စကာင်္ပူသို့ရောက်ပီး
စကာင်္ပူသို့ သောကြာနေ့ ညနေ(၉)နာရီခွဲ စကာင်္ပူသို့ရောက်ပါတယ်... ဘယ်လောက်ပင်ပန်းပင်ပန်း အဝမှာ အားရပါးရ ဆီးကြိုနေတဲ့ မောင်နှမတွေကို တွေ့လိုက်ရတော့ အရမ်းကို ပျော်ခဲ့ရပါတယ်...
လေဆိပ်မှာ လာကြိုကြတဲ့ ချစ်ကိုကြီး ကိုမိုးကုတ်သား ချစ်ဆုံး တောင်ပေါ်သား၊ ချစ်သယ်ရင်း ရီနိုမာန်၊ ကိုစည်သူ၊ ဖိုးသင်္ကြန်၊ ညီငယ် ရေတမာနဲ့ ချစ်ပိုင်.... ချစ်ညီမ မိုးခါး၊ ချစ်ချစ်ချစ်တဲ့မောင့်ချစ်ချစ်မက်မက်၊ ချစ်ညီမ မေလေး၊ ဇာတ်ဆရာကတော် ချစ်မ မေပြာ၊ စာမေးပွဲတစ်ဖက်နဲ့ ရောက်လာခဲ့တဲ့ ချစ်ညီမ မေသူ၊ မမ နန်းသန္တာ တို့ ကို အရမ်းကျေးဇူးတင်ကြောင်းနဲ့ အရမ်းအားရကျေနပ်ကြောင်း ပြောချင်ပါတယ်... အထုပ်တွေကို လုသယ်နေလိုက်တာများ... ကြည်နူးစရာကောင်းပါတယ်... မနာလိုဖြစ်အောင်ကိုပြောပါတယ်...
လေဆိပ်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေက စုံလို့.... ဒီကြားထဲ ဓာတ်လှေကားက မှားသေး.... ဖိုးစိန်လဲ မူးလဲသွားပါတယ်... လာကြိုတဲ့ ချစ်ညီမ ချစ်မတွေလဲ အားခနဲ အော်လိုက် ဖိုးစိန်လဲ လောကကြီးနဲ့ ခဏ အဆက်ပြတ်သွားရပါတယ်.. အင်း... ဘာကြောင့်လဲဆိုတာ... လာကြိုတဲ့သူများမှ လွဲပြီး ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူးလေ... မပြောပြကြနဲ့နော်...
လာကြိုမယ်ပြောပြီး ပုံပြောကြတဲ့ ဆောင်းချမ်းမိုး၊ ဏီကင်း၊ ကိုကိုသုန်၊ တလနွန်တို့ကိုလဲ စိတ်ကောက်နေပါတယ်လို့ ပြောချင်ပါတယ်။
ဒီနေ့လဲ အမြင်ကတ်လောက်အောင် ရှော့ပင်ထွက်ပြီး တနင်္ဂနွေ နေ့မှာ ချက်ပြုတ်စားသောက်ကြမှာ ဖြစ်တဲ့အတွက် စကာင်္ပူက ဘလော့ဂါများ စာဖတ်သူများ သူငယ်ချင်းများအားလုံး ကျနော့်လက်ရာ စားဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
ဘလက်တစ်လုံးကို စုပြုံပြီး သောက်ကြပါမယ်လို့....
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
(အားဖူးကွယ်... နာမည်ကြီးဆိုတော့ ရောက်တဲ့ ညကတည်းက မနက်ထိ ဖုန်းပြောတာလက်ကမလည်.... တွေ့ချင်တဲ့သူက များ... သြော်.. နာမည်ကြီး ဘလော့ဂါ ပေါ်ပြူလာဖိုးစိန် ဘဝ... အင်းး ... ခက်တယ်...)
သုံးမိနစ် အမြန် ဗျူးချင်သူများ ဖုန်းနံပတ် (၉၀၆၂၃၂၃၉) ဇာတ်မင်းသားဖိုးစိန်ဆီ အမြန်ဆက်သွယ်ကြပါလို့
Comments
နညင်ဘူးလို့.ကြောကြပေးပါ..
နာမည်ကြီးချိုတော့ညင်ဘူးချင်ရို့ပါဂျာ..
ကြိုဆိုပါတယ်ဂျာ..စလုံးက..
:P
ခရု
မနာလိုဘူးဖိုးစိန်ရေ..း)
ပျော်ပါစေလေ.
မကြီးဝါ
တူမောရိုးကျရင် ကောင်းကောင်းချက်ပါ... အစားသောက် အကွဲဖြတ် အဖွဲ့ ဝင် လူကြီးမင်း ဒေါ်မေသူ ကြွလာမယ်(ဘယ်လိုကြွမလဲတော့မေးနဲ့  ပြောဘူး) ... =)
သိဒယ်
လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားဒဲ့အကြောင်း :P
မနာလိုဘူးးးးးးးးးးးးးးးးး
အမြင်ကတ်တယ်................
ကြည့်မရဘူး......................
မူးပဲလဲတာလား တခြား ဘာမှမဖြစ်လို့
စိတ်မကောင်းဘူးးးးးးးးးးးးးးးးး။
ဒါဘဲ......
:) I think that's "nan thandar"
kom: မျက်စိနောက့မဲ့အမေ့သားဖိုးစိန်လာပါပြီ။
5 Dec 09, 08:26 PM
kom: http://phoesein.blogspot.com/2009/12/blog-post_05.html
မအယ်
ရောင် ဘယ်ရောက်နေမှန်းကို မသိတော့ပါဘူး။
ဘလော့ဂ်ကို စိတ်နားသွားပြီနဲ့တူပါတယ် အမရယ်။
အကုန်အကုန် ကိုပျောက်နေတော့တာပါ။
သယ်ရင်းရေ......................
ကိုဘိုကို သိပ်မစပါနဲ့ကွာ။
ချစ်သယ်ရင်းရီနို
ရေတမာကသူလဲမူးလဲချင်ထှာတဲ့း))
ပျော်စရာကြီးဗျာ မောင်နှမတွေ တစ်စု တစ်ဝေး တည်း လွှတ်သာပျော်ခဲ့ဗျို့  အစ်ကိုရေ .....
ပျော်ရွှင်ဖွယ်ခရီးလေးဖြစ်ပါစေဗျာ
ညီငယ် :)
ရန်ကုန်သား
ကျောင်းမှာတုန်းကနဲ့ တစ်ခြားစီပဲ .. :P