ခံစားဖူးသမျှ အချစ်ဒုက္ခ (သို့  ) အချစ် ရသ

အချစ်ဆိုတဲ့ ခေါင်းစဉ်ကို ဘာသာပြန်ခံစားဖို့ 
နှဖူးပေါ်လက်တင်လိုက်နဲ့ 
အချစ်ဆိုတဲ့ အတွေးအောက်မှာ
ပထမဆုံး
ပြန်မြင်လိုက်ရတာက

လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်က
စကတ်တိုတိုလေးဝတ်ပြီး ဆံပင်ကုတ်ဝဲလေးနဲ့ 
ဘီးကုတ်လေးကိုအမြဲဝတ်ထားလေ့ရှိတဲ့
ခပ်စွာစွာကောင်မလေးကို
မျက်စိထဲတန်းမြင်မိတယ်
ခံစားမှုအပြုံးတစ်ချက်နဲ့ အတူ ရင်ထဲက ဒိတ်ခနဲ့ တစ်ချက်ဆောက်ခုန်သွားတယ်..
အချစ်ဦးဆိုတဲ့ ခံစားမှုလေ…
အဲဒီအချိန်တုန်းကလည်း သူ မကိုတွေ့ ရင် တဒိုင်းဒိုင်းနဲ့ ထိန်းလို့ သိမ်းလို့ မရအောင်
ရင်တွေခုန် လက်တွေတုန်တာ သူမကိုပေးခဲ့ဘူးတဲ့ပိတောက်ပန်းတွေတောင်
လက်ကလွတ်ကျတဲ့အထိပဲလေ..
သူမနဲ့ စတွေ့ ကတည်းက တဒုန်းဒုန်းနဲ့ ဆောက်ခုန်နေတဲ့ရင်က
သူမဆီက အဖြေမရသေးခင်ထိ
ရပြီးတော့လည်း ရင်ခုန်သံကစည်းချက်က မညီပြန်ဖူး…
အကြောင်းမပေးလို့ သူမနဲ့ ဝေးသွားခဲ့တဲ့အချိန်ထိ ရင်ခုန်နေခဲ့တာ..
အဲဒီင်္အချိန်တုန်းကတော့ အချစ်ဆိုတာ
ရင်ခုန်မှုတစ်မျိုးပါလားလို့ နားလည်သွားခဲ့တယ်…

ဟင်း…..
သက်ပြင်းလေးတစ်ချက်ချပြီး ကိုယ်ကိုတစ်ဖက်စောင်းလိုက်ချိန်မှာ
အပြင်မှာ မိုးတွေရွာနေသံကိုကြားလိုက်ရတယ်..ကျွန်တော်စဉ်းစားနေရင်းနဲ့ မှ
တဖျောက်ဖျောက်နဲ့ မိုးသံကြောင့်တိတ်ဆိတ်ဆွံအ စွာ
ရင်ထဲနာကျင်သွားခြဲ့ပန်တယ်…


”အချစ်ဆိုတာ နာကျင်ခြင်း..ဝေးကွားခြင်း နဲ့ စွတ်လွှတ်ခြင်းလို့  ကြိုသိခဲ့ရင်
မိုးလေ ကို့ ကို ကြင်နာမှုတွေ မြတ်နိုးမှုတွေ တွယ်တာမှုတွေ မပေးခဲ့ပါဘူး..
အခုတော့ပြန်လို ချင်လဲ အားလုံး က ကို နဲ့ အတူပါသွားပါပြီး..
မိုးက ကို့ ကို ရက်စက်စွာ ထားရစ်ခဲ့တယ်လို့ အားလုံး ကမြင်ပေမယ့်
ကို က မိုးဘဝအတွက် အချစ်နဲ့  လဲလှယ် ပေးခဲ့တာ
မိုး နဲ့ ကို ကလွဲ ပြီး ဘယ်သူများခံစားလို့ ရမှာလဲ…
အခုချိန်မှာ ကို့ ကိုအရမ်းချစ်တယ်ဆိုတာထက်
ကို့ ကို မိုး မြတ်နိုးတန်ဖိုးထားလေးစားသွားတယ်..
မိုးတစ်သက် ကို့ ကိုမမေ့ပါဘူး..”
ဆိုတဲ့ စာလေး ကို မိုးဖိတ်စာနဲ့ အတူ ရရှိချိန်က
အချစ်ဆိုတာ ဘာလဲလို့ အဖြေထုတ်မရပေမယ့်
မိုး နဲ့  မိုးယောကျာ်းအတွက်တော့ အချစ်စစ်စစ် များဖြစ်
ပေါင်းစည်းနိုင်ပါစေသတည်းလို့ 
ရင်ထဲက လိုလိုလားလား
ဆုတောင်းပေးခဲ့ပါတယ်….
သြော် အချစ်ဆိုတာ နာကျင်မှုတွေထဲ က ကြင်နာမှုတွေ ပေးနိုင်တဲ့
ခွန်အားတစ်ခုတော့ရှိတယ်ထင်ပါတယ်….

မိုး…ရေ.. မိုးအကြောင်းစဉ်းစာမိတာ များသွားတယ်..
အခုမိုးလင်းလို့  နေရောင်ခြည်တောင်ဖြာနေပါပေါ့လား……
သြော်..နေရောင်ခြည်ဆိုလို့ .. သတိရသွားတယ်…
နေခြည်..နေခြည်..
ငါဆိုတဲ့ဘိုစိန်က
နေခြည်ဆိုတဲ့မင်းကြောင့်ရူးခဲ့လေသလားကွာ…
ရူးခဲ့မိတယ်လို့ ထင်ပါတယ်..
မင်းကပဲဆိုးတာလား..
ငါကပဲဆိုးတာလား…
တွေ့ လိုက်တိုင်း မင်းက စိတ်ကောက်
ငါကဟောက်..
မင်းက ထလစ်..
ငါကကျန်ရစ်…

ပြန်ချစ်တော့ တစ်မိနစ်.. ရန်ဖြစ်တော့ အချိန်တိုင်း..
နားညီးအောင်တွတ်ထိုးတတ်တဲ့ မင်း နဲ့ 
နားရှုပ်မခံနိုင်တဲ့ ငါ
မတွေ့ ရတော့ တစ်ယောက်ကိုတစ်ယောက်ရှာ..
တွေ့ တော့လဲ ခဏပြုံး လို့ ရန်ပွဲ ပြန်နွှဲနေရတဲ့ဘဝပါလား…
အဆင်မပြေမှုတွေ နဲ့ မင်းနဲ့ ငါ
မင်းနဲ့ ကျမှ အချစ်ဆိုတာ ကသိကအောက် နေမထိ ထိုင်မသာ
မရှိမကောင်း ရှိမကောင်း
တွေ့ လဲမတွေ့ ချင်
မတွေ့ ရလဲမနေနိုင်ခဲ့ဘဲ
တရေးနိုးမှ နေခြည် မင်းကြောင့်ရူးပြီးလို့ ထအော်ရတဲ့ဘဝ
နေခြည်ရေ… မင်းပေးတဲ့အချစ်က ငါ့ကို တကယ်ရူးစေသလားကွာ…
နေခြည်ရေ… မင်းနဲ့ တွေမှ အချစ်ဆိုတာ ကသိကအောက်နဲ့ 
ရူးသွပ်မိန်းမောစေပါလားလို့ ထင်မိပါရဲ့ ..

နေခြည် အကြောင်းစဉ်းစားရင်နဲ့ ဗိုက်ဆာလာတယ်…
ခေါက်ဆွဲပြုတ်လေးစားမယ်လုပ်တော့
ကိုင်လိုက်မိတာ ယမ်ယမ်ခေါက်ဆွဲ….
ချက်ချင်းသတိရသွား တယ် ”ယမ့်ယမ့်”ရေ…

ကလေးဆိုးကြီး မင်းကို ရီးစားထားမိတဲ့ငါ..
ကျောက်မြောင်း သြဘာလမ်းထဲ က သဘောင်္သီးထောင်းဆိုင်မှာ
ညတိုင်း ဒုက္ခခံလို့  မင်းအိမ်ပေါ်တက် မီးမှိတ်အိပ်တဲ့အချိန်ထိ
ထိုင်စောင့်ရတဲ့ ဘဝကို ပြန်တွေးမိသွားတယ်…
အဲဒီတုန်းကတော့ အချစ်ဆိုတာငါ့အတွက်တော့
ဝဋ် လည်တာပဲ … ကို့ ကိုချစ်ခဲ့တဲ့သူအပေါ်အနိုင်ယူခဲ့သမျှ
မင်းနဲ့ တွေ့ မှ ငါဒုက္ခတွေရောက်ရတာ..
ငါခမျာ ..အိမ်ပြန်စောစော နားချင်တာတောင်
ငါလစ်တာနဲ့  မင်းအပြင်ထပ်ထွက်မှာစိုးလို့ 
ပူပန်စိတ်တွေနဲ့ 
ညသန်းခေါင်ကျော် မင်းမီးမှိတ်အိပ်တဲ့အချိန်ထိ
ငုတ်တုတ်စောင့်နေရတဲ့ အချစ်ဒုက္ခ
ဖုန်းဆက်ခေါ်တိုင်းလက္ဘက်ရည်ဆိုင်ထိုင်ရတဲ့ဒုက္ခ
ငယ်တဲ့သူ ကို ရည်းစားထားတော့
အလို လိုက်လို့ အပူမိရတဲ့ ဒုက္ခ
ငယ်သူကို ကြိုက်မိတဲ့ ငါ့အတွက်တော့
အချစ်သည် ပူလောင်မှု တွေကြားထဲက ကြားနေရတဲ့သယောထိုးသံလို ပေါ့…
စဉ်းစဉ်းစားစားနဲ့ 
ခေါက်ဆွဲစားလို့ တစ်ဝက်မျှမကျိုးသေးဘူး
ကွန်ပြူတာထဲက
ဂျီတော့ထဲမှာ
တတောင်တောင်နဲ့  ဆက်တိုက်ဆက်တိုက်
တက်လာတဲ့ ကျွန်တော့် မဒီဖြစ်မယ့်သူလေးက
စကားလုံးလှလှတွေနဲ့ 
မနက်ကိုကြိုဆိုပါတယ်…
ကြိုဆိုပုံကတော့..

”ဟဲ့..
ဖိုးစိန်..
ဖိုးစိန်..
ဘာလုပ်နေလဲ..
ဟဲ့..
မျောက်စုတ် ..မသာ.. ငါ ခေါ်နေတယ်မကြားဘူးလား..”
စားရင်းဖတ်ရင်းနဲ့ ကျွန်တော်ရယ်နေမိတယ်ပေါ့…
သူကကျွန်တော့်ကို အဲဒီလိုကိုချစ်တာနော်…
”ခဏစောင့် ပါဟ..ငါခေါက်ဆွဲစားရင်းနဲ့ 
အချစ်အကြောင်းစဉ်းစားနေလို့ ပါ..”
”အောင်မလေးဟဲ့… အကြောင်းသိတွေကိုများ..
အချစ်အကြောင်းစဉ်းစားတယ် လို့ လာပြောနေတယ်…
စားတဲ့ဟာတွေနင်နေအုံးမယ် ..မသာရဲ့ ..”
”နင်နော်..မိုးလင်းလင်းချင်းစကားအကောင်းပြော..
နင့်ကိုမဆဲချင် ဘူး ..အသုဘမရဲ့ …”
”အေးပါ..နင်မဆဲချင်လို့ ပဲ..
နင်ဆဲများဆဲရင် ငါတော့လွင့်သွားမှာ..
နေပါအုံး..နင်ကအချစ်အကြောင်းစဉ်းစားတယ်ဆိုတော့
ဘယ်သူ့ ကိုတွေ့ ပြန်တာတုန်း..
နင်က ရီးစားတစ်ယောက်တိုးရင်
ငါ့မှာ ငါ့ကိုမုန်းတဲ့သူတစ်ယောက်တိုးလို့ ပါ
မျောက်စုတ်ရယ်..
နင်ပတ်ပြေးတိုင်းဘူတာက ငါ့ဆီဆိုက်ဆိုက်နေလို့ ..
ဖြစ်နိုင်ရင်..နင့်ရဲ့ အကြောကိုဖြတ်ထားလိုက်ပါတော့ဟာ..
နင့်ကိုယူဖို့ ကြောက်တဲ့အထဲမှာအဲဒါတွေပါတယ်..”
”နင်ကလဲ တစ်ဆိတ်ဖြစ်ဒါကိုပဲဆွဲထည့်နေတယ်
နင့်ကို ငါချစ်လာတာ
ကျောင်းတက်ကတည်းကနော်..
သည်းခံလာတာ
ကိုးနှစ်ရှိပြီး မျောက်စုတ်မိန်းမဖြစ်မယ့်မျောက်မရဲ့ 
နင့်ကိုငါ့လို သည်းခံမယ့်သူ
ငါ့လို အလိုလိုက်မယ့်သူ
ငါ့လို နားလည်နိုင်တဲ့သူ ရှာလိုက်စမ်းပါ..
တွေ့ လားလို့ ..ထမင်းထုပ်သိုးသွားမယ်..နားလည်းလား..”
”အောင်မလေးဟဲ့..ကြားလို့ မှကောင်းသေးရဲ့ လား.
နောက်ဆုံးတော့မျောက်စုတ် ဖိုးစိန်တို့ က ကိုယ်ရည်ကိုယ်သွေး သွားပါလား..
သေချင်တဲ့ထဲမှာအဲဒါလည်းပါတယ်..
ကျမ်းမာရေးဂရုစိုက်နော်မသာ..
နင်ကိုယူပြီးမှ မကျန်းမာလို့ နင်သေရင်
နေရင်းနဲ့ ငါမုဆိုးမဖြစ်သွားမှာကြောက်လို့ မှာတာ
ချစ်တယ်လို့ တော့မထင်လိုက်နဲ့ ..ဟီး..ဟီး..
လိုက်ဘရီမှာလူလစ်တုန်းခိုးသုံးတာ ..သတိရလို့ 
သွားတော့မယ်..ဒါပဲ”
ဆိုပြီး
နှုတ်ဆက်ထွက်သွားတယ်..
ဒါကတော့
ကျွန်တော့်အတွက် ပီတိဖြစ်မှုတွေနဲ့ အတူ
နောက်ဆုံးအချစ်..
ရိုးသားမှုတွေ..ပွင့်လင်းမှုတွေ..
နွေးထွေးမှုတွေ… နားလည်မှုတွေနဲ့ 
တည်ဆောက်ထားတဲ့ သူငယ်ချင်းဆိုတဲ့သံယောဇဉ် နဲ့ အတူ ဖြစ်ပေါ်လာတဲ့
ခိုင်မြဲတဲ့အချစ်လို့ ထင်ပါတယ်..
သူရော ကျွန်တော်ရော နားလည်ထားတဲ့ အဲဒီအချစ်ထဲမှာတော့
၁၅၀၀ ထက် ၅၂၈ က ပိုမယ် ထင်ပါတယ်…
ရင်ထဲမှာ နွေးထွေမှုတွေရှိတယ် (တစ်ခါတစ်ရံ အေးစက်နေတတ်ပါသေးတယ်)
..ယုံကြည်မှုတွေရှိတယ်..(ဒါပေမဲ့ မယုံရဲကြပြန်ဘူး)
နားလည်မှုတွေရှိတယ်(ဒါပေမဲ့ သဝန်တိုတတ်သေးတယ်)…
ခိုင်မြဲတဲ့အချစ်နဲ့ သံယောဇဉ်တွေရှိတယ်(တစ်ခါတစ်ရံ ရန်ဖြစ်လို့ ကွဲကွာဖူးပြန်တယ်)..

ကဲ.. အဲဒါကို အချစ်လို့ ခေါ်လိုက်ရတော့မလား…
ဖိုးစိန်
အချစ်အကြောင်းကိုသိချင်တဲ့ကိုရဲရေ…
ကျေနပ်မယ်လို့ ထင်ပါတယ်ဗျာ…
တကယ်တမ်းစိတ်ထဲ ရှိသလောက်သာရေးမယ်ဆိုရင်တော့
အခန်းဆက်ဝတ္တုရှည် ဖြစ်သွားနိုင်တယ်နော်.. :D

Comments

WWKM said…
ဟဟ.. ရယ်ရတယ်.. ဖြစ်ပုံများ..
တော်တော်ရှုတ်ခဲ့တဲ့ မောင်ဖိုးစိန် ပါလား။း)
ကိုရဲ said…
ဟားဟားဟား ။ မိုက်သကွာ အားကျတရ် အကိုဖိုးစိန်တို့ စွံချက်ကို (မျက်စိ) ။ :P ။ ညီလည်း သူများတွေက ဘယ်လိုသဘောထားလည်းဆိုတာကို သိချင်လို့ အကိုရေ ။ သူများတွေ ခံယူချက်နဲ့ ကိုယ်နားလည်တာနဲ့ ဘာကွာလည်း ။ ဘာတွေတူလည်း ။ ကိုယ်မသိသေးတာ ဘာရှိသေးလည်းဆိုတာကို သိချင်နေလို့ပါ ။ ကျေးဇူးတင်ပါတရ် အကိုဖိုးစိန်ရေ ။ လင့်ခ်ထားတရ်ဗျ ။ နော့် ။ ကျောင်းကပြန်လာမှ ဖတ်ရတာ ။ မနေ့ညက တက်ဂ်ထားပြီး မနက်က နက်မသုံးဖြစ်လိုက်ဖူး ။ ကျောင်းကပြန်လာလာချင်းကို အ၀တ်မလဲ ဖိနပ်မချွတ်ပဲနဲ့ကို လာမန့်တရ်နော့် ။ အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ ။ ကိုယ်မသိသေးတာကို သိလိုက်ရလို့ ကျေးဇူးတင်ပါတရ် အကိုရေ ။

(ကိုရဲ)
flowerworld said…
ဖိုးစိန်တို့တော်တော်လေးစွံပါလားကွ ရှုပ်တာလဲကမ်းကုန်ပဲကွာအရေးအသားလေးတွေကတော့ ဟာသနှောနေတာပဲနော်
Welcome said…
ခံစားမှုအတွေးတွေ သိပ်ကောင်းပါတယ်။
ပျော်ပျော်လေး ဖတ်သွားပါရဲ့ .. ..
Anonymous said…
မိုက်တယ်ဗျို့. ကိုဖိုးစိန်အချစ်ကတော့.လိုက်မမှီပေါင်
Dream said…
အချစ်ဆိုသည်မှာ... အချစ်ဆိုသည်မှာ.. ဘာပြောတာလဲ မသိဘူး ..

အဟိ...
ထရေးဂ အထုမှ နယ်နယ်ဖဲ ချိတေးပါဒယ် ချိုမှ အရှစ်
အကျောင်းဂို ဖတ်ဖို့ဖဲ ထော်နေဒယ်... ဟွန့်.. ယူဂျီးဒွေ များ တော်တော်ခက်ဒါဖဲ.....

ဟတ်ဟတ်... :P :P :P
ကိုဖိုးစိန်တို့ကတော့ လက်လန်တယ်ဗျာ
ရေးတားတာများ ကိုယ်ရည် ကိုယ်သွေးတွေ သွေးနေတယ်ပေါ့လေး)
ဘုရားရေ သာကောက သြဘာလမ်းထိ တောင် ရောက်လာတယ် ဆိုပါလား အိမ်ဘက်လှည့် ၀င်လာတာ မဟုတ်ဘူး .. ပုဇွန်တောင်တင်ဟာ ကို :P စကားမစပ် ကျနော့ ပထမ ကောင်မလေး နာမည်မှာလည်း မိုး ပါတယ်ဗျ :P
Anonymous said…
တယ်ဟုတ်ပါလားဗျို့။ အတော်လေးစိတ်ဝင်စား
ဖို့တော့ ကောင်းသဗျ။ဟီ
Mogok Thar said…
၁။ အချစ်ဆိုတာ ရင်ခုန်မှုတစ်မျိုးပါလား
၂။အချစ်ဆိုတာ နာကျင်မှုတွေထဲ က ကြင်နာမှုတွေ ပေးနိုင်တဲ့ ခွန်အားတစ်ခုတော့ရှိတယ်
၃။အချစ်ဆိုတာ ကသိကအောက်နဲ့ ရူးသွပ်မိန်းမောစေပါလား
၎။အချစ်သည် ပူလောင်မှု တွေကြားထဲက ကြားနေရတဲ့သယောထိုးသံ
၅။နောက်ဆုံးအချစ်..
ရိုးသားမှုတွေ..ပွင့်လင်းမှုတွေ..
နွေးထွေးမှုတွေ… နားလည်မှုတွေနဲ့ 
တည်ဆောက်ထားတဲ့ သူငယ်ချင်းဆိုတဲ့သံယောဇဉ် နဲ့ အတူ ဖြစ်ပေါ်လာတဲ့ *ခိုင်မြဲတဲ့အချစ်*

ရင်ထဲမှာ နွေးထွေမှုတွေရှိတယ်
ယုံကြည်မှုတွေရှိတယ်
နားလည်မှုတွေရှိတယ်
ခိုင်မြဲတဲ့အချစ်နဲ့ သံယောဇဉ်တွေရှိတယ်။

နောက်ထပ် ဘယ်လို အချစ်အကြောင်းတွေ ကျန်သေးသလဲ။ အချစ်ကျမ်းကျေ ဆရာစိန်ရေ....။

Popular Posts