Tuesday, 29 December 2009

သတိရစရာတွေထဲက

ဘာလိုလိုနဲ့ စကာင်္ပူမှာ သောင်တင်နေတာ သုံးပတ်ကျော်သွားပြီး… စကာင်္ပူကို ကျနော် ချစ်ပါတယ်… စကာင်္ပူထက် စင်္ကာပူက စုစည်းလှတဲ့ ညီအကိုမောင်နှမတွေကို ကျနော်ပိုချစ်ပါတယ်… ကျနော်ရောက်ဖြစ်နေတာ စစ်တီးဟောဆိုပေမယ့် ကျနော်ကိုယ်တိုင် ဘယ်မှ မသွားချင်ပါဘူး…. ဘယ်မှ သွားချင်စိတ်လဲ လုံးဝ မရှိဘူး… ညနေတိုင်း ဒီမောင်နှမတွေကို စစ်တီးဟောမှာ တွေ့နေရရင်ကိုတောင် ကျေနပ်နေတတ်သူပါ… ရုံးဆင်းလို့ မောမောနဲ့ လာတဲ့ သူတို့တွေရဲ့ အပြုံးတစ်ခုကို မြင်တာနဲ့တင်ပြည့်စုံပါတယ်…

အားလုံး အလုပ်ထဲရောက်နေချိန်မှာလည်း ကျနော်က ဂျီတော့ကနေ တစ်ယောက်တည်း ပျင်းတယ်ဆိုတဲ့ စကားတွေနဲ့ ချွဲရင် အားလုံးက ဖုန်းတွေ လှမ်းဆက်… မက်ဆေ့တွေ ပြန်ပို့နဲ့ ကျနော့် တစ်ယောက်တည်းနဲ့ အလုပ်ကို မအားကြပါဘူး… ညနေစောင်းရင်စစ်တီးဟောမှာ လူစုရတာကလည်း ပျော်စရာပါ… ဘယ်သူလာမယ်… ဘယ်သူမလာဘူး… ဘယ်မှာစောင့် ဆိုတာတွေနဲ့ ညံစည်လို့နေတယ်…

ဒီလိုနဲ့ သုံးပတ်ကျော်လာတော့ စကာင်္ပူက ဖိုးစိန်ကို ချစ်ပါတယ် ဆိုတဲ့သူတွေ ခုချိန်ဖိုးစိန်ကို မြင်ရင် လှမ်းလှမ်းမေးကြတယ်… ”ကိုဖိုးစိန်ဘယ်တော့ပြန်မှာလဲ”တဲ့… ပြန်မဲ့ရက်ကိုပြောရင် သူတို့က တအံ့တသြနဲ့ “ဟယ်… အဲဒီရက်လား မသိပါဘူး… အဲဒီထက် စောပြန်မယ် ထင်ထားလို့”… “ဟင်… အကြာကြီးနော်… အဲလောက်ကြာမယ် မထင်ဘူး” ဆိုတဲ့ လေသံတွေ ကပ်ပါလာပါတယ်…

ခုရက်ပိုင်း ဖိုးစိန်က နောက်တပတ်ထပ်တိုးနေမယ်ဆိုတဲ့ သတင်းလဲ ရရော..

ဘာ……………” ဆိုတဲ့ အသံရှည်ရှည်တွေ

“ဟယ်…. တကယ်လား… တကယ်ဆိုရင် ငါတို့တော့ တေပီ” ဆိုတဲ့ စိတ်အားငယ်သံတွေ..

“ဘုရား… ဘုရား… သူသာဆက်နေရင် အားလုံး အလုပ်ပြုတ်ပြီး မြန်မာပြည် ပြန်ရတော့မယ်” ဆိုတဲ့ အားပေးစကားတွေ ကို တပြိုင်နက်ထဲ ကြားရပါတယ်…

ဘာဖြစ်ဖြစ် သူတို့ ရင်တွေထဲမှာ ဖိုးစိန်အတွက် ဘာရှိနေလဲ ဆိုတာ မပြောပဲနဲ့ ဖိုးစိန်သိနေပါတယ်…။ အဲဒီအတွက် ကျေနပ်ပီတိဖြစ်သလို ဝမ်းနည်းခြင်းကိုလဲ တပြိုင်နက်ခံစားရတယ်။

ကျနော်စဉ်းစားမိတယ်… ခုလို ဒီညီအကိုတွေ ပေါင်းလို့ရတယ်… စုလို့ရတယ်… ဘာကြောင့်လဲ… အဖြေက တစ်ခုတည်းပဲ… တစ်ဦးကို တစ်ဦး အကျိုးအမြတ် မကြည့်ပဲ စာနာ နားလည်ပေးတတ်လို့… အနစ်နာခံတတ်လို့ပါပဲ…

လူဆိုတာ အသိုင်းအဝန်းနဲ့ပါ… ငယ်ငယ်ကျောင်းသားဘဝကတည်းက ခင်ရာမင်ရာစု အကျင့်တူ ဝါသနာတူတဲ့သူတွေ စုရင်း သူငယ်ချင်းအပေါင်းအသင်း တွေဖြစ်လာကြ အချစ်ဆုံး အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြတယ်လေ… တက္ကသိုလ်တက်တော့လဲ ဒီလိုပါပဲ… အကျင့်တူ ဝါသနာတူတဲ့သူတွေ စုစည်းရင်း မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရခဲ့ကြတယ်… ခုလဲ ဒီလိုပါပဲ… ဘဝ အချိုးအကွေ့တစ်ခုမှာ ဘလော့စာမျက်နှာပေါ်ကနေ တဆင့် နားလည်ပေးတတ်တဲ့ ဘဝတူတွေအချင်းချင်း ပေါင်းမိ သူငယ်ချင်းမိတ်ဆွေ ဖြစ်ခဲ့ကြရတာပဲ…

စကာင်္ပူက ဘလော့ဂါတွေက စာမရေးကြဘူး… ဟိုစုဒီစု… အပျော်အပါးလုပ်ဖို့လောက်နဲ့ သွားဖို့ လောက်ပဲ သိတယ်… ဘလော့သိက္ခာကျတယ်လို့ဆိုကြတယ်…

တခြားလူတွေ အမြင်ကတ်မယ်… ပြောမယ်ဆိုရင်လဲ ပြောချင်စရာပါ… တွေ့လိုက်တိုင်း ရထားတန်းကြီးလို ဘယ်သွားသွား တန်းစီပြီး တသီတတန်းကြီး… စနောက် အော်ဟစ်သံတွေနဲ့ လမ်းလုံးပြည့်… “ဟိုလူ့ကိုစောင့်ပါအုံး… ဟိုလူမပါသေးဘူး… ဟိုလူက ရောက်ခါနီးပြီး… ဟိုလူကိုပါအောင်ခေါ်” ဆိုတဲ့ စေတနာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရင်ထဲက ဖေးမ စကားသံတွေကို အမြဲကြားနေရမှာပါ…
ဒီလူတွေ အားလုံးက ရင်ထဲမှာ ခံစားနေရတာကို ဘလော့ပေါ်မှာ ထွက်ပေါက်တစ်ခုအဖြစ် ထားသူများတယ်(ကျနော်အပါအဝင်ပေါ့) လို့ထင်တယ်… သူများနိုင်ငံမှာ နေပြီး အလုပ်ကို မိုးလင်းမိုးချုပ် သွားချင်လဲ သွား မသွားချင်လဲသွား နေရတဲ့ ဘဝမှာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဒီလိုတွေ့ဆုံပွဲတွေနဲ့ စိတ်အပန်းဖြေတာ မှားနေသလား… ဘယ်သူ့ကိုထိခိုက်နေလဲ… ဒီလိုစုစုစည်းစည်းဖြစ်နေတာ အားကျစရာ မကောင်းဘူးလား… ဘလော့သိက္ခာနဲ့ ဘာများပတ်သက်နေသလဲ… စဉ်းစားစရာပါ…

တစ်ခုတော့ရှိတယ်… ဒီလိုပြောနေတဲ့သူတွေလဲ ဒီညီအကို မောင်နှမ တွေနဲ့တွေ့ရင် အားလုံးရယ်မော ပျော်ရွင် ခင်မင်သွားမှာ… စာနာနားလည်ပေးသွားနိုင်မယ် ဆိုတာတော့ အာမခံပါတယ်… ဘယ်နေရာမှာ အရောင်တွေ ဘယ်လောက်ဆိုးဆိုး… တဒင်္ဂတွေ့ဆုံချိန်မှာ အားလုံးက အဖြူရောင်တွေပါ… တခြားလူတွေ အတွက်တော့ မသိဘူး… တစ်ယောက်တည်းနေလာတာကြာတဲ့ ကျနော့် အတွက်တော့ သူတို့အားလုံးက ကျနော့်ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိသားစုလိုပါပဲ… အပြန်အလှန် ညီအကို မောင်နှမတွေလို နွေးထွေးမှုတွေ နားလည်မှုတွေအများကြီးရပါတယ်… အဲဒီအတွက် ခုလာခဲ့ရတဲ့ ခရီးကို ကျေနပ်သလို ကျနော်နဲ့ ရှိနေခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်…

ခုနေတဲ့ သုံးပတ်အတွင်းမှာ ရင်ထဲမှာ ကျန်နေမယ့် အပျော်တွေနဲ့ အတူ သတိရစရာ လွမ်းစရာ အမှတ်တရတွေက အများကြီး… ရေးစရာတွေကမှ အများကြီး…

စရောက်ကတည်းက အစည်းအဝေး အကြောင်းပြ… အလှူ အကြောင်းပြပြီး စုခဲ့ကြတာတွေ… အလှူမှာ ပီတိဖြစ်ခဲ့တာတွေ… EAST COAST မှာ မိုးထဲလေထဲ အမှုမထားပဲ ကျွေးမွေးမယ့် ဒကာတွေကိုစောင့်ပြီး နှစ်ရက်တိတိ ဘုန်းဘုန်းဘဝနဲ့ နေပြီး ဒုက္ခခံ လူစုံတက်စုံ ပျော်ခဲ့ကြတာတွေ… Reply to all မေးလ်ထဲမှာ တစ်ယောက်တစ်ပေါက် စနောက်ရင်း မေးလ် တစ်ထောင်ကျော်လို့ ဆက်ပြောမရခဲ့ကြတာတွေ… ဒီအကြောင်းကို စာပြန်ရေးပါလို့ ပြောကြလို့ စာရေးဖို့ ကွန်ပြူတာဖွင့်ပြီး စဉ်းစားလိုက်ရင် ပထမဆုံး ပျော်ခဲ့တာတွေ စဉ်းစားရင်း ငါပြန်ရင်လွမ်းနေရဦးမယ် ဆိုတာကို စဉ်းစားမိလိုက်တော့ မျက်ရည်က စို့လာတယ်… ဘယ်လိုမှ စာရေးလို့မရတော့ဘူး… ရေးမယ့် စကားလုံးတိုင်းမှာ ဒီညီအကို ဒီညီအမတွေရဲ့အကြောင်းလေ… ဒီညီအကို မောင်နှမတွေကို မခွဲနိုင်ဘူး…

ဘဝဆိုတာ ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ဆိုတော့လဲ ဘဝအကျိုးပေးမကောင်းခဲ့တဲ့ ကံကြမ္မာကို ရင်နာမိပြန်တယ်… တနေ့တော့ ပြန်ရဦးမှာပါ… ပြီးရင် တနေ့တော့ ပြန်ဆုံဦးမှာပါ… ခုလိုကြိုရေးမထားချင်ဘူး… တကယ်တော့ ရေးဖို့ တာစူလိုက်တာက အလှူပြီးလို့ ပျော်ပွဲစားထွက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ ညအကြောင်း… ခုတော့ ရေးနေရင်းနဲ့ ဝမ်းနည်းလာလို့ စိတ်ထဲရှိတာပဲ ချရေးလိုက်တယ်…

ဘာဖြစ်ဖြစ် အားလုံး လူစုံ တက်စုံနဲ့ အမှတ်တရ ရှိခဲ့တဲ့ ဒီဇင်ဘာ(၂၅) အလှူနဲ့ EAST COAT မှာတဲထိုးပြီး တရားစခန်းဖွင့်ပြီး နှစ်ညတိုင်တိုင် ပျော်ခဲ့ကြတဲ့အကြောင်းကိုတော့ စာရေးမှာပါ… ခုတော့ ဖိုးစိန်ကိုခွင့်လွှတ်ပါ… ကျနော် အားလုံးကို ချစ်ခင်လေးစားပါတယ်…။ ကျနော့်ကိုလဲ ချစ်ကြမယ်လို့ ယုံကြည်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

ဘုန်းဘုန်း



32 comments:

ဆောင်းချမ်းမိုး said...

ဟာဗျာ..
အဲလို စိတ်မကောင်းစရာတွေ မရေးပါနဲ့လို့
စိန်စိန် မကောင်းဘူး
ခုချိန်မှာတော့ ပျော်စရာပဲတွေး..ပျော်အောင်ပဲနေပါ..
ကိုဖိုးစိန် စိတ်ချမ်းသာရင် ကျနော်တို့ ပျော်ပါတယ်ဗျ..
ဆိုက်ပရပ်လည်း လိုက်လည်အုံးမှာဗျာ..
ဟုတ်ပီလား..
ငိုနဲ့ တိတ်နော်..နော်..နော်..နော်လို့

ဆောင်းချမ်းမိုး said...

လူလဲ ဘယ်လိုဖြစ်ကုန်မှန်း မသိတော့ပါဘူး။
:P

Mogok Thar said...

စိန်မျောက်မျောက်၊ စိန်ကောက်ကောက်.. စိန်ငချွဲ...
စိန်ချွန်တွန်း..... စပ်စုစိန်၊ ပျာကလပ်စိန်...

လုတရင် စိန်စိန်...

ပြည်သူ့မေတ္တာခံယူချင်တဲ့ ဇာတ်မင်းသား ဖိုးးစိန်........

သွားရတော့မှာလားးးးးးးးးးးးးးးးးးးးးးးးး.......


ဝါးးးးးးးးး ........ လို့တောင် အော်ငိုဖို့ အားမရှိအောင် ၀မ်းသာ (အဲလေ) ၀မ်းနည်းရပါတယ်။

ပြန်ပါအုံးကွယ်..ပြန်အုံးကွယ်.. နှုတ်ခွန်းဆက်ပါတယ် လို့.....
ဒီ မောင်နှမတွေ ဘယ်နှလုံးသားနဲ့များ နှုတ်ဆက်နိုင်အားကြမှာလဲကွာ....

ခုတောင် ကိုယ်တွေလက်တွေ ကိုက်ခဲနာကျင်လို့ ဆေးခွင့်ယူရတဲ့သူနဲ့၊ အလုပ်ပြောင်းဖို့ ပြင်ဆင်နေကြရတဲ့သူနဲ့ နေလောင်ပီး အသားတွေမဲကုန်လို့ အပြင်မထွက်ရဲရတော့တဲ့သူနဲ့ ဖြစ်ကုန်ကြဘီ ဆိုတော့ကာ.......။ ကြာကြာဆက်နေရင်တော့.. အင်းးးးးးးးးး............ (ပိုပြီး ပျော်ကြရမယ်........ ပြောချင်တာပါ)

ဘာပဲပြောပြော.. တို့တွေ အားလုံး ပျော်ခဲ့ကြ၊ ပျော်နေကြပါတယ်။

အဲဒီအပျော်၊ သံယောဇဉ် နဲ့ ခင်မင်မှုတွေ မေတ္တာတွေ...
ထာဝရ တည်မြဲနိုင်ကြမယ်လို့ ယုံကြည်လျက်....

ကိုမောင်ဟန်

စည်သူ said...

ဟုတ်တယ် ကိုဖိုးစိန်ကြီးရေ..
စာမရေးဖြစ်လို့ ဘလော့သိပ်ခါ မကျပါဘူး..
ကျတယ်လို့ ယူဆသူတွေကလည်း ယူဆ နိုင်ပါတယ်..

အမှန်တကယ်တော့ ကိုဖိုးစိန်ရောက်နေလို့ ကျွန်တော်တို့ အဖွဲ့တွေ ငြိမ်နေကြတာပါ.

တကယ်လည်း ပျော်ပါတယ်..
ခုလို ခွင့်ရက်မှာ အမိမြေကိုမပြန်ပဲ ကျွန်တော်တို့ဆီ လာလည်တာ အင်မတန်ကို သံယောဇဉ်ရှိလို့ဆိုတာ ညင်းမရပါဘူး..

ကျွန်တော်သာဆိုရင် ကိုဖိုးစိန်လို လုပ်နိုင်ပါ့မလား... ဆုံးဖြတ်ရ အတော်ကို ခက်မယ်..

ဘာပြောပြော ဝမ်းနည်းစရာတွေကို ချန်မထားပါနဲ့...
ရေးလည်းမရေးပါနဲ့..

ပျော်ရွှင်ပါစေ
ခင်မင်ခြင်းများစွာနဲ့
စည်သူ။

ကောင်းကင်ပြာ said...

ပျော်ပါတယ် စိန်..

khin oo may said...

ငိုမနေနဲ့နော်။

မြတ်မွန် said...

အားကျတယ်။

ဆောင်းနှင်းရွက် said...

ပျော်တယ် ..
ပျော်တယ် ..

တစ်ပတ်တစ်ခါ သာ
တရားပွဲ ကျင်းပလို့ကတော့
လူလည်း
မီးသွေးခဲ ၊
ဖြစ်မှာ သေချာတယ် ..

နောက်တစ်ခေါက် လာမယ်ဆို
ကိုဖိုးစိန် လာမယ့် လ အိမ်လခ မပေးတော့ဘူးးး ...
est coast (ဒါမှမဟုတ်)
တစ်နေရာရာက ကမ်းခြေ မှာပဲ
အိပ်လိုက် ၊ စားလိုက် ၊
အလုပ်သွားလိုက် ၊ ပြန်လာလိုက်
လုပ်တော့မယ် ..
အိမ်လခ တစ်လ စာ သက်သာလည်း
နည်းတာ မဟုတ်ဘူးးးး ...

ဆိုက်ပရပ်ကိုလည်း
ဒီအဖွဲ့ ကြီး လာလည် မယ်နော် ...
ဘယ်တွေ သွားရမလဲ ဆိုတာ
အခု ကတည်းက
စဉ်းစား ထားးးးးးးး ..... !

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဘီနဲ့ပြောတာပါလိမ့်ကိုဖိုးစိန်ရယ်
အားလုံးပျော်နေကြတာပါ။
မနေ့ကတောင်နောင့်နောင့်နဲ့ပြောနေသေးတယ်
မြန်မာပြည်ကမိသားစုပြန်မတွေ့ဘဲ
ဒီကမောင်နှမတွေနဲ့လာနေတာနည်းတဲ့ သံယောဇဉ်ခင်မင်မှုမဟုတ်ဘူးလို့။
စလုံးကဘလော့ကာမောင်နှမတွေကလည်း ကိုဖိုးစိန်ကိုချစ်ခင်ကြပါတယ်။
ခုမှရှောင်ပြေးလဲမလွတ်နိုင်တော့ပါဘူးကွယ်။
ဆိုက်ပရပ်ကိုအကုန်လိုက်လည်ဖို့ခေါ်မယ် ကတိပေးထားတယ်လေ။
ပျော်ပျော်နေပါ။ပြုံးပျော်နေရင်ကို
မောင်နှမတွေပျော်နေမှာပါ။

ဏီ(န်)ကင်း said...

အားလုံးလဲပျော်.... ကိုဖိုးစိန်လဲပျော်....
ဘလောက်(ဂ်)ဂါတွေလဲပျော်.....စာဖတ်သူတွေလဲပျော်.. စလုံးတွေလဲပျော်.... ပျော်ပျော်ပျော်.....
အင်း...မူးလိုက်တာ..

ဂျပန်ကောင်လေး said...

:)... ပျော်စရာကြီးဗျာ

နွေးနေခြည် said...

ကိုဖိုးစိန်ပြန်သွားရင်လည်း ဒီကလူတွေ ကိုဖိုးစိန်အကြောင်းပြောရင်း တသသ ဖြစ်နေမှာ...
ဖိုးစိန်လာတုန်းကလေ........
ဖိုးစိန်နဲ့သွားတုန်းကလေ........
ဖိုးစိန်တို့ ကဲပုံများ.........
ဆိုပြီး ပြောစမှတ်ပြုနေကြမှာပါ။

ငချမ်းကောင် said...

အင်း..... ဒီလိုပါပဲ။ ဆုံတွေ့ခြင်းဟာ ခွဲခွာဖို့ပဲ မဟုတ်လား။ အဲလိုသာဆိုရင် ခွဲခွာခြင်းဟာလည်း ပြန်ဆုံတွေ့ကြဖို့အတွက်ပဲ လို့ထင်ပါတယ်။ ခုလိုဆုံဆည်းနေရချိန်လေးမှာ ဝမ်းနည်းစရာတွေ ဘာလို့တွေးနေမှာလဲ။ ပျော်တပြုံးပြုံး မို့သို့ချုန်းနေစမ်းပါ။

ခရေညို said...

အမကတော့ ဖိုးစိန် တို့နဲ့တွေ့ဖို့
ကြိုးစားနေပါတယ် :P

ဧပရယ်လ်ပူး@ပူးတေ said...

ဒီလိုမှန်းသိရင် east coast လာပါတယ်။ ပျော်ချင်လို့။ ဒါပေမယ့် ပူးတေက ဒီနှစ်အတွက် MC လဲကုန်ပီ။ leave တွေကလဲ မင်္ဂလာဆောင်ပြန်ဖို့ယူထားတာ နောက် ၂ နှစ်စာအထိ ကုန်နေပီ.... leave တွေ အကြွေးတင်နေတယ်။ ဒါကြောင့် :(
ဒါနဲ့ ကိုဖိုးစိန်ကြီး ဘယ်နေ့ပြန်မှာလဲ။ အလှူဖိတ်မလို့နော်... သူတို့လိုမေးတာမဟုတ်ဘူးနော်.. :)
ခင်တဲ့
ပူးတေ

သံလွင် HeRo said...

ဦးစိန်....နောက်ထပ်စလုံးမှာဆက်နေဖို့
၂ပတ်ကြီးများတောင်ကျန်ပါသေးတယ်ဗျာ....
ပြီးခဲ့တာလေးတွေကိုဆိုက်ပရက်စ်ရောက်မှ
အိပ်ခါနီးနဖူးပေါ်လက်တင်ပြီးမှသေချာစဉ်းစား
သတိရတမ်းတလွမ်းမောပါဗျ....
အခုကတော့ပြီးခဲ့တာလေးတွေကိုခဏမေ့ပြီး
ကျန်တဲ့အချိန်တွေမှာ ဘယ်လိုပျော်အောင်နေ
မလဲဆိုတာသာအကြံထုတ်ကြည့်ပါ....း)

မေသူ said...

ဒီမယ်ဘုန်းဘုန်း... ဘာတွေလျှောက်ပြောနေတာလဲ... တောင်းဆိုတာက အပျော်ရေးပါလို့ မနေ့ က တောင်းဆိုတာ... အခုတော့... ဟွင်းးးး

အဟီးးး Blog မှာစာမရေးတာလဲ အကြောင်းရှိတယ်လေ... ကိုယ့်အကြောင်း၊ သူ့ အကြောင်းတွေ သိနေမှာတော့.. ပြီးတော့ အပတ်တိုင်း၊ နေ့ စဉ်နေ့ တိုင်းတွေ့ နေမှတော့ ရေးချင်တဲ့ အကြောင်း အချင်းချင်းပြောလိုက်ရုံမို့ ပါ.... ခွိ......

ပြီးတော့ ကော်မန့် လဲ LIVE မန့် တယ်လေ... ကိုဖိုးစိန်ပြောပြလိုက်လေ..... မသိသေးတဲ့သူတွေကို =D

moekhar said...

း))
ပြောသားပဲနော်
အလုပ်ရှာပါလို့
ပြောပြီးသားပဲနော်
အလုပ်ရရင်တော့ အဲလို ၀ိုင်းပြီး အလို လိုက်ချင်မှ လိုက်တော့မှာ :P

မေဇင် said...

မပြန်နဲ့ဦး...........မပြန်နဲ့ဦးကွယ်.... နေပါဦးလို့...မပြောတောင်မှ နားလည်ပါ...။

Anonymous said...

မျောက်ဖိုးစိန်တို့များ....

ပို့စ်လေးရေး ချွဲပြီး ခွေခေါက်နေလိုက်တာများးး....
အိပ်မပျော်နိုင်ရှာလို့....တညလုံး..... တရေးကိုမနိုးဘူးဗျာ....

အိပ်မက်ထဲမှာတောင် ပြုံးပြုံးကြီး ငိုနေတာ.....

(ချစ်လို့ ဖဲ့သည်။ အမှန်အကန်ပြောသည်)

ကိုမောင်ဟန်

ချစ်ကြည်အေး said...

ဖိုးစိန် ဘယ်တော့ပြန်မှာလဲ...၀ါး...! (ငိုတာနော်...)

ညရဲ့ကောင်းကင် said...

ကိုဖိုးစိန်ကတော့ လုပ်ပြီဗျာ...မပြောနဲ့ ငိုချင်လာပြီ...
ကျွန်တော်လည်း အားလုံးကို ကျေးဇူးတင်နေတာပါ...
ပတ်ဝန်းကျင် အပေါင်းအသင်းနဲ့ ပျော်ရွှင်မှုတွေ ကျွန်တော့်ဘ၀မှာ ပျောက်နေခဲ့တာ ကြာပါပြီ...
ခုလို မမြင်ဘူးကြပေမယ့် တကယ်လည်းတွေ့ကော မောင်နှမ အရင်းအချာတွေကို ဆက်ဆံပေးကြတာ ကျွန်တော့်အတွက်တော့ ကုသိုလ်ထူးတခုပေါ့ဗျာ...

East Coast မှာ ကိုဖိုးစိန် နမူနာပုံစံလုပ်ပြသလို လိုက်လုပ်ခဲ့တာလည်း မေ့နိုင်မှာ မဟုတ်တော့ဘူးဗျို့..အဟားဟား...

အိန္ဒြာ said...

ဖိုးစိန်ပြန်ရင် မိုးကုတ်သားတစ်ယောက်
ပျင်းကျန်နေရစ်တော့မယ်...

ရန်မဖြစ်ရတော့လို့

တောင်ပေါ်သား said...

မပြန်သေးဘူးလား အားးးးးးးးး အဲ့လောက်ထိ နေဦးမှာလားးးးးးး ဒုက္ခပါပဲ အလုပ်တော့ ပြုတ်တော့မယ် ဝေးးးးးးးးးးး ပြန်မယ် ဟုတ်လားးးးးးးးးးး အခုလားးးးးးးးးးးးး ဝေးးးးးးးးးးးးး မဟုတ်ဘူးလားးးးးးးးးးးးးးးးးး ဝေးးးးးးးးးးးးးး ဟုတ်လိုက်ပါ

အားလုံးအတွက် အမှတ်တရလေးတွေပါ။ ပျော်ရွှင်မူတွေ ကျန်ခဲ့ပါစေ


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ကိုဖိုးစိန် ပျော်နေပါစေဗျာ.

မြရေလျဉ် said...

ပြန်လာခဲ့ပါ အချစ်ဆုံး
အကြင်နာမိုးရေစက်တွေ ဖျန်းပက်လို့ပေးဦး

အလဲ့
East Coast က ပိုး မသေသေးတာ

ခိခိ

reenoemann said...

သယ်ရင်းရေ

ဒီလိုပါပဲကွာ.
တစ်ခုခုတော့ ဖြစ်ရမှာပေါ့။
စိတ်မကောင်း မဖြစ်ပါနဲ့။

ရှေးရှေးက ကံပေါ့ကွာ။
ဘာတွေပြောနေမိမှန် မသိတော့ဘူး

ဖိုးသင်္ကြန် said...

လွမ်းတော့မလို့လား
စောပါသေးတယ်
ပျော်စရာတွေ ပွန်းကုန်မယ်

သီဟသစ် said...

ရွှေဟင်္သာ ပျံမှာစိုး..
ပျံသာပျံပါ ရွှေဟင်္သာရယ်..

ပျော်စရာရှိတုန်း ပျော်ထား လူ့ဘ၀ကတိုတယ်

ခင်မင်စွာဖြင့်
ဦးသစ်

ဗီလိန် said...

လွမ်းရင် ဗီဗီ ရိုက်ပေးထားတဲ့ ဓာတ်ပုံ အကြီးကြီးကို ကြည့်နော် :)

ဗီလိန် said...

ညခင်းမှာ လနှစ်စင်းဆိုလားပဲ။ :)

ပိုင်ဖြိုးကို said...

ကိုကိုစိန်ရေ လွမ်းစရာကို ပျော်စရာနဲ့ဖြေရတယ်ဗျနော် ..... :)