ကျနော့် မေမေ နဲ့ အေရိုးဗစ်


အခုတလော အိမ်ကို ဖုန်းဆက်တိုင်းမှာ မေမေနဲ့ လွဲလွဲနေတယ်။ စကားပြော ဖြစ်ရင် ဖေဖေနဲ့ပေါ့။ ဒါကြောင့် ဖေဖေနဲ့ ပြောတိုင်း မေမေ့ အကြောင်းကို ဖေဖေက ဖောက်သည်ချတယ်။ မနက်ဆက်၊ ညဆက် မေမေနဲ့ အမြဲလွဲတော့ စိတ်က တခါတလေ မရှည်ဘူး။ ကျနော်ဆက်တဲ့ အချိန်ကို မေမေ့ကို အိမ်မှာရှိစေချင်တာ။ ဘယ်တွေသွားနေလဲ မေးတော့ ဖေဖေက သားမေမေက အခု အပျိုပြန်ဖြစ်နေတယ်တဲ့။ ကျနော် က ဟင်ကနဲ ဖြစ်တော့မှ ဖေဖေက သား အမေ အေရိုးဗစ် သွားကစားလို့ ဘော်ဒီလေးလှလာလိုက်တာ ခုဆို အပျိုလေး အတိုင်းပဲတဲ့။ ကျနော်မရယ်ပဲ မနေနိုင်ပါဘူး။

အမြဲတမ်း မကျန်းမာတဲ့ မေမေက ကျန်းမာရေးလိုက်စားသလို အစားအသောက်လဲ ရှောင်ပါတယ်။ ဆီများတဲ့ဟင်းတွေ၊ အကြော်တွေ မစားဘူး။ အသားငါး ဆိုလဲ ကြက်သားနဲ့ ငါးပုတ်သင်က လွဲပြီး စားတဲ့ အသား ရှားတယ်။ အရင်ကတော့ အားကစား ပုံမှန်မလုပ်ဖြစ်ပေမယ့် အခုတော့ အေရိုးဗစ် သင်တန်းတက်နေတယ်တဲ့။ အခုဆိုရင် (၆) လ (၇) လလောက်တောင်ရှိတော့မယ်။

မေမေက အလှကြိုက်တယ်။ မိုးလင်းရင် ရေချိုး၊ မျက်နှာပေါ်မှာ မိတ်ကပ်တင် နှုတ်ခမ်းနီဆိုး မျက်ခုံးမွှေး ဆွဲပြီးမှ ဈေးသွားတယ်။ ဘယ်ပဲ သွားသွား ကျော့လို့ မော့လို့။ နေမကောင်းဘယ်လောက်ပဲ ဖြစ်နေနေ နှုတ်ခမ်းနီ ဆိုးမပျက်ခဲ့ဘူး။ တခါ ဆေးရုံတက်ရတယ်။ သတိမေ့သွားတယ်။ သုံးရက်လောက်။ ပြန်သတိရချင်းချင်း အနားမှာ လူနာစောင့်တဲ့ သူဆီက ဘာတောင်းသလဲ ထင်လဲ။ ရေမတောင်းသောက်ဘူး။ နှုတ်ခမ်းနီ နဲ့ မျက်ခုံးမွှေး ဆွဲတံ။ သတိရလို့ ဆရာဝန်လာကြည့်ရင် မေမေ့ မျက်နှာ မျက်နှာပြောင်ကြီး ဖြစ်နေမှာစိုးလို့တဲ့လေ။ (ကျနော်ပြန်စဉ်းစားတယ်။ ကျနော်က အမေတူသားများလားလို့)။

အခုနောက်ပိုင်း ကျနော်နိုင်ငံခြားထွက်ပြီးကတည်းက မေမေ ကျန်းမာရေးပြန်ကောင်းလာတယ်။ (ဟုတ်လောက်တယ်။ ကျနော် မရှိတော့ တော်တော်လေး အသက်ရှု ချောင်ကြမှာပေါ့လေ။)။ ကျန်းမာရေးလည်း လိုက်စားတယ်လေ။ ဖေဖေက ပြောပါတယ်။ ကိုယ့် ငါးချဉ်မို့ ကိုယ် ချဉ်တာ မဟုတ်ပါဘူးတဲ့။ မေမေတို့ အေရိုးဗစ် သင်တန်းမှာ မေမေက အမိုက်ဆုံး၊ အလှဆုံးတဲ့။ လန်းနေတာပဲတဲ့။ ပြောပုံက တကယ့်ကို ခေတ်သုံးစကားတွေ။ တကယ်တော့ အဲဒီသင်တန်းမှာ မေမေက အသက်အကြီးဆုံးလို့တောင် ပြောလို့ရတယ်။ သင်တန်းဆရာမက ညီမလေး မလျှံရဲ့ သူငယ်ချင်းအမမို့လို့ မေမေ တက်ချင်တဲ့ အတန်းကိုပေးတက်ထားတယ်။ မေမေကို ကြည့်ရတာ ပျော်တဲ့ပုံရပါတယ်။ စကားလဲ ပြောရ၊( အတင်းလဲ အုပ်ချင် အုပ်မှာပေါ့)၊ ကျန်းမာရေးလဲ လိုက်စားရဆိုတော့ မေမေက ကစားရင်တက်ကြွနေတာပဲ။ မလျှံက လည်း အတင်းပြောပါတယ်။ မေမေကစားတာကို ဖေဖေက မေမေ မသိအောင် လာလာခိုး ချောင်းတယ်တဲ့။ သဘောတွေကျပြီး ပြန်တယ်တဲ့။ သူတို့ခမျာ သမီးရည်းစားကျနေတာပဲ။ သားသမီး မသိအောင်၊ မိန်းမ မသိအောင် ဖေဖေက နောက်ကလိုက်ချောင်းရတယ်လို့။

အရင်က အေရိုးဗစ် သင်တန်းသွားရင် ဖေဖေက မေမေကို လိုက်ပို့ လိုက်ကြိုရတယ်။ အခုနောက်ပိုင်း မေမေက ဖေဖေထက် ဦးအောင်ထ၊ ရေချိုး၊ အလှပြင်ပြီးရင် ဘောင်းဘီ တိုဝတ် ဦးထုတ်ဆောင်းပြီး သော့ကလေး တရမ်းရမ်း ဖင်လေးလှုပ်လှုပ် ဆံပင်လေး ခါခါနဲ့ ကားကို ဖေဖေ့ထက် ဦးအောင် ယူမောင်းသွားတယ်ဆိုပဲ။ ဖေဖေ့ ခမျာ အလုပ်သွားရင် ဆိုင်ကယ်လေးနဲ့ သွားပြီး မိန်းမကို လိုက်ချောင်းရတဲ့ ဘဝ ရောက်သွားတယ်။ ပြန်လာရင် နောက်ကျတယ်တဲ့။ ဘယ်သွားလဲလို့ ဖေဖေက မေးရင်း မေမေက ဝင်းဒိုး ရှော့ပင် ဒါလင် တဲ့။ (မလျှံက အပြတ်ကို သင်ထားပေးတာ)။ အင်္ဂလိပ်စာလဲ သင်နေတယ်။ ကွန်ပြူတာလဲ တော်တော် သုံးတတ်နေပြီး။ အရင်လို မလျှံ လာပါဦး။ အငယ်ကောင် လာပါဦး ပြပါဦး။ ဘယ်ခလုတ်က ဘာ ဆိုတာမျိုး မဟုတ်တော့ဘူးတဲ့။ အနာဂတ် အတွက် အရမ်းကို တက်ကြွ နေတဲ့ အမျိုးသမီးကောင်းလို့ ဖေဖေက ပြောရင် မေမေ က စိတ်ကောက်ချင်ပါသေးတယ်။

ဘာဖြစ်ဖြစ် ဖေဖေနဲ့ မေမေရဲ့ တနေ့တာ လှုပ်ရှားဟန်တွေကို အိမ်မပြန်ပဲ အဝေးကနေ ခိုးချောင်းပြီး ကြည့်ချင်တယ်။ ဖေဖေနဲ့ မေမေ အိမ်မှာ တနေ့တာ ဘယ်လို စခန်းသွားနေလဲ ဆိုတာကို အဝေးကနေမြင်ချင်နေမိတယ်။

ခုချိန် မိဘ နှစ်ပါးလုံး ကျန်းမာနေတာကိုပဲ ကျေနပ်ပီတိ ဖြစ်မိပါတယ်။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်




Comments

ပျော်စရာမိသားစုလေးပဲနော်.. ဖိုးစိန်မေမေကို အားကျလိုက်တာ.. ပုံမှန်ကစားနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး..
ဟားဟား ဖိုးစိန်လေး အတင်းတုပ်နေတယ်လား
Myue Myue said…
ပျော်စရာမိသားစုလေးပဲနော်.. ဖိုးစိန်မေမေကို အားကျလိုက်တာ.. ပုံမှန်ကစားနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး..
Mogok Thar said…
အမေတူသား..

ဒါပေမဲ့ အမေ က သားထက် အများကြီး ပိုချော၏.....

:-P

ပျော်ရွှင်ဖွယ်ရာ မိသားစုလေးနဲ့အတူ... ထာဝရ...

ကျန်းကျန်းမာမာ.. ပျော်ပျော်ရွှင်ရွှင်...

နေထိုင်နိုင်ပါစေ......

ချစ်ခင်တဲ့

ကိုမောင်ဟန်
ဟားဟား ဖိုးစိန်လေး အတင်းတုပ်နေတယ်လား
Mogok Thar said…
အမေတူသား..

ဒါပေမဲ့ အမေ က သားထက် အများကြီး ပိုချော၏.....

:-P

ပျော်ရွှင်ဖွယ်ရာ မိသားစုလေးနဲ့အတူ... ထာဝရ...

ကျန်းကျန်းမာမာ.. ပျော်ပျော်ရွှင်ရွှင်...

နေထိုင်နိုင်ပါစေ......

ချစ်ခင်တဲ့

ကိုမောင်ဟန်
Anonymous said…
အမေတူသားကြီးပါတကား ....။
လမ်းလျှောက်ရင်ရော တူသလား .....။
:P

ခင်မင်စွာဖြင့်
Zephyr
Anonymous said…
ဖိုးစိန်ရော နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးဆွဲတယ်လား။
ဟိုက်ရှားပါးစ်
ဒါကြောင့် တီချမ်းက သဘောကျတာဖြစ်မယ်။ ဟတ်ဟတ် :P
ပေါက်ပေါက် said…
ဒေါ်လေးမေမေ, ဦးဦးဖေဖေ နဲ့ ........ တို့ပျော်နေရင် ပြီးတာပါပဲလေ...
Sint Si said…
I am glad they are happy and healthy.
noblemoe said…
အမေတူသားလား ..

အဖေတူသားလား..

အဖေတူသားဆိုရင် ပိုချစ်တတ်မှာပေါ့နော်.

အမေကိုတောင်ရေးထားလိုက်တာများနော်

တိုင်လိုက်ဦးမယ်.. ပြောချင်ဖူး ဒါပဲ

ကို ရဲ့

့မိဘနှစ်ပါးယခုလိုပဲအမြဲကျမ်းမာပျော်ရွှင်ပြီးသာယာချမ်းမြေ့နိုင်ပါစေ...

မိုး
ဟား....ဦးစိန်အမေက ချောတယ်ဗျ....မင်းသမီးဝင်လုပ်ဖို့ကောင်းတယ်...
အမေခန်းတွေမှား)
Anonymous said…
အဲ အဟိ ဘယ်လို ရေးရမလဲဟင်....

အမေတူသားလား အဖေ တူသားလား..သူများတွေလို့ပဲရေးလိုက်ရမလား...ဟင်

ဟင်

ဟင်

ကို တဲ့

တိုင်ပြောမှာနော် ဟင့်....

သာယာ ချမ်းမြေ့ပါစေ ရှင်...

:P
မေဇင် said…
ပျော်စရာကြီးနော်...အရေးအသားကလဲ ကောင်းတော့...ချက်ချင်းကို မျက်လုံးထဲ မြင်ယောင် .. ကြည်နူးသွားတယ်...။ အိမ်က မိသားစု ကိုလဲ လွမ်းမိတယ်။
mae said…
ဘော်ဒီလေး လှလာလိုက်တာ တဲ့လား? ချစ်ဖို့ကောင်းလိုက်တာ

မေမေနဲ့ ဖေဖေဆိုလဲ အဲ့လိုပဲ၊ ချစ်ကြတယ်၊

ကျန်တာတော့ မသိဘူး၊ အလှကြိုက်တာတော့ အမေတူတာ သေချာပါတယ်၊
မေလေး said…
အမေတူသားပါ ၁၀၀%
ဒါနဲ့ ကို ဆိုပါလား
ဘယ်တုန်းကဘာ.....
အဟီးး
အနော်အဲနေ့ကကျောင်းမတက်ဘူး မသိဘူးနော်
မလုပ်နဲ့နော် အတင်းတွေလိုက်လိုက်တုတ်တယ်..။
အန်တီက ဒေါ်နှင်းဆီနဲ့ တူတယ် .. :D
ခု လက်ရှိ လှနေ လန်းနေတဲ့ ပုံ ရန်ကုန်လှမ်းမှာလိုက်လေ ..း))

အကိုတို့ မိသားစုအကြောင်း စာတွေဖတ်ပြီး ကြည်နူးမှုတွေ အမြဲ ကူးစက် ခံစားရတယ် ..း))
ဖတ်ရတာ ကြည်နူးစရာပါ ဖိုးစိန်။
ခေတ်နဲ့အမှီလိုက်နေတဲ့ မေမေပေါ့လေ။ အလှကြိုက်တာချင်းတူတယ်ဆိုတာ ယုံတယ်။း)
နွေးနေခြည် said…
အမေတူသားတဲ့ ပြောကုန်ကြပြီး))))
khin oo may said…
အသက်ရှုချောင်သွားတယ်ဆိုတာ သဘောကျမိတယ်။
ပို့ စ်ကိုဖတ်ပြီး သဘောကျနေတုန်း... အောက်က တယောက်သောသူရဲ့ ကော်မန့် ဖတ်ပြီးး..... ငါတော်တော် မသိသေးတာတွေ ရှိနေပါပေါ့လားလို့ သဘောပေါက်သွားတယ်...

=P

အော် အဲဂလိုတွေ......
Dream said…
မောင်ချစ်တဲ့ချစ်ချစ်၊ ချစ်ချစ်ချစ်တဲ့မောင်၊ကလဲ မာမီ့အတိုင်းပဲ လှမှလှပါ။။။ အဟတ်

မာမီတူစမ်းလေးးးခွီးခွီးးလှပြီးသား လှပြီးသား။။။

ဒါကြောင့် မောင်ချစ်တဲ့ချစ်ချစ်က ချစ်ချစ်ချစ်တဲ့မောင့်ကိုချစ်တာပေါ့....း))

အဟတ်
:P

Popular Posts