Thursday, 30 September 2010

လောကနီတိ ကျမ်းသစ်


ရိုးသားတဲ့သူတွေ ကျဆုံးမယ်

သည်းခံတတ်တဲ့သူတွေ နောက်ကျကျန်မယ်

ဦးနှောက်ရှိတဲ့သူတွေ မြေမြှုပ်ခံရမယ်။

ဗီလိန်တွေ ကောင်းစားမယ်။

ပေါက်ပန်းပွင့်လို အမြင်လှကြပါ။

ထမိန်ဈေးမကောင်းခင်

နှုတ်ခမ်းမွေးတွေ ရိတ်ကြပါ။

စိတ်ခံစားမှုနဲ့ ယှဉ်ရင်တော့

ငါဟာ မမှန်တရားတွေကို ရင်ဆိုင်ရတာ နေသားကျနေခဲ့ပြီး။

အမှန်တရားကို တောင် မေ့နေတာကြာပေါ့။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

6 comments:

မောင်မျိုး said...

နှုတ်ခမ်းမွှေး ရှည်တာတောင် မရိတ်ရဲတော့ဘူး ထမိန်ဈေး ကောင်း မကောင်း လိုက်စုံစမ်းနေသလိုဖြစ်နေပြီးး)

Anonymous said...

ကြမ်း အသစ် လဲပေးရင်တော့ အိမ်ရှင်က ဝမ်းသာမှာပါ...းP

christ said...

ကဗျာက ဘာကိုဆိုလိုမှန်း မသိပင်မဲ့
အကိုရဲ့ ကဗျာလေး က ဖတ်လို့ကောင်းပါတယ်။

ငချမ်းကောင် said...

နည်းနည်းတော့ လျော့
ရိုးသားတဲ့သူတွေ မကျဆုံးပါဘူးဗျာ...
ရိုးအတဲ့သူတွေ ကျဆုံးတယ်လောက်တော့ လုပ်လိုက်
နည်းနည်းတော့ လျော့တယ်ထားလိုက်

ဂျူနို said...

ဖိုးစိန် ဘိုးတော် ဖြစ်သွားပြီလား

မအယ်

Nayi Min Khin said...

ဗီလိန်တွေ ကောင်းစားတယ်... ဟုတ်တယ်။ အခု အဲဒီ့ခေတ်ထဲကိုယ်တွေရောက်နေကြတယ်။