အမြဲ ထာဝရ သတိတရ


သူမ ကျောခိုင်းသွားခဲ့ပြီး။ ကျနော့်အပါးကနေ တိမ်တိုက်တစ်ခုလို လျှပ်တပျက် ပျောက်ကွယ်သွားခဲ့တာဟာ ကျနော်အတွက် ကောင်းစေဖို့လား။ ကျနော် သူမကို ပြန်လာဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ပါသေးတယ်။ ဒီလို ထွက်ခွာသွားတာဟာ ကျနော့် တစ်ဘဝလုံးစာ အတွက်လား…။

သူငယ်ချင်းအဖြစ်နဲ့ အမြဲ ရှိနေချင်ပါသေးတယ်။ ဒါပေမယ့် ငယ် ကိုယ်တိုင်က ကို နဲ့ငယ်တို့ ချစ်ခဲ့ကြတဲ့ အတိတ်ကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး တဲ့..

မမေ့နိုင်ဘူးတဲ့လား ငယ်….။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငယ့် မျက်နှာကို ကျနော် ပြန်မြင်ရ ငယ့် အသံကို ကို ပြန်ကြားနေရတိုင်း ကျနော့်ရင်တွေနာကျင်နေရအောင် ဒီစကားတွေနဲ့ ကျနော့်ကို သစ်စိမ်းချိုး ချိုးခဲ့တာလားဗျာ။ ငယ် ဒီစကားတစ်ခွန်းထဲနဲ့ ကျနော့်ကို ကျောခိုင်းထွက်ခွာသွားတဲ့ အချိန်မှာ ကျနော့် အာခေါင်တွေ ချောက်ကပ်ပြီး ကျနော့် ကိုယ် ကျနော် မသယ်နိုင်လောက်အောင် ယောကျားတစ်ယောက်ရဲ့ ခွန်အားတွေ ပျောက်ဆုံးပြီး နှလုံးသားက သွေးပြောင်းပြန် စီးဆင်းသွားခဲ့တာပါ။

မှတ်မှတ်ရရ ကျနော် ငယ့်အတွက် တက်စီငှားပေးတော့ ကျနော် ငယ်အိမ်နားထိ လိုက်ပို့ပေးဖို့ တောင်းဆိုတာကို ငယ်က အပြုံးဖျော့ဖျော့ တစ်ချက်နဲ့ ရပါတယ် မလိုက်ခဲ့ပါနဲ့ ဆိုတဲ့ စကားတစ်ခွန်းကို ကျနော် မျက်ရည်တွေ မမြင်စေချင်တဲ့ စိတ်တစ်ခုနဲ့ ကျနော်လိုက်လျောမိခဲ့တယ်။ ကျနော့်အတွက် တစ်ဘဝ လုံးစာ အမှား ဖြစ်ခဲ့တယ် ဆိုတာ ကို ကြိုသိခဲ့ရင် ကို နောင်တ ရနေမိမှာ မဟုတ်ပါဘူးငယ်။

တကယ်ဆို ကျနော်တို့ နှစ်ယောက် လမ်းခွဲချိန်မှာ ကျနော်လိုချင်ခဲ့တာ နားလည်မှုပါ။ ကြည်ကြည်သာသာ ခေါင်းညိတ်ခဲ့တာ ငယ့် ဆန္ဒတွေကို လိုက်လျော ချင်ပြီး ကျနော့် အတ္တတွေကို ရှေ့တန်း မတင်ချင်ခဲ့တာပါ။ဒါတွေက ကျနော့် ဘဝအတွက် နောက်ဆုံးအကြိမ် ငယ့်အနားမှာ နေခွင့်ရခဲ့တယ်ဆိုတာ ကြိုသိခဲ့ရင် ..။


……………………………………………..


ကျွန်တော် လက်က နာရီကို ငုံကြည့်ပြီး သဲ့သဲ့လေး ပြုံးရင်း လေတွေ ချွန်နေမိတယ်။ ရင်တွေ တအားခုန်နေတယ်။ ငယ့်ကို မကြာခင်တွေ့ရတော့မယ်။ ကျွန်တော့်ရဲ့ စိတ်တွေက တောင်ရောက် မြောက်ရောက် လှုပ်ရှားနေတယ်။ စဉ်းစားမိတာက ငယ်လဲ ကျွန်တော့လိုပဲ ရင်တွေ ခုန်နေမလား ဆိုတာကိုပါ။ ငယ်ကို ကျွန်တော်တွေ့ရင် ပြုံးပြပြီး နှုတ်ဆက်မယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ငယ့်ကို ငယ် အရမ်းလှတယ်လို့ ပြောမယ်။ မတွေ့ရတာကြာပြီ ဖြစ်တဲ့ငယ်က ကျနော့်ကိုတွေ့ရင် ကျနော့်ရဲ့ ငယ်သူငယ်ချင်းဆိုတဲ့ အသိနဲ့ ဟန်ဆောင်နေမှာလား။ ကျနော် ငယ့်နားက ကပ်ပြီး လမ်းလျှောက်တဲ့ အချိန်ကျနော် ငယ်နဲ့ ဝေးနေချိန်မှာ ငယ့်ကို ထာဝရ တစ်သက်စာ ချစ်နေတာ… ငယ့်ကို သတိရနေတယ်ဆိုတာ…. ငယ်သိအောင် တိုးတိုးလေးပြောမယ်။ ငယ်နဲ့ အကြည့်ချင်းဆုံတဲ့ အချိန်မှာ ကျနော့်ရဲ့ အလွမ်းမျက်ဝန်းတွေကို ငယ်ဖတ်ပြီး သိစေရမယ်။ ငယ်မရှိတဲ့ ကျနော့်ရဲ့ ညတွေ အေးခဲနေပြီး နေ့တွေမှာ ဝေဝါးမှုန်မှိုင်းနေခဲ့တာကို ငယ့်ကို ပြောပြမယ်။ ဘယ်မိန်းခလေးကိုမှ ငယ်လောက် မချစ်နိုင်ခဲ့တာ ငယ့်ကို စောင့်ခဲ့တဲ့ ရက်တွေက သက်သေပြနေတာ ငယ့်ကို သိစေချင်တယ်။ ငယ်… ကျနော် မစောင့်နိုင်တော့ဘူး…။ အမြန်လာခဲ့ပါတော့လားဗျာ။


ဒီလိုနဲ့ ကျနော် ငယ်နဲ့ လမ်းခွဲသွားခဲ့တဲ့ နေရာလေးမှာ ငယ့် အကြောင်းကို တွေးရင်း……..

နာရီပေါင်းများစွာ….

နေ့ပေါင်းများစွာ….

လပေါင်းများစွာ…

ကျနော့် ဝိညာဉ် တခြားကမ္ဘာ ရောက်သွားတဲ့ အထိ ငယ့်ကို စောင့်နေဦးမှာပါ။

လေညင်းကလေးတိုက်နေတယ်။ ကျနော်နဲ့ ငယ်ထိုင်နေကျ ထိုင်ခုံလေးမှာ ခပ်ငယ်ငယ် စုံတွဲ တတွဲ လမ်းခွဲဖို့ ပြောနေတယ်။ ကျနော့်အနားမှာ ထိုင်နေတာတောင် သူတို့ ဂရုမစိုက်ကြတော့ဘူး။ ကောင်မလေးက ကြေကြေကွဲကွဲ ငိုနေတယ်။ ကောင်လေးက ကျနော့်ဘက်ကို မျက်နှာမူပြီး တွေတွေကြီးငေးနေတယ်။ ကျနော်ကို သူတို့ မမြင်ကျဘူး။ လေတချက်တိုက်တော့ ကျနော်လေနဲ့အတူ လွင့်မျောနေသယောင်….။

ကျနော် တိမ်တွေနဲ့အတူ..

လေတွေနဲ့အတူ….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်






Comments

ဟင်
ဘယ်ရောက်နေတာလဲ ကောင်လေးက
ကောင်မလေးကရော ?????????
ကောင်လေးက ဘယ်ရာက်သွားတာလဲဟင်..
Anonymous said…
ကောင်လေးက သေသွားတာလား၊ ဝိဥာည် ဖြစ်သွားတယ်လား ကောင်လေးကို မတွေ့ရဘူး ဆိုတော့ .....ပဟေဒိ တွေ နဲ့ ဦးနှောက်စား အောင် ရေးတယ်....
noblemoe said…
ဒီကောင်လေးကလည်း တိမ်တွေနဲ့လွင့်မျောနေမဲ့အစား တိမ်တွေစီးပြီးလိုက်သွားလိုက်ပြီးရော
သာယာချမ်းမြေ့ပါစေနော်
မိုး
မေလေး said…
ကောင်လေးက တရဲဖြစ်သွားတာလားးး
ကောင်လေးက ဘယ်ရောက်သွားတာတုန်း ကိုဖိုးစိန်ကြီး...
အော် အပေါ်ကလူတွေ မေးတာတွေ များလိုက်တာ...

အဖြေပေးမယ်...

အဲကောင်လေးက သူ့ ရှေ့ က မျက်နှာလေးထောင့် ချစ်စဖွယ်လေးကို အကြင်နာတွေနဲ့ ကြည့် နူးညံ့တဲ့ လက်ချောင်းသွယ်လေးတွေနဲ့ ထိတွေ့ ခံစားပြီး ခုဖတ်ရတဲ့ ဝတ္ထုကို တူတူစာစီရေးကြတယ်တဲ့...

ရေးပြီးတော့ လာဖတ်ကြတဲ့ လူတွေက ချန်ခဲ့မဲ့ ခြေရာကို နှစ်ဦးသား စောင့်ကြည့်နေကြလေရဲ့လေ...

ပုံပြင်လေးကတော့ ဒါပါပဲကွယ်... =)
Mogok Thar said…
အော်
မေသူ ပြောသွားမှ ပဲ.....

သရဲ လား ဝိဥာဉ်လား.. တွေးနေတာတောင်

မျက်စိ လည်သွားဘီ.....

ဂလိုကိုး.....
Anonymous said…
ဘယ်တွေပျောက်ကုန်တာတုန်း တန်းလန်းကြီးနော်
တန်းလန်းကြီး

Popular Posts