မျှော်လင့်ချက်လေးတော့ထားပါတယ်။
သား သမီး တွေက မိဘအပေါ် ထင်သလောက် မထောက်ပံ့နိုင်တဲ့အခါ၊ မပြုစုနိုင်တဲ့အခါ စိတ်မကောင်းဖြစ်ရတာတွေရှိပါတယ်။
သား၊ သမီး အများစုကလည်း မိဘ အနည်းနဲ့အများပေးကမ်းချင်ကြတာချည်းပါပဲ။ ဟိုတစ်ယောက့ကတော့ မိဘကို ငွေထုပ်ပုံပြီးကန်တော့တယ်။ သူကတော့ သူ့မိဘကို အိမ်ဝယ်ပေးတယ် စသဖြင့် ကြားရ၊ မြင်ရတဲ့အခါ ကိုယ့်မိဘကို သူတို့လိုထားချင်၊ပေးကမ်းချင်စိတ် အနဲအများဖြစ်ကြတာပါပဲ။
အချိန်တိုင်းမှာ မိဘ တွေက မမျှော်လင့်ကြ ပေမယ့် သူတို့ မျှော်လင့်ချက်ထားတာ မြင်နေရတတ်ပါတယ်။ အသက်ကြီးလာလို့၊ စီးပွားရေးအဆင်မပြေချိန်တို့၊ ကျန်းမာရေး မကောင်းတော့ ရင် "ငါတို့က ဘာမှ မမျှော်လင့်ပါဘူး ဆိုပေမယ့် မျှော်လင့်ချက့အရိပ်ကလေးတွေ သန်းနေဆဲပါ။
ဒီလိုပဲ မိဘတွေတင်မဟုတ်၊ နေတဲ့ပတ်ဝန်းကျင် အသိူင်းအဝိုင်းမှာလည်း ပေးချင်သူ၊မျှော်လင့်သူ၊ ပေးနိုင်သူ၊ ဘာမှ မမျှော်လင့်သူ စသဖြင့် အမျိုးမျိုး ရှိကြမှာပါပဲ။
တခါတလေကျတော့ စဉ်းစားမိတယ်။ ဒီလောကကြီးမှာ ဘယ်နှစ်ယောက်လောက်များ ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျ၊ စိတ်တိုင်းမကျတဲ့ စိတ်ဖိစီးမှု မျိုး ခံစားနေရသလဲ။ ဒီစိတ်ဖ်စီးပြီး ဘ၀င်မကျမှုက တခြားတယောက်ရဲ့ မျှော်လင့်ချက်တခုကြောင့်လား ၊ ကိုယ်တိုင်မျှော်လင့်နေမလား အထင်နဲ့ စိုးရိမ်နေရတာလားပါပဲ။
အဲဒီမျှော်လင့်ချက်တွေ၊ အတွေးတွေ နစ်မွန်းပြီး ကိုယ့်အတွေးနဲ့ သူတို့မျှော်လင့်ထားသလို မဖြစ်လာသလားဆိုတာမျိုးပေါ့။ ဒါတွေကလဲ လူတွေမှာ ငါမပြည့်စုံဘူးဆိုတဲ့စိတ်ကို စွဲစွဲ မြဲမြဲ ကိုင်စွဲပြီး မသိစိတ်တွေက တနေတခြားနဲ့ ကြီးထွားရင့်ကျက်လာရင်းနဲ့ လောကကြီးဖြစ်နေတာကိုး။
တကယ်တော့ လူဆိုတာ ကိုယ့်ဘ၀ကိုယ် ဖန်တီးနေကြတယ်ဆိုပေမယ့် တခြားသူတယောက်ရဲ့အသိအမှတ်ပြု ခံရခြင်းကို ရှာဖွေမိနေကြတယ်။ အများစုက ကိုယ့်ပတ်၀န်းကျင်မှာ ရှိနေတဲ့ သူတွေရဲ့အလေးပေးမှု အသိအမှတ်ပြုမှုကို မသိစိတ်ကလိုလိုလားလား တောင့်တ တတ်ကြတယ်။ လူတွေကြောက်ရွံ့တာက ငါတို့က သူတို့ စိတ်နဲ့ မတိုက်ဆိုင်ရင် သူတို့ထင်သလို ဖြစ်မလာရင် သူတို့ငါကို မချစ်တော့ဘူး. မခင်တော့ဘူး. စွန့်ခွာသွားမှာ ။ အဲဒီအခါ ငါသူတို့ဆီက ငါလိုချင်တဲ့ ပျော်ရွင်မှုတွေ.ကြင်နာမှုတွေ မရေတာ့ဘူး ဆိုပြီး တွေးတောတတ်ကြာတာလို့ထင်ပါတယ်။
ဒါကြောင့် လူအမ်ားစုက ့မျှော်လင့်ချက်တခု ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်ကိုယ် မျှော်လင့်ချက်ကြီးထားရင်း ဖြစ်မလာတော့တဲ့အခါ စိတ်ဓာတ်အကြီးအကျယ် ကျဆင်း ကိုယ့်တိုင်က မပြည့်စုံတဲ့ဘ၀ကျိန်စာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခေါင်းစဉ်တပ်လိုက်ကြတာပါပဲ။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ယူဆတဲ့အခါ.. ကိုယ်တိုင်က ဘ၀မွာ ဘာမှမပြည့်စုံဘူးလို့ ယူဆတဲ့အခါ..ဘာတွေ တွေးပြီး ဘာလုပ္မိသလဲ။ စိတ်ဓာတ်တွေ အကြီးအကျယ် က်မိသလား။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမိမလား။ တကယ်တော့ ဒါကလူ့အဖွဲ့အစည်းပဲ။ ဒီလို ဖြစ်လာအောင် လူ့အဖွဲ့အစည်းက တွန်းအားတွေပေးနေတာပါ။ ဒါကို ကိုယ်တိုင်က နေတတ်အောင် မကြိုးစာရင်း ကိုယ့်အတွက် ဒီလူ့အဖွဲ့အစည်းမှာ နေစရာရှိမှာမဟုတ်ပါဘူး.လို့ပဲ ဖြည့်တွေးရမယ်။
တကယ်တမ်းပြန်တွေးရမှာက ကိုယ်တန်ဖိုးမရှိဘူးလို့ ယူဆတာဟာ ကိုယ္က တခြားတယောက် မျှော်လင့်ထားတဲ့ထိ ဖြစ်မလာသေးလို့။ ဘ၀မွာ မပြည့်စုံဘူးလို့ တွေးထင်လိုက်တိုင်းမှာ ကိုယ်ထက်ပြည့်စုံနေတဲ့သူတွေ ကို မသိစိတ္က ပြိုင်ဆိုင်မျှော်လင့်မိနေလို့ ဆိုတာ သတိထားမိရမယ်။ အဓိက က တော့ ကိုယ့်ပတ်၀န်းကျင်မှာ ရှိနေတဲ့လူက ကိုယ့်အတွက် ဘယ္လို မျှော်လင့်ချက်ထားလဲ. ကိုယ္က သူတို့မျှော်လင့်ချက်ထားတာကို ဘာလို့ စိုးရိမ်တကြီး လိုက်ဖြည့်ချင်နေတာလဲ ထက် ကိုယ္ကိုယ္ကိုယ္ဘာလဲ ဆိုတာ ကိုယ်တိုင် သိထားနိုင်ဖို့ ပါပဲ။
ဒီအချိန်ဟာ ကိုယ်ကို သူများလက်ခံဖို့ ကြိုးစားနေတယ်ဆိုရင် သူများ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနေဦးမှာပဲ။
ဒီအချိန်ဟာ ကိုယ်ကိုယ့် ကိုယ်လက်ခံနိုင်ဖို့ ကြိုးစားနေရင် ကိုယ့် မျှော်လင့်ချက်တွေ နဲ့ ကိုယ်ဆက်ရှင်သန်နေဦးမှာပဲ။
ဒီအချိန်မှာ သူများမျှော်လင့်ချက်တွေနဲ့ ကိုယ့်မျှော်လင့်ချက်တွေကို အလွန်အကျွံ စားသုံးထားပြီးပြီး ဆိုရင်တော့ ကိုယ်ဟာ ဘ၀ရဲ့ မပြည်စုံမှု ကျိန်စာ ကို ကောင်းကောင်းကြီးမိနေလောက်ပြီး။
မျှော်လင့်မထားပေမယ့် မျှော်လင့်ချက်လေးတော့ထားပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
စိန်လျှံထွန်း
Comments
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်