သော့ချက်တစ်ခုရဲ့ ကောက်ကြောင်း ရာဇဝင်
သော့ချက်တစ်ခုရဲ့ ကောက်ကြောင်း
တစ်ခါတစ်ရံပေါ့
ကောင်းကင်ကိုခုန်တက်တဲ့
လမင်းတစ်စင်းလို
မာန်ဝင့်စွာ လင်းလက်လိုက်ချင်တယ်..
ရံဖန်ရံခါ
တောင်ပံမပါတဲ့
ပန်းလေးတစ်ပွင့်လို
လေအဝှေ့ မှာ ကြွေလွင့်လိုက်ချင်ခဲ့တယ်..
(အခုတော့)
လရောင်အောက်က
မြစ်တစ်စင်းရဲ့ မျက်နှာပေါ်မှာ
ပိုက်ကွန်မိနေတဲ့ငါးလို
တဖျပ်ဖျပ်ခုန်နေတဲ့ငါ..
လေဟာနယ်ထဲ
မင်းကို
တွန်းထုတ်ဖို့  မကြိုးစားမိတဲ့ငါ..
စဉ်းစားမရစွာ
ရင်ထဲမွန်းကြပ်ပေမယ့်
စွန့် ခဲ့တဲ့အနမ်းပွင့်နဲ့ အတူ
မင်းကိုရှိနေချင်ခဲ့..
ခံစားမှု ဦးနှောက်တို့ ညွတ်ကွင်းမိရင်း
မင်းကိုသတိရနေခဲ့တယ်…
သော့ချက်တို့ ဖြေလျော့ရင်းနဲ့ 
ရင်ထဲပွင့်ထွက် အဖြေထွက်ခဲ့တယ်..
သေချာတယ် …မင်းကို”ချစ်” နေတယ်…
”ရင်ထဲတကယ်ချစ်မိသူတစ်ယောက်အတွက်”
...........
ကဗျာတွေကိုချစ်ပေ မယ့် ကဗျာ မရေးတတ်တဲ့
ကျွန်တော့်ကဗျာ က ကဗျာတော့မဆန်ပါဘူး..
ကလေးအတွေးသာသာပေါ့ဗျာ…
ဒါပေမယ့်
ဒီကဗျာလေးက ၂၀၀၂ ဖေဖော်ဝါရီ လက
သူငယ်ချင်းတွေပထမဆုံးထုတ်ခဲ့တဲ့ကဗျာ စာအုပ်(စာရွက်သာသာပါ) လေးထဲက
ကျွန်တော်ရေးခဲ့တဲ့ကဗျာလေးပါ..
အဲဒီကဗျာရေးခဲ့တဲ့အချိန်တုန်းကတော့
ကျွန်တော် အရှုပ်တော်ပုံအနေနဲ့ 
ပြင်သစ် -ရုရှား(မေဂျာ)
ပေါင်းကူးရေးလုပ်နေတဲ့ အချိန်ဖြစ်သလို
တိုးတိုးတိတ်တိတ်ဖြစ်နေတဲ့ပြည်တွင်းစစ်ကလည်း
ရှိနေတယ်လေ…
ဒါကြောင့်
တစ်ယောက်ယောက် ကိုရည်ရွယ်ပြီး ပေးမယ်လို့ စိတ်ကူးထားပေမယ့်
အဲဒီအချိန်တုန်းက နှစ်ယောက်ဖြစ်နေတဲ့အတွက်
ဘယ်သူ့ ကိုပေးရမလဲဆိုတာ
ဝေခွဲမရခဲ့ဘူးလေ…. :D
အဲ..ကဗျာစာအုပ်လဲထွက်လာရော..
စိတ်ပေါက်ပေါက်နဲ့ နှစ်ယောက်လုံးကိုပေးလိုက်တယ်…
ဒါပေမယ့် တစ်ယောက်စီိကိုတော့
ချစ်လေးအတွက်ရည်ရွယ်ပြီးရေးတာပါ
ဘာညာ သာရကာ ဆိုပြီး
အပျော့ဆွဲလေးနဲ့  သဘောခွေ့ အောင်
ချစ်သက်သေလက်မှတ်လေးထိုးပေးလို့ 
အမြတ်တနိုးနဲ့ အမှတ်တရလေး
သိမ်းထားခိုင်းလိုက်တယ်ပေါ့…
ကြာကြာမခံပါဘူးဗျာ...
တစ်ပတ်အတွင်းမှာပဲ
လက်မှတ်ထိုးထားပေးခဲ့တဲ့ကဗျာ စာရွက်လေးနှစ်ရွက်က
အတို့ အထောင် အလှော်တွေ
( နှစ်ယောက်လုံးကိုသိတဲ့ ကျွန်တော့်ချစ်သူငယ်ချင်းတွေပါ)ကြားက
ကျွန်တော့်မျက်စိရှေ့ တည့်တည့်ရောက်လာပါတယ်..
သေချာတယ်..မင်းကို ”ချစ် ”တယ်ဆိုတဲ့အပိုဒ်က
ဘယ်သူ့ ကိုပြောတာလဲ
တစ်ယောက်ပဲဖြစ်ရမယ် ဆိုပြီး
နှစ်ယောက်လုံးက ပြဿနာရှာတယ်လေ..
ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှဖြေရှင်းမရတဲ့အဆုံး
စပ်ဖြီးဖြီးနဲ့ မျက်နှာပြောင်တိုက်ပြီး
ပတ်ပြေးခဲ့ ရတယ်လေ..
ကျွန်တော့်ကို
မယ်ကုဝဏ် နဲ့  ဒဿဂီရိ ညီမ စိတ်ဝင်သွားတဲ့
အဲဒီနှစ်ယောက်က
တွေ့ ရာသချိ င်္ုင်း ဓားမဆိုင်ဆိုလို့ 
နှစ်ပတ်လောက် ကျောင်းဝင်းထဲပြန်မဝင်ရဲဘူး..
မရေးခဲ့..မပေးခဲ့ကောင်းသားလို့ နောင်တရမိတယ်..
နောက်တော့လဲ
ပြည်တွင်းစစ်ကိုငြိမ်းအောင်လုပ်လို့ 
ရှရှားပေါင်းကူးရေးကိုလည်းပိုမိုခိုင်မာစေခဲ့ပါတယ်…
ပျော်စရာကောင်းပါတယ်….
အခုချိန်ထိလဲ
ပတ်ပြေးရတာဝါသနာကိုပါတယ်
သြော်မေ့နေတယ်..
သူတို့ နှစ်ယောက်ကိုပေးလိုက်တဲ့ ကဗျာစာရွက်လေးတွေက
ကျွန်တော့်ကို ချစ်တဲ့ သူတို့  နှစ်ယောက်လုံးက
ချစ်သက်သေအနေနဲ့  ယူအက်ဖ်အယ် မှာပဲ
မပျောက်မပျက်သိမ်း ထားကြတယ်ဆိုပဲ..
နေရာတော့မတူဘူးပေါ့…
တစ်ရွက်က မြဝတီဆောင် က မိန်းကလေးအိမ်သာခွက်ထဲမှာတဲ့..
နောက်တစ်ရွက်ကတော့
ကန်တင်း ဘေးက အပင်အောက်မှာ မြေဆီကောင်းအောင်မီးပုံရှို့ လို့ မြှုပ်ထားခဲ့တယ်ဆိုပဲ…
လမ်းကြုံရင်ယူအက်ဖ်အယ်ကိုဝင်ကြည့်လိုက်ပေါ့…
ကဗျာစာအုပ်အတွက်ပိုက်ဆံစိုက်ပေးခဲ့သူကတော့
သိသိချင်း အကြွေးအဖြစ်နေ့ ကူးမခံဘူး
ပြန်တောင်းတော့တာပဲ…
(သူ့ တစ်ယောက်တည်းကိုသာပေးခဲ့ရင် ပိုက်ဆံပြန်ပေးရမှာ မဟုတ်ဘူးနော်..) :P
ကဗျာဆရာအောင်မြင်ချက်က ကမ်းကုန်တယ်..
အရှုပ်တော်ပုံကြီး
ဖိုးစိန်
သူငယ်ချင်းတွေစုရေးခဲ့တဲ့ကဗျာလေးတွေအားလုံးကို တပေါင်းတစည်းထဲဖော်ပြပေးပါမည်..
Comments
ပတ်ပြေးနေတုန်းဘဲလား.........:P
မောင်ဖိုးစိန်ရေ..ဓါတ်ပုံလေးတွေကြည့်သွားပါတယ်။
ညီမလေးတစ်ယောက်က တော်တော်လေးချောတာပဲ..
နာမည်တောင်မေ့သွားပြီ.. “အိ”ပါတယ်လေ။
ညီမလေးကို ချောတယ်လို့ ပြောလိုက်နော်။
နှစ်ယောက်တည်းလားဖိုးစိန်..
ငါသိသလောက်က
နင့်မှာ ကဗျာ တွေအများကြီးနော်...
သက်တောင့်သက်သာနေစမ်းပါ..
ဘယ်သူ့ ကိုမှ ပေးလို့ မရအောင်
နင့်ကို သမမယ့်သူရှိပြီးသားကို ..
ဒုတိယတစ်ယောက်က ဘယ်သူလေးလဲဆိုတာ
ပြောချ လိုက်ရမလား...
ဟီး..ဟီး....
တော်တော်လေးခံစားခဲ့ရမှာနော်။ :D
အခုရော အခြေအနေဘယ်လိုလဲ။
အားပေးနေအုံးမယ်။
ဆက်ရေးပါ
အဲဒီအချိန်တုန်းက နှစ်ယောက်ဖြစ်နေတဲ့အတွက်
ဘယ်သူ့ ကိုပေးရမလဲဆိုတာ
ဝေခွဲမရခဲ့ဘူးလေ…. :D..............
......................
အောင်မြင်ပုံများ...း)
အခုရော ပတ်ပြေးနေရတုန်းလားး)
တယ်။လောလောဆယ်ကျွန်တော်ပတ်ပြေးတော့မယ်
ဟီး
ဆက်ပြေး..အဲလေ ဆက်ရေးလို့ဟတ်ဟတ်
ကလဲ မိန်းကလေးတွေရဲ့ အိမ်သာတွင်းထဲ ဆင်းပြီးပဲ ကြည့်ရမလိုလို၊ ရှို့ထားတဲ့ စာရွက်ရဲ့
ပြာကို လိုက်ရှာရမလိုလို။ နေပါစေတော့ ဆရာ
ရာယ်။ မကြည့်ချင်တော့ပါဘူးဗျာ။