ဖိုးစိန်လက်ရာ အသားကင်နဲ့ဘဲသားဆီပြန်


ဒီနေ့ ကျနော်နေတဲ့လာနာကာမြို့ ကို တခြားမြို့က အကိုတွေ အမတွေ လာလည်ကြတယ် သင်္ကြန်အတွက် အစီအစဉ်တွေလုပ်တာရယ် မြန်မာပြည်ကို အပြီးပြန်တော့မယ့် သဘောင်္သားအကိုနှစ်ယောက်ကို လာနှုတ်ဆက်တာရယ် ပွဲကောင်းသွားတာပေါ့ ထူးထူးခြားခြားအဖြစ် ဆိုက်ပရပ်စ်မှာနေပြီး တစ်ယောက်ယောက်နဲ့ တစ်ယောက်
မသိပဲ မနေ့တစ်နေ့ကမှ စီဘုံးမှာ အော်သွားတာကိုလိုက်ရင်း ခင်သွားတဲ့ ကိုနေညိုရင့် လဲ ကျနော့် ဆီလာလည်တယ်
လူလဲစုံ ပျော်ဖို့လဲကောင်းတဲ့အတွက် ကျနော် အသားကင်တယ်..ဂျင်အရက် ကြက်သွန်ဖြူ ဂျင်း ဆား ငရုတ်ကောင်းမှုန့် သစ်ကြံပိုးမှုန့်တို့နဲ့ တစ်နာရီကြာ နယ်သိပ်ထားတဲ့အသားကင် ကို အားလုံးက မိန်ရည်ယှက်ရည်စားသွားကြပါတယ်

နယ်ထားတဲ့ကြက်သား





နယ်ထားတဲ့ဝက်သား







ဝက်သား နဲ့ ကြက်သား





အသားမစားသူအတွက် ငါးကင်



ကျနော်အကြိုက်ဆုံးဖြစ်တဲ့ သရက်သီးခြောက်နဲ့ချက်တဲ့ ဘဲသားချဉ်စပ်ဆီပြန်ဟင်း နဲ့အတူ ဝက်ရိုးစွပ်ပြုတ် မော်လမြိုင်ငါးပိချက်ကိုလည်း ချက်ခဲ့ပါတယ်..

ဘဲသားဆီပြန်



မွန်ငပိချက်စပ်စပ်လေး



အရိုးပြုတ်ဟင်းချို








ကျနော်အိမ်ကိုလာလည်တဲ့ညီအကို အမ ညီမများစားနိုင်အောင်လည်း တည်းခင်းဧည့်ခံထားပါတယ်




ကျနော်ကိုယ်တိုင်စိတ်တိုင်းကြချက်ထားတဲ့ လက်ရာများကို စားသွားကြပါ
အားရပါးရ စားသွားကြပါ
ပါဆယ်ပါဆွဲသွားနိုင်ပါတယ်ဗျာ..။
နေရာမရွေး အချိန်မရွေးကြုံရင် ကျနော့်ညီအကို အမညီမ များကိုချက်ကြွေးဖို့လဲအဆင်သင့်ပါဗျာ...။


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

မြူးသျှရီ said…
ကိုဖိုးစိန်ရေ....
လာစားသွားပြီနော်းးးးးးးးး
mae said…
ဘဲသားအချဉ်ဆိုတာ ဘယ်လိုချက်လဲ?
ဘဲသားချဉ်စပ်ကို
သရက်သီးခြောက်နဲ့ချက်ပါတယ်
ကြက်သွန်နီ ဖြူ ဂျင်း ကို ဆီသတ် အရောင်ထွက်လာ
ပြီးရင် သရက်သီးခြောက်ထည့်မယ်
သရက်သီးခြောက်အနံ့ထွက်လာရင် ငရုတ်သီးမှုန့်နဲ့
နံနံပင်အရိုးထည့်
ပြီးရင်ဆားနဲ့အချိုမှုန့်နဲ့ နယ်ထားတာတဲ့ဘဲသားကိုထည့်
မဆလာထည့်.ရေစပ်စပ်နဲ့ဘဲသားနူးတဲ့ထိတည်ပါ...
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
EE said…
စားခြင်တယ်ဗျို့ ။
MANORHARY said…
ဒါကြောင့်ပျောက်နေတာကိုး
မနေ့ကဒေါ်ခင်ဆွေဝင်းနဲ့စကားပြောရင်းပြောပြလိုက်တယ်
သူကလင့်ခ်ပေးပါဆိုလို့ဘလောခ့်လင့်ပေးလိုက်ပေမယ့်
ထုံးစံအတိုင်းကျော်ခွမရတော့ဘာမှမမြင်ရဘူးပေါ့....
ကိုယ်မစားရတဲ့အစားအစာတွေကိုလာကြည့်သွားတယ်
Phyo Maw said…
အသံတိတ်စားသောက်နေတာကိုး ကိုဖိုးစိန်ရယ်...
ဒါမျိုး ဖိတ်ရင် အရောက်လာတီးပါတယ် :D
အယ်စားစရာ လုပ်ထားတာတောင်ညီတစ်ယောက်လုံးကိုမေ့ထားတယ် အသံမပေးဘူးနော် ညီမလေးကိုတော့စောင့်ရှောက်ခိုင်းထားပြီး
အကိုဖိုးစိန်နော် စိမ်းကားနေပြီ
စားစရာတော့ဟုတ်ပါပြီ သောက်စရာလေးရော ရှိမှာပေါ့
ဘယ်မှာလည်းဟင် ဖွက်ထားတယ်ပေါ့လေ
Welcome said…
ဂလု (ဂလုပ်)
ညော်နံ့ရှောင်နေတာ ..
ခုတော့ တတ်နိုင်ဘူး ငန်းသွားပြီ ..
Anonymous said…
ပျော်နေကြတယ်ပေါ့လေး) နာလိုဘူး ဟဲဟဲ တကယ်မစားရလို့ ကျနော်တို့လာလည်ရင်လည်း အဲ့လိုကျွေးမှာလားဗျ ဒါနဲ့ ဆိုက်ပရက်စ် ဆိုတာ ဘယ်နားလဲ :P
thetpaingthu said…
sar loe kg lite tar
Anonymous said…
မနက်စောစော အိမ်လည်လာတာ တန်သွားပြီ။ ဖိုးစိန်လက်ရာ မနက်စာကို တ၀ကြီးစားသွားတယ်နော။ ကျေးဇူးပါကွယ်။

ခင်တဲ့မကြီး
မေတ္တာရောင်ပြန်
မဇနိ said…
အသားကင်တွေ တဝကြီးထိုင်စားချင်လိုက်တာ
လာစားတယ်
yehtutnaung said…
ကိုဖိုးစိန်ရေ.. ကျွန်တော် ပါဆယ်ထပ်ဆွဲသွားပြီ.. :P
My Diary said…
ရှယ်ပဲနော်
အဟီး အိမ်တောင်ခေါ်ထားချင်တယ်။
(အလကားရရင်ပြောတာ)
:P said…
ဟင်းချိုက ဇွန်ူလည်းပါဘူး.. ဘဲသားက တူးနေတာလား အရောင်ရင့်နေတယ်..။ ( ကိုယ်မစားရလို့ အပြစ်မရှိ အပြစ်ရှာသွားသည်။ )
ဆိုက်ပရက်စ် က ထူးအိမ်သင်သီချင်းထဲမှာပဲ နားထောင်ဖူးတယ်..။
WWKM said…
ကုန်ပါပြီ.. အလည်ထွက်ရမှာပျင်းနေလို့..
အစ်မက ဘဲသားဟင်း အရမ်းကြိုက်တာ. မြန်မာပြည်မှာ
တုန်းက ခဏခဏ ချက်စားတယ်လေ....း)
တော်လှ ချီလား ဖိုးစိန်ရေ၊ ချီးကျူးပါတယ်၊ တကယ် ၊အမ ကတော့ စားတာပဲ ကျွမ်းလို့ ၊စားသွားတယ်နော်
ဇာတ်ဆရာတို့က ဒါလည်းရတာပဲနော် :)...ကျွန်တော်လည်း ဒီရောက်မှ ချက်ပြုတ်တာ ကျွမ်းလာပြီ :D...
ကတောက် သွားရည်ကျသွားတယ်
စိန်ကလဲ ဟင်းတွေ အများကြီး ချက်တတ်တာပဲ
စားလို့ကောင်းတယ်။
အများကြီးစားပီး ပါဆယ်ပါ ဆွဲသွားတယ်။

စိန်ကယဲ ချောပါတယ်ဆိုမှ profile က ပုံတွေ တပုံပြီး တပုံပြောင်းနေတယ်
လူဆိုးပဲ :)
Anonymous said…
လက်ရာက ကောင်းလှချည်လားဗျ .... ရှလွတ် ( သွားရည်များ ထိမ်းမနိုင်တော့သောကြောင့် လျှာဖြင့် အနိုင်နိုင် လိုက်သိမ်း နေရသော အသံ ) :D
ကိုရင်စိန်ရေ
တတ်ပါ့ကွယ်။
ပုံတွေ ကြည့်ပြီး ပါဝင်ဆင်နွဲချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။

:D
တကယ်လည်းမစားရပဲနဲ့--
မြင်ရတော့ ချက်စားချင်လာတယ်--
ပျော်ရွှင်ပါစေ--
flowerworld said…
ချက်ပြုတ်ထားတာတောင် လက်မတို့လိုက်ဘူးနော် ခုတော့ကျန်တော့ဘူး ဟွန်းးးးးးးးးးး
ဇာတ်မင်းသားဖိုးစိန်လားလို့ လာကြည့်တာ Chef ဖိုးစိန် ဖြစ်နေတာကိုး ...
မငုံ said…
ပန်းကန်ဆေးဖို့ပဲ ကျန်တယ်။ ပန်းကန်တော့ မဆေးဘူး။
ရှိတဲ့ ငပိချက်နဲ့ပဲ စားလိုက်တော့မယ်။:))
မွန်ငါးပိချက်ဆိုတာဘယ်လိုချက်တာလဲ။ စားချင်စရာတွေချည်းပဲ။ ဒီမှာလူက စင်္ကာပူကအစားအသောက်တွေမစားနိုင်လို့ ငတ်နေပါတယ်ဆို သွားရေကျအောင်လုပ်တယ်။ ဟင့် :P
Dream said…
ဘိုက်ချာနေရဒဲ့ အထဲ.. တေ၇ကျအောင် အချားအချာ ဒွေ ကို တင်ထားဒယ်... ဟင်းးးးးးးးး
ပုံလေးတွေမြင်လိုက်ကတည်းကပင်.. မသိစိတ်ရဲ့ လည်ချောင်းထဲက စတွေးမျိုချသွားသံကို ကိုဖိုးစိန်တစ်ယောက် ဘယ်ကြားပါ့မလဲနော့်.. :D

အများကြီးစားမယ်ဗျာ... ဗိုက်စာတယ်.. လိုက်ပွဲလေးလုပ်အုံးနော့်
Rita said…
အော် ဖိုးစိန်ရယ်
စင်ကာပူမှာ ဘာလို့ လာမချက်ရတာလဲဟင်
မွန်ငပိချက်စားချင်တယ် :( နောက်တခေါက်ဆို သင်္ဘောကို စိုက်ပရပ်စ်ဘက် ရောက်တဲ့ လိုင်းပဲ ရွေးတက်တော့မယ် ကမ်းဆင်းတိုင်း ၀င်စားရမယ်နော့ :P
molay88 said…
အစ်ကိုကတော့ လုပ်ချလိုက်ပြန်ပြီဗျာ..။ စားစရာမက်တဲ့သူကိုမှ... ။စွတ်ဖလာကီ လည်း လုပ်ကျွေးအုံးနော်..။စားချင်လှပြီ..။ ၀က်ခြေထောက်စွတ်ပြုပ် သောက်သွားတာ အရိုးဘဲကျန်တော့လို့ စိတ်မဆိုးနဲ့နော်..။:-)
Anonymous said…
ကိုယ့်ဆရာက ဆိုက်ပရပ်မှာကိုး...ဟိဟိ ကျနော်က ခေါမှာဗျ။ လာလည်ချင်တယ်ဗျာ ဒါပေမဲ့ အဲဒီမှာ ဈေးကြီးမယ်ထင်တယ် ဆိုပ်ပရပ်ပေါင်ဆိုတော့ သေပြီဆရာပဲ..။ ဖုန်းနံပါတ်လေးဘာလေး ပေးထားဗျို့
အကြောင်းရှိဆက်သွယ်ရအောင်...။ ကျနော်ဖုန်းက
၀၀၃၀၆၉၃၈၈၂၉၅၆၉ ခေါ်ချင်တယ်ဆိုရင်ပေါ့ဗျာ။
mgnge said…
ကိုယ့်ဆရာက လုပ်တတ်သား
ကြည့်ရင်းနဲ့ သွားရည်တောင်ကျသွားတယ်..။

တော်ဧ။်
် ဒါ့ကြောင့် မော်လမြိုင်က အစားလို့ ဆိုတာကိုး
Mogok Thar said…
ဒီရောက်တော့ ဗိုက်ဆာသွားပြီ....

Popular Posts