Saturday, 21 February 2009

အမေ့သားချို

အိမ်ရှေ့ ပေါက်ဝတည့်တည့်မှာ ဆိုက်ကားတစ်စီး ကျွိ ကနဲ

မြည်အောင်ရပ်သံကြောင့် မထင်မှတ်ပဲ ကျွန်မ အိမ်ပေါက်ဝကို မင်သက်စွာငေးကြည့်နေမိတယ်...

ဆိုက်ကားပေါ်က လူတစ်ယောက် ရှမ်းလွယ်အိတ်အကြီးကြီးထဲကနေ

ဟိုရှာဒီနှောက်လုပ်နေပေမယ့် အသက်မပါလှတာကို ကြည့်ရင်းစိတ်ပျက်လာတဲ့ 

ဆိုက်ကားသမား က ကျွန်မအိမ်ထဲကိုလှမ်းကြည့်ရင်းခေါင်းကုတ်နေတယ်..

မိနစ်တော်တော်ကြာအောင် ဆိုက်ကားပေါ်ကနေဆင်းဖို့ အားယူနေတာကိုလှမ်းမြင် ရပေမယ့် ကျွန်မ

အပြင်ကိုမထွက်မိဘူး...

အေးလေ..ဘာထွက်စရာရှိလဲလို့ ..

ကျွန်မဆီကိုဘယ်ဧည့်သည် မှလာစရာမရှိသလို ..

ဒီလိုပုံစံမျိုးနဲ့ ဧည့်သည်ဆိုပိုလို တောင်ဆိုးသေး..

အိမ်နားပတ်ဝန်းကျင်ကဖြစ်နိုင်တယ်ထင်တယ်..ပုံစံကြည့်ရတာ ဆံပင်က ဖွာလန်ကြဲ...
ကြည့်မကောင်းအောင်ပိန် ရတဲ့ ကြားထဲကနေ
ကိုင်းနေတဲ့ခါးကြောင့် တော်တော်ကြည့်ရဆိုးနေတယ်..

အိမ်က လက်နှီးစုတ်လောက်မှ မသားနားသော
ညစ်ပတ်ပေကျံနေတဲ့ ပင်နီအကျီင်္ အစုတ် ကိုရင်ဘတ်ဟောင်းလောင်းဝတ်ထား ပြီး
မဲပြာညစ်မှောင် အရောင်ခွဲလို့ မရတဲ့ နံငယ်ပိုင်းအတိုအစုတ်ကို

အရပ်နဲ့ မလိုက်စွာ ဒူးပေါ်အောင်ဝတ်ထားပီးလွယ်အိတ်လွယ်ထားပုံ က

တကယ့်ကို ကြည့်ရတာအကျည်းတန်လွန်းနေတယ်...

အိမ်ကိုလှမ်းကြည့်နေတဲ့ သူ့ ကိုမြင်ရတော့ ကျွန်မရင်တွေ
ဒိန်းကနဲ ဆောက်မည်သွားသံကိုတောင်ပြန်ကြားနေရတယ်..
လက်ကလည်း ထိုင်နေတဲ့ခုံကို

ကျစ်ကျစ်ပါအောင်ဆုတ်ထားမိတယ်ဆိုတာ ကျွန်မ သတိမထားမိပေမယ့် သိနေရတယ်..

ဘုရား..ဘုရား...

အခုချိန်.ငါ့ယောကျားကလဲမရှိဘူး.. အမေကလည်း ဘုန်းကြီးကျောင်းသွားနေတယ်..

ခလေးနဲ့ ငါ့ဘဲရှိတာ..

ဒီအကောင်အိမ်ပေါ်တက်လာပြီး..ဘယ်လိုလုပ်ရပါ့မလဲလို့  တွေးကြောက်နေမိတယ်...

စိတ်ထဲမှာလဲ..အမေနဲ့ ယောကျားကိုတ နေမိတယ်..

ကုန်းကုန်းကွကွ နဲ့ ခေါင်းစိုက်ဝင်လာတဲ့ သူ့ ကိုကြည့်ရင်းနဲ့ ကျွန်မမှာ ကြောက်စိတ်တွေနဲ့ အတူ

မကောင်းဆိုးရွားတစ်ကောင်
အိမ်ပေါ်တက်လာတော့မယ်ဆိုတာကို တွေးရင်းနဲ့ ငိုချင်လာတယ်..

ခြံတခါးကိုတွန်းဖွင့်....လှေကားကို တဆစ်ခြင်းလှမ်းတက်လာပြီး..

ဘာဂျာ တံခါးကို ဆွဲလှုပ်နေတဲ့သူ့  ကို ကျွန်မ မသက်မရှု ဘဲ ကြောက်စိတ်တွေမွှန်ထူး

ပြီး မင်သက်ငေးမောမိ နေခဲ့တယ်..

ကြက်သီးမွေးညင်းတွေ ထလို့  ဒါလူမဟုတ်တဲ့မကောင်းဆိုးရွား တစ်ကောင်ပါလားဆိုတာကို
သိနေသလို လို ခံစားနေရတယ်..

ဘာဂျာတံခါး ကို ဖြည်းဖြည်းချင်းဆွဲလှုပ်နေရာမှ စိတ်မရှည်တော့တဲ့ သူ က
ဘာဂျာကိုအားကုန်ဆွဲလှုပ်တော့မှ

ကျွန်မကြောက်စိတ်နဲ့ အသက်ပြန်ဝင်လာခဲ့တယ်...

”မေမေ.....တံခါးဖွင့်ပါဗျာ......မေ့မေ့သားချိုပြန်လာပြီးလေ.................”

”ဟင်.........ဒါ...သား.....သားးးး..ချို.....ဘုရားဘုရား..

ဘယ်လိုဖြစ်ရတာတုန်း...ဒါ......ငါ့သားအသံ......”

အံ့သြမင်သက်စွာမတ်တပ်ရပ် ရင်းကြောက်စိတ်တွေပျောက် ကာ

မေမေလို့ ခေါ်နေတဲ့ သူရှိရာ ဘာဂျာတံခါးစီသို့ အပြေးအလွှားရောက်တော့..

”မေမေ...သားကိုကယ်ပါအုံး...သားချိုလေ....

မေမေ့ကို တွေ့ ချင်လို့ ပြန်လာတာပါ....သားကိုမပြစ်ထားပါနဲ့ ”
လို့ ငိုသံနှောလို့ ပြောနေတဲ့ သူကို သေသေချာချာကြည့်လိုက်မှ
မှတ်မိစရာဆိုလို့ သားရဲ့ ထူထဲမည်းနက်နေတဲ့ မျက်ခုံးတစ်စုံ ...

နဲ့ သားရဲ့ အသံတစ်စုံ....

ကျွန်မလက်တွေက လျှင်မြန်စွာ သူ့ လက်ကို ဆွဲလှန်တင်ပီးကြည့်လိုက်တော့

လက်မောင်းမှာ ထိုးထားတဲ့ ကျားပုံတက်တူးကိုမြင်တော့မှ..

ကျွန်မရင်ထဲကနေ မျက်ရည်တွေ အလိမ့်လိမ့်ကျဆင်းလာတယ်...မထင်ရက်စရာ...

ညိုမဲချိုင့်ခွက်နေတဲ့ မျက်အိမ်နှစ်လုံးကြားမှ ဝါထိန်ထိန် ပြူးထွက်နေတဲ့

မျက်လုံးတစ်စုံနဲ့ လိုက်ဖက်စွာ အရိုးပေါ်တင်နေတဲ့အရေပြားက သရက်ခွံခြောက်လို ...

မမြင်ရက်စရာ..ဘယ်လိုမှဆက်စပ်မတွေးမိတဲ့သားရဲ့ ရုပ်ရည်....

”ဘယ်လိုဖြစ်ရတာလဲသားရယ်.....အမေကိုပြောစမ်းပါအုံး....”

”မေမေ..သားမသေချင်သေးဘူး...သားကိုခွင့်လွှတ်ပါမေမေ..

သားသူငယ်ချင်းပါတယ်..ခေါ်လိုက်ပါ...”

အို..သူငယ်ချင်းကပါသေးတယ်..ဘယ်မှာလဲ..ဘေးဘီကိုဝဲကြည့်လိုက်တော့..

ဘာမှမမြင်..ဆိုက်ကားသမားတောင်ဘယ်ရောက်သွားမှန်းမသိ..

သားကိုပြန်လှည့်ကြည့်လိုက်တော့ လက်ပေါ်မှာမျောနေပြီး..တုံ့ တုံ့ မျှမလှုပ်တော့...

.....................................................

”ဦးနဲ့ မေမေကိုသားကန်တော့ပါတယ်”..

”ဖြစ်နိုင်ရင်မသွားပါနဲ့ လားသားချို..မင်းကိုငါကြွေးနိုင်ပါတယ်..

မင်းကိုငါ့သားလိုငါဆက်ဆံတာပါ...

မင်းကိုငယ်သေးတယ်လို့ ထင်တယ်..”

”ဟုတ်ပါတယ်သားရယ်..မေမေတို့ ကိုခွဲမသွားပါနဲ့ အုံး..”

”ငိုမနေနဲ့ တော့မေမေ..သားဆုံးဖြတ်ပြီးပြီး..ဦးကြောင့်လဲမဟုတ်ဘူး..

ဘယ်သူ့ ကြောင့်မှမဟုတ်ဘူး..သားချမ်းသာချင်လို့ ...

သူငယ်ချင်းတစ်ယောက်ကျောက်အောင်ထားတယ်..သားလဲစမ်းလုပ်ကြည့်မယ်..

မဖြစ်တော့လဲပြန်လာမှာပေါ့..မေမေ့သားဘဲ..အိမ်ပြန်လာမှာပေါ့”

ကျွန်မကြားယောင်နေပါတယ်..ဒီစကားတွေကို..လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က

သားပြောခဲ့တဲ့စကားတွေ..

အခုတော့..

အမေလုပ်တဲ့သူ ကတာဝန်မကျေသလိုဖြစ်ရပြီး...

ထွက်သွားခါစတုန်းကတော့ ဖုန်းဆက်စာရေးတယ်..

အဆင်ပြေကြောင်း..နေရထိုင်ရတာပျော်ကြောင်း..

ခြင်များကြောင်းနဲ့ အေးတဲ့အကြောင်းတွေကို

စာရေး..ဓာတ်ပုံတွေပို့ တော့..သားအတွက်တောင်သူ့ ခြေသူရပ်နိုင်တယ်ဆိုပြီး ကြိတ်ပြီးဂုဏ်ယူနေတာ..

တစ်နှစ်ကျော်ကြာတော့ သားကျောက်အောင်တဲ့သတင်းကို ဖားကန့် ကပြန်လာတဲ့ အသိတစ်ယောက်ဆီက ကြားရတော့ ဝမ်းသားမိတယ်..

ရီးစားရနေပြီးဆိုတဲ့အသံလဲကြားတော့ သားကောင်မလေးကိုတွေ့ ချင်လို့ စာရေးသေးတယ်..

နောက်ပိုင်းလိပ်စာပြောင်းသွားတယ်ဆိုလို့  ဘာအဆက်အသွယ်မှမရတော့ဘူး..

ကျွန်မစိတ်ထင်..မိန်းမရ ချမ်းသာသွားတယ်ပေါ့..

ကိုယ့်သားကောင်းစားနေတယ်ဆိုတော့ တွေ့ ချင်ပေမယ့်

သားကမေ့နေတယ်ဆိုတော့ ရင်ထဲမှာပဲခံစားနေတယ်..

ဘယ်သူ့ ကိုမှလဲဖွင့်မပြောမိခဲ့ဘူးလေ..

အခုတော့..

ထင်မြင်ချက်နဲ့ လက်တွေ့ ဟာ.. မိခင်တစ်ယောက်အတွက်

တာဝန်မကျေသူ လို့ ခံစားနေရတယ်..

”အမ..အမ..”

”သြော်..ဆရာ..သားအခြေအနေကဘယ်လို လဲ”

”အင်းဗျာ..ပြောရမှာတော့စိတ်မကောင်းဘူး..

ဆေးရုံကနေဆင်းဖို့ ကျွန်တော်လက်မှတ်ထိုးပေးလိုက်မယ်..

နေရတော့မှာမဟုတ်ဘူး..အလွန်ဆုံးတစ်ပတ်...

အိမ်မှာထားတာအကောင်းဆုံးလို့ ထင်တယ်..

ပြီးတော့..

အမကလေးတွေနဲ့ ရောမထားပါနဲ့ ...

သူ့ ဆီမှာရှိတဲ့ရောဂါတွေက စုံတယ်..ဘာမှန်းကိုမသိတာ..

သွေးစစ်တော့လဲ..ဘာမှန်းကိုမသိဘူးအမ..

အဲဒါကြောင့် ..အမတို့ မိသားစုကျန်းမာရေးအတွက် သူ့ ကိုခွဲထားတာအကောင်းဆုံးပါ”

ဆရာဝန်ဘာကိုရည်ရွယ်ပြောသလဲဆိုတာကျွန်မကောင်းကောင်းသဘောပေါက်သည်..

သားပုံစံက အသက်ရှင်နေပေမယ်... အသက်ရှင်တဲ့ပုံစံမပေါက်..

အခုတော့ဆေးရုံ မှာတောင်မထားတော့ဘူးဆိုတော့...

နောက်ဆုံးတော့..

ကျွန်မအမေတို့ အရင်ဝယ်ထားတဲ့မြို့ သစ်မှာ ရှိတဲ့အိမ်လေးရှိရာ သားကိုခေါ်လာရတယ်..

ပထမရက်တွေက ကျွန်မစောင့်ပေမယ့်...

နောက်ရက်တွေမှာကျွန်မကလေးကျောင်းနဲ့  အိမ်အလုပ်နဲ့ ဆိုတော့

ကျွန်မ အမေနဲ့ အဖေ ကသူ့ မြေးကိုတာဝန်ယူလိုက်ပါတယ်...

သြော်.. ကိုယ့်ရင်ကမွေးတဲ့သားဖြစ်ပါရက်နဲ့ ..ကိုယ့်အိမ်ပေါ်တင်လို့ မရဘူး..

သူ့ ရဲ့ နောက်ဆုံးအချိန်ကိုတောင် ကောင်းကောင်းမထားနိုင်ဘူး..

ငါမိခင်တာဝန်တော်တော်မကျေပါလားဆိုပြီးစိတ်မကောင်းဖြစ်မိတယ်..

သတ္တဝါ တစ်ခု ကံတစ်ခု ပေါ့သမီးရယ်လို့ အမေနှစ်သိမ့်လို့ သာ ခံသာတယ်..

သားလုပ်သူက ဆေးရုံ ကဆင်းပြီးတစ်ရက် နှစ်ရက် က ပုံမှန်ဆိုပေမယ့်

နောက်ရက်တွေမှ ကယောင်ကတမ်း နဲ့ ထအော်တတ်သလို

တစ်ယောက်တည်းလည်းစကားပြောနေတတ်တယ်..

တခါတလေ အမေတို့ ထံက စားချင်တာများကိုတောင်းစားတတ်သလို

တခါတလေညဘက်တွေမှာ သူကိုယ်တိုင်ရှာစားနေတတ်တယ်..

နေ့ ဘက်တွေမှာ ထရင်ထူရတဲ့သူက ညဘက်မှာ ထစားတတ်တယ်ဆိုတော့

မသကာင်္ဖြစ်လာတယ်..

အားလုံးက မကောင်းဆိုးရွားကပ်တယ်..

ဖုတ်ဝင်နေပြီးလို့ ဆိုတော့..

မလုပ်ချင်ဘဲနဲ့  ကျွန်မအလုပ်တစ်ခုကိုထပ်လုပ်ရတယ်..

အဲဒါ ဆေးဖယောင်တိုင်ထွန်းပြီး မကောင်းဆိုးရွားထုတ်တယ်ဆိုတဲ့ဆရာကိုရှာရတာပေါ့..

စဉ်းစားကြည့်စမ်းပါအုံး..ကိုယ့်သားရဲ့အသက်ကိုနှုတ်ယူမယ့်သူကို

လိုက်ရှာရတဲ့မိခင်တစ်ယောက်ရဲ့ ရင်တွင်းက ပူလောင်မှုကို..

နောက်ဆုံးတော့ အားလုံးရဲ့ ဝိုင်းဝန်းရှာကြံမှုနဲ့ 

ဆရာကိုတွေ့ တယ်..

ဆရာကသားကိုတွေ့ တွေ့ ချင်းပဲ မနက်ဖြန် အသုဘ အတွက်ပြင်ဆင်ထားလို့ ပြောတယ်..

ညနေစောင်းနေဝင်တော့

ဖယောင်းတိုင်ကိုစထွန်းတယ်..

သားကလုံးဝကိုငြင်းတယ်လေ..သူကိုချစ်ရင်မလုပ်ပါနဲ့ သူဒီဖယောင်းဒဏ်မခံနိုင်ဘူးပေါ့..

သွေးရူးသွေးတန်းပြောရှာတယ်..ဒါနဲ့ ဆေးဆရာက ကျွန်မကိုသူပေးတဲ့ ဆေးတစ်ခွက် သားကိုတိုက်ခိုင်းတော့

သားက ပိုက်ဆံပေးရင်သောက်မယ်ပြောတယ်..

ဘယ်လောက်ပေးရမလဲဆိုတော့..

တစ်ကျပ်တဲ့..

မောင်တွေက သူ့ တူအတွက် တစ်ရာ နှစ်ရာချပေးတာကို

သူ ကကျွန်မပေးတယ်ပိုက်ဆံပဲယူမယ်တဲ့ ..

နှစ်ရာတန်ပေးတော့လဲ့မယူဘူး..

ဒါနဲ့ စိတ်ချမ်းသာအောင် တစ်ကျပ်တန်ကိုပေးရတယ်..

ဆေးသောက်ပီးခဏငြိမ်သွားတော့

ဆေးဆရာက သြဇာရွက်တချို့ ကို အိပ်ယာအောက်ထဲထည့်ခိုင်းပြီး..

သူ့ ကိုတဖြည်းဖြည်းချင်းမေးတော့တာဘဲ..

သားလာတုန်းကသူငယ်ချင်းပါလာတယ်..သူက သေနေပါပြီး..

သားကိုအဖော်လိုက်လာတာ..သားနဲ့ သူငယ်ချင်းက ကျောက်တူးတုန်းကတူတူ

ကျောက်အောင်တော့လဲတူတူ..အလိမ်ခံရတော့လဲတူတူတဲ့..

ငှက်ဖျားကလည်းဝင်တယ်..ကျောက်အောင်လို့ လိမ်ခံထိတော့

စားရမဲ့သောက်ရမဲ့ဖြစ်ပြီး..စိတ်ဓာတ်တွေကျ...

အေးတော့အရက်သောက်တယ်..နံပတ်ဖိုးချတယ်ပေါ့..

နောက်တော့လဲလုံးပါးပါး..

ဒုက္ခရောက်တော့မိဘကိုသတိရ..ပြန်လာတဲ့အချိန်ကနောက်ကျလို့ ..

ဘဝနိဂုံးချုပ်နေပြီး..

စိတ်ကအမေနဲ့ တွေ့ ချင်လို့ သာ ပြန်ရောက်လာတယ်..

မသိစိတ်တဝက်က တော့ မကောင်းဆိုးရွားကပ်ပါတယ်တယ်..

သူ့ သူငယ်ချင်းပေါ့..

ဖယောင်းတိုင်တစ်ဝက်ကျိုးတော့..

သူ့ ခန္ဒာကိုယ်ထဲက တစ်စုံတစ်ယောက်ထွက်သွားသလို အားလုံးရဲ့ အသိအာရုံမှာ

ခံစားရတယ်..

ပြောနေတဲ့စကားများနှေးသွားသလို ..အမောဖောက်လာတယ်...

သူက နောက်ဆုံးချိန်မှာအသိကပ်လို့ လက်အုပ်လေးချီပြီး

ကျွန်မတို့ ဘက်ကိုလှည့်ကာ

”အမေတို့  အဘတို့  ဦးတို့  သေတဲ့အထိဒုက္ခပေးတဲ့ သားချိုကိုခွင့်လွှတ်ပါ”ဆိုပြီး..

အသက်ဝိဥာဉ် ချုပ်သွားရှာတယ်..

ခွင့်လွှတ်ပါတယ်သားရယ်...

အမေ့ကိုလဲခွင့်လွှတ်ပါ..

သားအပေါ်ကို ဂရုစိုက်မှုတွေလျှော့လို့ 

လစ်လျူရှုမိသလို ဖြစ်သွားတဲ့

တာဝန်မကျေတဲ့အမေကို

ခွင့်လွှတ်ပါ...

နောက်နောင်ဘဝတွေမှာဒီလိုဘဝမျိုးမတွေ့ ပါစေနဲ့ ..

အမေဆုတောင်းပေးနေမယ်..

အမျှဝေနေမယ်..

အားလုံးရဲ့ အမြင်မှာ တာဝန်မကျေဘူးလို့ ပြောနေကျမယ့် စကားထက်

ငါ့သားရင်ထဲက

အမေ့ကိုတာဝန်မကျေဘူးလို့ ထင်နေမှာကိုသာအမေစိတ်မကောင်းတာပါသားချိုရယ်..

သားချို..ကောင်းရာမွန်ရာရောက်ပါစေ...

ဖိုးစိန်

14 comments:

Dream said...

ခွင့်လွတ်ပါတယ် ဖိုးစိန်ရယ်... အမေဒွင်း ပြုလုပ်သမျှ ကုသိုလ်ကောင်းမှုကိုလည်း အမျှပေးပါတယ်...

သားဆိုးလေးဖိုးစိန်ရေ... အမျှ အမျှ အမျှ....


:P :P :P

Dream said...

ာအပါး ... ရေးထားတဲ့ အတွေးနဲ့ အရေးအသားက အရမ်းကောင်းတယ် ဦးဦးဖွတ်ချိန်ရေ.. အဲံ့ဒီပို့စ်ကို ဖတ်တုန်းက အိမ်မှာ တစ်ယောက်ထဲ ရှိနေတာ... ဖတ်ပြီး ကြောက်တောင် ကြောက်လာတယ်... ဗြဲ.... .. :(

ဗီလိန် said...

တမျိုးလေးပဲဗျ။ ဖတ်လို့တော့ကောင်းသား။

မိုးသောက်(ရှမ်းလေး) said...

အစ်ကိုဖိုးစိန်ရေ... အစကနေ အဆုံးထိအောင် စွဲဆောင်သွားတာပါလား... စာဆုံးအောင်ဖတ်ပြီးမှ ကိုယ့်ကိုကိုယ် အသက်ပြန်ရှူမိမှန်းသိတော့တယ်... အားပေးနေမယ်အစ်ကိုရေ...

မအိ said...

အင်း….ဖတ်လို့ကောင်းပါတယ်…..
စိတ်ဝင်စားဖို့အရမ်းကောင်းတယ်သူငယ်ချင်း.

အိန်ချုံး said...

စိန်..
ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ ကောင်းတယ်..
လက်ရည်တက်လာတယ်ကွ..
အရမ်းကောင်းတယ်..

flowerworld said...

ဖတ်ရင်းနဲ့မျက်ရည်တောင်ဝဲသွားတယ် မောင်လေးရေ အရေးအသားကောင်တယ်ဝေး
မနက်ကတည်းက မန့်မလို့ ပါပဲ ဘလော့ခ်အဟောင်းကိုဝင်ဖတ်မိလို့ ဟီးးးးးး အမလင့်ခ်မပြောင်းရသေးလို့ဟိဟိ

မိုးသောက်ယံ said...

သာကော လက်ကတော့ မကျပဲကိုး .. အမြဲသွေးနေလို့ ထင်ပါရဲ့ .. စိတ်မကောင်းစရာလေးပဲဗျာ .. :(

ဒေါင်းမင်း said...

ကောင်းတယ်ဖိုးစိန်ရေ.ဖတ်လိုအရမ်းကောင်းတယ်

war war khaing min said...

စာရေးကောင်းတဲ့ မောင်ဖိုးစိန်ရေ..
တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ရေးတတ်ပါလေတယ်။

လေလွင့်သူ said...

အကိုရေ ။ ညီက လိုက်ဖတ်ပြီးရင် ကောမန့်ပေးတာ အားကြီးပျင်းတာ ။ ကောမန့်မပေးတတ်ဘူး ။ စီဘောက်မှာပဲအော်တာ ။ ကောင်းတာတို့ ကိုယ့်စိတ်ထဲမှာရေးချင်းစိတ်ပေါ်လာတာတို့မှ ရေးတာ ။ ခုဒီတစ်ပုဒ်ကို တော်တော်မိုက်လို့ ရေးလိုက်ပြီနော် ။ အဆင်ပြေပျော်ရွှင်ပါစေဗျာ ။ အမေလွန်တရ်ထင်လား သားဆိုးတာလို့ထင်လား :)

(ကိုရဲ)

လေလွင့်သူ said...
This comment has been removed by the author.
kiki said...

မောင်ဖိုးစိန်ရေ ...အမရဲ့  အမေ ဆီမှာလဲအဲဒီလို သားဆိုးတယောက်ရှိနေတာ ...ဒီစာဖတ်ရင်း အမေ့ကို အရမ်းသတိရမိသွားတယ် ။ အမေ့မေတ္တာတွေ အကြောင်းပိုနားလည်မိတယ် ..

အိမ် said...

အင်း.... တကယ်လားဗျ။ တကယ်မဟုတ်ပါစေနဲ့ဗျာ။ ဖ်ရင်း ခံစားရတယ်။