ချစ်ညီပေါက်ပေါက်မွေးနေ့ အမှတ်တရပါ




ပေါက်ပေါက်ရဲ့မွေးနေ့ အချိန် မိနစ်ပိုင်းလေး အလိုမှာ ချစ်သူလေးက ဆုတောင်းဖို့ စောင့်နေတယ် ဆိုတော့ ပေါက်ပေါက်ခမျာ ဒိုတာ ခုတ်တာတောင် စိတ်မဖြောင့်..။ (၁၂)နာရီထိုးတာကို ဖဘ နဲ့ ဂတ ဖွင့်ပြီး ရင်ခုန်စွာစောင့်ဆိုင်းနေတာ။ (၁၂) မထိုးခင်မှာ ပေါက်ပေါက် အမ ကိတ်မုန့် အကြီးကြီး နဲ့ မနိုင်မနင်း သယ်ပြီး အိမ်ပြန်လာတယ်။ (၁၂)ထိုးတာနဲ့ ဘတ်ဒေးသီချင်းဖွင့်၊ မီးမှုတ်ပြီး အိမ်ကညီအကို မောင်နှမတွေ ဆုတောင်းကြတယ်။ ကိတ်မုန့်ခွံ့ကျွေးပြီး ဖဘ နဲ့ ဂတ မှာ ဝိုင်းဆုတောင်းကြတယ်။ မိုးမလင်း၊ တလင်းထိ ဒိုတာခုတ်ကြတယ်။ ပြီးတော့ စားဖိုမူး အိပ်နေတာကို လုပ်ကြံကြတယ်လေ။


အဲဒီနေ့က မနက်ပိုင်း မိုးတွေ အုံ့ဆိုင်းမှိုင်းညို နေပြီး နေ့လည်လောက်ကျ မိုးတွေ သည်းနေလိုက်တာများ...။ စိုးရိမ်လွန်တာက စားဖိုမူး... ။ စားဖိုမူးကြီး စိုးရိမ်နေလို့ မိုးရွာရင် အိမ်အောက်မှာပဲ လုပ်တော့မယ်ဆိုပြီး ဝိုင်းကမထတမ်းကစားတဲ့ ညီတွေ စနေတာကို လှိမ့်ပိတ်ခံနေရတာပါပဲ။ မိုးလေးတိတ်လို့ အလင်းရောင်လေး ရရော ထခုန်ပေါက်မတတ်ပျော်လိုက်တာ။ သွားချင်နေတဲ့ အီးကုတ်လေးကို သွားရဖို့။ လက်စွမ်းပြရဖို့။ ;P

ရောက်တော့ ရာသီဥတုက သာယာလိုက်တာ။ ကြိုရောက်နေတဲ့ မမြူးတို့နဲ့ မက်ဒေါနယ် ဆိုင်မှာ ဆုံပြီး နေရာလိုက်ရှာတာ။ ကိုယ်တွေက နေရာကို မဘွတ်ထားတော့ လွတ်နေတဲ့ နေရာမှာ ခပ်တည်တည်နဲ့ ပစ္စည်းတွေထား၊မီးတွေမွှေး... ဗြုန်းဆို ဘွတ်ထားတဲ့သူတွေ ရောက်လာရော... ခပ်တည်တည်နဲ့ နောက်တနေရာရွှေ့.... နောက်တနေရာ နေသားလဲ ကျရော... နောက်ထပ် ဘွတ်ထားတဲ့ သူတွေ ရောက်လာပြန်ရော...။ ခပ်တည်တည်နဲ့ ခြေတလုံး အိမ်တိုင် ပမာ ပစ္စည်းတွေကို သယ်ရင်း မနှစ်ဒီဇင်ဘာ (၂၅)က သုံးည နဲ့ လေးရက် တရားစခန်းဝင်ခဲ့ကြတဲ့ နေရာပဲ ထပ်ရောက်လာတယ်။

တဖွဲဖွဲနဲ့ လူတွေစုံလာတယ်။ အသားကင်တွေစတယ်။တောင်းဆိုမှုတွေများတယ်။ ဟောတခု၊ဟောတခု နဲ့ ပျောက်ပျောက်ကုန်တယ်။ မေးလိုက်ရင် မစားရသေးဘူးချည်းပဲ။ ချစ်ညီတစ်ယောက်က ကောက်ပြီးပြန်လာတယ်။ သောက်ပေါက် ဖျော်ရည်ကို လက်တွေ ပြတ်မတတ် သယ်ခဲ့ရလို့တဲ့။ လူလဲစုံရော၊ အသားကင်တွေလဲ ကုန်ရော။ :P

လုစားကြတယ်။ မကြားရတာကြာတဲ့ ချီးပေါက်သံတွေ၊အော်သံတွေ၊ ဝိုင်းကောင်းသံတွေ၊ အကြွေပျောက်သံတွေ ကို လမှိန်မှိန် ဓာတ်မီးသေးသေးလေး အောက်မှာ မိုးလင်းတဲ့ထိ ပျော်ခဲ့ကြတယ်။ သီချင်းတွေကို စောင်းဆိုကြတယ်။ ဖဲလိမ်ရိုက်ကြတယ်။ မလာတဲ့ လူတွေကို သတိရတယ်။ တမ်းတတယ်။ ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံဆရာကောင်းပေမယ့် ဓာတ်ပုံတွေ ကောင်း မကောင်း ကတော့ အောက်ကပုံတွေ ကိုကြည့်ကြပါ။


အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် ပင်ပန်းတာနဲ့ တန်အောင် စိတ်ချမ်းသာတယ်။ သူတို့တွေ လုစားနေတာ၊ ရန်ဖြစ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ချီးပေါက်နေတာ၊ ကစားအော်ဟစ်နေတာကို ကြားနေရရင် စိတ်ချမ်းသာတယ်။ သံယောဇဉ်ဆိုတာ ဒါကိုခေါ်တာပါပဲ။

ချစ်ညီ ပေါက်ပေါက် နှစ်တိုင်း ဒီလိုအမြဲ စိတ်ချမ်းသာပြီး ပျော်ပါစေ။

မမြူးဟုမ်းမိတ် (အရမ်းကောင်းတယ်)









ားဖိုမူး လက်... :P





အနံ့လေးတသင်းသင်းနဲ့ အားလုံးအကြိုက်တွေ့သွားတဲ့ ဘာဆိုလဲ မသိတဲ့ ငါးထုပ်







အားနာတာရယ်.. ကြောက်တာရယ်ပေါင်းပြီး ကောင်းတယ်လို့ မပြောမဖြစ်ပြောကြတဲ့ စားဖိုမူး လက်ရာ ကြာဇံကြော်




တညလုံး နယ်ထား သိပ်ထားတဲ့ အသားတွေ...









အာလူးတွေ... ဥတွေ....







မော်လမြိုင်စတိုင် ငရုတ်မန်းကျည်းချဉ်




တရားဝင် ရောင်စုံအအေး.... တရားမဝင် သောက်ပေါက်တွေကိုတော့ မတင်တော့ပါဘူး..။ :P




အငွေ့တထောင်းထောင်းနဲ့ ရောင်းမလောက် အသားကင်














ဓာတ်ပုံဆရာကတော့ ဦး လို့ ခေါ်တဲ့ ကိုဘို မိုးကုတ်သားပါခင်ဗျား....။


ကျေးဇူးတင်ပါတယ်။ :P





ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

ပျော် စရာကြီးဗျာ...။
khin oo may said…
ပျော်ရွင်ပါစေ ပေါက်ပေါက်
Anonymous said…
ဒါတွေစားဖို့ တနေ့လုံး အလုပ်မှာ ဘာမှ မစားခဲ့ဘူး...ကြာဆံကြော် တဝကြိတ်ပီးမှ နေသာထိုင်သာ ရှိပီး အကင်တွေဘက်လှည့်နိုင်တာ.......း)

ချစ်မောင်လေး မွေးနေ့တိုင်း ပျော်ရွှင် စိတ်ချမ်းသာပါစေ....
Mogok Thar said…
အော်.. မွေးနေ့ ပို့စ်မှာတောင် အဲဒီ ဥ ကိစ္စက ပါလာသေးတယ် (ဖတ်ပီး မန့်မှာ မမေ့ခင် အရင် စိတ်တိုပြထားရတာ)

ကြာဇံကြော်လဲ မစားလိုက်ရ.. က်ြတောင်ပံလေးလဲ အနံ့တောင် မရှူလိုက်ရတဲ့အတွက် မကျေနပ်ဘူးးးးးးးးးးးးးးးးးးး

မွေးနေ့ ပြန်လုပ်ပေးပါ ပေါက်ပေါက်
စိန်ပေါက်ပေါက်

နှစ်စဉ်နှစ်တိုင်း ဒီထက် မလျော့တဲ့ ပျော်ရွှင်မှုမျိုးနဲ့ မွေးနေ့တိုင်း ကျော်ဖြတ်နိုင်ပါစေ ..း)) ဆန္ဒနဲ့ ဘဝ တထပ်တည်း ကျပါစေ .. အနာဂတ်ဘ၀ သာယာ လှပ ပါစေ ..း))

ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ရင်ဆိုင်ဖို့

ဖိုက်တင်း .........း))
အကုန်လုံးစားကောင်းပါသည်။း)
မေဇင် said…
ပြန်စားချင်၏ ။
ပေါက်ပေါက် said…
အားဘွားးးးးးးးးးးးးးးးးးးးးးးးးး*
ပေါက်ပေါက်အတွက် မွေးနေ့ဆုတောင်းနောက်ကျသွားလို့ ခွင့်လွှတ်ပါ။

မောင်လေး ရေတမာ ဘ၀တလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့၍ လိုအင်ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေ။
ပေါက်ပေါက် ဝိုင်းမှာအမြဲ ပေါက်ပါစေဗျာ...:D

Popular Posts