တကယ်လို့များ

ပတ်ဝန်းကျင်တစ်ခုလုံးအသံဗလံများဖြစ်ဆူညံနေပေမယ့်တိတ်ဆိတ်နေတဲ့ကျနော်တို့နှစ်ယောက်ကြားကိုဝင်လာတာက”မောင်ပြောမယ်ဆိုတဲ့ စကားကိုအခုထိမပြောသေးဘူးဘာလဲမောင်မပြောချင်တော့ဘူးလား”လို့နှင်းမေးလိုက်မှကျနော်သက်ပြင်းရှည်ရှည်တစ်ခုကိုလေးတွဲ့စွာချမိပါရဲ့ ”မဟုတ်ပါဘူးနှင်းရယ်မောင်ပြောချင်လိုပဲ နှင်းကိုချိန်းခဲ့တာလေ”
”ဒါဆိုလဲပြောကောင်းကောင်းဆိုးဆိုးမောင်ပြောတာကိုနားထောင်ပေးမယ်လေ”
ကျနော့်ကိုဒီလိုစကားမျိုးတွေနဲ့အမြဲနှစ်သိမ့်အားပေးတတ်တဲ့နှင်းကိုကျေးဇူးတင်အားနာတဲ့အကြည့်နဲ့ကြည့်မိတော့နှင်းကပြုံးပြုံးလေနေလေရဲ့
”နှင်း”
”ရှင်..ပြောလေမောင်”
ကျနော်နှင်းကိုကြေကွဲစွာအားနာနာနဲ့တစ်ချက်ကြည့်ပြီးမှ မျက်နှာလွှဲကာ
”စန္ဒာ့မှာကိုယ်ဝန်ရှိနေပြီးတဲ့”
ကျနော်စကားစကိုဖြတ်လိုက်တော့ နှင်းက
”ဆက်ပြောလေအဲဒီတော့ဘာဖြစ်လဲ..မောင်ကစန္ဒာကိုသံယောဇဉ်မပြတ်သေးတာလားဘယ်သူနဲ့ရတာလဲ”
”မဟုတ်ဘူးနှင်း..မောင်ပြောတာကိုဆုံးအောင်နားထောင်အုံး..အခုရတဲ့ကိုယ်ဝန်ကမောင်နဲ့တဲ့” ကျနော်သက်ပျင်းတစ်ခုကိုကြေကွဲစွာထပ်ချမိတယ် ပြီးတော့နှင်းကိုလှည့်ကြည့်မိတယ်
နှင်းမုန်းမှာနှင်းဒေါသထွက်မှာနှင်းကျနော့်ကိုနာနာကြည်းကြည်းမုန်းတီးစကားတွေပြောတော့မှာကိုကျနော်တွက်ဆပြီးသားပါ ဒါပေမယ့်ကျနော်မထင်မှတ်ထားရလောက်အောင်ကိုနှင်းမျက်နှာကတည်ငြိမ်အေးဆေးပြီး ကျနော့်ကိုဂရုဏာအကြည့်နဲ့ကြည့်နေတာကိုတွေ့လိုက်ရတော့ ကျနော့်ရင်တစ်ခုလုံးထူပိန်းသွားပါတယ်
”ဆက်ပြောလေမောင်..နှင်းနားထောင်နေတယ်..အဲဒီမောင်နဲ့ရတဲ့ကိုယ်ဝန်ကတကယ်လားဆိုတာသိချင်တယ်လေ” ”အမှန်တိုင်းပြောရရင်မောင်လဲမသိဘူး..ဒါပေမယ့်မောင့်ကိုယ်တိုင်မသေချာဘူးနှင်း..မောင်ဘာလုပ်ရမလဲမသိတော့ဘူး နှင်းကိုအရမ်းအားနာတာပဲ..ဒါပေမယ့်” ကျနော်စကားမဆက်နိုင်တော့..မျက်ရည်ဝဲမိသည် အတိတ်ဆီကိုနောင်တရစွာမတွေ့ခဲ့ရင်ကောင်းသားဆိုတဲ့အတွေးနဲ့

ကျနော်နဲ့နှင်းချစ်သူတွေဖြစ်ပြီးလို့သက်တမ်းသုံးနှစ်ပြည့်တဲ့နှစ်မှာ စန္ဒာဆိုတဲ့ကောင်မလေးကို စတွေ့ခဲ့တာ စန္ဒာက နှင်းသူငယ်ချင်းသီတာရဲ့ညီမ သီတာတို့အိမ်ရဲ့အိမ်တက်ဆွမ်းကျွေးကို နှင်းနဲ့တူတူသွားပြီးတော့စန္ဒာဆိုတဲ့ကောင်မလေးနဲ့ခင်ခဲ့တာ ကောင်မလေးကကျနော့်ထက် ၆နှစ်ကျော်ကျော်ငယ်တယ် အိမ်မှာလဲအငယ်ဆုံးဆိုတော့ မိဘတွေရဲ့အလိုလိုက်ချင်းကိုခံရသူလေးပေါ့ စန္ဒာမိဘတွေကလဲ ကျနော်နဲ့နှင်းကိုခင်တဲ့အတွက် စန္ဒာကိုညီမလေးကိုစောက်ရှောက်ဖို့တာဝန်ပေးတယ်လေ ဒီလိုနဲ့စန္ဒာက ကျနော့်ရဲ့အချိန်တစ်ချို့ကိုဖဲ့ယူလာခဲ့တယ် ဘယ်သွားသွားကျနော့်ကိုခေါ်သလို ညဖက်လဲဖုန်းတွေဆက်တယ် ကျနော်ကတော့ညီမလေး တစ်ယောက်လိုခင်ပေမယ့် စန္ဒာကစိတ်ထားလေးတွေပြောင်းလာတယ် ငယ်သေးတယ်ဆိုတော့ စိတ်ကစားမှာပဲဆိုပြီး ထိန်းသိမ်းစကားပြောခဲ့တယ် နှင်းကိုပြောပြပေမယ့် နှင်းကပြုံးရုံသားပြုံပြီးနားထောင်နေခဲ့တာ တခါဘူးမှဝင်မပြောခဲ့ဖူးဘူးလေ
နောက်ပိုင်းတွေမှာ နှင်းရဲ့အလုပ်တစ်ဖက်နဲ့တက်နေတဲ့စာရင်းကိုင်သင်တန်းကြောင့် နှင်းနဲ့မတွေ့ဖြစ်တော့ပဲ စန္ဒာနဲ့သွားနေရတဲ့အချိန်ကသာများလာတယ်လေ နှင်းနဲ့မတွေဖြစ်ပေမယ့်နှင်းကို အမြဲသတိရနေတယ် ကျနော်ချစ်တယ် မြတ်နိုးတယ် နှင်းလောက်ကျနော့်အပေါ်နားလည်နိုင်မယ့်သူမရှိတော့ဘူးလို့ ကျနော်ထင်ပါတယ်
ကျနော့်ထက် အသက်အများကြီးငယ်တဲ့စန္ဒာကိုလည်း သနားတယ်လေဘယ်သွားသွားအနောက်ကနေလိုက်ရတော့ သူဆိုးတဲ့နွဲတဲ့ဒဏ်တွေကြားသံယောဇဉ်ဖြစ်လာခဲ့တယ် ဒါပေမယ့် စန္ဒာကိုချစ်သူဖြစ်လာဖို့ထက် ညီမတစ်ယောက်ထက်တောင်သံယောဇဉ်မပိုခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်ကမှ ချောင်းသားကိုသူငယ်ချင်းတွေနဲ့တူတူသွားတော့ စန္ဒာကမရောက်ဖူးလို့လိုက်ချင်တယ်ပူဇာတော့ စန္ဒာ့မိဘတွေက ကျနော့်ကိုစိတ်ချပြီးသူ့သူငယ်ချင်းတစ်ချို့နဲ့ထည့်ပေးလိုက်တယ် ချောင်းသာကပြန်လာပြီးကတည်းက စန္ဒာနဲ့ကျနော်အဆက်အသွယ်ပြတ်သွားခဲ့တာ ကျနော်ကတောင်”ဒီကောင်မလေးငြိမ်ချက်သားကောင်းနေပါလားဆိုပြီး အံ့သြနေတာ” အခုတော့မထင်မှတ်ပဲ ပြီးခဲ့တဲ့နှစ်ရက်ကျော်ကျော်က ညကြီးသန်းခေါင်းဖုန်းဆက်ပြီး မထင်မှတ်တဲ့စကားကိုပြောတယ်လေ ပထမတော့အိပ်ချင်မူးတူးနဲ့မနက်ကျမှပြန်ခေါ်ပါလို့ကျနော်ပြောမိသေးတယ် နောက်တော့ စန္ဒာဘက်ကရှိုက်သံလိုလိုကြားမှ ကျနော်မျက်လုံးပြူးပြီး ဘာဖြစ်လဲဆိုတာအတင်းမေးရတယ် အဲဒီအခါကျမှ စန္ဒာက” ကိုကြီးကိုပြောရမှာတော့အားလဲနာတယ် ကြောက်လဲကြောက်တယ် ဒါပေမယ့်ပြောသင့်တယ်ထင်လို့ပြောရတော့မယ် စန္ဒာမှာအခုကိုယ်ဝန်ရှိနေတယ် အဲဒီကိုယ်ဝန်က ကိုကြီးနဲ့ရတဲ့ကိုယ်ဝန်ပါ” ဆိုပြီး ရှိုက်ကြီးတငင်ငိုပါလေရောဗျာ ကြားသာကြားရတယ် နားဝမှာမသက်သာ ကိုယ့်နားကိုယ်မယုံချင်ဘူး ဘယ်တုန်းက ဘယ်လိုဖြစ်လို့ဘယ်ကိုယ်ဝန်ရခဲ့တာလဲ အခုရတဲ့ကိုယ်ဝန်ကကျနော်နဲ့တဲ့လေ ကျနော်စဉ်းစားနေရင်းနဲ့မှကြက်သီးတွေအဖျန်းဖျန်းထလို့မိနစ်တော်တော်ကြာအောင် စကားမပြောနိုင်ပဲဆွံ့အံ့တိတ်ဆိတ်နေမိတာလေ စိတ်ထဲမှာလဲ နှင်းကိုပြေးမြင်မိပါရဲ့ ”ကိုကြီးပြောလေ အဲဒါဘယ်လိုလုပ်ကြမလဲ စန္ဒာသေသာသေလိုက်ချင်တယ်”ဆိုပြီးဆက်ငိုနေပါလေရော ဒီလိုကျတော့ ကျနော်ဘယ်လိုပြန်ချော့ရမယ် ဘာပြောရမယ်ဆိုတာတကယ်မပြောတတ်ပါ ဆုံးဖြတ်ချက်ကိုတပြိုင်နက်ထဲချပြီး ကိုကြီးတာဝန်ယူပါတယ်ဆိုတဲ့စကားကိုလဲမပြောချင် ကျနော်နှင်းကလွဲပြီး ဘယ်မိန်းကလေးကိုမှလက်မထပ်ချင် ပြီးတော့ ကျနော့်နဲ့ရတဲ့ကိုယ်ဝန်တဲ့ ကျနော်တောင်ဘာမှန်းမသိလိုက်ဘူး ကျနော်မဟုတ်ဘူးလို့ငြင်းလိုက်ပြန်ရင်လဲ တစ်ဖက်ကကောင်မလေးကိုအားနာသနားမိပြန် ကျနော်စိတ်တွေရှုပ်ထွေးပြီး မနက်ကျမှ ကျနော်တို့အေးဆေးတွေမယ့် ညနေ ၃ နာရီဆိုပြီးချိန်းလိုက်တယ် ပြီးတော့ညတွင်းချင်း နှင်းကိုဖုန်းဆက်ပြီး မနက် ၉နာရီအရေးတကြီးကိစ္စဆိုပြီးချိန်းရတယ် ကျနော့်မှာနှင်းကလွဲပြီးဖြေဆေးမရှိ နှင်းကလဲ ဘာအကြောင်းအရာမှမသိပဲ လာမယ်ပြောပြီးဖုန်းချသွားခဲ့တယ် ကျနော်တစ်ညလုံးအိပ်လို့မရ ပြန်စဉ်းစားတော့ စန္ဒာကိုစတွေ့ကတည်းကနောက်ဆုံးတွေ့တဲ့ချောင်းသာထိ ဘာမှလွန်လွန်ကျူးကျူးမဖြစ်ခဲ့ ဒါဆိုဘယ်လိုဖြစ်နိုင်လဲ ဘာဖြစ်ဖြစ် ကျနော်စန္ဒာကိုလက်မထပ်နိုင်ဘူး ကျနော်နှင်းနဲ့လွဲပြီးဘယ်သူ့ကိုမှမယူနိုင်ဘူး
”မောင် ..မောင်..ပြောလေ ..မောင်ဘာလုပ်ချင်လဲဆိုတာ” နှင်းစကားကြောင့်ကျနော်အသက်ပြန်ဝင်လာသလို သက်ပြင်းရှည်ရှည်ထပ်ချမိပြန်တယ် ”မောင်တကယ်မသိတော့ဘူးနှင်းရယ် ” ”မောင်နှင်းမျက်နှာကိုကြည့်စမ်းပါ မောင့်ကိုနှင့်အပြည့်အဝယုံကြည်တယ် မောင်ဘာဖြစ်ဖြစ် နှင်းမောင့်ဘက်ရပ်တည်မယ် မောင်တကယ့်အဖြစ်မှန်သာပြောပါ နှင်းကိုအားမနာနဲ့” နှင်းမျက်နှာကိုကျနော်ကြည့်လိုက်တော့ပကတိကင်းစင်နေတဲ့ကြည်လင်တဲ့မျက်နှာနဲ့အတူကျနော့်ကိုဂရုဏာအကြည့်နဲ့ ယုံကြည်မှုရှိနေတာကိုကျနော်ဖတ်လိုက်ရတယ်
”မောင်အမှန်အတိုင်းဝန်ခံရရင် ဒီကိစ္စမောင်တကယ်မသိဘူးနှင်း ဒါနှင်းကိုအပွင့်လင်းဆုံးနဲ့အရိုးသားဆုံးပါ မောင့်ဘက်ကဘာမှမဖြစ်ခဲ့ဘူးဆိုတာသေချာတယ် ဒါမောင့်ဘက်ကပြောနိုင်တာဒါပဲ ပြီးတော့မောင်စန္ဒာကိုမယူချင်ဘူးနှင်း မောင်ဘာလုပ်သင့်လဲ”
”မောင့်ရဲ့ အကျင့်နဲ့သိက္ခာကိုတော့နှင်းကမောင့်ချစ်သူဖြစ်ခဲ့တဲ့အတွက်ယုံကြည်ပါတယ် ဒါပေမယ့်မယုံကြည်ရတာက ကံကြမ္မာမောင် နှင်းကိုလဲညကစန္ဒာဖုန်းဆက်တယ်မောင်”
”ဟင်..သူ..သူကဘာပြောလဲ”
”မောင်ပြောတဲ့အတိုင်းပဲလေ သူ့မှာကိုယ်ဝန်ရှိနေပြီးဆိုတာကိုပေါ့ သူကပြောတယ် ချောင်းသာသွားတုန်းကမှားတယ်ဆိုပဲ သူလဲမူး မောင်လဲမူး အားလုံးမူးနေကြတာတဲ့ အဲဒီမှာဘာဖြစ်လဲဆိုတာမသိတော့ဘူးတဲ့လေ”
”နှင်း အဲဒီနေ့ကမောင်မမူးဘူး မောင်ကိုယုံပါ”
”မောင်ရယ် ယုံကြည်လို့ပဲအကြောင်းစုံသိပြီးတာတောင် မောင်ချိန်းတဲ့နေရာကိုလာခဲ့သေးတာပဲ အဲဒီလောက်တုံးနေလို့အားမရတာ”
”ဒါဆိုမောင်ဘာလုပ်ရမလဲ”
”ဒါကတော့မောင်ဆုံးဖြတ်ရမယ်လေ မောင့်ကိုနှင်းကယုံကြည်ပြီးသားလေ ဘာလုပ်လုပ်နှင်းမောင့်ဖက်ကနေအမြဲရပ်တည်မယ်လေနော်”
”မောင်တကယ်မသိတော့ဘူးနှင်းရယ် ဒီညနေမောင်စန္ဒာနဲ့ချိန်းထားတယ် စန္ဒာကိုအဖြေပေးရတော့မယ်”
”ကဲပါမောင်ရယ် စိတ်မပူပါနဲ့ မောင်မှန်တယ်ဆိုရင် မောင်နှင်းအပေါ်သစ္စာစောင့်သိတယ်ဆိုတာမှန်ရင်မောင်ဖြစ်ချင်တာဖြစ်လာမှာပါ မပူပါနဲ့ ဒီနေ့တော့စန္ဒာနဲ့ချိန်းထားတာကိုဖျက်လိုက် တစ်ခုခုစားပြီးအိမ်ပြန်မယ် နောက်တစ်ခါစန္ဒာဖုန်းဆက်ရင်သာ နှင်းကိုအကြောင်းကြားလေနော်..မောင်ကလိမ္မာပါတယ် လာ..ထ..သွားမယ်..နေပူနေပြီး..နှင်းလဲဗိုက်ဆာတယ်”
လေးပင်ချိနဲ့စွာခေါင်းငိုက်စိုက်လို့ ကျမအရှေ့ကနေထွက်သွားတဲ့မောင့်ကိုကြည့်ပြီး ကျမစိတ်မကောင်းဖြစ်မိတယ် မောင်မပူပါနဲ့ မောင့်ရဲ့သိက္ခာနဲ့အကျင့်သစ္စာကိုကျမရဲရဲကြီးယုံကြည်ပါတယ်မောင် ဒီနေ့ညနေစန္ဒာကို ကျမအသိဆရာဝန်ကြီးဆီခေါ်ပြီးသွေးစစ်ပေးမယ်လေ


တကယ်လို့များပေါ့ တစ်ခုခုမှားယွင်းခဲ့ရင်..


တကယ်လို့များတစ်ခုခုစွန်းထင်းခဲ့ရင်…

တကယ်လို့များ…

ဖိုးစိန်

Comments

yehtutnaung said…
ဝတ္တုတိုလေးကို အစအဆုံး ခံစား ဖတ်သွားပါတယ်ဗျာ။ နောက်ဆုံးမှာ ရင်မောစွာ အဖြေတခုကို စောင့်မျှော်ရင်း ဇာတ်သိမ်းထားလို့  စာဖတ်သူပါ ရင်မောသွားတယ်။ ဆက်လက် အားပေးနေပါတယ်ဗျာ။
MANORHARY said…
ဘုရား ...ဘုရား.....း
(အသက်ကရလာတော့ ဘုရားပဲတနိုင်တော့တယ်
မီအောင် မလိုက်နိုင်တော့ဘူး )း)
ဟုတ်ပါ့ ချစ်ကိုတို့ ကတော့ အနော့ထင်တယ် ချစ်ကိုနဲ့ လည်းမဟုတ်ဘူးနော် ညီယောက်ဖလေးလည်းမဖြစ်နိုင်
ဒီတော့ကာ ဘယ်သူ့ လည်း ကြားကားဆွဲတာလေ ကာယကံရှင်ကလွဲပြီးမသိတော့ဘူး အဟိ
ကောင်မလေးက ငယ်သေးတော့လုပ်ကြံတာလား
သူ့ ကခေတ်ကောင်မလေးဆိုတော့ ရဲတင်းတာပေါ့နော်
ပြီးတော့ နှင်း ကလည်း တော်တော် နားလည်မူရှိတယ်
ချစ်သူကို ဖျောင်းဖျ တယ် မတွေ့ ဖို့ ကို ချိန်းထားတာလည်း ဖျက်ခိုင်းတယ် ဒီအချက်တော့မှန်တယ် မဟုတ်လို့ ချိန်းထားတာကို သွားရင် ခိုးပြေးနေရမယ် ကောင်မလေးကအကြပ်ကိုင်ရင်လေ
အင်းနောက်ဆုံးတော့ အဖြေတစ်ခုကို ဆန့် ငင်ဆန့် ငင်နဲ့ လုပ်သွားတာက ဆိုးတယ် ချစ်ကိုနော်
တကယ့်ကိုရေးချက်ကတော့ပြောင်မြောက်ပါတရ်ဗျာ။
ဒါပေမယ့်ဖတ်ရတာတော့ရင်မောတရ် ဟီးဟီး။
ဇာတ်သိမ်းလေးကိုရင်ခုန်အောင်ထားခဲ့တာ
ကောင်းတယ်ဗျာ
ဆက်လက်၍ စာကောင်းပေမွန်များရေးသားနိုင်ပါစေ
အကိုဖိုးစိန်ရေ
:P said…
သွေးစစ်ပြီးတဲ့ထိတော့မရေးဘူး.....
လူဇိုးပဲ
ဟူးးးးးးး တကယ်လို့များ... ခံစားသွားတယ်ဗျာ... တော်တော်လေး ရသမြောက်ပါတယ်။


လေးစားလျက်
တောင်ပေါ်သား
ဟူးးး ...
ကိုယ့်ဘာသာပဲ ဇာတ်သိမ်းလိုက်တော့မယ်...
နှင်းနဲ့ မောင်နဲ့ ညားစေသတည်း...

ဝတ္ထုတိုကောင်းတယ်ဗျို့... ဆက်ရေးပါဦး ကိုဖိုးချိန်
Anonymous said…
အင်း မောင်လေးဇတ်လမ်းလေက ဇတ်နာမယ့်သဘောမှာ ရှိတယ်။ တကယ်လို့ ဟုတ်ခဲ့ရင်ရော နှင်း ကကြည့်ဖြူနိုင်ရဲ့လား? မဟုတ်ခဲ့ ရင်ရော စန္ဒာ ဆိုတဲ့ကောင်မလေးက တကယ်ချစ်လို့ ပိုင်ဆိုင်ဖို့ကြိုးစားတာ ဆိုရင်ရော? ဘယ်အရာကိုမှ ကြိုတင်ပြီး အကောင်းဆုံးတွေးထားလို့မရဘူးလေ။ အဆိုး ဆုံးကို တွေးပြီး အကောင်းဖြစ်လာမှ ခံနိုင်ရည်ရှိမှာနော်။ မောင်လေးရဲ့ ၀ထ္ထုလေးကို မကြီး အရမ်းနှစ်သက်တယ် မောင်လေး။ ကြိုးစားပါနော်။ အားပေးနေတယ်။

ခင်တဲ့
မကြီး
Anonymous said…
ဟေ့ဟေ့ အဲလို လုပ်နဲ့ လေဂျာ .. ဇာတ်တငန့်ငန့်ကြီး :D

ကျွန်တော်လည်း စဉ်းစားနေတာ တစ်ခုရှိတယ် ကိုဖိုးစိန်ရ .. ဒီလောက် ဆေးပညာ ခေတ်မှီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဘာကြောင့် မြန်မာအမျိုးသားတွေ တစ်ခါလွန်ကျူးတာနဲ့ မျိုးအရမ်းအောင်နေလဲ ဆိုတာကိုလေ ... :D မြန်မာကားတွေကြည့်လိုက်ရင်လဲ ဒါပဲ ... ပန်းပွင့်လေးကြွေလိုက်တာ .. လိပ်ပြာလေး တစ်ခါပြန်လိုက်တာနဲ့ ဒီဟာကြီးက ရောက်လာရော .. ကျွန်တော်တော့ မြန်မာအမျိုးသားတွေ ဒီလောက် မစွမ်းဆောင်နိုင်ဘူးထင်တာပဲ .. :D မဖြစ်ခင်က တားဆီးတာတွေ .. တကယ်လို့ အခက်အသင့်လို့ ဖြစ်ပြီးသွားခဲ့ပြီဆိုရင်လည်း တာဆီးလို့ရတဲ့ နည်းလမ်းတွေ အများကြီးပါဗျာ ... :) ပို့စ်နဲ့တော့ မဆိုင်ဘူး ... ကိုဖိုးစိန်ရေးထားတာ ဇာတ်လမ်းစဉ်ထားတာလေးက ကောင်းတယ် .. ကျွန်တော်ခုရက်ပိုင်း ကြည့်မိတဲ့ မြန်မာကားတွေက ဒီလိုဖြစ်စဉ်တွေ အရမ်းများနေလို့ စိတ်ထဲမှာ နဲနဲ serious ဖြစ်နေတာ .. ခုတော့ ပြောချင်တာလေး ပြောလိုက်ရပြီ ... မောင်နဲ့ နှင်း ညားစေသတည်း ... :D
flowerworld said…
ဇတ်မျှော ကြီး လုပ်ခဲ့တယ် အကျင့်ကမကောင်းဘူး..ဟွန်းး
မောင့်ကိုယုံတယ် အဲ့တော့
သွေးစစ်ကြည့်ရင်သိပါလိမ့်မယ်ပေါ့နော် ဟီးးးးးးး
ဇော် said…
အာ ဘာဒုနုးဗျ။ လူက ကိုးရီးယားကားကြည့်နေတုန်း မီးပြတ်သွားတာကြနေတာပဲ။ ဆန့်ငင်ဆန့်ငင်နဲ့ကျန်ခဲ့တာဗျ။ ဟင့်။ ဘာမှန်းလဲမသိဘူး။ ကောင်းခန်းရောက်တုန်းရှိသေးတယ်။ စိတ်ထဲမှာ ဘာလုပ်လို့လုပ်ရမယ်မသိတောင် ဖြစ်သွားတယ်။ အီးးးး။
အဲဒီလို နားလည်တတ်တဲ့ မိန်းကလေးမျိုးကို တွေ့ချင်လိုက်တာ။
Mae said…
အင်.. အဲ့ဒါမျိုးတွေလဲ ရှိလား?

ဇာတ်လမ်းလေးကောင်းပါတယ်၊ ဒါပေမယ့် ဆူးပေါ်ဖက်ကျတာ ဆူးကျိုးတော့မလိုပဲ၊
အေးဗျ အရှေ့ကသူတွေရေးသွားသလိုမျိုးပဲ ဇာတ်လမ်းက ကောင်းခန်းမှာ ပြီးသွားတယ်..
ဖတ်ရတာ စိတ်မကောင်း ဖြစ်မိတယ်..
(မောင့်ကို ယုံတယ် သိက္ခာကို ယုံတယ်)ဆိုတဲ့
ဇာတ်သိမ်းခါနီးရေးထားတဲ့စာတွေ ဇောင်းပေးထားတဲ့ အကြောင်းအရာတွေ အရဆို ဒါဟာ စန္ဒာ ကသူ့ကိုလက်ထပ်အောင် ဆင်တဲ့ဇာတ်လမ်းလို့ထင်မိတယ်...
ဟဲဟဲ ရမ်းတုတ်သွားတယ် သူငယ်ချင်းရေ..
....ခင်မင်သောအားဖြင့်....
Dream said…
တကယ်လို့များ.... ဟူးးးးးးးးးးးးးးးးးးးးးးးးးး

မကြားလိုပါ .. မကြားလိုပါ... မိခင်မယ်တော်ကြီးမှာ... မကြားလိုပါ... မကြားလိုပါ.... ရှိလိုလျှင် ရှိပါစေတော့....
:P :P :P


တကယ်လို့များ......... လျှင်.....
နှင်း.. ........??

ခုခေတ်မိန်းကလေးတွေ ကိုယ်ကိုကိုယ် တန်ဖိုးထားနိုင်ပါစေပေါ့... အဟား...
ပညာပါပါနဲ့ပဲ ဖတ်သွားပါတယ်.....
♥ Acacia ♥ said…
ဇာတ်လမ်းက ပြီးသွားပြီလား အဲ့ ဘာဆက်ဖြစ်သွားလဲ.. အိ.. ဆတ်တငံ့ငံ့နဲ့ ဇာတ်လမ်းကို ခုလိုရပ်လိုက်တော့.. ကောင်းပါတယ် ဒီအတိုင်းပဲ.. ဘယ်သူမှားတာလဲဟင်.. အဆုံးသတ်ကို သိလည်း သိချင်တယ် မသိလည်း မသိချင်ဘူး ဒီအတိုင်းပဲ ကောင်းပါတယ်လေ :(
Ree Noe Mann said…
ကျွန်တော် အထင်တော့ မောင်နဲ့ မဖြစ်နိုင်ဘူးဗျ။
ကျွန်တော်လည်း မူးဖူးတာပဲ ။
လူမှန်းမသိအောာင်လည်း မူးဖူးတယ်
ရည်ဝေဝေ လည်းမူးဖူးတယ်။
လူမှန်း မသိအောင်မူးရင်တော့ ဘာမှကို မလုပ်နိုင်တော့တာဗျ။ ခုမောင်က ပြောတယ် လုံးဝ မမူးဘူးဆိုတော့..........
ရည်ဝေဝေ ဆိုရင်တော့ ဘာလုပ်လုပ်သိတယ်
မသိဘူးလို့ မပြောနဲ့ သိကိုသိရမယ်။
ဒါကြောင့် ဟိုတစ်ယောက် အကွက်ကြီးကြီးဆင်လိုက်တာသေချာတယ်။
အေး လေ လောကကြီးမှာ ငွေလို ရှာပါးနေတော့ လည်း လုပ်ကြံတွေက များမှာပေါ့

ခင်တဲ့
Ree Noe
Anonymous said…
မှားရွင်းက မှားနေတယ်ရှင့်.. မှားယွင်းလို့ပေါင်းတာပါ....

ဓာတ်ပုံကအဲဒီအတိုင်း ကူးလို့ရတယ်လေ.. အဆင်မပြေရင် နေ့အိပ်မက်ပို့ပေးမယ်.. မေးလိပ်စာပေးလေ... ဘယ်လိုမှမန့်မရလို့ အမည်မသိနဲ့ပဲ မန့်ခဲ့ရတယ်.. :(
နှင်းကိုသနားတယ့်
နှင်းကိုလေးစားတယ့်
နှင်းလိုမိန်းကလေးမျိုးနဲ့တွေ့ချင်ပါရဲ့
နှင်းအတွက်ဆုတောင်းပေးနေမိတယ့်
နှင်းကတော့တကယ်ကိုမွန်မြတ်လှတဲ့မိန်းကလေးပါ့
နှင်းကိုစိတ်ချမ်းသာစေချင်တယ့်
နှင်းတစ်ယောက်ကံကောင်းပါစေ့
နှင်းတစ်ယောက်မျက်ရည်တွေမခပါစေနဲ့လို့
နှင်းအတွက်ဆုတောင်းနေမိပါရဲ့
မငုံ said…
:( စိတ်ဝင်စားစွာနဲ့ ဖတ်လာလိုက်တာ..အဆုံးကို ဆန့်ငင်ငင်လုပ်ထားတယ်။ မြန်မြန်ရေးပါဗျို့
Anonymous said…
ဟဟ.. အဟီး..
မိန်းခလေးတွေများနော့..
ယောက်ကျားလေးတွေအတွက်ကျတော့ကလပ်ရှိတယ်လေ
မိန်းခလေးတွေအတွက် ကလပ်မရှိတော့ခက်တာပေါ့..
( တချို့အနဲငယ်သောမိန်းခလေးများကိုရည်ရွယ်တာပါ)
...။
WWKM said…
စာရေးကောင်းတဲ့ ဖိုးစိန်ရဲ့ အဖြေမသိရသေးတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
စီးကရက်တွေ များလှချည်ရဲ့..... လျှော့သောက်.း)
မနော်ပြောသလိုပဲ လိက်မမှီဘူး ဖိုးစိန်ရေ...း))))
မဇနိ said…
အင် မီးလည်းမပျက်ဘဲ ဘယ်လိုကြီးတုန်း။ အဖြေလေးတော့ ပြောပြပါ။ ဟင့် လေးလည်း မပေးဘူး။ ဒီစာရေးဆရာ အတော်ဆိုး။ တကယ်လို့များ...........ဘာဖြစ်နိုင်မလဲ...အဖြေလည်းမရဘူး။
ကိုဖိုးစိန်တစ်ယောက်တော့ ခံရတော့မယ် တွေ့တယ်မလား ကျောက်ပျဉ်ပေါ်ဥကျ လည်းဥပဲကွဲတယ် ဥပေါ်ကျောက်ပျဉ်ကျလဲ ဥပဲကွဲတယ်ဆိုတာ ....ခုတော့တူတိတွားပြီ
Unknown said…
ဇာတ်လမ်းကဆုံးသွားပြီလား...
ZT said…
တရုတ်သိုင်းကားထဲကလို ၂ ယောက်စလုံး ယူလိုက်ပေါ့ဗျာ။ ဟီးဟီး။ ဝင်ရှုပ်သွားတာ။ :P

DNA စစ်ရင်တော့ အဖြေသိတာပဲ မဟုတ်လား။
mgnge said…
ဇါတ်သိမ်း ပြီလား..
တို့ လို့ တန်းလန်းနဲ့ 

ဟူးးးးးးးးးးးးးးးးးးး
ရင်မောစရာကြီးနော်
Moe Cho Thinn said…
ကဲ အဲဒါ ရောချင်အုံး။

Popular Posts