ဖယောင်းတိုင် “တို”

ငြိမ်သက်နေတဲ့ နှလုံးခုန်သံ
စည်းချက်မမှန်တဲ့ အသက်ရှူသံ
လေးတွဲ့ တွဲ့ သက်ပြင်းချသံ
ဒီအသံတွေကြား
ငါ့ကိုယ်ငါရုန်းကြည့်မိတယ်……
မသက်ဆိုင်တော့တဲ့ ချစ်ခြင်းမုန်းခြင်းတရားတွေ
နှောင်ကြိုးမဲ့နေတဲ့ အလိုဆန္ဒတံခါးတွေ
သီကုံးဖို့ ကြိုးစားနေတဲ့ ဥပေက္ခာပန်းတွေကြား
ငါ့ကိုယ်ငါမပိုင် ငါကိုယ်တိုင်မသိပဲ
မလွတ်မြောက်နိုင်ခဲ့…။
လည်ပတ်နေတဲ့ဘဝ ပင်နယံတွေကြားက
အိမ်မက်လိုလို စက်သံတွေညံဆူစွာနဲ့ 
ခုတ်မောင်းရမဲ့သံသရာခရီးက ရှည်လွန်းပါတယ်..။
ဒီခရီးကို လိုက်ပါမဲ့ ငါလဲ
မီးဇာ ကုန်တော့မဲ့
ဖယောင်းတိုင် ”တို ” ပါပဲ…
ဖယောင်းတိုင်”တို” ပါပဲ…….။

ဖိုးစိန်
ပုံကို (flickr)မှရယူပါသည်။

Comments

molay88 said…
မီးဇာကုန်တော့မယ့် ဖယောင်းတိုင် တို
ဟင်... အဓိပ္ပါယ်က မကောင်းပါလား အစ်ကိုရယ်..။ စိတ်ထိန်းနော်..။
Anonymous said…
ဘာတုန်း မီးဇာကုန်ရင် မချစ်တော့ဘူးလား။ ဟီး ... စတာနော်။ ရေလောင်းနေလို့မဟုတ်ဘူး ဖိုးစိန်ရေ ... ရုံးမှာ ဘောစိရောက်နေလို့ ဘီးစီးတာ သေတော့မယ်။ လာလည်သွားတာ ရှဲ့ရှဲ့ နော်။

မကြီး
မေတ္တာရောင်ပြန်
thetpaingthu said…
အကိုရယ် .. ကဗျာကောင်းလေးတစ်ပုဒ်ပဲ....

ဖယောင်းတိုင်တိုလေးလိုပဲဆိုတော့...... အင်းးးးးး.... စဉ်းစားသွားတယ် ဗျာ... :)
ဟုတ်တယ် မောင်လေးဖိုးစိန်ရေ... အားလုံးက တဖြည်းဖြည်းနဲ့ မီးဇာကုန်နေတဲ့ ဖယောင်းတိုင်တိုတွေပါပဲ... အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။
"အိမ်မက်လိုလို စက်သံတွေညံဆူစွာနဲ့ 
ခုတ်မောင်းရမဲ့သံသရာခရီးက ရှည်လွန်းပါတယ်..။"

သံသရာက ရှည်လွန်းပါတယ်ကွယ်
ဘ၀ကတော့ တိုလွန်းတယ်
ပြီးတော့ ဘာမှလည်း ကြိုမပြောနိုင်ဘူး။
MANORHARY said…
လူတိုင်းဟာမီးစာကုန်ဆီခန်းတဲ့ထိ တောက်လောင်နေရမှာ
နော်...ကဗျာကောင်းတယ်ဖိုးစိန်ရေ..
MANORHARY said…
လူတိုင်းဟာမီးစာကုန်ဆီခန်းတဲ့ထိ တောက်လောင်နေရမှာ
နော်...ကဗျာကောင်းတယ်ဖိုးစိန်ရေ..
kiss kiss kiss kiss kiss kiss kiss kiss kiss kiss kiss

စကားမစပ် မီးခွက်ထွန်းပါလား?
Welcome said…
ချိုရနေမယ့် စတော်ဘယ်ရီလေး
ချဉ်တဲ့အရသာလေး ဖြစ်နေရင်
အရာရာ အလိုမကျမှုတွေနဲ့ ပြည့်နှက်နေတတ်ပြီး အားငယ်စိတ်တွေ ဖြစ်စေတတ်ပါတယ်။
ဒါပေမယ့်
ချဉ်တဲ့ စတော်ဘယ်ရီထဲ
သကြားလေးခပ်၊ နို့ဆီလေးထည့် ခလောက်လိုက်ရင်
နှစ်လိုဖွယ်ကောင်းတဲ့
စတော်ဘယ်ရီအအေးလေး ပြန်ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ပါစေ ..
ဆင်ဆင်ပြေစေချင်ပါတယ်။

ခင်မင်လျက်
ဝင်းဇော်
WWKM said…
စိန်လျှံရေ.. အသက်ငယ်ငယ်လေးရှိသေးတာ မီးဇာမ
ကုန်ပါနဲ့ဦးကွယ်..
အဖော်တွေအများကြီးရှိနေပြီပဲ.ပျော်ပျော်ရွှင်ရွှင်ပေါ့နော့.
အစ်မခရီးသွားနေတာ အခုမှပြန်ရောက်တာလေ.
စိန်လျှံဖတ်ချင်တဲ့ သင်္ကြန်ပို့စ်လေး အစ်မရေးဘို့စဉ်းစား
ကြည့်မယ်နော်.. အဆင်ပြေရင် သင်္ကြန်မတိုင်ခင် အမှတ်တရရေးပါမယ်... ကျေးဇူးပါ မောင်စိန်လျှံ ရေ.
အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ.

အစ်မ၀ါ
မီးဇာမကုန်သေးနဲ့အုံးလေ ဇာတ်ဆရာ ကလဲ...:)
ရိုးရိုးလေးနဲ့ အဓိပ္ပါယ် ပြည့်ဝတယ်
Dream said…
မီးဇာကုန်ရင် မီးစက်ဖွင့်ပေါ့။။

အဟဲ.........

ကဗျာလေးက တော်တော်ကောင်းတယ်ဗျာ...... တော်လိုက်တာ...
khin oo may said…
အားမငယ်နဲ့ ဖယောင်းတိုင် တစ်ထုပ်ဝယ်ထားတယ။် မီးဇာကုန်ခါနီးရင် ဆက်ပေးမယ်။
ပေါ့ပေါ့လေးနဲ့လေးနေတာတော့အမှန်ပဲ့
မီးဇာကုန်ခြင်းရဲ့ နောက်မှာ ...
ကောင်းတယ် သာကောရေ ..

Popular Posts