လောကနီတိ ကျမ်းသစ်


ရိုးသားတဲ့သူတွေ ကျဆုံးမယ်

သည်းခံတတ်တဲ့သူတွေ နောက်ကျကျန်မယ်

ဦးနှောက်ရှိတဲ့သူတွေ မြေမြှုပ်ခံရမယ်။

ဗီလိန်တွေ ကောင်းစားမယ်။

ပေါက်ပန်းပွင့်လို အမြင်လှကြပါ။

ထမိန်ဈေးမကောင်းခင်

နှုတ်ခမ်းမွေးတွေ ရိတ်ကြပါ။

စိတ်ခံစားမှုနဲ့ ယှဉ်ရင်တော့

ငါဟာ မမှန်တရားတွေကို ရင်ဆိုင်ရတာ နေသားကျနေခဲ့ပြီး။

အမှန်တရားကို တောင် မေ့နေတာကြာပေါ့။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Maung Myo said…
နှုတ်ခမ်းမွှေး ရှည်တာတောင် မရိတ်ရဲတော့ဘူး ထမိန်ဈေး ကောင်း မကောင်း လိုက်စုံစမ်းနေသလိုဖြစ်နေပြီးး)
Anonymous said…
ကြမ်း အသစ် လဲပေးရင်တော့ အိမ်ရှင်က ဝမ်းသာမှာပါ...းP
Unknown said…
ကဗျာက ဘာကိုဆိုလိုမှန်း မသိပင်မဲ့
အကိုရဲ့ ကဗျာလေး က ဖတ်လို့ကောင်းပါတယ်။
နည်းနည်းတော့ လျော့
ရိုးသားတဲ့သူတွေ မကျဆုံးပါဘူးဗျာ...
ရိုးအတဲ့သူတွေ ကျဆုံးတယ်လောက်တော့ လုပ်လိုက်
နည်းနည်းတော့ လျော့တယ်ထားလိုက်
ဖိုးစိန် ဘိုးတော် ဖြစ်သွားပြီလား

မအယ်
Nayi Min Khin said…
ဗီလိန်တွေ ကောင်းစားတယ်... ဟုတ်တယ်။ အခု အဲဒီ့ခေတ်ထဲကိုယ်တွေရောက်နေကြတယ်။

Popular Posts