကာပူလေဆိပ်မှာ။
ဘယ်သူတွေ ဘာပြောပြော ပျော်ပျော်နေပါကွာ။
ပါးစပ်ရှိလို ပြောကြတာပါကွာ။ ပြောကျပါစေ။

ဘာမှစိတ်မညစ်နဲ့ ငါးပတ်စာ လောက်အောင်ရှာခဲ့ကြားလား။
ဟဲဟဲ နောက်တာ ညီမလေး မိုးခါးပြောသလိုပဲ
ဒါကာ တစ်ယောက် လာသွားတယ်လို့ မှတ်။
ဟုတ်ပြီလား

ချစ်တဲ့ ရီနို
ပျော်နေတယ်ဆိုလို့ အတူတူပီတိဖြစ်ရပါတယ်။

ဖိုးစိန်ကို အရင်လိုမြင် အရင်လိုခင် အရင်လိုကြင်တဲ့

မောင်ပိုင်
khin oo may said…
ကျန်းမာရေးဂရုစိုက်.
kaungkinpyar said…
ဝမ်းသာစွာ ကြိုနေပါ့မယ်...
တက်ဂ်ပို့ စ်ပါ… ကျနော်သိသိမသိသိ တက်ဂ်ပါမယ်… များသောအားဖြင့် စကာင်္ပူ တနိုင်ငံလုံးက ဘလော့ဂါတွေကို တက်ဂ်ပါမယ်…

ကြောက်လိုက်တာနော်...
Vista said…
တက်ဂ်ပါမယ်…

ကြောက်လိုက်တာနော်... မျောက်မျောက်ရယ်
WWKM said…
သြော.. အိမ်ပါ ပါမယ်ဆိုရင်တော့ ၃ ယောက်ပေါင်း
စင်္ကာပူမှာ ထိန်းနိုင်ကြတော့မှာ မဟုတ်ဖူး. မြင်ယောင်
သေးရဲ့...
တို့က အရင်ရောက်ဖူး တွေ့ဘူးသွားပြီ... သူများတွေနောက်မှတွေ့ရတာ သနားပါတယ်ကွယ်.

ဒါနဲ့ အောက်တိုဘာမွေးလရှင်မှာ ကိုယ့်နာမည်မပါတာ
တော့ စိတ်မကောင်းဖြစ်မိပါရဲ့.. အင်းပေါ့လေ..
ကိုစိန်ကြီး ...
ကျနော့်မွေးနေ့လေးကို
မှတ်မှတ်ယယ ထည့်ပေးထားတဲ့အတွက်
ကျေးဇူးကမ္ဘာပါပဲဗျာ...
စလုံးမှ ကြိုဆိုပါတယ်...
တာရာ said…
လုံးငကိုမအားလို့ ကိုယ့်ဘလော့မှာစာမတင်နိုင်တာ ၂လလောက်ရှိပြီ.. နည်းနည်းလေးအားလာတော့လည်း စာပဲ ဖတ်ဖြစ်တယ်..ကိုကြီးစိန်ဆီ အရင်ဆုံးရောက်တယ်နော... သူခမျာလည်း စင်ကာပူသွားရမှာတော်တော်ပျော်နေတယ်ပေါ့လေ.. ဟုတ်လား?
ကြောင်းသောခရီးဖြစ်ပါစေ..ဘလော့ဂါရှိသမျှနဲ့ဓာတ်ပုံရိုက်ခဲ့ပါ.
ပြီးရင်ကြွားပေါ့..ဟီးဟီး..ukကိုအပြန်ဝင်ခဲ့.ဒကာခံမယ်..
Ma Thandar said…
I'll give you a one treat too. No joking! :-)
But make sure you bring along one souvenir from Cyprus for me.
Welcome to S'pore. See ya!

Popular Posts