အရက်ပါ ထမင်းဝိုင်းလေး

အခုတစ်လော စိတ်တွေလေနေပါတယ်လို့ ... ပြန်ဆန်းစစ်ကြည့်တော့ အမေ့ကြောင့်..
မနေ့တစ်နေ့ကအမေရန်ကုန်ရောက်တယ်..သင်္ကြန်ကျရင်အလှူလေးလုပ်ချင်တယ်ဆိုပြီး လိုအပ်မယ်ထင်တဲ့ပစ္စည်းတွေလာဝယ်တာတဲ့..ထုံးစံအတိုင်းရောက်တဲ့မနက်ပဲ သားလုပ်သူကို
စကားပြောဖို့ အွန်လိုင်းတက်လာတာပေါ့..ကံကောင်းချင်တော့ မချိန်းထားပဲနဲ့ 
သားလုပ်သူကျနော်နဲ့ တန်းတိုးတယ်ဆိုတော့ ဝမ်းသာမဆုံးတပြုံးပြုံးလေ..
မတွေ့ ရင်သာပြောစရာ ရှာမရတာ..
တွေ့ တော့လဲဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းအကြောင်းကို
သားဖြစ်သူကျနော့်ကိုစီကာပတ်ကုံးနဲ့ ပြောမဆုးံပေါင်တော သုံးတောင်ပေါ့
ပြောစရာစကားတွေ တစ်ဝက်လောက်ကျိုးသွားတော့မှ အမေ က”သားစိန်.. သားအဖေကို နည်းနည်း ဆုံးမလိုက်ပါအုံး.. အခုတစ်လောသားစိန်အဖေ အရက်သောက်ပြီး ထမင်းသိပ်မစားတော့ဘူး..ပြောလို့ လဲမရဘူး”တဲ့…
ကျနော်ကြားတော့စိတ်မကောင်းဖြစ်သွားတယ်..အဖေက ညတိုင်း အရက်သောက်တယ်..သောက်တယ်ဆိုပေမယ့်
သူ့ ရေချိန်နဲ့ ကျော်ပြီးသောက်တာ မျိုးမရှိဘူး… နှစ်ပက်သုံးပက် ..စားဝင်အောင်သောက်တာ…
တစ်ခါဖူးမှ မူးတယ်ဆိုတာမတွေ့ ဘူးလေ..
အခုလဲအမေက အရက်သောက်များပြီး ထမင်းစားနည်းတာ လို့ ပြောတာမဟုတ်မှန်း သိပေမယ့် ထမင်းစားနည်းသွားတယ်ဆိုတော့
ထမင်းကိုစားဖို့ အဖေ့ကိုပြောရအုံးမှာပေါ့…အဖေ့ကိုသတိရသွားတယ်…
အဖေက ညတိုင်းအရက်သောက်တယ်..သူအရက်သောက်ချိန်တိုင်းလဲ မိသားစုကို အနားမှာရှိစေချင်တယ်..
အမေလုပ်သူက အဖေအရက်သောက်တတ်တယ်ဆိုတော့ အဖေ့ကျမ်းမာရေးမထိခိုက်ရလေအောင်တစ်နေ့ကို အသီးအနှံ သုံးမျိုးလောက်နေ့ တိုင်း ဝယ်ထားတယ်..ငှက်ပျောသီးလို ကျွဲကောသီးလို ရာသီပေါ်သီးနှံက အမြဲ အိမ်မှာမပြတ်ဘူး
အဖေ့အတွက်ပေါ့…ရပ်ကွက်လူကြီးဖြစ်တဲ့အဖေ့ကို ချစ်တဲ့ သူတွေကလည်း ညနေ တိုင်း အဖေ့အတွက်ငါးပျက်(ငါးပုတ်သင်)
ငါးပုဏားတို့ လို ပုစွန်တို့ လို ကို ချောင်းကနေ ငါးဖမ်းတက်တိုင်း အိမ်ကိုဝင်ပေးသွားတယ်..
ကျနော်ရှိတုန်းကတော့အဖေ့တွက် ငှက်ပျောဖက်နဲ့ ထုပ်ပြီး မီးသွေးလက်ကျန်ထဲကိုပြစ်ထည့်ထားလိုက်ရင်
အဖေအရက်နဲ့မြည်းလို့ရတဲ့ငါးကင်ပေါ့..ညနေ ထမင်းမစားခင် အဖေက အရက်သောက်ရင်အဖေက တကယ့်ဘုရင်စားတော်တယ်သလိုမျိုးပဲ.. ထမင်းစား အရက်ဝိုင်းမှာ ငါးကင် အသီးအနှံ နဲ့  ဟင်းချိုတစ်မျိုးမျိုးက အဖေ့တွက် အမြဲရှိတယ်..
အဖေအရက်စသောက်ပြီးဆိုရင် ကျနော်တို့ ကိုသူ့ အနားမှာနေစေတယ်..အမေလုပ်သူက တနေ့ တာ ကျနော်တို့ ဆိုးသမျှ ဒါမှမဟုတ် ရပ်ကွက်က သတင်းပေါင်းစုံကို အဖေ့ကိုဖောက်သည်ပြန်ချပေါ့.. လူကြီးကတော်ဆိုတော့ ရပ်ကွက်အကြောင်းကို သိထားရတယ်မဟုတ်လား..ဒါမှလူကြီးလုပ်သူအဖေကဟောက်စားပြန်လုပ်လို့ ရမှာလေ..
ကျနော်တို့ကြတော့အဖေအရှိန်လေးများကောင်းလာရင် လိုချင်တာကိုသူထက်ငါလုတောင်းကြတယ်..ပြီးရင် အဖေ့တွက်လုပ်ထားတဲ့အမြည်းတွေကိုစကားပြောရင်နှိုက်စားတယ်ဒီကြားထဲ အဖေက ကာရာအိုကေဆိုလိုက်တော့…
အရက်မကုန်ခင် အမြည်းကပြောင်ရော…အဲဒီလိုအချိန်ဆို အဖေက
”မင်းတို့ ကလဲ ပြောတော့အဖေ့တွက် ပန်းကန်ထဲမှာ အရိုးပဲကျန်တယ်”လို့ 
စိတ်ဆိုးတဲ့လေသံနဲ့ ပြောနေပေမယ့် အဖေ ပီတိဖြစ်နေတာကိုတော့မြင်နေရတယ်.အမေကတော့ ဗျစ် တောက်ဗျစ်တောက် အနားကနေ ပရိတ်ရွတ်နေတတ်တယ် ..ဒါပေမယ့် ကျနော်တို့မောင်နှမသုံးယောက်လက်ကတော့ တံခွန်မရသေးတဲ့လက်တွေလိုပါပဲ…ဘယ်လောက်ပြောပြော..အပြောခံပြီးတော့ကိုစားတယ်..
ဒီလိုနေ့ မျိုးတွေများလာတဲ့အခါကျတော့ အမေလုပ်သူ က ဈေးသွားရင် အသီးအနှံကို အရေအတွက်နဲ့ ဝယ်တော့တယ်.. သရက်သီး ဆိုတစ်ယောက်တစ်လုံး..ငှက်ပျောသီးဆိုလဲ တစ်ဖီး.. ကျွဲကောသီးဆိုလဲ တစ်လုံး..ဝေစုချပေးတယ်..
ဈေးသွားရင် ဘာဝယ်ဝယ် ငါးခုအမြဲဝယ်ရတယ်..
အိမ်ရောက်တာနဲ့တန်းပြီးခွဲထားပေးတယ်ပေါ့..ညီမလုပ်သူက လူလယ်မ… အကိုငယ်ဆီသွားပြီးရင် အကို့ငယ် စားမဲ့ အသီးကိုတစ်ဝက်ဆီခွဲညနေသူအလှည့်တစ်ယောက်တစ်ဝက်ပေါ့..
အကိုငယ်ဆီကပ်စား..ကျနော့်ကိုလည်း အဲဒီအကြံအတိုင်း ကပ်စား..
သူ့ အသီးကျတော့ဝှက်ထားပြီးတစ်ယောက်တည်းစားတဲ့ အပြင်
ညဖက်အဖေ့နဲ့ ဝိုင်းထိုင်ရင်လည်း လက်ကမြန်သေးတယ်…အငယ်ဆုံးဆိုတော့အလိုလိုက်ရတယ်လေ
တစ်နေ့ 
အမေ ဈေးကပြန်လာတော့ ဖရဲသီး အကြီးကြီးတစ်လုံးပဲပါလာတယ်..
အမေက” ဈေးကြီးတယ်..ရှားနေပြီး..
နင်တို့ ကိုတစ်ယောက်တစ်လုံးမကျွေးနိုင်တော့ဘူး..ညကျရင်လဲဧည့်သည်လာမယ်.. ညကျမှ မိသားစုခွဲစားမယ်”ပြောပြီး ဖရဲသီးကို ရေခဲသေတ္တာထဲထည့်ထားခဲ့တယ်.ကျနော်တို့မောင်နှမသုံးယောက်ကတော့မကျေနပ်ဖူး..
ဒီအဖွားကြီးကပ်စည်းနည်းတယ်ပေါ့…တစ်နေကုန် ဒီဖရဲသီးကိုစိတ်နာနာနဲ့  မျက်စောင်းထိုးနေကြတယ်..
နေ့ လည်လောက်အမေလစ်တဲ့အချိန်ကျတော့ ညီမလုပ်သူက ဖရဲသီး နီရဲလားမရဲလား
ကြည့်မယ်ဆိုပြီး တြိဂံပုံဓားနဲ့ ဖောက်ကြည့်ထားတဲ့ နေရာကိုဖွင့်
ဇွန်းလေးနဲ့ ကလော်စားပြီးပြန်ဖုံးထားတယ်
သူလဲအမှုမပတ်အောင်တော့ ကိုကြီးဖရဲသီးတော်တော်ချိုတယ်..မြည်းကြည့်ပါလားတဲ့..
နဂိုကတည်းက မျက်စောင်းထိုးနေတယ်ဆိုတော့ ကျနော်ကလည်းတစ်ကလော်စာနှိုက်စားတယ်..
ညီလုပ်သူကတော့ ပြောခံထိရင်သုံးယောက်လုံးပါမယ်..သူမစားခဲ့ရင် သူ အပြောခံရတာမတန်ပဲ
နေမယ်ဆိုပြီး အငယ်ကောင်ကလည်းတစ်ကလော်..
တစ်ယောက်တစ်ကလော်နဲ့ ဖရဲသီး အပေါက်က တော်တော်နက်သွားတယ်ပေါ့…
အလေးချိန်လဲတော်တော်ပေါ့သွားတယ်…ပြီးတော့ ပြန်ဖုံးထားတယ်။..
ညီမလုပ်သူရဲ့ ရွှေဥာဏ်တော်နဲ့  အမေက ဖရဲ သီးကိုကိုင်ရင်လေးရအောင်ဆိုပြီး
နှိုက်စားထားတဲ့နေရာကိုပြည့်နေအောင်
ရေနဲ့ အစားထိုးဖြည့်ထားပြီးပြန်ဖုံးထားလိုက်သေးတယ်
ညနေစောင်းတော့ သုံးယောက်လုံးက အကြောင်းပြချက်အမျိုးမျိုး နဲ့ အိမ်ပေါ်ကနေ လစ်ဖို့ 
စောင့်နေကြတယ်…ချီတက်ကြမယ်..အဖွားအိမ်ကို…
အမေ နဲ့ အဖေ ကလည်းဧည့်သည်နဲ့ စကားပြောကောင်းတော့ ဖရဲသီးကိုမေ့နေတာ…
အဖေအရက်သောက်ပြီး လို့ ထမင်းစားခါနီးကျမှ အမေကသတိရလို့ ကျနော်တို့ ကိုယူခိုင်းတာ
တစ်ယောက်မှမလှုပ်ဘူး..ကိုကြီးယူ..ကိုငယ်ယူ..သီရိယူနဲ့  နောက်ဆုံးအဖေကစိတ်မရှည်စွာနဲ့  ထယူတယ်..
ဖရဲသီးကို ထမင်းစားစာပွဲပေါ်တင်..စကားပြောရင်း ဓားနဲ့  အားရပါရခွဲလိုက်ရော…ထွက်ကျလာတာ ရေတွေ..ရေတွေ..
အဖေက အံ့သြတဲ့ အကြည့် ကျနော်တို့ သုံးယောက်ကို မသကာင်္တဲ့မျက်လုံးနဲ့ ကြည့်
အမေကတော့ နင်တို့ လုပ်တာသိတယ်ဆိုတဲ့စိတ်ဆိုးတဲ့အကြည့်နဲ့ တစ်ခုခုပြောမလို့ လုပ်တုန်း
ညီမလုပ်သူက”ဒီတစ်ခါတော့ လူကြီးကတော် က ဖရဲသီးသည်တစ်ပတ်ရိုက်တာခံလိုက်ရတယ်
လူကြီးကတော်ကိုမှ ဒီလိုလုပ်ရတယ်လို့..ဘာမှမပူနဲ့အမေ..နောက်နေ့ကျမှအမေ့အစား ဒီဖရဲသီးသည်ကိုပိုးစိုးပက်စက် ရန်တွေ့ လိုက်အုံးမယ်..လူကြီးကတော်ကို ပေါ့ပေါ့သေးသေးများထင်နေလား..တော်တော်ဆိုးတဲ့ဖရဲသီးသည်”
တဲ့…
ညီမလုပ်သူစကားကြားတော့
အဖေရောအမေရော ဘာမှ မပြောနိုင်တော့ဘူး..

သူတို့ နှစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်ကြည့်ပါတော့ဗျာ…ဟက်တက်ကွဲပြီး..
ရေသာထွက်လာတဲ့ဖရဲသီးနဲ့  ကျနော်တို့ မောင်နှမသုံးယောက်ကိုတလှည့်စီ ကြည့်ပြီး..အဖေကပြုံးလို့ ..
အမေကသာ မျက်စောင်းတထိုးထိုး ရယ်ချင်ရက်နဲ့ မန်းမှုတ်နေသေးတယ်..
ထမင်းစားတော့လဲ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ သုံးယောက်သား ခေါင်းလေးကိုငုံ့ လို့ ပေါ့.. အမေ့ကိုကျနော်မှတ်မှတ်ရရ ဒီအကြောင်းလေးပြန်ပြောပြတော့အမေလဲ ပြုံးပြီးပြန်သွားတယ်…..အဖေ့ကိုလဲ အိမ်ပြန်ရင်ပြန်ပြောပြမှာသေချာပါတယ်…ကျနော်လဲ အဖေနဲ့ တူတူ မိသားစု တစ်ယောက်တစ်ပေါက်နဲ့ 
ရန်ဖြစ်လုစားရတဲ့ အရက်ထမင်းဝိုင်းလေးကိုလွမ်းတယ်..အဖေလဲ ဒီအကြောင်းစဉ်းစားမိရင် တနေရာစာလွတ်နေတဲ့ခုံကိုကြည့်ပြီး
ကျနော့်ကိုလွမ်းနေမယ်ဆိုတာ ကျနော်တထစ်ချယုံကြည်ပြီးသားပါ…
အမေပြောသလို အဖေ့ကိုထမင်းများများစားအောင်လဲ ဆုံးမရအုံးမယ်..

ဖိုးစိန်

Comments

အကိုရယ်ရေးလိုက်တိုင်းခံစားချက်တွေချည်းပဲ
ညီလည်း ဖတ်ပြီးခံစားရတယ် အကိုရယ်
ဒီခါတော့ဦးဦးဖျားဖျားဖတ်ပြီးခံစားမူပေါင်းစုံနဲ့ 
တစ်ခုခုကိုအလိုမကျစွာနဲ့ ပြန်သွားပါတယ်
MANORHARY said…
goat wind နေတဲ့သူအတွက် ကဗျာရေးထားတယ်
မိသားစုကိုလွမ်းရာကနေ မရှိတရှိရည်းစားတွေပါ
ဆက်လွမ်းလိုက်..သို့သော် ဒီနေ့တနလာင်္နေ့..း)
အလုပ်လုပ်ရမယ်..
အင်း .. အိမ်ကိုတောင် လွမ်းလာပီ သာကောရယ်
မိဘတွေကို ပြန်ဆုံးမရတာလောက် ခက်တာမရှိဘူး ... ဟူးးးးးးး
Unknown said…
အိမ်ကိုတောင်လွမ်းသွားပြီ အကို .ရယ်..မုန့်ကျွေးမယ်ဆိုလို့လာတာ..ဖရဲသီးစား
ပြီးပြန်သွားပြီ....
Anonymous said…
မောင်တို့ မိသားစုက အရမ်းကြည်နူးဖို့ ကောင်းလိုက်တာ.... မောင့်စာတွေ ဖတ်ရတိုင်း ချစ်က ပီတိဖြစ်ရတယ် သိလား.... မောင်က အရမ်း စာရေးကောင်းတယ်...း)

ဖေဖေ့ကို လည်း ဖုန်းဆက်ပြောလိုက်ပါဦးမောင်ရယ်...
မေမေ့ကိုတော့ သိပ်စိတ်မပူဖို့ ပြောလိုက်ပါ...

ချစ်လည်း မော်လမြိုင်ရောက်ရင် ဖေဖေနဲ့ မေမေ့ဆီကို ၀င်တွေ့လိုက်ပါဦးမယ်... မရောက်တာတောင် ကြာသွားပြီလေ....
ဒီတခါ သွားရင် သေသေချာချာ ဂရုစိုက်ခဲ့လိုက်ပါ့မယ်မောင်... မောင်လည်း သိပ်စိတ်မပူပါနဲ့နော်....

မောင်ရေ...မောင်လည်း အရက် သိပ်မသောက်နဲ့နော်.... ကျန်းမာရေး ဂရုစိုက်... သိလား

ပြန်ဆုံတွေ့ရမယ့်နေ့ကို မျှော်နေတယ်နော်.. .. ချစ်လွမ်းနေပြီသိလား...
:)

ချစ်ချစ်တဲ့မောင်
မောင်ချစ်တဲ့ချစ်
kiki said…
အမလေးဟဲ့  ။မောင့်ရဲ့အချစ်ရေးတဲ့ အပေါ်ကစာတွေဖတ်လိုက်ရတာ...ကိုယ် ရေးမဲ့ အကြောင်းတောင်မေ့သွားတယ်...အဟီးး။ နောက်ဆို အိမ်ပြန်တဲ့ အခါ အဖေ့ကို မုဆာခါလေးချက်ကျွေးပြီး ထမင်းစားဝင်အောင် သူသောက်မဲ့အရက်ကို ကိုယ်ဦးအောင်သောက်ပစ်.... ကြားလား...
ကိုရဲ said…
အင်း ။ မိုက်တရ်ဗျာ ။ ဦးဦးဖျားဖျားမဖတ်လိုက်ရတာ နာတရ် ။ ဟီး ။ ညီလည်းလွမ်းနေတရ် ဖေဖေ့ကို ဘယ်လိုလုပ်ရမလည်း လေပါ့ ။ အဲ ဒါပေမဲ့ ချစ် စာလေးကိုတော့ ၂ ယောက်မြောက် ဖတ်လိုက်ရပါတရ် ။ အဆင်ပြေပျော်ရွှင်ပါစေဗျို့  ။

(ကိုရဲ)
Dream said…
အား... ပါးးးးးးး.. အရေးအတားဂ ချယ်ပဲဟေ့... အူးအူးဖွတ်ချိန်တို့ကတော့ လန်းဒယ်ကွာ... ဟတ်ဟတ်...

တွန်မန့်မာရဲ ချစ်ချစ်တွေ ကောဘာတွေကော.. စုံနေဒါဖဲ... ဟူးးးးးးးးး အားကျချရာဒွေ ပါရား.. ချာဖတ်တူတွေတောင် ဘာပေါရမှန်းမတိဖူး..

မိုက်တယ်ကွာ.. ဟတ်ဟတ်...

အူးးအူးဖွတ်ချိန်ရဲ့ ချစ်ချစ်ချိုဒေါ့ မက်မက်ယဲ့ တီတီပေါ့...

အမယ်.. အူးအူးဖွတ်ချိန်ကို ဒိုင်လျိုလုပ်နေတာပေါ့လေ.. ဟုတ်လား.. ပို့စ်ရေးလေဗျာ.. ချစ်ချစ်အကြောင်းလေး.. နာမည်လေးဘာလေးလဲ မပါဘူးတော့.. သိပ်လျို့ဝှက်တာပဲ.. မရဘူး.. ချစ်ဆိုတဲ့ အူးအူးဖွတ်ချိန် ကောင်မလေး အကြောင်းကို ပို့စ်အသစ်အနေနဲ့ တင်ပါဗျို့.. ဟတ်ဟတ်... ဘလော့မှာ လိုက်ဖွလိုက်မှာနော်.. :P :P

လိုက်ဖက်လိုက်တာနော်.. စုံတွဲလေးက ..
WWKM said…
သူရေးတာကလည်းမြန်ပါ့...
ဒီမှာ အစ်မကတော့ ခေါင်းစားနေတုန်း.
စိတ်လေနေတယ်. ဓါတ်ပြန်ကူးသွားတာ..
နေလို့မကောင်းဘူး..ဟဟ..စာရေးခိုင်းလို့ ဖျားချင်ယောင်ဆောင်တာ.း)
Phyo Evergreen said…
ဦးဦးဖွတ်ချိန်ရေးထားတာ ဖတ်လို့ကောင်းတယ်ဗျာ..။ ဦးဥဖွတ်ချိန် သတင်းစာရှင်းလင်းပွဲလုပ်သင့်ကြောင်း။
အနော်နီးမတ်စ်ရယ်...ချွဲတာကလည်း..ရည်ပျော်လောက်တယ်။
မဇနိ said…
ကြည်နူးစရာ မိသားစု ထမင်းဝိုင်းလေးပါလား။ ရေးတတ်လိုက်တာ။ ညီမလေးကလည်း စကားတတ်တယ်နော်။ ကိုဇနိကိုပါ ဖတ်ပြပြီး တခွိခွိရယ်နေရတာ။ ဟုတ်ပါ့။ တနေရာစာလွတ်နေလို့ အိမ်ကလည်း လွမ်းနေမှာ အသေအချာပါပဲလေ။
thetpaingthu said…
စိန်ကိုကိုရယ်... ရေးထားတာဖတ်ပြီး အိမ်ကိုတောင် လွမ်းသွားတယ်။

ကျွန်တော်လည်း ငယ်ငယ်ကဆိုးပါ့။

ဟီးဟီး ကျွန်တော်ဆိုးတာက အငယ်ဆုံးလေးနဲ့တူတယ်
thetpaingthu said…
အမယ်... အမယ်.. ခုမှပဲ မန့်ထားတာတွေ ဖတ်ရတယ်.... ပြောတုန်းကတော့ single ဆို.. အခုတော့ ဆိုင်ရာပိုင်ရာတွေတောင် ဒီပေါ်တက်လာပြီ.... ဒါက ဘာအချိုးချိုးတာလဲ... ကိုကျောက်ခဲရဲ့.... (စိန်တန်ဖိုးကျသွား၏)

ဟင်း.. ဟင်း.. သိမယ်... ဒင်းသိမယ်။ တီတီချမ်းရေ.. လာခဲ့ပါ့ဦး.....
ဒီမှာ ငကျောက်ခဲ .. အနော့်ကို လိမ်သွားတာ။ အခုတော့ ကာယကံရှင်တွေ.. အိမ်ပေါ်တက်လာပြီ..

ရှင်းပေး......
ကဲကဲ အားလုံးကိုကြေညာမယ်
မောင်ဖိုးစိန်ခေါ် (တီ့ အခေါ် ချစ်စိန်လေး) သည်
တီ ဟု သူက ချစ်စနိုးလေးနဲ့ခေါ်သော ငယ်ချစ် နုနယ်ဥဖွယ် အရွယ်၊ နုချစ်ဥဖြစ် ကလေးလေးဘ၀ နှပ်တွဲလောင်းကတည်းက
ချစ်လာသော၊ အတူးရေ အသက်ရေ
တီ ရေ စိန်ရေ စသဖြင့် အကြောင်းဆက်ပေါင်းဖက်လာခဲ့သော၊ လူကြီးများလည်းသဘောတူထားခဲ့သော၊ (အဲ မေ့တော့မလို့) စိန်၏ မမ မမ၀ါဝါ ကလည်း ညနေက သဘောတူလိုက်သော (အင်းသဘောတူဖို့ မနော် ကျန်သေးတယ် သွားဖားဦး မှ)
စိန် သည်း ၏ တဦးထဲ တီ သည်း ဖြစ်ပါသည်
ထို့ကြောင့် ချစ်၊ ဖြူ သက် စသော မိန်းမကလေးများ သည် ဒူးရင်း သီး၊ သရက်သီး၊ နာနတ်သီး စသည်တို့ကို သောကြာနေ့တိုင်းတွင် (ဒု သ န သော) မရောင်းချင်လျှင် တီ့ မောင်ချစ် သည်း စိန်စိန် တီ့ အသည်းလေးအား ရှောင်ကြ ရှားကြပါ။
ပုံ
အကြီး ဆုံး (ကျမ သာလျှင် ပထမ)
တီတီချမ်း
ခိခိခိ
စိန်
ကံကောင်းတဲ့ မောင်ဖိုးစိန်
အားကျလိုက်တာ
မိသားစု ဘ၀လိုချင်တယ်.............................???
Anonymous said…
ကိုကြီးရေ
ဘယ်က မောင်တွေ၊ ချစ်တွေ ပေါ်လာတာလဲ။ ပြောတော့ သဲသာ ပထမဆို။ အခုတော့ နက်လေးမကောင်းတာ တပတ်တည်းရှိသေးတယ်။
ရဘူးရဘူးရဘူး..အဲဒါကို ရအောင်ရှင်း..
မရှင်းရင်..သဲ အကြောင်းသိတယ်နော်။`
ဗိုက်ကြောပြတ်သွားမယ်
flowerworld said…
ဖိုးစိန်ရေ ကွန်မန့်ကချစ်တွေ မောင်တွေသဲတွေဖတ်ပြီး ဘာရေးရမှန်းတောင်မသိတော့ဘူး ပြန်ပြီး
မငုံ said…
ဗုဒ္ဓေါ ဦးဖိုးစိန် အဟိ..တယ်စွံနေပါလား။ သူစွံကြောင်း ကြွားချင်တာနဲ့ အိမ်လာပြီး အပျိုကြီး လာခေါ်သွားတာကိုး။ :))
အဲ....
မကြီးကီ ပြောသလိုပဲ လာရင်းကိစ္စတောင် မေ့သွားတယ်။ :)))
ကောင်းလိုက်တဲ့ ပိုစ့် ။ ရယ်ရလွန်းလို့ မျက်ရည်တောင်ကျတယ်။
အင်းခုန က လာနောက်သလိုဖြစ်သွားလို့ တီ တခါ ပြန်လာတာ
တီလဲ ဘာပြောရမှန်းတောင်မသိဘူး
တီ လဲအဖေ ဆိုတာ ကိုမတွေ့ဘူးလိုက်ဘူးလေ
အဖေ ရှိတာ ဘယ်လိုနေမလဲဟင်
သိချင်တယ်
ဒါပေမယ့် တီ က အဖေ အသစ်ပဲလိုချင်တာ
အမေ ပြောပြတဲ့ တီ့အဖေအရင်း ကိုတော့ မလိုချင်ပါဘူး
ဒါကြောင့် အမေ ကို ငယ်ငယ်က အမြဲ အဖေ သစ်ရှာလို့ ပြောလေ့ရှိတယ်
ခုတော့ ရယ်စရာကြီးပေါ့နော်
ကလေး ဘ၀ တုံးကတော့ တကယ်ပြောတာနောက်မှ တီ့အကြောင်းစိန့် ကိုပြောပြမယ်နော်
တီချမ်း ကွန်မန့်ဘောက်ထဲမှာ ဘာလို့ရစ်သီရစ်သီ လာလာလုပ်နေတာလဲ.... ပြန်ပါတော့..

ပြောတုန်းကတော့ ပထမလေး.. ဘာလေးနဲ့... ဟီးဟီး.. အနော်က တီ့နောက်ကွယ်ကနေ... တီ့ကိုရီနေတာ သိဘူးမလား.... ကျောက်ခဲညာတာ ခံလိုက်ရပီ..... ဟီးးးးး
မယ်ပိုင် စုတ်............................
"အရက်ပါ ထမင်းဝိုင်းလေး"

လာဖတ်ပါတယ်--ဖိုးစိန်ရေ---
ဖိုးစိန် မိသားစုလေးကို လွမ်းနေရှာတာပေါ့နော်
သနားပါတယ်--ဖိုးစိန်လေး--
မိသားစုနဲ့ အမြန်ပြန်ဆုံတွေ့နိုင်ပါစေ---
WWKM said…
ဆိတ်လေတွားဒယ်. ;))))))))
Welcome said…
ပျော်စရာ မိသားစုလေး ..
Mogok Thar said…
ညီတို့ မိသားစု ဘဝက ဘယ်တော့ဖတ်ဖတ် အားကျဖို့ ကောင်းတယ်။
ပျော်စရာမကောင်းခဲ့တဲ့ ကိုယ့် မိသားစု ငယ်ဘဝကိုလည်း ပြန်သတိရတယ်။

Popular Posts