ဖိုးစိန်လက်ရာ အသားကင်နဲ့ဘဲသားဆီပြန်
ဒီနေ့ ကျနော်နေတဲ့လာနာကာမြို့ ကို တခြားမြို့က အကိုတွေ အမတွေ လာလည်ကြတယ် သင်္ကြန်အတွက် အစီအစဉ်တွေလုပ်တာရယ် မြန်မာပြည်ကို အပြီးပြန်တော့မယ့် သဘောင်္သားအကိုနှစ်ယောက်ကို လာနှုတ်ဆက်တာရယ် ပွဲကောင်းသွားတာပေါ့ ထူးထူးခြားခြားအဖြစ် ဆိုက်ပရပ်စ်မှာနေပြီး တစ်ယောက်ယောက်နဲ့ တစ်ယောက်
မသိပဲ မနေ့တစ်နေ့ကမှ စီဘုံးမှာ အော်သွားတာကိုလိုက်ရင်း ခင်သွားတဲ့ ကိုနေညိုရင့် လဲ ကျနော့် ဆီလာလည်တယ်
လူလဲစုံ ပျော်ဖို့လဲကောင်းတဲ့အတွက် ကျနော် အသားကင်တယ်..ဂျင်အရက် ကြက်သွန်ဖြူ ဂျင်း ဆား ငရုတ်ကောင်းမှုန့် သစ်ကြံပိုးမှုန့်တို့နဲ့ တစ်နာရီကြာ နယ်သိပ်ထားတဲ့အသားကင် ကို အားလုံးက မိန်ရည်ယှက်ရည်စားသွားကြပါတယ်
နယ်ထားတဲ့ကြက်သား
နယ်ထားတဲ့ဝက်သား
ဝက်သား နဲ့ ကြက်သား
အသားမစားသူအတွက် ငါးကင်
ကျနော်အကြိုက်ဆုံးဖြစ်တဲ့ သရက်သီးခြောက်နဲ့ချက်တဲ့ ဘဲသားချဉ်စပ်ဆီပြန်ဟင်း နဲ့အတူ ဝက်ရိုးစွပ်ပြုတ် မော်လမြိုင်ငါးပိချက်ကိုလည်း ချက်ခဲ့ပါတယ်..
ဘဲသားဆီပြန်
မွန်ငပိချက်စပ်စပ်လေး
အရိုးပြုတ်ဟင်းချို
ကျနော်အိမ်ကိုလာလည်တဲ့ညီအကို အမ ညီမများစားနိုင်အောင်လည်း တည်းခင်းဧည့်ခံထားပါတယ်
ကျနော်ကိုယ်တိုင်စိတ်တိုင်းကြချက်ထားတဲ့ လက်ရာများကို စားသွားကြပါ
အားရပါးရ စားသွားကြပါ
ပါဆယ်ပါဆွဲသွားနိုင်ပါတယ်ဗျာ..။
နေရာမရွေး အချိန်မရွေးကြုံရင် ကျနော့်ညီအကို အမညီမ များကိုချက်ကြွေးဖို့လဲအဆင်သင့်ပါဗျာ...။
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
လာစားသွားပြီနော်းးးးးးးးး
သရက်သီးခြောက်နဲ့ချက်ပါတယ်
ကြက်သွန်နီ ဖြူ ဂျင်း ကို ဆီသတ် အရောင်ထွက်လာ
ပြီးရင် သရက်သီးခြောက်ထည့်မယ်
သရက်သီးခြောက်အနံ့ထွက်လာရင် ငရုတ်သီးမှုန့်နဲ့
နံနံပင်အရိုးထည့်
ပြီးရင်ဆားနဲ့အချိုမှုန့်နဲ့ နယ်ထားတာတဲ့ဘဲသားကိုထည့်
မဆလာထည့်.ရေစပ်စပ်နဲ့ဘဲသားနူးတဲ့ထိတည်ပါ...
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
မနေ့ကဒေါ်ခင်ဆွေဝင်းနဲ့စကားပြောရင်းပြောပြလိုက်တယ်
သူကလင့်ခ်ပေးပါဆိုလို့ဘလောခ့်လင့်ပေးလိုက်ပေမယ့်
ထုံးစံအတိုင်းကျော်ခွမရတော့ဘာမှမမြင်ရဘူးပေါ့....
ကိုယ်မစားရတဲ့အစားအစာတွေကိုလာကြည့်သွားတယ်
ဒါမျိုး ဖိတ်ရင် အရောက်လာတီးပါတယ် :D
အကိုဖိုးစိန်နော် စိမ်းကားနေပြီ
စားစရာတော့ဟုတ်ပါပြီ သောက်စရာလေးရော ရှိမှာပေါ့
ဘယ်မှာလည်းဟင် ဖွက်ထားတယ်ပေါ့လေ
ညော်နံ့ရှောင်နေတာ ..
ခုတော့ တတ်နိုင်ဘူး ငန်းသွားပြီ ..
ခင်တဲ့မကြီး
မေတ္တာရောင်ပြန်
အဟီး အိမ်တောင်ခေါ်ထားချင်တယ်။
(အလကားရရင်ပြောတာ)
ဆိုက်ပရက်စ် က ထူးအိမ်သင်သီချင်းထဲမှာပဲ နားထောင်ဖူးတယ်..။
အစ်မက ဘဲသားဟင်း အရမ်းကြိုက်တာ. မြန်မာပြည်မှာ
တုန်းက ခဏခဏ ချက်စားတယ်လေ....း)
စိန်ကလဲ ဟင်းတွေ အများကြီး ချက်တတ်တာပဲ
စားလို့ကောင်းတယ်။
အများကြီးစားပီး ပါဆယ်ပါ ဆွဲသွားတယ်။
စိန်ကယဲ ချောပါတယ်ဆိုမှ profile က ပုံတွေ တပုံပြီး တပုံပြောင်းနေတယ်
လူဆိုးပဲ :)
တတ်ပါ့ကွယ်။
ပုံတွေ ကြည့်ပြီး ပါဝင်ဆင်နွဲချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။
:D
မြင်ရတော့ ချက်စားချင်လာတယ်--
ပျော်ရွှင်ပါစေ--
ရှိတဲ့ ငပိချက်နဲ့ပဲ စားလိုက်တော့မယ်။:))
အများကြီးစားမယ်ဗျာ... ဗိုက်စာတယ်.. လိုက်ပွဲလေးလုပ်အုံးနော့်
စင်ကာပူမှာ ဘာလို့ လာမချက်ရတာလဲဟင်
အကြောင်းရှိဆက်သွယ်ရအောင်...။ ကျနော်ဖုန်းက
၀၀၃၀၆၉၃၈၈၂၉၅၆၉ ခေါ်ချင်တယ်ဆိုရင်ပေါ့ဗျာ။
ကြည့်ရင်းနဲ့ သွားရည်တောင်ကျသွားတယ်..။
တော်ဧ။်