ရာဇဝင်နှင့် တပတ်ရစ်ဆိုင်

ဒိုဗာ မြို့ နယ် တစ်ပိုင်မှာ ဦးမောင်ဟန် ဆိုရင် မသိ သူမရှိသလောက်ရှားတယ်

ဦးမောင်ဟန်က “မိုးကုတ်သား”ဆိုတဲ့နာမည်နဲ့ အဟောင်းဆိုင်ကို ဒိုဗာ မီးပွိုင့် နားမှာဖွင့်ထားတယ်… ဦးမောင်ဟန် ဆိုင် မှာ မီးဖိုဆောင်သုံးပစ္စည်းကအစ ပရိဘောဂ အပါအဝင် တီဗွီ ကက်ဆက် ရေခဲသေတ္တာ စတဲ့ စက်ပစ္စည်းတွေ အဆုံး ရှိတယ်… အသစ်မဝယ်နိုင်သူများ အဟောင်းကြိုက်သူများ အတွက် လိုတရ ဆိုင်လေးပေါ့…. အရင်က ဆိုင်ကြော်ငြာကို ဖရီးဝက်ဆိုဒ် တစ်ခုမှာ ကြော်ငြာပေမယ့် ဒီဇိုင်နာယောင်ယောင် အရက်သမားယောင်ယောင် ပွဲစား မောင်ဆောင်း ဆိုသူ မြှောက်ပေးချက် အရ ကိုယ်ပိုင် ဒေါ့ကွန်း ဝက်ဆိုဒ်တစ်ခု ဝယ်ခဲ့သူ… လူသိများလာတော့ ဦးမောင်ဟန် တစ်ယောက် မာန်တွေ တက်ပြီး နေ့မအား ညမနား ကြိုးစားသူ… အကယ်၍များ ဆိုင် ပေါ်မှာမရှိရင်တောင် မှ လိုချင်တဲ့ တစ်ပတ်ရစ် ပစ္စည်းကို ဦးမောင်ဟန်ဆီမှာသာ မှာထား မရဘူးဆို တာမရှိစေရဘူး…

ဒါကြောင့်ဦးမောင်ဟန်က ဒိုဗာ တစ်ပိုင်မှာ တစ်ပတ်ရစ် မောင်ဟန်ဆို ပြီးနာမည်ကြီးတယ်….ကိုယ်တိုင်ကလည်း တစ်ပတ်ရစ် ပစ္စည်းတွေ စုတာ သုံးတာ ဝါသနာ ကြီးတယ်… အဲဒီအလုပ်နဲ့လဲ အကျိုးပေးတယ်….သူပြောတာက

”အသစ်ဆိုတာ အဟောင်းလောက် မကောင်းဘူး အခုအသစ်ထွက်တာတွေဘဲကြည့် ဘယ်မှာကြာကြာခံလဲ …လက်ဟောင်းကမှ ကြာလေ ကောင်းလေ ”
ဆိုတာမျိုး…..

”အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကမှရှယ်”ဆိုတာမျိုး အမြဲကြားရတတ်တယ်။

ဦးမောင်ဟန်မှာ မောင်ရာတမေ ဆိုတဲ့သားတစ်ယောက်ရှိတယ်… ရုပ်ရည်ပြေပြေပျစ်ပျစ် အရပ်ထောင်ထောင် မောင်းမောင်း ဗလကောင်းကောင်းနဲ့ ခေတ်ပညာတတ်ပေါ့… မဟုတ်မမှန် ပြဇာတ်တွေ ရေးတယ်… လုပ်ကြံဇာတ်ထုတ်တွေ ရေးတယ်… ဒါကြောင့် စလေ ရေတမာ မောင်မောင်တုတ် ဆိုပြီး နာမည်ကြီးတယ်… သဘောင်္တွေ ပြင်ဆင်တဲ့ရုံး တစ်ရုံးမှာ စာရေး အလုပ်လုပ်နေတယ်… အမှန်တော့ အီယောင်ဝါး... မယ်မယ်ရရ မရှိတဲ့ စာရေးသေးသေးအလုပ်...

မောင်ရာတမေက မေသူ ဆိုတဲ့ကောင်မလေးနဲ့  သမီးရည်းစားဖြစ်နေတယ်..

မေသူတို့ က အမေတစ်ခု သမီးတစ်ခု … အမေ လုပ်သူ ဒေါ်ပြာက city hall မှာ ရွှေဆိုင် သေးသေးလေး ဖွင့်ပြီး ရွှေပေါင်လက်ခံသူ.. အရင်ကတော့ ကွမ်းယာကြိုက်လို့ ကွမ်းယာ ရောင်းစားခဲ့ပေမယ့် ဒေါ်ပြာရဲ့ ချွေတာ စုဆောင်းမှုကြောင့် ရွှေဆိုင်လေး တစ်ခုဖြစ်လာပြီး သားအမိ နှစ်ယောက်အတွက်တော့ဖူလုံခဲ့တယ်..

မေသူမှာ သမိုင်းကြောင်းလေးတော့ရှိတယ်…(၁၀)တန်းပထမနှစ်မှာ စာမေးပွဲကျပြီး အမေကို ကြောက်လို့ ငချမ်းကောင်နဲ့ လိုက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်... ပွဲစားမောင်ဆောင်း ရဲ့ ကြိုတင်သတင်း ရောင်းစားမှုကြောင့်နှစ်ဖက် မိဘတွေက ငယ်သေးတယ်ဆိုပြီး အချိန်မှီ ထိန်းသိမ်းခဲ့တယ်…

အခုတော့မေသူက ကျောင်းပြီးလို့ ဓာတု စက်ရုံတစ်ရုံမှာ အကောက် အစစ်စတန့် ဝင်လုပ်တယ်..

မောင်ရာတမေ နဲ့  မေသူက MRT စီးရင်းစတွေ့ တာဘဲ…

မေသူက မောင် ရာတမေရဲ့ အားကိုးချင်လောက်တဲ့ ဗလနဲ့ စတိုင်ကို မြင်ပြီး မြင်မြင်ချင်း ချစ်သွားတယ်… ချစ်တော့ အရင်က ရူးမိုက်ခဲ့ ဖူးတဲ့ အကြောင်းတွေကို ပြောပြတယ်… မောင်ရာတမေက ဗလကောင်းသူ ပီပီး သမာဓိအား ကောင်းတော့ အားလုံးကို ခွင့်လွှတ်ပြီး လက်ခံတယ်… ပြီးတော့ မေသူကို လက်ထပ်ခွင့်တောင်းတယ်…

မေသူက အမေဖြစ်သူ ဒေါ်ပြာကို ပြောပြတယ်… ပြီးတော့ မောင်ရာတမေ အဖေ အကြောင်းစုံသိခဲ့ရင် သဘောမတူမှာကိုစိုးရိမ်တယ်…

မေသူက ”မာမီရယ် ကိုရာတမေ အဖေ က ဒီအပိုင်မှာ နာမည်ကြီး လူကြီးလူကောင်းဆိုတော့ သမီးအကြောင်းကို သိ သွားရင် သူ က ရှက်ပြီးသူ့သားလူပျို ဗလကောင်းကောင်း နဲ့ဘောတူမှာ မဟုတ်ဘူးနော် ..သမီးကြောက်တယ် မာမီ… ဗလမြင်ကတည်းက ချစ်သွားတဲ့ သမီး ကိုရာတမေနဲ့ ခွဲရမှာ ကြောက်တယ် မာမီ”

ဒေါ်ပြာကတော့ ကွမ်းလေးတမြုံမြုံနဲ့ ”မပူနဲ့  သမီး….အဆင်ပြေမှာပါ ..
သြော်…..ဒါနဲ့ သူအဖေ မောင်ဟန် ဖွင့်ထားတဲ့ဆိုင်က”

”မာမီကလည်း သိရဲ့ သားနဲ့  တစ်ပတ်ရစ် အဟောင်းဆိုင်လေ…အဲဒါနဲ့  ဘာဆိုင်လို့ လဲ အမေရယ်”

သမီးမေးတဲ့မေးခွန်းကို အမေလုပ်သူက သမီးကြေနပ်အောင်ဖြေလိုက်တာက

”ဆိုင်တာပေါ့ အေ.. မာမီက မောင်ဟန့် ဇာတ်ကြောင်းကို က ကနေ အ အထိ သိပါ့အေ…. မာမီ မင့်အဖေ မောင်ရဲ နဲ့ ယူလိုက်လို့ သူအသဲကွဲဖူးပါသေးတယ်အေ... အဲဒီ မောင်ဟန် က ပစ္စည်းဆိုရင် တစ်ပတ်ရစ်တို့ အဟောင်းတို့ သိပ်ကြိုက်တာ... သူယူထားတဲ့မိန်းမကိုပဲကြည့် … အဲဒီရာတမေဆိုတဲ့ ဗလတောင့်တောင့် ကောင်က သူ့မိန်းမ ဆီက ပါလာတဲ့ တစ်ပတ်ရစ် ကလေးပါအေ… မာမီ့ သမီးစိတ်မပူပါနဲ့… အဆင်ပြေမှာပါအေ… ထွီး”


ကွမ်းထွေးပြီး ပြောလိုက်တဲ့ ဒေါ်ပြာ့စကားကြောင့် အားတက်သွားတဲ့ သမီးမေသူ လက်လေးနှစ်ဖက်ကို ကိုင်ယမ်းပြီး ဗလတောင့်တောင့် မောင်ရာတမေနဲ့ စိတ်ကူးထဲ တဝဲလည်လည်… ပြုံးလို့… ပျော်လို့….

ချစ်၍ဖဲ့သည်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
1 1111111
Anonymous said…
မေသူရေ တွားရှာပြီး . . . . အပေါင်ဆိုင်နဲ့ ကွမ်းယာဆိုင်နဲ့ စတွေ့တာပဲ
Ma Thandar said…
:)))
အဟင့်..... အဖေကြီးဦးမောင်ဟန်နော်... မပေးစားလို့ ကတော့... သာမီး မေသူက ကိုကိုဗလကြီးကို ခိုးပြေးမှာ... ဒါပဲ...... တရားဝင်ကြေငြာဒယ်... တူနယ်တူ့ နယ် ဗြောင်...... =D
မေဇင် said…
ဟဟဟ....ဖဲ့တာ မိုက်သဗျ.... ကိုရာတမေ ထက် ဗလ ကောင်းတာက ကိုဆောင်း...ဗျ..။း) ဆက်ဖဲ့ ပါဦး.း))
ရေတမာ said…
မနေ့က ခေါင်းကို ဆင်နင်းတယ်လို့ အိပ်မက်မက်တာ မှန်နေပြီ။ ချစ်၍ဖဲ့သည် ဆိုတော့လည်း ဘာပြောလို့ ရမှာလည်း ပရိသတ်ကြီးရယ်..... (အိမ်က အမျိုးသမီး ဒီစာကို မဖတ်မိပါစေနဲ့ )ကွိုင်ရှာလို့ကတော့ ဦးမောင်ဟန်အိမ် လာနေမှာ မပြောမရှိနဲ့
Mogok Thar said…
အင်းးး....

"ရာဇဝင်နှင့် တပတ်ရစ်ဆိုင်" ပိုင်ရှင် ကျွန်တော် ကိုမောင်ဟန် တဖြစ်လဲ မိုးကုတ်သား က အဟောင်းတွေ ရောင်းစားနေရတယ် ဆိုပေမဲ့ အလုပ်ဖြစ်နေတာ မောင်ဖိုးစိန် မနာလို ဖြစ်ဟန် တူရဲ့။ ဘယ်လောက်သုံးသုံး မကုန်တဲ့ ငွေသား ချင်ကျားပူ ငါးဒေါ်လာ ကြီးများတောင် အိတ်ထဲ ရက်ရက်ရောရော ထည့်ပေးထားတာ အားမရသေးပဲ အကုန် အပိုင်သိမ်းဖို့ ကြံစည်နေတာ သိနေတယ်။
အင်းလေ... ဆုံးသွားရှာပြီဖြစ်တဲ့ ချစ်လှစွာသော မယားလေး “လုတရင်” မျက်နှာနဲ့ မို့ သူ့မောင် မျောက်ဖိုးစိန်က ခုလို ဖဲ့တာ ခွင့်လွှတ်လိုက်ပါတယ်...။

အလှည့်ကျ မနွဲ့ကြစတမ်းပေါ့ကွာ...

ငှင်းးးး...ငှင်းးးးးး
Mogok Thar said…
အော် သမီးလေး “မေသူ” .....
အန်ကယ့် သားလေး “ရာတမေ” ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်တယ်ဆိုရင် ရွှေဆိုင်ပိုင်ရှင် “မေမေပြာ” ရယ် သူ့ရွှေဆိုင်ရယ်ကို အန်ကယ့်လက်ထဲသာ အပ်ပီး တင်တောင်းလိုက်ပါ။ သဘောတူပါတယ်။
ရေတမာ said…
ကုလားရွှေတွေဆိုတာ အန်ကယ် ဦးမောင်ဟန် မသိသေးဘူးထင်တယ်
နွေးနေခြည် said…
ဟာာ မေသူကြိုက်လိုက်တာကလည်း ဗလကြီးတွေချည်းပဲ..

ကိုဖိုးစိန် စလုံးကပြန်မှဖဲ့ပါလား။ မဟုတ်ရင် စီတီးဟောမှာလိုက်ကျွေးမယ့်လူ မရှိဖြစ်နေဦးမယ်။ ဟိဟိး))
နွေးနေခြည် said…
ဒီမိသားစု ၂စု ပေါင်းဖက်လို့ကတော့ အတော့်ကို ကြီးပွားဦးမှာ
အပေါင်ဆိုင်က အပေါင်ဆုံးတွေကို အဟောင်းဆိုင်မှာ ပြန်တင်ရောင်းးးးးးးးးးးးးးးးး
ဟင်း..ဟင်း.. ဟင်း..
ပူးတေ said…
အဲဒီဇာတ်ထုတ်ထဲကလူတွေကို ကောင်းကောင်းမသိတော့ ရီစရာလား ငိုစရာလားမသိဘူး။ :) အလှူကျမှ မိတ်ဆက်ပေးနော်။
:)
ကျနော်လဲ ဖန်ဦးမှ အဲ ဖဲ့ဦးမှ အဟေးဟေးးးးးးး

ညမှ ကောမန့်ကိုသေချာလာမန့်မယ်


လေးစားလျက်
တောင်ပေါ်သား
:P said…
ချစ်၍ဖဲ့သည် ၊
ပဲ့တော်မူလှည့်
မပျောင်းနွဲ့နှင့်။
ဖဲ့ကွာ...ချကွာ.... တော်သေးတယ်ရင်တထိတ်ထိတ်နဲ့
ဖတ်ရတယ်...ငါများပါတော့မလားလို့.. အဟိ
moekhar said…
စားသတိ သွားသတိ ဘလော့လည်း သတိနော်
ကိုယ်က သူတို့ပိုင်နက်မှာ ရောက်နေတာဟုတ်လား
:D
ဟားဟား.. အခုတလော စလုံးလူတွေ အတော်အဖဲ့ခံနေရပါလား...
Ree Noe Mann said…
ညီလေးပန်ပန်ရေ ပြောမနေနဲ့တော့။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့။

စလုံမှာ အဆဲမခံရတော့ အဖဲ့ခံနေရတယ်ကွ။

ကိုဘိုပြောသလိုပဲ အလှည့်ကျ အနွဲ့စတမ်းနော့
မျောက်မျောက်ရေ...

ဖတ်ရင်းနဲ့ ပြုံးမိပျော်မိတယ်..
အားလုံးရဲ့ ကိုယ်စားပေါ့...

မျောက်မျောက်တစ်ယောက်
စလုံးကမ္ဘာမှာ လောင်းတော့မကျော်နဲ့ပေါ့ကွယ်..
ရီရတယ်ဗျာ။
အပျော်ဇာတ်လမ်းလေး တစ်ပုဒ်ထက် ဇာတ်ဆောင်တွေပါ နာမည်ကြီးတွေဆိုတော့ ပိုအသက်ဝင်တာပေါ့ဗျာ။
ရယ်ရတယ်တော့.း))
ksanchaung said…
Everything is used after the day you buy. ဒဲ့ဂျ။ ငှဲငှဲငှဲ။
မေလေး said…
;))))))) ရာတမေနဲ့မူသေတို့မင်ကလာပွဲ ဘယ်တော့လဲဗျိုးးးး
ကြိုပြောထားနော်
လက်ဖွဲ့ကြိုစုမလို့
ဆက်ရန်ကရာတမေအဖေ ဦးမောင်ဟန်နဲ့
မူသေအမေ ဒေါ်ပြာတို့ ထင်တယ်နော်
ဟိ
ချစ်လို့ ဖဲ့တာ ဆိုတော့လည်း သူတို့ခမျာ ဘာပြောသာမလဲနော်... :P

Popular Posts