Wednesday, 18 February 2009

ဘယ်တော့မှမမေ့ဘူး..


ငါးနှစ်ရှိနေပြီး..ငါးနှစ်ပြည့်သွားပြီး..
ဒါပေမယ့်
အမြဲတမ်းလွမ်းဆွတ်နေရတတ်တာ က
အဲဒီတုန်းကအချိန်….

ကျွန်တော့်အတွက် ဆို တစ်သက်တာမေ့မရမဲ့ အမှတ်တရ လေးတွေ…
(၂၀၀၄) ဖေဖော်ဝါရီလက
ကျွန်တော်တို့ သူငယ်ချင်းတွေ အမိမြေပင်မတက္ကသိုလ်မှာ
ဘွဲ့ ဝတ်စုံလေးတွေ ကိုယ်စီဝတ်လို့  မိဘမောင်နှမတွေ နဲ့ ပျော်ရွင်စွာ
ဘွဲ့ နှင်းသဘင်
ခမ်းမကိုတက်ခဲ့တဲ့နေ့ ဖြစ်သလို …
သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးစားသောက်နှုတ်ဆက်ပွဲလုပ်ရင်း ကနေ
ငါတို့ ဒီလို ဘဝမျိုးကိုနောက်ရက်တွေ..လတွေ..နှစ်တွေမှာထပ်မရနိုင်တော့ပါလား
ဆိုတဲ့ အတွေးတွေ.. အသိတွေက ..ဦးနှောက်ထဲဝင်လာတော့..မျက်ရည်စတွေစိုလို့ ..
အငိုပြိုင်ပွဲ အလားထင်ရအောင် မျက်ရည်မိုးတွေရွာ ဝမ်းနည်း ခဲ့တဲ့ နေ့ ရက်တွေလဲဖြစ်ပါတယ်..
အခုတော့…
ကန်ရေပြင်မြေနီလမ်းလဲဝေး…
အင်းယားကန်စောင်း ကို သတိရမိတယ်…
ပဒေသာ ကိုလဲလွမ်းတယ်…
အသည်းပန်းလဲ မမေ့ဘူး..
ဦးတင်အောင်တုတ်ထိုး လဲ စားချင်သေးတယ်..
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တက်နေတဲ့ ကျွန်တော်တို့ အဖို့ တော့
ရန်ကုန်ပင်မတက္ကသိုလ် က ကျွန်တော့်တို့ အတွက်လုံးဝမစိမ်းပါဘူး…
နိုင်ငံခြားဘာသာတက္ကသိုလ်စဖွင့်တုန်းက လူသိပ်မသိဘူး..
ကျွန်တော်တို့ က (၉၇) ဆယ်တန်းအောင်
ဆိုတော့ဒုတိယအသုတ်ဖြစ်တဲ့ ကျွန်တော်တို့ ရှေ့ က
(၉၆)အောင်ကိုကိုမမတွေပဲကျောင်းမှာရှိတယ်..
ကိုကိုမမတွေ နဲ့ တစ်နှစ်သာကွာတယ်..
သူတို့ ကအရမ်းအေးတော့
ကျွန်တော်တို့ (၉၇) အောင်တွေ စရောက်တဲ့ နှစ်မှာ
(YUFL) ကတော်တော်လေးကိုစည်လာတယ်…
လူလဲညီတယ်…မေဂျာတွေကွဲပေမယ့်..
အပိုဘာသာရပ် တွေကို ပေါင်းယူရတဲ့အတွက်..
တစ်မေဂျာနဲ့ တစ်မေဂျာ ရင်းနှီးပြီး
အကုန်လုံးကစည်းလုံးကြတယ်…
ကလေးလဲ မက လူကြီးလဲမကျတဲ့
(၉၇)အောင် တဲ့အသုတ် ကို
ဆရာဆရာမတွေ က ပိုချစ်ကြတယ်..
ဆိုးတယ်…ဒါပေမယ့်မမိုက်ဘူးပေါ့…
အဲဒီတုန်းက ကျွန်တော်တို့ က
ကိုယ်သင်ချင်တဲ့ ဘာသာစကားကိုသင်ရတဲ့အပြင်
ရန်ကုန်တက္ကသိုလ်ရဲ့ အရိပ်အာဝါသအောက်မှာနေရတယ်ဆိုတော့
ကိုယ့်ကို ကိုယ်ဂုဏ်ယူလို့ မဆုံးပေါ့…
အရင်က ကိုကိုမမတွေပြောသလို မင်းတို့ အခုတက်နေတာပျော်နေတာ
ငါတို့ အရင်တုန်းက စည်ကားပျော်ရွင်တာရဲ့ တစ်ဝက်တောင်မမှီဘူးဆိုပေမယ့်
ကျွန်တော့်တို့ အတွက်တော့
ကိုယ့်အတိုင်းတာနဲ့ ကိုယ်
အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်..
တက္ကသိုလ်ဆိုတဲ့အရသာကိုအပြည့်အဝ မရမက ကြားထဲကနေ
မရ..ရအောင်ယူပြီးပျော်ခဲ့ကြတယ်….
နိုင်ငံခြားသာဘာတက္ကသိုလ် က ကျောင်းဝင်းသေးတယ်ဆိုပေမယ့်..
တက္ကသိုလ်ရဲ့ အရည်အချင်းတွေနဲ့ အားလုံးပြည့်စုံတယ်…(ကျွန်တော်တို့ အတွက်ပေါ့)
အဝင်အဝက နေပြီး…ငုဝါပန်းတွေ က ဝါထိန်နေအောင် ပွင့်တတ်ကြသလို..
ကျောင်းဝင်းတစ်ခုလုံးလဲ ကံ့ကော်ပန်းရနံ့ တွေနဲ့ ထုန်မွှန်နေတတ်ပါတယ်..
ကန်တင်းသေးသေးလေး သုံးဆိုင်တွဲ မှာ ဒီပလိုမာတန်းက အကိုအမတွေ..နဲ့ ..
ကော်ဖီလုသောက်ရတဲ့အရသာကလည်း ဘာနဲ့ မှလဲလို့ မရဘူး..
ကျောင်းမြက်ခင်းပြင်နှစ်ခုကလည်း ကျွန်တော့်တို့ အနားဖြေလှဲစက်ရာ
အိပ်ယာကြီးနှစ်ခုလို ဖြစ်ခဲ့ သလို မန်ကျည်းပင် ကိုခဲနဲ့ ပေါက် လို့ 
ဗံဒါသီးထုစားခဲ့တာတွေ ကလည်းအကြိမ်ကြိမ်ပါ…
ဘာသာရပ်တွေ အမျိုးမျိုးကွဲပေမယ့်..
အကုန်လုံးက စည်းစည်းလုံးလုံးရှိကြတာကပျော်စရာတစ်ခုပါ….
ပိုပြီးကောင်းတဲ့ဓလေ့တစ်ခုက တော့
ကန်းတင်းမှာအကြွေးစားလို့ ရတဲ့အပြင်
ဆရာဆရာမတွေက တောင် ကျွန်တော့်တို့ ကော်ဖီဖိုးတွေ ရှင်းပေးတာပါ…
ပြတ်တုန်းလပ်တုန်းတစ်ချိန်လုံးဆိုတဲ့ကျွန်တော်တို့ အတွက်
အားတက်စရာပေါ့..
ရန်ကုန်ပင်မတက္ကသိုလ်နဲ့ နီးတဲ့အတွက်လည်း
တက္ကသိုလ်အနှံ့ နေရာမထပ်အောင်ခြေဆန့် ခဲ့ကြတယ်…
ကဗျာတွေကို မေဂျာ အလိုက် ရွှန်းရွှန်းဝေအောင်ရေးခဲ့ကြပြီး..
ချစ်သူကိုလက်ဆောင်ပေးလို့ လက်ဖက်ရည်ဖိုးပြန်တောင်းခဲ့ကြတယ်…
စာမေးပွဲနားနီးရင်..ဆရာများဆောင်မှာ အိပ်လို့ 
ဂစ်တာတစ်လုံးကိုင်ပြီး..ဘယ်နားသွားတီးရမှန်းမသိလို့ ရွာလည်ခဲ့တဲ့ရက်တွေ…
စာမေးပွဲရက်တွေမှာ သူငယ်ချင်းအိမ်မှာစုပြီး..
စား သောက် အိပ် ဖြေ ကိုသာလုပ်ခဲ့တာကို အရမ်းပျော်ခဲ့ကြတယ်…
ကျောင်းကိုအလာ မိုးတွေရွာလို့  ထီးမပါပဲနဲ့ မိုးရေထဲမှာ ဆော့ကြတာတွေ...
မိုးရေတွေစိုလို့  အကုန်လုံးချွတ်ပီး မိုးကာလေးနဲ့ လုံအောင်
တနေကုန်နေရတဲ့အရသာလေးတွေ
မိုးရေထဲမှာ ထွက်ကစားရင်း
စိတ်ပါလို့ ဟိုတစ်ယောက်ဒီတစ်ယောက်နဲ့  ဘောလုံးပွဲဖြစ်သွားလို့ 
မော်ကွန်းထိန်းခေါ်ဆူခံရတာတွေ..

ကျောင်းပေါင်းစုံလှေပြိုင်ပွဲကို ယူအက်ဖ်အယ် က အနိုင်မခံဘဲနဲ့ အရှုံးပေးခဲ့ တာကို
တစ်ကျောင်းလုံးက အားပေးခဲ့ကြတာတွေ..က ပြန်စဉ်းစာရင်ရယ်ချင်စရာကောင်းပါတယ်
မိုးလင်းလို့ ကျောင်းကိုခြေလှမ်းစတာနဲ့ 
(UFL)ကန်တင်း မှာ ကော်ဖီကိုသောက်
နေ့ လည်စာကို ပဒေသာ(ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နား) မှာစား
ညနေကျောင်းလစ်ရင် ဦးချစ်ဆိုင်ထိုင်
အသည်းပန်းမှာထိုင်…
ပြန်ခါနီးပင်းယဆောင်နား က ဦးတင်အောင်ဆီမှာတုတ်ထိုး စား (တုတ်ခိုးစား)…
အကြောင်းမရှိအကြောင်းရှာပြီး ပါရမီကားစီးပြန်…
တနေ့ တာနေ့ ရက်တွေကိုမရိုးအောင် အိမ်ပြန်စဉ်းစား
အရှုပ်မလုပ်ပဲနဲ့ အလုပ်တွေ ရှုပ်နေခဲ့တာကိုက
ကျွန်တော်တို့ အတွက်ပျော်စရာပါ…

အခုတော့ (OB)လေးလဲကျွန်တော်တို့ နဲ့ ဝေးခဲ့ပါပြီး…
(LRC)မှာ ခိုးအိပ်ခဲ့တာကိုလဲသတိရမိပါသည်…
မြဝတီဆောင်မှာ အတန်းလစ်ပီးခိုးပုန်းတာကိုလဲ မမေ့ပါဘူး…
(၂၀၀၀) ကနေစလို့  (၂၀၀၄)ခုနှစ်ထိက
ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်အတွက်တော့ပျော်စရာအကောင်းဆုံးနေ့ ရက်တွေပါ..
ဘယ်တော့မှမမေ့ပါဘူး….
ဘယ်တော့မှမမေ့ဘူး….

ပြီးခဲ့တဲ့အပတ်က
ဒါရိုက်တာချိုတူးဇော်ရဲ့ လက်ရာ.. ရွံ့  ကိုကြည့်ပြီး တော့
အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော်က အရမ်းကိုနေမထိထိုင်မသာဖြစ်နေတယ်..
တနေ့ က မနော် ရဲ့ တက္ကသိုလ်ပုံရိပ်တစ်ချို့ ကိုတွေ့ လိုက်ရတော့
ဒီပို့ စ်လေးကိုရေးချင်တာနဲ့  မှတ်မှတ်ရရရေးလိုက်တာပါ….
ကျွန်တော့်နဲ့ အတူ ပြင်သစ်စာကိုလေ့လာသင်ယူခဲ့တဲ့
သူငယ်ချင်းများနဲ့ ဋ္ဌာနကဆရာမများအကြောင်း
(၉၇)အောင်မေဂျာပေါင်းစုံက
ယူအက်ဖ်အယ်သူငယ်ချင်းများအကြောင်းကိုလဲ
ဆက်ရေးပါမယ်....
ဖိုးစိန်

12 comments:

MANORHARY said...

ပြင်သစ်ဌာနကဆရာမဆိုရင် ဒေါ်မို့မို့ဝင်းနဲ့ဒေါ်မီမီပြုံးရော
ပါဦးမှာလားဟင်..း) ဒေါ်ခင်ဆွေဝင်းရောပေါ့..း)
မနော်လည်းပြင်သစ်တက်ခဲ့ဖူးတော့..သတိရစရာလေး
တွေပါ..။ပြီးတော့..တကယ့် University life
စစ်စစ်ကိုရနိုင်ခဲ့တယ်လို့ထင်ပါတယ်။

ဝါ၀ါခိုင်မင်း said...

တက္ကသိုလ်ကျောင်းသားဘ၀အကြောင်းလေးရေးထား
တာ ကောင်းတယ် မောင်ဖိုးစိန်ရေ။
အစ်မလဲရေးမလို့ မနော်ဆီကနေ ဓါတ်ပုံတွေတောင်း
ထားတာလေ။ ကူးထားပြီးပြီ။ အားမှပဲ ပို့စ်လေးရေး
ဖြစ်တော့မယ်။ ကွန်ဘိုကေးရှင်းကြီးကို မြင်ရင် ကျောင်း
သားဘ၀ကို ပိုလွမ်းမိတယ်။
မောင်ဖိုးစိန်က ၉၇ ဆယ်တန်းအောင်တာလား။ အစ်မက
၈၇ မှာ ၁၀ တန်းအောင်ခဲ့တာလေ။ ၁၀ နှစ်တိတိကွာတာ
ပေါ့။
ကျောင်းသားဘ၀အကြောင်းလေးတွေကို ပျော်ရွှင်စွာနဲ့
ဖတ်သွားပါတယ်ကွယ်။

AUNG MYINT said...

Your story are have to remember our uni life.They also like it.Now we cannot get it.There are still in our past.But we will remember our happy time in UFL.

Dream said...

အော်..ဂယိုလား... ကျောင်းတုန်းက တသိရာလေးတွေ ပြန်တွေးကြတဲ့ သူတိုင်း အခုလိုပြုံးပျော်နေမှာပါ .. အခုလို သတိရစရာလေးတွေ ကိုမျှဝေ ဖော်ပြပေးတာ ကေျးဇူးပါ ဦးဦးဖိုးစိန်ရေ...

မိုးသောက် said...

အင်း ဖတ်ရတာ အားကျမိပါရဲ့ ဗျာ
အဲ့လို ရန်ကုန် တက္ကသိုလ် အကြောင်းကို ၀ထ္ထုတွေထဲမှာလည်း ခဏ ခဏ တွေ့တယ် အပြင်မှာလည်း ခဏ ခဏ နားထောင်ရတယ်
ဘယ်တော့မှ ရိုးမသွားဘူး ပြီးတော့ တစ်ခါ ဖတ်ရတိုင်း နားထောင်ရတိုင်း ပိုပြီး သိချင်တယ် တစ်ကယ် ပျော်စရာ ကောင်းမှာပါ ...
လူငယ်ဘ၀ ဆိုတာ ဘာမှန်း မသိလိုက်ပါဘူး ကိုဖိုးစိန်ရေ ....
ဒါနဲ့ ကိုဖိုးစိန်က ကျနော့်ထက် ကြီးမယ်ထင်တယ်ဗျ..
ကျနော်က 2001 ဆယ်တန်းအောင်ဗျို့
( ငယ်ကြောင်းကြွားတာ :D )
အစ်ကိုကြီး ဖိုးစိန်ပေါ့ဗျာ အဟေးဟေး

မအိ said...

aဟး……fri …..တကယ်ပျော်စရာအကောင်းဆုံးလား…..
ပြင်သစ်ဘာသာက တစ်ယောက်အကြောင်းရောမရေးဘူးလား….. ဟိဟီး …စတာနော်……

မြလေး said...

စိန်လျှံ..
အဲဒီအချိန်တွေကို ငါဘယ်တော့မှမေ့လို့ ရမှာမဟုတ်ပါဘူး..ကျေးဇူးပြုပြီးတော့ ဒီ အကြောင်းတွေကို ဆက်ရေးစေချင်တယ်..
ဘယ်တော့မှမမေ့အောင်ပေါ့..
ပြန်ဖတ်ရင်းနဲ့ ဆွေးနေချင်တယ်...

ဖိုးဂျယ် said...

ပျော်စရာ ကျောင်းသားဘ၀ပဲ
ကျွန်တော်တို့ကတော့ အဲ့လောက် မပျော်ခဲ့ရပါဘူး

ခိုင်ဆု said...

စိတ်ကူးထဲမှာပြန်ငယ်သွားသလိုပဲ..သိလား..ဒါပေမဲ့ ငါက ကျောင်းပြီးအောင်မတက်ခဲ့တော့ အားလုံးကိုတော့မခံစားလိုက်ရဘူးလေ.. အဲဒီအချိန်ကို လွမ်းတယ်..

အိခိုင် said...

final မှာအတန်းလစ်ပြီး မိန်းထဲမှာ တစ်အုပ်စုလုံးဓာတ်ပုံရိုက်ပြီး အင်းယားမှာ လှေလွှတ်ရင်း အတွဲတွေနဲ့ ခုံတန်းလုထိုင်ရတာ မှတ်မိနေပါတယ်။ နောက်တစ်နေ့တီချယ်ကြီးကျွေးတဲ့မုန့်ဟင်းခါးကို ငါးဖယ်တွေ၊ အစာပလာအစုံအလင်နဲ့ တ၀တပြဲတီးလိုက်ရတာ ဘာပြောကောင်းမလဲ ခေါင်းတောင်မဖော်နိုင်အောင်ပေါ့။ ဓာတ်ခဲ ကို တန်းလုံးလစ်ပြီး အားပေးခဲ့တာလည်း မှတ်မိနေပါတယ်။ မုန့်စားဆင်းရင် အတန်းထဲမှာ အားလုံးစုပြီး သူ့ဟင်းကိုယ်စား ကိုယ့်ဟင်းသူစားနဲ့ လုစားခဲ့တာတွေ၊ ဆရာမဒီဘက်က၀င်ရင်ဟိုဘက်အပေါက်ထွက်ပြေးတာတွေ အားလဲုံးကသတိရစရာတွေချည်းပါပဲ။ အခုဆို OB ဆောင်နေရာမှာ အစားထိုးဆောက်လိုက်တဲ့ အဆောက်အဦးကိုမြင်တိုင်း တစ်ချိန်က သူငယ်ချင်းတွေကိုလည်း သတိရပါတယ်။ အခုဆို ကျောင်းဝင်းထဲက ကံ့ကော်ပင်မှာ ကံ့ကော်ပန်းတွေ ပွင့်နေပြီလေ။ တစ်ချိန်မှာ အခွင့်ရှိခဲ့ရင် ကျောင်းတုန်းက သူငယ်ချင်းတွေအားလုံးကို ပြန်ဆုံချင်ပါတယ်။ (seulement mes amis qui ont appris la langue françaises) :)

သန္တာလွင် said...

ငါရဲ့ အတိတ်ကဖြတ်သန်းခဲ့ရတဲ့ ယူအက်ဖ်အယ်မှာ
ကျောင်းတက်ခဲ့ရတဲ့နေ့ ရက်တွေကိုလွမ်းတယ်..
ငါ့ဘဝမှာအခွင့်အရေးတစ်ခါထပ်ပေးမယ်ဆိုရင်..
တောင်းဆိုချင်တာက ငါ့ရဲ့ ကျောင်းသားဘဝကို
ငါချစ်တဲ့ သူငယ်ချင်းတွေနဲ့ 
ငါချစ်တဲ့ယူအက်ဖ်အယ်ကျောင်းတော်ကြီးမှာ
တစ်ကနေပြန်စပြီးပျော်ချင်သေးတယ်ဟာ..
ငါတစ်ယောက်တည်းလွမ်းတာမဟုတ်ဘူးဆိုတာ
ငါသေချာပေါက်ပြောရဲပါတယ်..
သူငယ်ချင်းရယ်..

အငယ်မ said...

အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ ရခဲ့မယ်ဆိုရင်
ငါရည်းစားမထားတော့ဘဲ
သူငယ်ချင်းတွေနဲ့ နေရတဲ့အရသာကို
ပဲ အပြည့်အဝပြန်လို ချင်တယ်
ငါလဲအရမ်းလွမ်းတယ်
အရင်တုန်းကအချိန်တွေကို