ကျွန်တော်ချက်သော ဂရိစာ ”မုဆာခါ” (MOUSSAKA)





ဂရိကိုပဲ သွားသွား ဆိုက်ပရပ်စ်ကိုပဲလာလာ အစားအသောက်ကို ရွေးရတော့မယ်ဆိုရင်
မစားမဖြစ် စားဖူးရမဲ့ထဲမှာ ပါဝင်ပြီး ဂရိရိုးရာ အစားအစာလို့ လဲပြောလို့ ရ လူကြိုက်လဲများ
တာ ”မုဆာခါ” (MOUSSAKA) ပါ
ကျွန်တော်တို့  မြန်မာခံတွင်း နဲ့ လည်းစားရတာ အဆင်ပြေတယ်..ကျွန်တော်လဲကြိုက်တယ်
ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံး စာရင်းထဲမှာ
ပါတဲ့ ”မုဆာခါ” ချက်နည်းလေးကိုတင်ပြလိုက်ပါတယ်..ပါဝင်သောပစ္စည်းများ (၅)ယောက်စာ ၁။ ဝက်သား (သို့ ) အမဲသား (သို့ ) မှို (သက်သက်လွတ်စားသူများအတွက်) ကြိတ်သားကိုဝယ်ရပါမည်.. (၁)ကီလိုခွဲ ၂။ခရမ်းသီး အလုံးကြီးကြီးလှလှ (၅)လုံး ၃။အာလူး (၅)လုံး ၄။ခရမ်းချဉ်သီး (၈)လုံး ၅။ကြက်ဥ (၂)လုံး ၆။နွားနို့  (၁)လီတာ ၇။ဆီ လက်မှန်း ၈။ဆား အနည်းငယ်(လိုသလောက်) ၉။ကြက်သွန်နီ အလုံးကြီး (၃)လုံး ကြက်သွန်ဖြူ ဥအမွှာ (၄) ဥ ၁၀။ဂျုံ လက်မှန်း ၁၁။ငရုတ်ကောင်းမှုန့်  (အနက်) အနည်းငယ် ၁၂။သစ်ကြံ့ပိုးမှုန့်  အနည်းငယ် ၁၃။ထောပတ် လက်မှန်း..များရင်မကောင်း အခုချက်မှာ ကကျနော်စားသောက်ဆိုင်မှာ ချက်တဲ့နည်းအတိုင်းနော် ဒုတိယအဆင့်
ဟင်းချင်းမဲ့ အိုးထဲကို ဆီ အနည်းငယ်ထည့်(ဆီများရင်စားမကောင်း.. ပြီးတော့ ခရမ်းသီးကြော်နဲ့ အားလူးကြော်
ကနေဆီထပ်ထွက်)
ဆီပူရင် အတုံးသေးသေးလေးတွေတုံးထားတဲ့ကြက်သွန်နီကို ညိုရောင်သန်းသည်အထိကြော်
ကြက်သွန်ကြော်နံထွက်လို့ ညိုလာရင် ကြက်သွန်ဖြူ အမွှာလေးတွေကြိတ်ထားတာကိုထည့်
အနံ့ ထွက်လာရင်တော့ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူး သစ်ကြံ့ပိုးမှုန့် ဖြူး
ပြီးရင် ကြေအောင်ချေထားတဲ့ ခရမ်းချဉ်သီး အနှစ်ကိုထည့်ပြီး မွှေပေးပါ
အဖုံးအုပ်ထားပြီးလျှင် အရေ အနည်းငယ်ခန်းတဲ့ထိစောင့်ပါ..
ရေအနည်းငယ်ခန်းလျှင် ကြိတ်ထားသေားဝက်သား(သို့ ) အမဲသား
(သက်သက်လွတ်သမားများအတွက် အတုံးမကြီးမသေးတုံးထားသော မှို )
ကို ထည့်..ဆားအနည်းငယ်ထည့်..သကြား အနည်းငယ်ထည့်ပြီး
ဆီပြန်တဲ့အထိချက်ပါ… အသားချေထားတော့ ဆီပြန်တာနဲ့ ကျက်ပါတယ်
(မှို ဆိုရင်တော့ ခဏလေးနဲ့ ကျက်ပါတယ်)
ဆီများရင် မကောင်းဘူးနော်.. ကျမ်းမာရေးနဲ့ လဲမညီဘူး..
ပြီးရင် အာဗန်ထဲ အထည့်ခံ အပူခံနိုင်တဲ့ မှန် ပန်ကန်းလုံး သို့ မြေပန်ကန်းလုံး ကိုယူပါ
အရွယ်အစားကတော့ ကိုယ်ချက်တဲ့ပေါ်မူတည်ပါတယ်..
တတိယအဆင့်
ရွေးထားတဲ့ ပန်ကန်လုံးထဲကို စောစောက ကြော်ထားတဲ့ ခရမ်းသီးကို
ပထမဆုံးအနေနဲ့ တလွှာထည့်
နောက်..အာလူးကိုအပေါ်ကနေ ပြန်လွှာ..ပြီးရင် ချက်ထားသော အသားကို တလွှာ
ပြီးရင် ခရမ်းသီး..အာလူး..ချက်ထားသော အသား ကိုယ်တိုင်ကြိုက်သလိုလွှာလို့ ရပါတယ်…
ဒါပေမယ့် အပေါ်ကနေ အုပ်မဲ့ ခက်ရီး(မ်)အတွက်နေရာချန်ထားရပါမယ်..“
စတုထ္တ အဆင့်
ခက်ရီး(မ်) လုပ်နည်း
ထောပတ်ကို မီးပျော့ ပျော့ နဲ့ အပူပေး… ထောပတ်ကျက်လျှင် နွားနို့ ကိုထည့် ပြီးလျှင်
ကြက်ဥနဲ့ ရောမွှေခေါက်ထားသော ဂျုံ မှုန့် ကို ထည့်မွှေ..ဆားအနည်းငယ်..
အနံ့ မွှေးအောင်သစ်ကြံ့ပိုးမှုန့် အနည်းငယ်ထည့်.. မီးခပ်ပျော့ပျော့ မှာ
မွှေရင်းနဲ့ ပျစ်လာပြီးဆိုလျှင် စောစော ကအသားတစ်ထပ် အသီးတစ်ထပ်ပေါ်ကို
အကုန်လုံးဖုံးသွားအောင် လောင်းချလိုက်ပါ..
ကြက်ဥပါတဲ့ အတွက်ကျက်သွားတဲ့အခါ အပေါ်ကနေ မို့ မောက်ဖောင်းနေတတ်တဲ့ အတွက်
အပြည့်အလျှံ မထည့်ပါနဲ့ ..
နောက်ဆုံးအဆင့်
အကုန်လုံးက ကျက်ပြီးသားဆိုတော့ အဓိက က ခက်ရီး(မ်) ကိုသာ ရွှေရောင်သမ်းပြီး
အနံ့ ထွက်အောင် ဖုတ်ရမှာ ပါ…
ဒါကြောင့် မိနစ် (၂၀) လောက် အပူချိန် (၂၀၀) ဒီဂရီလောက်နဲ့ ဖုတ်ရင် ရပါတယ်
ဒါကလဲ ချက်တဲ့သူအပေါ်မူတည်တယ်..ဘယ်လို အနေအထားကြိုက်တယ်ဆိုတာ..
တစ်ချို့ ကညိုတာနဲ့ ချတယ်..တစ်ချို့ က အပေါ်က ကျွတ်ကျွတ်လေးဖြစ်နေတာကို
ကြိုက်တယ်.. အာဗန် မရှိရင် မိုက်ခရို ဝေ့ နဲ့ ဖုတ်လဲ အလုပ်ဖြစ်တယ်..
အဓိက ကခက်ရီး(မ်) အရောင်ထွက် အနံ့ ထွက်ဖို့ နော်… သစ်ကြံ့ပိုးန့ံ နဲ့ ဆိုတော့
အနံ့ လေးများထွက်လာ ရင် ဗိုက်မဆာတောင် အလိုလို သရေ ကျနေပါတယ်..
မြန်မာပါးစပ်နဲ့ လည်းကိုက်တဲ့အစားအသောက်လဲဖြစ်တယ်
နာမည်ကြီးတဲ့ အစားအစာလဲဖြစ်တော့ ဝေမျှလိုက်ပါတယ်
ကျနော့်စားသောက်ဆိုင်မှာ လဲ ကျနော်ချက်တဲ့”မုဆာခါ” က လူကြိုက်များပါတယ်
အထူးသဖြင့် အီတလီ လူမျိုး နဲ့ ပြင်သစ်လူမျိုး များကြိုက်လေ့ရှိပါတယ်..
ချက်ပုံချက်နည်းလေး လွယ်အောင် ယူကျူ့ ကနေပြီး ကူးထားပေးတယ်ချက်ပုံချက်နည်းကတော့ကွဲပြားပါတယ်..
အခုပြောပြထားတာကတော့ ကျနော့်ချက်နည်းပါ…
ကျနော့်ကို သူထေးကိုယ်တိုင်သင်ထားပေးပါတယ်..
ဒါပေမယ့် ချက်တာချင်းအတူတူ သူ ကကျနော်ချက်တာကြိုက်ပါတယ်..
သူကြိုက်လို့ လဲ အလုပ်မြဲနေတာပေါ့…
ကျမ်းမာရေး သတိပေးချက်
”မုဆာခါ”တွင်
ကယ်လိုရီ ……… ၂၇၈
ကိုလက်စရော……၄၂ မီနီဂရမ်
ဆိုဒီယမ်………..၃၉၅ မီနီဂရမ်
စုစုပေါင်း ကာဗွန်ဟိုက်ဒရိတ်……. ၄၈.၁ ဂရမ်
ပရိုတင်း……………………၁၁ ဂရမ်
အဆီဓာတ်………………. ၆.၃ ဂရမ် (ဒါကြောင့်ဆီလျှော့ထည့်ပါလို့ )
ဒိုင်ရက်ထရီ ဖိုက်ဘာ ……. ၁၀.၈ ဂရမ် ပါဝင်ပါသည်..(အစားအသောက်ဆင်ခြင်သူများသတိချပ်ရန်သာ)


ကျနော့် အမများဖြစ်ကြတဲ့ မနော် (မနော်ဟရီ) နဲ့  မဝါ(ဝါဝါခိုင်မင်း) ရေ
ကျနော် ကတော့ ချက်ကြွေးပြီးသွားပြီးနော်..
ကဲအခု ကျနော့် အမတွေက ကိုယ့်မိသားစုတွေကို ဂရိအစားအစာလေး ချက်ကြွေးလိုက်ပါအုံး..
ပစ္စည်းတွေ အကုန်လုံးက ဘယ်နိုင်ငံမှာမဆိုဝယ်လို့ ရသလို အရသာလဲရှိပါတယ်..
စပ်လည်းမစပ်ပါဘူး…ဒါကြောင့် ချက်ကြွေးလိုက်ပါနော်..
အဟားးဟားး …အချွန်နဲ့ ပြန်မတာ
ကျနော့်အိမ်ကိုလာလည်တဲ့ ကျနော့် ချစ်ညီအကို ချစ်အမညီမများလည်း
ကျနော်လက်ရာလေးကိုမြည်းပြီးအိမ်မှာပြန်ချက်စားကြပါလို့ ..
ဒါကတော့ဝက်သားနဲ့ လုပ်ထားတာဒါကတော့ အမဲသား နဲ့  ချက်ထားတာ

ဒါကတော့ မှိုနဲ့ သက်သက်လွတ် (ကျနော်ပိုကြိုက်တယ်ဒါကတော့ ညီအကို မောင်နှမ တွေအားလုံးစားလို့ ရအောင်



စားသွားကြပါ..လိုသလောက်အိမ်သယ်သွားပါ…နောက်တစ်ခါလဲလာစားပါ..စိတ်မဆိုးပါဘူး..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

MANORHARY said…
ဟေး ပထမကွ
သက်သတ်လွတ် မှိုနဲ့စားသွားတယ်
ချက်နည်းကိုလည်းမူးနေအောင်မှတ်သွားတယ်
ဘုန်းကြီလို့သက်ရှည်ပါစေ
သာဓု သာဓု သာဓု
လူကြီးတွေကိုခုလိုချက်ပြုတ်ကျွေးလို့
လိုရာဆန္ဒတွေပြည့်ပါစေသား...း)
MANORHARY said…
ကိုယ့်ကိုပြန်ချက်ပြုတ်ကျွေးမယ့်သူလည်းမြန်မြန်
တွေ့ပါစေ..း)
အမ်မယ်အမ်မယ့်အိမ်သစ်တတ်ပွဲလားဗျ။
ဟားဟာ့းအိမ်ဆေးသုတ်ထားတာနဲ့မုန့်ကျွေး
တာနဲ့ဆိုတော့ ဂယ်ပဲ အိမ်သစ်တတ်ပွဲ့ဟီးဟီး
WWKM said…
လာစားသွားတယ်ဗျို့..
မနော်စားသွားတာနဲ့ ကုန်ပြီ ..အမဲသားနဲ့စားသွားတယ်
မောင်ဖိုးစိန်ရေ...
သာဓု ..သာဓု ..သာဓု ကိုယ့်အစ်မတွေကို စားစရာတွေ
ချက်ကျွေးတဲ့အတွက် စိတ်တူ ကိုယ်တူ အလိမ္မာအိမ်ပါ
ချစ်စရာကောင်းတဲ့ ညီမလေးနဲ့ ဖူးစာဆုံနိုင်ပါစေ...

ဟင်းချက်မကောင်းရင်နေရတယ်.. မောင်ဖိုးစိန်က ချက်
ကျွေးလိမ့်မယ်နော်.း)

ချက်နည်းဖတ်သွားတာတော့ ခေါင်းမူးသွားတယ်..
ပြီးမှသေခြာထပ်မှတ်ပြီး အိမ်မှာချက်စားရမယ်...

အပေါ်ဆုံးကပုံလိုမျိုးလေး အီတာလျှံဆိုင်မှာ စားဘူးသ
လိုပဲ... ဘာခေါ်လဲတော့ မသိဘူး။
Phyo Evergreen said…
လာလည်သွားတယ်..။ တိုက်တိုက်ဆိုင်ဆိုင်ဟိုတစ်နေ့ကတောင် youtube မှာ အဲဒါလုပ်တာမျိုးကြည့်ဖြစ်သေးတယ်.. ကုလားမနှစ်ယောက်လုပ်တာ..။ တော်တော်အီမဲ့ပုံဘဲ.။
khin oo may said…
ကောင်းမဲ့ပုံဘဲ။ လေးစားပါ၏၏၏၏၏
လန်းလှချည်လား အစားစာတွေက :D
သက်သတ်လွတ် မှိုနဲ့စားသွားတယ်
ချက်နည်းကိုလည်းမူးနေအောင်မှတ်သွားတယ်
ဘုန်းကြီလို့သက်ရှည်ပါစေ
သာဓု သာဓု သာဓု
My Diary said…
ပါဆယ်ဆွဲသွားပါသည်
Anonymous said…
အားပါးပါး...
စားချင်စဖွယ်ပါလား..
လိုက်လုပ်ဖို့တော့ မလွယ်ဘူး..
စိတ်နဲ့ပဲ စားလိုက်တယ်..သုံးမျိုးလုံး...း)
Dream said…
ချက်တော့စားတော့ဖူး.... စားခါနီးကျရင် အူးအူးဖွတ်ချိန်ကိုပဲ လာခေါ်လိုက်မယ်... ဟတ်ဟတ်

အဲဒီကျ လာချက်ကျွေးနော်... :P
အယ်အယ် စိန်ရယ်
စိတ်ဆိုးပါနဲ့ကွယ် တီ က စနေကတည်းက ကျနေလို့ပါ
စိတ်တွေ
အဲဒါနဲ့အိမ်လည်ရပ်ထားတာပါတော်
ရှင့်ဆီကိုလူမလာပေမယ့် စိတ်ကအမြဲရောက်နေပါတယ်
ဟိဟိ(ချင့်ချိန်ပြီးးတော့ ယုံပေါ့အေ)
လွမ်းလွန်းလို့ စိုက်ထားတဲ့ လွမ်းပင်တွေတောင်သေကုန်ပြီကွယ်
ဟား ရှယ်ပဲ ဟတ်ထိတယ် ဟိ
စားလိုက်တာ အီဆိမ့်ပြီး ခေါင်းမူးသွားပြီ
စိန့်ကိုမှီ ပြီးခဏအိပ်မယ်နော် အဟိဟိ
ကိုရဲ said…
အရောက်နောက်ကျနေပြီလား ။ ကျန်သေးလား ။ ကော်နက်ရှင်ကောင်းတုန်းလေး ပြန်တက်လာတာ ။ ကျန်သေးလား ။ ယူလာခဲ့ အရက်နဲ့မြည်းရအောင် ဟေဟေ့ ။

(ကိုရဲ)
ကျုပ်သာကောက ဒါမျိုးလည်း ရတာပဲ .. ၀ါသနာချင်းတော့ တူပြန်ပီ မှတ်သွားပီဗျို့ အဆင်ပြေတဲ့ တနေ့ လုပ်စားမယ် :P
Anonymous said…
sar chin sa yar lay...
lar lal yin ... chat khway hmar lar ja
စားလည်းမစားဖူးဘူး ကြားလည်း မကြားဖူးဘူး
စားကောင်းမယ့်ပုံပဲ စားဖူးချင်လိုက်တာ
kiki said…
မောင်ဖိုးစိန်ရယ်...နာ့ အလုပ်ကြွေးတွေဝိုင်းကူလုပ်ပေးမယ်ဆိုပြီး မင်းအမြဲ တခုလိုနေတာ ။။အခုလည်း နာ့ အတွက် တပွဲလိုနေပြန်ပြီ ။ လာတာနောက်ကျလို့  စားဖို့ တောင်ကျန်တော့ဘူးထင်ပ ။ လိုတဲ့ တပွဲ ။အိမ်ကိုသာ ပို့ ထားပေးပေတော့ ...
Welcome said…
အရသာ ဘယ်လိုနေတယ်မသိ
အရောင်ကတော့ စားချင့်စဖွယ်ပဲ
ကျေးဇူး
တကူးတက တင်ပေး၊ ချက်ပေးလို့
Moe Cho Thinn said…
တခါမှ မစားဖူးဘူး။ လုပ်တတ်တာ တော်လိုက်တာ။ ဘယ်မှာ နေလဲဟင်။ လမ်းတမင်ကြုံချင်လို့..
မစားရ အညှော်ခံသွားတယ် အစ်ကိုရေ... အိမ်လာလည်ရင် ကျွေးမှာလား... :D
molay88 said…
အားရပါးရစာကိုစားသွားပါတယ်အစ်ကိုရေ..။ ညီလည်း ဂရိအစားအစာအရမ်းကြိုက်တာ။ ဆိုဖလာကီ ရောလုပ်တတ်လား..။ တစ်နေ့ကို ၃၊၄ ခုလောက်စားတာ ဂရိမှာနေတုန်းက ပေါ့.။ တစ်ခုမှ ၁.၅၀ ယူရိုဘဲရှိတယ်လေ။ အရမ်းစားချင်လာပြီဗျာ..။
ဇနိ said…
လုပ်တတ်လိုက်တား) တော်ပါလှေ့

Popular Posts