ရွှေရတုမွေးနေ့ ရှင် အဖေ (သို့ ) လမ်းဘေးကကျောက်ခဲမဟုတ်ပါ…


”မောင်ထွန်းရေ…
မနက်စောစော အဒေါ်တို့ အိမ်ကို ရေတစည် ဆွဲပေးစမ်းပါ…”....
”ဟုတ်ကဲ့ ဒေါ်လေး”လို့ ပြန်ပြောရင်း
ငါးခေါင်းတွေ အပြည့်တင်လာတဲ့ လှည်းကို တွန်းလာတာ က
ကျွန်တော့်အဖေ…
အဲဒီအချိန်တုန်းက အဖေက လူပျိုပေါက်…
ကျောင်းကပြန်လာရင်..အိမ်မှာ ငါးပိလုပ်ဖို့  အမေလုပ်သူက ဝယ်ထားတဲ့ငါးခေါင်းတွေကို
ညနေတိုင်းတွန်းပေးရတဲ့အတွက် …
သူများလို ဘောလုံးကန် ခြင်းခတ်ဖို့ အဖေ့မှာ အချိန်မလောက်..
လူပျိုပေါက်ဖြစ်တဲ့ အဖေ …နေ့ တိုင်း နံစော်လှတဲ့ ငါးခေါင်း တွေတင်တဲ့လှည်းကို တွန်း ရလို့ 
ရှက်စိတ်ဝင်ပေမယ့် တနေ့ မှ အိမ်အတွက် ဝတ်တရားမပျက်ကွက်ခဲ့ဖူးဘူး..
အမေက ဈေးမှာ ငါးပိရောင်း…အဖေလုပ်သူ က ခြံအလုပ်လုပ်စားနေတဲ့သူအဖို့ 
ပညာရေးကိုအားမပေးတော့ ကျောင်းတက်ချင်တဲ့အဖေ့ခမျာ..
ကျောင်းစရိတ်အတွက် မနက်တိုင်းရေထမ်းရောင်းရတယ်..
အရင်က ရေဘုံဘိုင်မှာရေတုံကင်လှုပ်မှရေရတဲ့ အချိန်မို့ လို့ 
မနက်ဆို တစ်နာရီလောက်ကနေထပြီး တုံကင် နံပတ်တစ်ရအောင်ဘုံဘိုင်ရှေ့ မှာ
ငုတ်တုတ်ထိုင်စောင့်ရင်းအိပ်ရတဲ့အဖေ..
နောက်ကျရင်..ကျောင်းနောက်ကျမယ်…ရေထည့်ပေးရတဲ့အိမ် နည်းသွားမှာ စိုးတဲ့အဖေ…
ဟောင်းနွမ်းလွန်းတဲ့ဒက်ထရွန် ကျောင်းဝတ်စုံ နှစ်စုံကို လည်အောင်ဝတ်ရတယ်…
နှစ်များစွာဝတ်လာတဲ့ဖိနပ်က ဖနောက်နေရာက ပါးလို့  သဲကြိုးကိုသံနဲ့ တွဲဝတ်ရတဲ့အဖေ…
ယောက်ဖလုပ်သူ ကဝယ်ပေးလိုက်တဲ့ စင်ကြယ်ဖိနပ်တစ်ရံ အတွက် အဖေခမျာ..
ဝမ်းသာမဆုံး… အခုချိန်ထိ ကျေးဇူးတင်စကားပြောနေတုန်း…
ဆယ်တန်းနဲ့ တင်ပညာပါရမီကုန်သွားတဲ့ အဖေ…
ယောက်ဖစီးတဲ့ မော်လမြိုင်-ဘားအံ ရေကြောင်းလိုင်းကို ကို အဟောက်ခံ ပြီး ဘဝပညာရှာတဲ့အဖေ..
အဲဒီအချိန်က ယောက်ဖလုပ်သူက ဆီလောင်း…အဖေက နောက်လိုက်...
ဆယ်တန်း ခ အဆင့်နဲ့ အောင်ထားခဲ့လို့  ကြိုးကြိုးစားစားနဲ့ ပြည်တွင်းရေကြောင်းမှာ အလုပ်သင်
ဖြေရင်း ပြည်တွင်းသဘောင်္လိုက်ခဲ့တယ်
လှိုင်းတွေ…မုန်တိုင်းတွေကြားမှာ သဘောင်္ သားလုပ်ရင်း ကုန်ရောင်း ကုန်ဝယ်လုပ်ခဲ့တဲ့အဖေ…
အမေနဲ့ ညားပြီးတော့လဲ…
ဆိတ်သားကျော်(ကန်စွန်းရွက်) နဲ့  ကြက်ကောင်လုံးဟင်း သာစားရင်းစုဆောင်းခဲ့ပါတယ်ဆိုတဲ့အဖေ..

ရောဂါသည် အမေ့ကို အသက်လောက်ချစ်ပြီး မြတ်နိုးတန်ဖိုးထားတဲ့အဖေဟာ..
အမေ့ထက် အသက် (၁၀)ကျော်ငယ်ပါတယ်…မောင်ထွန်း လို့ အများသိတဲ့
တနေကုန် အလုပ်ကိုမနားတမ်း ကုန်းရုန်းရှာတဲ့အဖေဟာ..ကျွန်တော်လူမှန်းသိတတ်စမှာ..
စက်ခန်းအုပ်ရာထူးနဲ့ သဘောင်္အရာရှိတစ်ယောက်ဖြစ်နေပါပြီး…
အရင်က သူကိုယ်တိုင်ရေထမ်းရောင်းခဲ့တဲ့ တိုက်မှာ ကျွန်တော့်ကိုမွေးခဲ့ပါတယ်..
အရင်က ငါးခေါင်းလှည်းတွန်းခဲ့အဖေက
အခုတော့ သူ့ ကိုယ်ပိုင်ကားလေးနဲ့ ကျွန်တော်တို့ ကို
ကျောင်းပို့ ကျောင်းကြိုလုပ်နေပါပြီင်္း…
ဘဝကို ခါးစည်းခံပြီး ခါးခါးသီးသီးနာကျည်းခဲ့ရတဲ့အဖေ
သူ့ ဘဝကို သူတစက်ကလေးမျှ မမေ့ပါဘူး..
အရင်က သူကိုယ်တိုင်ရေရဖို့ လှုပ်ခဲ့တဲ့တုံကင်ရေဘုံဘိုင်လေးက အခုဆို
မော်တာစက်လေးနဲ့ ဘယ်သူမဆိုရေအလကားရယူနိုင်အောင်သူလုပ်ထားပါတယ်…
မဲမဲမှောင်မှောင်နဲ့  ပြိုလဲမတတ်ယိုင်လဲ့နေတဲ့ သူ့ ကိုမွေးခဲ့တဲ့အိမ်အိုကတော့
ယနေ့ ထိ သူမျက်စိထဲမှာ အသက်ရှင်နေတုန်းပါ… သားတစ်ယောက်ရဲ့ တာဝန်ကို
ကျေခဲ့တဲ့အဖေဟာ.. သူအဖေဖြစ်လာတဲ့အချိန်မှာတော့ သူ့ ခံစားခဲ့ရတဲ့ဘဝမျိုးကို
သူ့ သားသမီးတွေ မခံစားစေရဘူးဆိုတဲ့ ဖခင်တစ်ယောက်ရဲ့  အနှိုင်းမဲ့ မေတ္တာကို
ကျွန်တော်မြင်ရပါတယ်…
ညဘက်ဆိုနောက်ကျမှ အိပ်ပြီး… မနက်ဆိုအစော ထ အလုပ်လုပ်တဲ့အဖေဟာ…
အလုပ်မရှိ..အလုပ်မလုပ်ရတဲ့နေ့ အဖို့ သူ့ အတွက်ငရဲ ပါတဲ့…
အိပ်နေရင်တောင် အိပ်မက်ထဲမှာ အလုပ်လုပ်နေရတယ်ပြောတဲ့အဖေဟာ..
သူ့ ကိုယ်သူ ကျွန်ဇာတာပါတယ်လို့ ပြောတဲ့အတွက်
ကျနော်တို့ က မျက်ရည်ဝဲရပါတယ်…
တစ်ခါတစ်ရံမှာ အဖေ့ကို နားနားနေနေ တွေ့ ချင်လို့ 
ဂရုဏာဒေါသောနဲ့ ” အဖေအလုပ်သိပ်မလုပ်နဲ့  အဖေသေရင်ဘာမှမပါဘူး ”လို့ ပြောတော့
ကျွန်တော့်ကို ပြုံးပြုံးနဲ့ ကြည့်ပြီး ပြောတာက ”မင်းမှာ မိန်းမနဲ့ ကလေးရှိလာတဲ့ တစ်နေ့ ကျရင်
မင်း ငါ့ကိုနားလည် လာမှာပါ”တဲ့…
ဟုတ်ပါတယ်..
ရောဂါသည်မိန်းမကို စည်းစိမ်းကုန်မတတ် အသက်ကို ပြန်ဝယ်ထားတဲ့အဖေ
အကြီးဆုံးဖြစ်ပေမယ့် ထင်တိုင်းကျဲ.. လုပ်တိုင်းလွဲ တဲ့ ကျွန်တော့်ကို
”သားမှားတယ်..မှန်တယ် လို့ မဆုံးမပေးမယ်…
သားလုပ်ခဲ့တာကိုနောင်တမရမိပါစေနဲ့ ”လို့ ပဲ ပြောခဲ့တဲ့အဖေ
သားငယ်ရဲ့ လှည့်ပတ်မှုတွေကို သိရက်နဲ့ ပြုံးပြုံး နဲ့  ခံနေတတ်တဲ့အဖေဟာ
အငယ်ဆုံးသမီး ကို အသက်လောက်ချစ်ပါတယ်…
ပင်ပန်းမှုတွေ .. ခါးသီးမှုတွေ နဲ့ ကြီးပြင်းခဲ့ရတဲ့အဖေဟာ..
သူ ကြီးပြင်းခဲ့ရတဲ့ဘဝနဲ့  သူ့ မိသားစုကို ဆန့် ကျင်ဖက်မှာထားပါတယ်….
လေးစားမြတ်နိုးပါတယ်အဖေ…
တန်းတူအခွင့်တစ်ခုအနေနဲ့  အဖေနဲ့ အတူတူ အရက်သောက်တဲ့နေ့ တွေမှာ
အဖေကို မူးမူးနဲ့ ရစ်ခဲ့တဲ့ နေ့ တွေကို လွမ်းတယ်အဖေ….
အဖေ့မိန်းမ စိတ်ဆိုးစိတ်ကောက်တိုင်းမှာ ဇော်ဝမ်းရဲ့  လမ်းဘေးက ကျောက်ခဲ
သီချင်းဆိုပြီးမိန်းမ လုပ်သူကို သားသမီးတွေနဲ့ ဝိုင်းချော့တဲ့အချိန်ကိုလွမ်းတယ်အဖေ..
အမေ့ရဲ့ မိုင်းဗုံး တွေကြားမခံနိုင်လို့  ကျွန်တော့်အခန်းမှာ လာတောင်းအိပ်တဲ့ အခါ
အဖေ့ဆီကရမဲ့ပိုက်ဆံကိုလိုချင်သေးတယ်အဖေ….
ဘဝကို မမေ့ပဲ အမြဲတမ်းဂုဏ်ယူနေတဲ့အဖေ
ကျွန်တော်ဆိုက်ပရပ်စ် မလာခင်ညက အဖေပြောတဲ့စကားကိုလည်း
သားတစ်သက်မမေ့ပါဘူးအဖေ..
အဖေပြောခဲ့တယ်လေ..
”သား..သားကိုအဖေတစ်ခုပြောမယ်နော်… သားတို့ သင်ခဲ့ဖူးတဲ့ သချာင်္မှာ
မျဉ်းတစ်ကြောင်းရဲ့ အောက်မှာ ဂဏန်းလေးတွေရေးမယ်ဆိုပါစို့ 
အလယ်ဆုံမှတ်က သုည
သူ့ ရဲ့ ဘယ်ဘက်ခြမ်းမှာဆို အနှုတ် ဂဏန်းလေးတွေနေရာယူမယ်..
သုညရဲ့ ညာဖက်ခြမ်းမှာဆို အပေါင်းဂဏန်းလေးတွေနေရာယူမယ်ပေါ့…
အဖေ့ ဘဝက.. အဲဒီ အလယ်မှတ်ဖြစ်တဲ့တန်းဖိုးမရှိတဲ့သုည ကနေတောင်မစ ခဲ့ရဖူးသား…
သုညထက် အရည်အချင်းနည်းတဲ့ အနှုတ်ကနေ စခဲ့ရတယ်..
အဲဒီအနှုတ်ဂဏန်းတောင် သုညနဲ့ နီးတဲ့နေရာဟုတ်ခဲ့ရပြန်ဖူးနော်..
ဝေးသေးတယ်…
ဒါပေမယ့် အဖေ ဇွဲ လုံ့ လတွေ..မခံချင်စိတ်တွေ…သားဇော မယားဇောတွေ နဲ့ 
အဖေ သုညကိုကျော်လို့ 
အပေါင်း ငါးဆယ်ကျော်ကျော်မှာ သားတို့ ကိုထားနိုင်ခဲ့တဲ့အတွက်အဖေဂုဏ်ယူ
ကျေနပ်အားရပါတယ်..
အဲဒီတော့ အဖေ့ရဲ့ သားဖြစ်တဲ့သားနဲ့ သားညီကတော့ အဖေရဲ့ အပေါင်းငါးဆယ်ကျော်
ဂဏန်းကနေ အပေါင်တစ်ရာ အထိချီတက်ကြပေတော့…ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မှသုည
ကိုပြန်မလာကြပါနဲ့ …အပေါင်းကိုသာ မိသားစု တစ်စုက နေတစ်စုလက်ဆင့်ကမ်းပါ..
ဘယ်နေရာ ဘယ်အချိန် ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်..
ဘဝကို ရပ်တည်နိုင်အောင်ကြိုးစားပါ..
ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်ထား အရာရာကိုသတ္တိရှိစွာရင်ဆိုင်လို့ 
ဘဝကိုအရှုံးမပေးပါနဲ့ ….
ဘဝကိုအရှုံးပေးမယ်ကြံတိုင်း… အဖေဘယ်ဘဝက နေလာခဲ့လဲဆိုတာ ကိုသတိရလိုက်ပါ..
ဒီသချာင်္ထဲက မျဉ်းကြောင်းလိုင်းထဲမှာ အဖေ ဘယ်ကလာလို့ 
ဘယ်နားရောက်နေလဲဆိုတာမြင်လိုက်ပါ
သားအတွက်ခွန်အားတစ်ခုတော့အနည်းဆုံးဖြစ်လာမှာ”
ပါတဲ့…
ဒီစကားတစ်ခွန်းက ကျွန်တော့်အတွက်ခွန်အားတွေအများကြီးဖြစ်စေပါတယ်..
ဖခင် မေတ္တာကို မြင်းမိုရ်ရွှေတောင်နဲ့ နှိုင်းယှဉ်ရင် မြင်းမိုရ်တောင်က ဇီးစေ့ပမာသာရှိပေမယ့်
ကျွန်တော့်အဖေအတွက်တော့ မြင်းမိုရ်တောင်ဟာ
ဖြုတ်တစ်ကောင်ရဲ့ အသည်းနှလုံးသာသာလောက်တောင်
ရှိမယ်မထင်ပါဘူးဗျာ….

ဒီစာ လေးကို အဖေ့မွေးနေ့ အမှီ အဖေလာဖတ်နိုင်ဖို့ အတွက်
သားတစ်ယောက်ရင်ထဲက အဖေ့ကိုချစ်တဲ့ အချစ်တွေ..မေတ္တာတွေ..
လေးစားအားကျမှုတွေ…
အကုန်ပေါင်းပြီး.. မျက်ရည်ပေါက်လေးများကျဆင်းလို့ 
အဖေ့ရဲ့  အသက် (၅၀)ပြည့်ရွှေရတု အထိမ်းအမှတ်အဖြစ်သားရေးဖြစ်တာပါ..
ဘဝမမေ့တတ် တဲ့အဖေကလဲ..ဒီစာလေးကိုဖတ်ပြီး ..ငါ့သားက ငါ့ကိုမမေ့ပါလားဆိုပြီး
မျက်ရည်ဝဲလို့ တပြုံးပြုံးနဲ့ ဖတ်နေမဲ့ အဖေ့ကိုမျက်စိထဲမြင်ယောင်ပါတယ်အဖေ…
နောက်ပြီး… အဖေရဲ့ သောက်ဖော်သောက်ဖက် အဖေ့ယောက်ဖတွေကို
သား ရေးထားတဲ့စာအကြောင်း
ကြွားအုံးမယ့်အဖေ့ကို အဖေ့ မဒီက မျက်စောင်းထိုး စိတ်ကောက်လို့ 
ချော့ရအုံးမှာကိုလဲ ကြိုမြင်နေတယ်အဖေ…
အဖေကြိုက်တဲ့ လမ်းဘေးက ကျောက်ခဲသီချင်းလေးကတော့
အဝေးရောက်နေတဲ့သားက ဒီစာလေးနဲ့ အတူ
အဖေ့အတွက် မွေးနေ့ လက်ဆောင်ပဲ ပေါ့…
အဖေအမြဲဆိုနေသလို
”ငါ့မှာတော့ အသွေးရောင်မပြောင်မွဲ
လမ်းဘေးက ကျောက်ခဲလို့ ”အဖေ့ကိုယ်အဖေထင်ပေမယ့်
ကျွန်တော့်တို့ အတွက်တော့ အဖေဟာ.
”အရောင်တွေ တစ်လက်လက်တောက်ပနေတဲ့ မြင်းမိုရ်ရွှေတောင်ထိပ်က စိန်ခဲကြီး”ပါအဖေ…
အဖေ့အတွက်သား မွေးနေ့ ဆုတောင်းပေးပါတယ်..
လေးစားတန်းဖိုးထားရပါသော ဖေဖေ..
”အခုလ (၉)ရက်နေ့ မှာကျရောက်မယ့်
ဖေဖေ့ရဲ့ ရွှေရတု မွေးနေ့ မှသည်
နောက်နှစ် များစွာကို
ဖေဖေ့ ချစ်မမကြီး ကျနော့်မေမေ
ပွေလီလွန်းတဲ့ ဖေ့သားကြီး ကျနော် ဖိုးစိန်
မလယ်ရှုတ် ဖေ့သားငယ် အငယ်ကောင်
ဥာဏ်များရှင် ဂျင်မ လေး ဖေ့သမီးထွေး တို့ ရဲ့ 
နွေးထွေးတဲ့မေတ္တာတွေ နဲ့ အတူ
အေးချမ်း သော ဘဝကို
ကျမ်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ”

သားရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်..ဖေဖေ..
ဖေဖေဟာ.. လမ်းခင်းတဲ့လမ်းဘေးကကျောက်ခဲမဟုတ်ပါဘူး..
ရင်ထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့ သားတို့ ရဲ့ ဦးခေါင်းထက်က စိန်ခဲပါ...

အဖေကိုတအားချစ်တဲ့သားမဟုတ်ပေမယ့်
အဖေ့မေတ္တာနဲ့ သစ္စာ ကိုလေးစားမြတ်နိုးတန်ဖိုးထား တဲ့သား
သားကြီးဖိုးစိန်


နောက်တိုး
ကျနော့် မေမေသို့ ကြေငြာချက်
မေမေ..
ဒီစာလေး ကို ကွန်ပြူတာတစ်လုံးရှေ့ မှာ ခေါင်းချင်းဆိုင်ပြီး
အကိုမပြီးသေးဘူး… ညီမမပြီးသေးဘူးနဲ့ 
လုဖတ်နေမယ့် မေမေနဲ့ ဖေဖေကို ကြိုမြင်ပြီးသားပါ…
ဖတ်ပြီးသွားရင်လည်း.. အဖေလုပ်သူ ကမျက်ရည်တဝဲဝဲ တပြုံးပြုံးနဲ့ 
သူ့ အကြောင်းလေးရေးတာကိုပြောလို့ မဆုံးမဲ့ ပီတိမျက်နှာနဲ့ 
အမေ့အကြောင်းတစ်လုံးမှ မပါလို့  အဖေ့ကိုစိတ်ကောက်ဝန်တို မဲ့
အမေ့မျက်နှာလေးကိုပြေးမြင်ပြီးသားပါ…
ဘာမှမပူပါနဲ့ အမေရယ်..
အမေ့အကြောင်းကတော့ရင်ထဲမဆံ့အောင်ရှိပြီးသားပါ…
သံပုရာသီးအမြဲကျွေးလွန်းတဲ့ကျနော်
တခါတလေ အဖေ့ကိုချောကလက်လေး ကျွေးလိုက်တာပါ..
အမေသိတယ်နော်… :D


အပေါ်က အဖေ့ပုံ က မော်လမြိုင်ကို ချစ်သူငယ်ချင်းတွေနဲ့ သွားလည်တုန်းက
အဖေကို့  လေးစားချစ်ခင်ကြတဲ့သူငယ်ချင်းတွေ အဖေသီချင်းဆိုပြတုန်း
ခိုးရိုက်ထားတာပါ…
အဖေကြိုက်တဲ့ဇော်ဝမ်းသီချင်းလေးကို ကျနော်ရခဲ့တဲ့အတွက်
MMA ကိုလဲကျေးဇူးတင်ပါတယ်..
ဖိုးစိန်

Comments

khin oo may said…
မွေးနေ့မှ သည်. ချစ်ဇနီး နှင့် အတူ မိသားစု စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြပါစေရန် မေတ္တာမွန်ဖြင့်ဆုတောင်းအပ်ပါသည်။
khin oo may said…
ကျေူးဇူးးတင်ဘို့မလိုပါ။ အဖေ့ကို မြင်အောင် ရေးနိုင်တဲ့သား ကို ချစ်ခင်လို့ပါ။ ခံစားရပါတယ။်
Anonymous said…
မမတောင်းတဲ့ဆုအတိုင်းပဲ လိုက်ဆုတောင်းပေးပါသည်
နောင်နောင်သော မွေးနေ့တိုင်းမှာ ကြယ်စင်ခတဲ့လမင်းပမာ သားသမီး မိသားစုနဲ့ ပျော်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
ခင်တဲ့
မိုးတိမ်(ဖြိုးဝေတိုး)
Life is a struggle..ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲတဲ့...ဘ၀ကို အဲဒီလို ရုန်းကန်လှုပ်ရှားရတဲ့သူကမှ ဘ၀အကြောင်းကို ပိုသိကြတယ်...မိသားစုတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ပမာ အနစ်နာခံပြီးတော့ လုပ်ဆောင်ပေးတဲ့ ကို ဖိုးစိန်ရဲ့ Father တွက် ဂုဏ်ယူပါတယ်...မိဘကို သတိတရနဲ့ရေးတဲ့တွက်လည်း ကို ဖိုးစိန်ကိုလည်း ဂုဏ်ယူပါတယ်ဗျာ...အမြဲတမ်း ကို ဖိုးစိန်တို့ရဲ့ မိသားစုလေး ပျော်ရွှင် ချမ်းမြေ့ပါစေသား..
Anonymous said…
အဖေ ချစ်သူချင်းတော့ တွေ့ ပြီဗျာ အဟေးဟေး ...
လေးစားပါတယ်ဗျာ ..
ကိုယ်ချင်းလည်း စာမိပါတယ် ...
Anonymous said…
ဟုတ်တယ် လေးစားပါတယ်ကိုဖိုးစိန် ရေးသွားတာ အားရတယ် ခုမှ မန့် ပေးတာနောက်ကျတယ် ဗျာ
ကဲ သွေးသောက်ညီအစ်ကိုပေါ့ တစ်ခွက်ချမယ်
အစ်ကိုလဲ ဖခင်ကောင်း တစ်ယောက်ဖြစ်လာမှာပါ... ဘာဖြစ်လို့လဲဆိုတော့ ဖခင်ကောင်းတစ်ယောက်ရဲ့ သားကောင်း တစ်ယောက်ဖြစ်နေလို့လေ....
Anonymous said…
ဟေး သူငယ်ချင်း….ဖတ်လို့ကောင်းပါတယ်…ဖခင်တယောက်ရဲ့ သား၊သမီးအပေါ်ထားတဲ့မေတ္တာ ကို တင်ပြတာ ကောင်းပါတယ်….
Anonymous said…
ကျေးဇူးရှင်အဖေကို တသိတရနဲ့ ကိုယ်တတ်တဲ့
ပညာနဲ့ ကျေးဇူးဆပ်တဲ့သား ဘယ်တော့မှ မဆင်းရဲဘူး။ လူဆင်းရဲတာတောင် စိတ်မဆင်းရဲဘူး။ ကိုယ်တွေ့မို့ ပြောရဲတာပါ။
လေးစားတယ်ဗျာ အကို့အဖေရဲ့ စိတ်ဓာတ်မျိုးကို
ရော ကိုဖိုးစိန်ကိုရော။ တကယ်ပါရှာမှရှားတဲ့
အဖေရဲ့ သားဖြစ်ရတာ ၀မ်းမြောက်မိတာအမှန်ပဲ
ဗျို့။ အဖေ့အတွက် ဆုတောင်းပေးပါတယ်
မွေးနေ့မှ မဟုတ်ဘူး နေ့တိုင်းနေ့တိုင်း ဘ၀ကို
ပျော်ပျော်ရွှင်ရွှင် ဒီမိသားစုနဲ့ ဖြတ်သန်းနိုင်ပါစေ
ကြောင်း..........................။
Anonymous said…
အဖေတစ်ယောက် အချစ်က ကောင်းကင်တစ်ခုတင်မကဘူး ကမ္ဘာမြေကြီးတစ်ခု လုံးထက်ပိုတယ်...ရန်အားလုံးကို ကာကွယ်ပေးသလို ဒုက္ခအားလုံးကိုလဲခါးစည်း ခံစားပေးတယ်
နင့်အဖေ့အကြောင်းရေးထားတာကို ငါသဘောကျတယ်
ဘာလို့ လဲဆိုတော့နင်က အဖေတစ်ယောက်ရဲ
့အချစ်နဲ့ သတ္တိကိုတွေကို ပေါ်လွင်အောင်ဖော်ပြပေးနိုင်လို့ ပဲ
Dream said…
စာလေးကိုဖတ်ပြီး ရင်ထဲမှာအဖေ့အတွက် တကယ်ပဲ ကြည့်နူးမိတယ်... အဖေသိရင် လည်း တော်တော်ဝမ်းသာမဆုံး ဖြစ်မှာပါ...

အရေးအသားကောင်းတော့ လူကို စိတ်ထဲမှာ ဟာတာတာ ဖြစ်ဖြစ်သွားတယ်... ဟွန့်... အူးအူးဖွတ်ချိန်နော်.. များပြီ များပြီ.. :P :P

အဖေလည်း ဒီ9ရက်နေ့ မတိုင်ခင် ဖတ်ဖြစ်နိုင်ပါစေ.. ပီတီဖြစ်နေမယ့် အဖေကို တွေးပြီး မက်မက်တို့လည်း ကြည်နူးရပါတယ်...

ဒီမွေးနေ့ မှစ၍ ချစ်တဲ့ ဇနီး၊ သားးသမီး များနဲ့ အသက်ထက်ဆုံး မခွဲမခွာ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ...လို့ ဆုတောင်းပေးလိုက်ပါတယ်... နော်...
အဖေနဲ့ပတ်သက်တဲ့ ခံစားချက်ကတော့ ကျနော်က အပြည့်ပါ သာကောရေ .. သာကောက သားလိမ်မာ တယောက်ဆိုတာ သိပေမဲ့ .. မိဘကို ရှိတဲ့အချိန်မှာတန်ဖိုး ထားပါလို့ ကျနော်ပြောချင်ပါတယ် .. ကျနော်ဆို အဖေ့ကို တွေ့ချင်ရင်တောင် တွေ့ခွင့်မရှိတော့ဘူးလေ ..
Anonymous said…
ပီတိဖြစ် ကျေးဇူးတင်ပါတယ်ဆိုလို့ ထပ်လာ
မြှောက်တာတော့ မဟုတ်ဘူးဗျို့ ပြောစရာလေးကျန်သေးလို့ လာပြောတာပါ။
ဒီလိုဗျ အဖေ့လက်ထက်မှာ ဘ၀ကို ဘယ်လိုရုန်း
ကန်ပြီး ဒီဘ၀ရောက်အောင် ကြိုးစားခဲ့တာ
ကိုဖိုးစိန်အသိပဲ ဒီတော့ သားကြီးဖြစ်တဲ့ ကိုဖိုးစိန်
လက်ထက်မှာ အဖေ့တုန်းကထက် ပိုကောင်း
ပိုအောင်မြင်တဲ့ နေရာရောက်အောင်ကြိုးစားပေါ့
ဗျာ။ ဟုတ်တယ်လေ အဖေတုန်းက ၁၀တန်းတောင် ခနဲ့အောင်ခဲ့တာ သားကတက္ကသိုလ်တက်ရပြီး အဖေ့တုန်းကလောက် ဘ၀ကိုအောင်မြင်အောင် မတိုက်နိုင်ရင်......
.................... သဘောပေါက်မှာပါလေ....
......။
WWKM said…
အဖေကျေးဇူးကို သိတတ်စွာနဲ့ အမှတ်တရပို့စ်လေး
ရေးဖွဲ့ထားတဲ့ မောင်လေးစိန်လျှံ ရေ.. ဂုဏ်ယူ
ပါတယ်ကွယ်။
မောင်လေးရဲ့ အဖေရဲ့ အသက် ၅၀ပြည့်မွေးနေ့မှသည်
နောက်နှစ်ပေါင်းများစွာတိုင် ချစ်သော ဇနီး ၊သားသမီးလိမ္မာများနဲ့အတူ ကျန်မာပျော်ရွှင်စွာဖြင့် မွေးနေ့ပေါင်း များစွာကို ကျင်းပနိုင်ပါစေကြောင်း...
MANORHARY said…
အဖေ့ကိုမြင်အောင်ရေးနိုင်တဲ့သားမို့
ဖိုးးစိန်ဆိုတဲ့ကလေးဟာဘယ်လိုလဲဆိုတာမှန်းလို့ရပါတယ်
ဖိုးစိန်ရဲ့ဖေဖေ သက်တော်ရာကျော်ရှည်ပြိး
မိသားစုနဲ့အတူအမြဲလက်တွဲပျော်ရွှင်နိုင်ပါစေလို့..
ကိုဖိုးစိန် အဖေရဲ့ ၅၀ ပြည့် မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာ ဒီမိသားစုနဲ့ အတူ သာယာချမ်းမြေ့စွာ
နေနိုင်ပါစေဗျာ။
အကို ရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်ဗျာ
အဖေရဲ့ ကျေးဇူးတွေကို ဖော်ပြထားတာတွေ
ဖတ်ရင်း ရင်ထဲမှာ တမျိုးခံစားရတယ်။
ကျောက်ခဲ သီချင်းလေးကို နားထောင်ပြီး သေချာလေးဖတ်သွားပါတယ်..

ဖိုးစိန်ရဲ့ ဖေဖေ သက်တော်ရာကျော်ရှည်ပါစေလို့..
flowerworld said…
အဟင့်...ဖတ်ပြီးတော့ ငိုသွားပြီးဝမ်းနည်းလို့
ဒီပို့စ်လေးကိုဖတ်ပြီး အားကျလိုက်တာ
ဖိုးစိန်ရဲ့အဖေ...သူချစ်သောမိသားစုနဲ့အတူ
ကျန်းကျန်းမာမာနဲ့ အတူတကွနေထိုင်နိုင်ပါစေရှင်
အဖေရဲ့ အပေါင်းငါးဆယ်ကျော်
ဂဏန်းကနေ အပေါင်းတစ်ရာ အထိချီတက်ကြပေတော့…

စာရေးလည်းကောင်းတယ်-- ဖိုးစိန်ရဲ့ ဖေဖေကိုလည်း
လေးစားတယ်--ဖိုးစိန်တို့လည်း အပေါင်းတစ်ရာအထိ
ချီတက်နိုင်ကြပါစေ--
Anonymous said…
နင့်မှာအဖေရှိသေးပေမယ့်
ငါ့မှာအဖေ မရှိတော့
ဒီစာကိုဖတ်ရင်းနဲ့ ငါငိုမိပါတယ်..
ဒါပေမယ့်
ငါဝမ်းသာပါတယ် သူငယ်ချင်း...
နင့်မှာ နင့် ရဲ့ အချစ်တွေကို
နင့်အဖေ ကိုပြနိုင်တဲ့
အခွင့်အရေးတွေ အပြည့်အဝရှိနေလို့ ပါပဲ..
Anonymous said…
စိန်လျှံ..
ငါအရမ်းခံစားရတယ်.. နင်လည်းမိဝေး ဘဝေးနေရတဲ့အချိန်..ငါလည်း ဒီလိုပဲ.. နောက်ပြီး ငါအရမ်းစိတ်ညစ်နေတဲ့အချိန်လည်းဖြစ်နေတော့.. ပိုခံစားရတယ်..ငါကိုယ်တိုင်လည်း အခု ဘ၀ဆိုတဲ့ကျောင်းထဲ(အလုပ်ထဲပေါ့ဟာ)ရောက်ပြီး မျိုးစုံတွေ့ကြုံခံစားနေရတဲ့အချိန်မှာ ဒီလိုမျိုးသားသမီးအပေါ်တာဝန်ကျေတဲ့ အမေတစ်ယောက်ဖြစ်အောင် မိဘအပေါ်တာဝန်ကျေတဲ့ သမီးဖြစ်အောင် ကြိုးစားနေရတယ် သူငယ်ချင်းရေ..
နင်လည်း မိဘအပေါ်ကို ပြန်ပြီးသိတတ်တာဝန်ကျေတဲ့ သားဖြစ်အောင်နေနော်..
ဒီတစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေလို့ နေ့အိပ်မက် စိတ်ပါလက်ပါဆုတောင်းပေးတယ်နော်... :)
Anonymous said…
ကျွန်မက အဖေကိုချစ်တဲ့သမီးမို့ အဖေအကြောင်းရေးရင် သိပ်သဘောကျတာ .... အဖေကိုသတိတရရှိတဲ့ သားမို့လို့ လေးစားပါတယ် ...
အသစ်ရှိတယ်ထင်လို့ ထပ်လာရှာပါတယ်--
ပျော်ရွှင်ပါစေ--
နောက်တခေါက်စာလာဖတ်တယ်
ပျော်ရွှင်ပါစေ--
Anonymous said…
ဦးဖိုးစိန်.တကယ်ကိုကောင်းတဲ့ပိုစ့်လေးပါ။ ကွန်နက်ရှင် ကောင်းမနေတာနဲ့ လာဖတ်တာ နောက်ကျသွားတယ်။
ဦးဖိုးစိန်အဖေ.မွေးနေ့မှစ သက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။
Anonymous said…
အခုမှ မိုးတိမ်ဆီက လင့်ကနေရောက်လာတာပါ။ အကုန်လုံးပေါင်းပြီး ဖတ်သွားပါတယ်။ အဖေအကြောင်း ရေးထားတာ အရမ်းကြည်နူးဘို့ကောင်း တာဘဲ။ ဘ၀ကို အများကြီး ကျိုးစားခဲ့တာဘဲနော်။ မိသားစုအတွက် သိပ်တာဝန်ကျေပါတယ်။ မောင်လေး အဖေ မွေးနေ့မှသည် ကျန်းမာစွာဖြင့် မိသားစုရေး ရပ်ရွာရေးသာမက တရားထူး တရားမြတ်များကို လေ့လာလိုက်စားနိုင်သူ ဖြစ်ပါစေ။

မောင်လေးအဖေရဲ့ ပြောစကားလေးတွေပါဖတ် လိုက်ရတာ သိပ်သဘောကျပါသည်။

nd
jasmine said…
I can just only read as i sorted out myanmar font! I started read' 50th Happy Birthday of My Beloved Father or A Diamond on the Mount Myintmo'' which showed that where you came from ..the way you worked hard & getting successful life through all hardships & difficulties! Loved & TAKEN AS A LESSONS your father's precious words.May father & son be healthy & live long together with their beloved Ma Ma & May May!!Belated wishes for his birthday..but Many happy returns of the day...
Best Wishes & lots of myitta,
TTLay
Anonymous said…
ကဖိုးစိန်ခင်ဗျား အဖေတော်တယ်နော် ကျေးဇူးမဆပ်နိုင်တောင်ကျေးဇူးမကန်းမိစေပါနဲ့
khin oo may said…
ဖိုးစိန်နဲ့သိတာတောင် အတော်ကြာသွားပြီဘဲ။
Mogok Thar said…
ဖိုးစိန် ဖေဖေ...
မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာထိ
ဒီဇနီးမယား၊ သမီး သား တို့နှင့်တကွ.. မြေးမြစ်ပေါင်းများစွာတို့ဖြင့်
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

Popular Posts